Sunday, September 25, 2011

ရှမ်းပြည်မြောက်ပိုင်းနှင့် လွယ်ဂျယ်တို့တွင် တိုက်ပွဲဖြစ်ပွား

Sunday, September 25, 2011
ရှ့တန်းထွက်သွားသော K.I.A စစ်သည်များ

စက်တင်ဘာလ ၂၄ ရက်နေ့မှာ K.I.A တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၈) နေရာဖြစ်သော  မန်တုံမြို့နယ်၊ နန်ဟိုင်းကျေးရွာအထက်ရှိ၊ ဒတ်လက်- လွိုင်ဆိုင် ကျေးရွာတွင် နံနက် ၈ နာရီခွဲတွင် K.I.A တပ်ဖွဲ့များနှင့် ကျောက်မဲမြို့နယ် အခြေစိုက် မြန်မာအစိုးရ စစ်တပ် အမှတ် (၁) စစ်ဆင်ရေး   ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၅၀၂) တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရ စစ်တပ်မှ (၇) ဦး ကျဆုံး သွားကြောင်း သိရသည်။  K.I.A စစ်တပ်တွင် အထိအခိုက်မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မဟာ (၃) လက်အောက်ခံ၊ လွယ်ဂျယ်မြို့အနီးတွင်လည်း K.I.A တပ်ရင်း (၁၆) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ၀ိုင်းမော်မြို့နယ်၊ ရွေညောင်ပင် အခြေစိုက် ခမရ (၃၂၁) တို့ ညနေ ၃ နာရီဝန်းကျင်တွင် မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

0 comments: