Saturday, October 08, 2011

Nsen Langai Sha ( Just One Voice )

|0 comments
Saturday, October 8, 2011

တိုက်ပွဲ အခြေအနေ

|0 comments
Saturday, October 8, 2011
Kachin Independence Army

အောက်တိုဘာ ၇ ရက် ၂၀၁၁ နေ့တွင် K.I.A တို့မှ မန်ဂျေမြို့ တဝက်ကျော်ကို သိမ်းပိုက် ထားနိုင်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းမြို့မှ စစ်အစိုးရရဲ့ ရဲတပ်ဖွဲ့ စခန်းကိုလည်း K.I.A တပ်ရင်းတို့မှ သိမ်းပိုက်ထားရာ ယင်းစခန်းမှ ရဲများမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် ရှိ တရုတ်လောပန်း လောင်ယင်ရဲ့ ငှက်ပျောသီးခြံမှာ အခြေလာချနေသော စစ်အစိုးရရဲ့ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့များကို K.I.A တို့မှ ဝိုင်းရံ ပိတ်ဆို့ထားကြောင်း၊ ယခုချိန်ထိ ယင်းဗျူဟာမှူး တပ်ဖွဲ့များမှာ ရှေ့မတိုးသာ နောက်မဆုတ်နိုင်ဘဲ ယင်း နေရာတွင်ပင် အခက်ကြုံနေရ ကြောင်း စုံစမ်းသိရှိရပါတယ်။

Friday, October 07, 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေအနေ (အထူးသတင်း)

|0 comments
Friday, October 7, 2011
အောက်တိုဘာလ ၇ ရက် ၂၀၁၁ ယခုချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ယနေ့ည ဗုံးပေါက်ခွဲမယ်လို့ သတင်းရရှိ၍ စစ်အစိုးရ စစ်တပ်မှ တမြို့လုံး လုံခြုံရေး တင်းကြပ်ထားကြောင်း၊ သွားလာသူ ပြည်သူပြည်သား များကိုလည်း အထိုးစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေကြောင်း မေးမြန်း စစ်ဆေးခံရသော မြို့ခံမှ စုံစမ်း သိရှိ ရပါတယ်။ ဒီလိုသတင်းများ ရရှိသောကြောင့် အစိုးရစစ်တပ်မှ မြို့တွင်း စစ်သားများ အပြည့် ချထားကြောင်း စုံစမ်း သိရှိရပါတယ်။ ပြည်သူပြည်သားများလည်း အထူး စိုးရိမ်နေကြကြောင်း သိရှိ ရပါတယ်။

Kachin Independence Army (K.I.A)

|0 comments
Friday, October 7, 2011




မုန်ဂိုမှာ တိုက်ပွဲဖြစ်

|0 comments
Friday, October 7, 2011

အောက်တိုဘာလ ၆ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၈) နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲမှာ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားကြောင်း K.I.A ရှေ့တန်းသတင်း အရ သိရှိ ရပါတယ်။

တဆက်ဆည်းမှာဘဲ အောက်တိုဘာလ ၇ ရက် ဒီမနက် ကချင်ပြည်နယ် မဒီယာန် ကျေးရွာ အနီးတဝိုက်များတွင် K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအခြေအနေများကို ဆက်လက် စုံစမ်းဆဲပါ။

စစ်အစိုးရ စစ်တပ်မှ ညှင်းပန်းနိပ်စက်

|0 comments
Friday, October 7, 2011
 ဒဘတ်ကျေးရွာဝန်းကျင်

အောက်တိုဘာလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မိမိနေရပ် ဒဘတ်သို့ ပြန်လာသည့် ဦးလော့ဖြူဇော်ဘောက် အား စစ်အစိုးရစစ်တပ်မှ (၃) ရက်ကြာ ညင်းပန်းနိုပ်စက်ခဲ့ ကြောင်း စုံစမ်း သိရှိရပါတယ်။  ဒဘတ်တံတား ( ကဇူး ကျေးရွာဘက်ခြမ်း ) တွင် တပ်စွဲထားတဲ့ ဗိုလ်မှူး ရဲမင်းသွေး ဦးဆောင်သည့် ၀ိုင်းမော်အခြေစိုက် ခလရ (၅၈)၊ အောင်သက်ဇော် ဦးဆောင်သည့် ခမရ (၃၁၈) တို့သည် မှတ်ပုံတင် စစ်ဆေးခြင်းများကို ပြုလုပ်နေစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ဦး လော့ဖြူဇော်ဘောက်မှ မှတ်ပုံတင် ထုတ်ပြခဲ့သော်လည်း စစ်တပ်အတွင်းသို့ ဆွဲခေါ်သွားပြီး ထုထောင်း ရိုက်နှက် ကန်ကျောက်ပြီး သုံးရက်လုံးလုံး နိုပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။

 ထို့ပြင် ဒဘတ်ကျေးရွာတွင် ဆက်လက်နေထိုင်ခြင်း မပြုရန် ခြိမ်းခြောက် သတိပေးခဲ့ သဖြင့် ဦးလော့ဖြူ ဇော်ဘောက် မိသားစုသည် အောက်တိုဘာလ  ၅ ရက်နေ့တွင် မြစ်ကြီးနားသို့ တိမ်းရှောင် သွား ပြီဖြစ်ကြေင်း သိရှိရပါတယ်။ မည်သည့် အကြောင်းကြောင့် ကျေးရွာမှ မောင်းထုတ်ခဲ့ သည်ကို အတိအကျ မသိရသေးပါ။ စစ်အစိုးရ စစ်တပ်မှလည်း ရှင်းလင်း ပြောကြားခြင်း မပြု သေးကြောင်း သိရှိ ရပါတယ်။

လားရှိုးမြို့ ပြည်သူများ အခြေအနေ

|0 comments
Friday, October 7, 2011
Kachin Independence Army

ရှမ်းပြည်နယ် အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) မှ လားရှိုး အခြေစိုက် စစ်အစိုးရ စစ်တပ် ခမရ (၅၀၇) အား K.I.A တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယခုချိန်တွင် လားရှိုး ပြည်သူ ပြည်သားများမှာ ည ၈ နာရီ အပြင်မထွက်ရဲဘဲ မိမိ လုံခြုံရေး အတွက် စိုးရိမ် နေကြရကြောင်း၊ စစ်အစိုးရမှလည်း ပြည်သူပြည်သားများကို ခေါ်ယူ မေးမြန်း စစ်ဆေးနေကြောင်း၊ ယခုချိန်တွင် လားရှိုးမြို့သည် အလွန် ငြိမ်သက် တိတ်ဆိတ်နေပြီး လူတွေ မရှိတော့ သလို မြို့တခုလုံးမှာ လူနေရပ်နဲ့ မတူတော့ဘဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၆ ရက် ၂၀၁၁ ညနေ ၇ နာရီ ဝန်းကျင်တွင် ပေါက်အား အလွန်ပြင်းတဲ့ ဗုံး ဆက်လက် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ ပေါက်ကွဲခဲ့သော နေရာမှာ မြို့စွန်ရပ်ကွက် ဧဒင်နှင့် နောင်းပုံကြား မန္တလေး-မြစ်ကြီးနား ရထား သံလမ်း တံတား ၂ ခုတွင် ပေါက်ကွဲ မှုဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦး မှ စုံစမ်း သိရှိရပါတယ်။

မည်သူ (KIA သို့မဟုတ် စစ်အစိုးရ) ဖောက်ခွဲသည်ကို မသိ ရသေးပါ။ ယခုချိန် ကချင် ပြည်နယ်တွင် စစ်အစိုးရ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား ပြည်တွင်း စစ်ကြီး ဖြစ်လာမည့် အခြေနေသို့ ဦးတည် လာနေစဉ် ယခု မြစ်ကြီးနားမြို့ မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် လာခြင်း ဖြစ်ပါတယ်။


Massacre In Christie Island of Burma

|0 comments
Friday, October 7, 2011

ဗိုလ်မှူး အောင်လင်းထွဋ (မြန်မာ နိုင်ငံ ထောက်လှမ်းရေး ဟောင်း U.S.A)
 
ဆက်လက်ဖတ်ရှုရန်...

Thursday, October 06, 2011

ဂျာအိန်ယာန် တိုက်ပွဲဆက်ဖြစ်

|0 comments
Thursday, October 6, 2011

အောက်တိုဘာလ ၆ ရက် ၂၀၁၁ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း များနှင့် စစ်အစိုးရ စစ်တပ် တို့အကြား ဂျာအိန် ယာန်ကျေးရွာနှင့် မန်ဂျေကျေး ရွာများတွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်းတို့မှ ဗန်းမော် (မန်မော်) - လိုင်ဇာ ကားလမ်းမှာ ရှိတဲ့ စစ်အစိုးရ အခြေစိုက်ရာ စခန်း မြို့သစ်ကုန်းကို K.I.A မှ ယနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ သိမ်းပိုက် လိုက်နိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

သမ္မတ ဦးသိန်းစိန်အား စိန်ခေါ်နေတဲ့ မြစ်ဆုံ

|0 comments
Thursday, October 6, 2011
သမ္မတဦးသိန်းစိန်

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တဖက်သတ် ရပ်စဲလိုက်တဲ့အပေါ် သမ္မတ ဦးသိန်းစိန် တစ်ယောက် စိန်ခေါ်မှုတွေ ထပ်မံ ကြုံတွေ့နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးလာပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိဟောင်းတဦး အား  ဆက်သွယ် မေးမြန်း ခဲ့ခြင်းဖြစ်ပါတယ်။

''သမ္မတ ဦးသိန်းစိန် ယခုလို လုပ်လိုက်တာဟာ စွန့်စားပြီး လုပ်လိုက်တာ ဖြစ်တယ်ဗျ။ ကျွန်တော်တို့ တပ်မှာက စစ်တပ်ဆိုရင် အထက်အရာရှိတွေရဲ့ ညွှန်ကြားချက်၊ စီမံချက်၊ စစ်ဆင်ရေး၊ လုပ်ငန်းစဉ်၊ နယ်ဘက်ဆိုရင်တော့ စီမံကိန်းတွေ ချမှတ်ထားပြီဆိုပါက လက်အောက် အရာရှိတွေက "ဟုတ်"၊ "ဟုတ်" နဲ့ ပုတ်သင်ညိုလိုမျိုး ခေါင်းညိတ်ရတာကိုးဗျ။ ယခုသူရဲ့ လုပ်ရပ်ဟာ အဲဒီအစဉ်အလာကို ချိုးဖောက်တာနော်။ အဲဒီအစဉ်အလာဟာ မကောင်းတဲ့ အစဉ်အလာဆိုရင် မမှားဘူးပေါ့။ တနည်းအားဖြင့် မကောင်းတဲ့ ထုံးစံကို ဆန့်ကျင်လိုက်တာဘဲ ဖြစ်တယ်။"

မြစ်ဆုံစီမံကိန်းဟာ ယခင် စစ်အစိုးရ (နအဖ) လက်ထက်က စတင်ခဲ့လို့ ဘယ်သူမဆို မကောင်းဘူးလို့ မပြောရဲတဲ့ အခြေအနေမှ ယခုလို စီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ တပ်မတော် အရာရှိများ အတွင်း တအံ့တသြ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အဲဒီ အရာရှိဟောင်းဟာ သမ္မတ ဦးသိန်းစိန် တစ်ယောက် မြစ်ဆုံရေအားလျှပ်စစ်နဲ့ စပ်လျဉ်းပြီး စိန်ခေါ်မှုတွေ ထပ်မံ ကြုံနိုင်တယ်လို့ ဆိုလာပါတယ်။

''အဲဒီ စီမံကိန်း စတင်ခဲ့စဉ်က အတွင်းရေးမှူး (၁) ဖြစ်ခဲ့တဲ့ ဒုသမ္မတ (၈) လုံး သီဟသူရ တင်အောင်မြင့်ဦးနှင့် မကင်းရာမကင်းကြောင်း ဖြစ်နေတဲ့ ဦးထွန်းမြင့်နိုင်ရဲ့ စတီဗင်လော ကုမ္ပဏီနဲ့ ပူးပေါင်း ရိုက်စားဂွင်တွေဗျာ။ ဒီတော့ကာ ဒုသမ္မတ (၈) လုံးနဲ့ သမ္မတ ဦးသိန်းစိန် ထိပ်တိုက်တွေ့နိုင်တယ်။ အနည်းဆုံး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ စကား အချေအတင် များနိုင်တယ်။ နောက်တစ်ခုက လွှတ်တော်အတွင်း ဦးဇော်မင်း (၀န်ကြီး - အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနဟာ ကြံ့ဖွံ့ထိပ်ပိုင်း အမှုဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်တာနဲ့အညီ မဲခွဲရင် စီမံကိန်း ဆက်လုပ်ဖို့ ကြံ့ဖွံ့တွေက ထောက်ခံကြမှာမို့ ဦးသိန်းစိန်ကို သဘောတွေ့ကြမှာ မဟုတ်မှာ သေချာတယ်။ 'ဘာလို့လဲ ဆိုတော့ ကြံ့ဖွံ့တွေက လွှတ်တော်မှာ မဲဖြင့် အနိုင်ယူမယ်လို့ မှန်းနေကြ လို့ဘဲဗျာ။''

စစ်ဖက်နီးစပ်သူများက ဝေဖန်ကြရာမှာ ယခင်က ကြံ့ဖွံ့ပါတီတွင် အထွေထွေ အတွင်းရေးမှူး ရာထူးသာ ရှိခဲ့ပြီး သမ္မတပေးမဲ့သူအား ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူး တီထွင်ပြီး ဖုတ်ပူမီးတိုက် လုပ်ခဲ့ရာ ရွေးကောက်ပွဲ ၀င်ခါနီးမှ ဦးသိန်းစိန်ဟာ ကြံ့ဖွံ့ဥက္ကဋ္ဌအဖြစ် ကပ်ရောက်လာလို့ ကြံ့ဖွံ့နှင့် ခပ်စိမ်းစိမ်း ဖြစ်နေတယ်။ အဆိုးဆုံး စိန်ခေါ်မှုက ဒုသမ္မတ (၈) လုံးက ယခင် စစ်အာဏာရှင် ဦးသန်းရွှေ မိသားစုနဲ့ ဦးမောင်အေး မိသားစုတွေကို အဲဒီ စီမံကိန်းမှ ရလာတဲ့ အကျိုးစီးပွားထဲမှ (ပံ့ပိုး) 'ဖား' နိုင်တယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ဟောင်းတွေရဲ့ ငြိုငြင်ကို ခံရနိုင်တယ်။ ဦးသိန်းစိန်ဟာ အဂတိ လိုက်စားမှု အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး ခပ်ကင်းကင်း နေရဲသူမို့ ဒီအမိန့်ကို ထုတ်ရဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက ကြိုဆိုအားပေးနေချိန်မှာ တရုတ်အစိုးရရဲ့ အမျက်တော်ရှမှုကို ဦးသိန်းစိန် ခံနေရပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ရှေ့ဆက်လျှောက်ရမဲ့ ခရီးလမ်းကတော့ ဒီမြစ်ဆုံကိစ္စကြောင့် စိန်ခေါ်မှုများ ထပ်မံ ကြုံတွေ့နေရပြီး အစိုးရ အဖွဲ့အတွင်း မကျေနပ်သူများရဲ့ အတိုက်အခံ ပြုမှုများကို ပိုမို ကြုံတွေ့နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်တင်ပြသွားပါတယ်။

စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်...

အစိုးရ စစ်တပ် ရှေ့တန်းစခန်း တခုကို ကေအိုင်အေ ၀င်ရောက် နေရာယူ

|0 comments
Thursday, October 6, 2011

K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နေရာဖြစ်သော ဘွမ်ဆဲန်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  K.I.A မှ စစ်အစိုးရ စစ်တပ် ရှေ့တန်းစခန်း တခုကို  ၀င်ရောက်နေရာယူလိုက် ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းနေရာတွင် အောက်တိုဘာလ (၄) ရက်နေ့မှ စတင်ကာ တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပွား နေခြင်းဖြစ်သည်။ K.I.A မှ ၀င်ရောက်နေရာယူ လိုက်သော ရှေ့တန်းစခန်းသည် ဇွန်လ (၁၂) ရက်နေ့ က စစ်အစိုးရ စစ်တပ်တို့ နေရာယူလိုက်သည့် ဘွမ်ဆဲန်ဒေသ တ၀ိုက်တွင်ပင် ဖြစ်သည်။
K.I.A ရှေ့တန်း စစ်စခန်း

မန်စီမြို့နယ်၊ မန်စီမြို့၊ ရွာသစ်ကုန်း ကျေးရွာအနီးတွင် K.I.A တပ်ရင်း (၁) နှင့် စကခ ၂၁ လက်အောက်ခံ ခလရ (၄၇) တို့နှင့် အောက်တိုဘာ (၄) ရက်နှင့် (၅) ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်း တိုက်ပွဲများတွင် မြန်မာအစိုးရစစ်တပ်မှ (၁) ဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားကြောင်း စုံစမ်း သိရှိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်၊ မန်ဟိုင်း – စိုင်းခေါင်း နေရာတွင် K.I.A တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၈) တို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ နမ္မတူမြို့အခြေစိုက် ခမရ (၃၂၄) တို့ စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီခွဲ ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရစစ်တပ်မှ  (၄) ဦးကျဆုံးခဲ့ပြီး (၁) ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ အောက်တိုဘာလ (၄) ရက်နေ့တွင် လားရှိုးမှ ကွမ်းလုံသို့ စစ်အစိုးရစစ်တပ်မှ စစ်သားတင် စစ်ကား အစီး (၄၀) တက်သွားကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်း အစီး (၄၀) အနက်မှ (၃) စီးတွင် အကျဉ်းသားများတင် ဆောင်ထားကြောင်း မျက်မြင်များမှ စုံစမ်းသိရှိရပါတယ်။ ယင်းလမ်းမှ တဆင့် သည် “၀” ဒေသနှင့် ကိုးကန့်ဒေသသို့လည်းဆက်သွယ် သွားလာနိုင်ကြောင်းသိရှိရပါတယ်။

K.I.A တပ်ရင်း (၈) မှာ တိုက်ပွဲဖြစ်

|0 comments
Thursday, October 6, 2011

ရှမ်းပြည်နယ် အခြေစိုက်တဲ့ K.I.A တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း (၈) နှင့် စစ်အစိုးရစစ်တပ် ခမရ (၃၂၄) တို့အကြား အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းတွင် မန်ဟိုင် - ဆန်ခေါင် နယ်မြေမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုလည်း ရှိကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာ တော့ ထိခိုက်ကျဆုံးမှု မရှိကြောင်း အရာရှိများက အတည်ပြုပြောကြားပါတယ်။

ဘွန်ဆဲန်မှာ တိုက်ပွဲဖြစ်

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၁၅) အထူးတပ်ရင်းတို့က အောက်တိုဘာလ ၅ ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် စစ်အစိုးရ အခြစိုက်နေတဲ့ ဘွန်ဆဲန် စခန်း အနီးတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A တပ်ရင်း (၁၅) တို့မှ စစ်အစိုးရ အခြေစိုက် စခန်းချတဲ့ စခန်း တစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

စစ်အစိုးရမှ ပြည်သူလူထုကို သတင်းကြေငြာ

စစ်အာဏာရှင် အစိုးရကနေပြီး ကချင်ပြည်နယ် K.I.O/ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို စစ်အင်အား (၂၀၀၀၀) နှစ်သောင်း အရှုံးခံပြီး သိမ်းပိုက်မည် ဖြစ်ကြောင်း ပြည်သူ လူထုများကို သတင်း ကြေငြာနေကြောင်း မြို့ခံများမှ စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် နေရာ အနံ့ တိုက်ပွဲဖြစ်

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရတို့ အကြား ကချင်ပြည်နယ် နေရာအနံ့ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ ဂျာအိန်ယာန်၊ မန်ဂျေ၊ ဘန်ဒေါင်ယာန်၊ ဂေါင်ရီကရုန် နှင့် အခြား ကျေးရွာများတွင် နေ့ညမပြတ် တိုက်ပွဲများ ဖြစ်ပွား နေကြောင်း စုံစမ်း သိရှိရပါတယ်။


ဒုန်ခွန်-မန်မောင် သို့ စစ်အင်အားဖြည့်

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒုန်ခွန် - မန်မောင်သို့ အောက်တိုဘာလ ၅ ရက်တွင် စစ်အစိုးရ စစ်တပ်အင်အား အများအပြား ချီတက်လာနေပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ အောင်ဂျာယာန် ကျေးရွာအနီးရှိ တရုတ်လောပန်း လောင်ယင်ရဲ့ ငှက်ပျောသီးခြံများတွင် စစ်အစိုးရ ဗျူဟာမှူးကိုယ်တိုင် လာရောက် အခြေစိုက်နေရာ K.I.A စစ်တပ်တို့မှ ယင်း အနီးတဝိုက် ပတ်ပတ်လည်တွင် မိုင်း သွားရောက် ထောင်ထားခဲ့ရာ ဗျူဟာမှူးမှာ ယင်းနေရာတွင်ပင် ပိတ်မိနေကြောင်း၊ ယင်းဗျူဟာ မှူးကို စစ်အစိုးရက ရဟတ်ယာဉ် ဖြင့် လာရောက်ကယ် ထုတ်သွားမည် ဖြစ်ကြောင်း သတင်း စုံစမ်း သိရှိရပါတယ်။


ကချင် နိုင်ငံတကာ အဖွဲ့အစည်း (KNO) ရဲ့ မပြောင်းလဲသော Policy

|0 comments
Thursday, October 6, 2011

Wednesday, October 05, 2011

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဗုံးပေါက်

|0 comments
Wednesday, October 5, 2011
ကညန ရုံရှေ့တွင် ဗုံးပေါက်ကွဲပြီး သေဆုံးသွားသူ

အောက်တိုဘာလ ၄ ရက်နေ့ ည ၈း၀၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်း ရထားလမ်း (လွတ်လပ်ရေး ကျောက်တိုင်) အနီးမှာ ဗုံး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မိုးကောင်းမြို့ရှိ မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ဗုံး ထောင်တာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတာကိုတော့ မသိရှိရသေးပါ။ ယင်းဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု စုံစမ်းသိရှိရပါတယ်။

အလားတူဘဲ အောက်တိုဘာလ ၂ ရက်နေ့ မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကညန ရုံအရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး သေဆုံး သွားခဲ့ရပါတယ်။ ဒီလိုကချင်ပြည်နယ် မြို့များတွေ ဗုံး ဆက်တိုက် ဆိုသလို ပေါက်ကွဲနေမှုကြောင့် ပြည်သူပြည်သားများမှာ အချိန်ပြည့် ဆိုသလို စိုးရိမ် နေကြရကြောင်း သိရှိရပါတယ်။

စစ်ပြေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေး

|0 comments
Wednesday, October 5, 2011

 Kachin IDPs


ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရတို့ အကြား ဇွန်လ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ စစ်ပွဲမှာ ယနေ့ အချိန်ဆိုရင် ၄ လ ကျော်လာ ပြီဖြစ်ပါတယ်။ ဒီစစ်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွေ စစ်ပြေး ဒုက္ခသည်များလည်း တနေ့နဲ့တနေ့ ပိုမို များပြာလာနေကြောင်း သိရှိ မြင်တွေ့ နေရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန် ဘုရားကျောင်းများတွေ ခိုလှုံလျက်ရှိသော စစ်ပြေး ဒုက္ခသည်များကို နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး ရိက္ခာ ဖြစ်တဲ့ ဆန်များနှင့် အခြား လိုအပ်သော ပစ္စည်းများကို ကူညီ ပံ့ပိုး မှုများ ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရပါတယ်။

လိုင်ဇာ အမျိုးသမီးအဖွဲ့မှ ပေးလိုက်သော ဆန် ၁၀၀ အိတ် ကျော်ကို မြစ်ကြီးနား ဇုံနယ် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး အသင်းတော်တိုင်းမှာ လိုက်ဝေပေးနေကြောင်း စုံစမ်းသိရှိရပါတယ်။ မြစ်ကြီးနားမြို့ စစ်ပြေး ဒုက္ခသည်များ ခိုလှုံနေသော အသင်းတော်များမှာ ရွှေဇက်အသင်းတော်၊ ကျွန်းပင်သာ အသင်းတော်၊ ဇီးလွန်အသင်းတော်၊ ဘဲလေဟမ် အသင်းတော်၊ အင်ဂျန်ကောင် အသင်းတော်၊ ဒပ်ကောင် အသင်းတော်၊ ဂျန်မိုင်ကောင် အသင်းတော်၊ မန်ခရိန်း အသင်းတော် နှင့် တခြား အမည် မသိရှိရသေးသော အသင်းတော်များ စသည့် အသင်းတော် ဘုရားကျောင်းများနှင့် တခြား ကိုယ့်ဆွေမျိုး အိမ်များတွေလည်း တချို့ ခိုလှုံနေကြကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရပါတယ်။

Kachin IDPs

ယင်း စစ်ပြေး ဒုက္ခသည်များ ခိုလှုံနေသော အသင်းတော်များသို့ မြစ်ကြီးနား ဇုံနယ် အဖွဲ့ချုပ် ဒုတိယ အတွင်းရေးမှူးနှင့် ခရစ်ယာန်အမှုဆောင် ဆရာ ဆရာမများနှင့် လူငယ်များ ဦးဆောင်ကာ ဆန်အိန်များကို လိုက်လံ ဝေငှနေကြောင်း စုံစမ်းသိရှိရပါတယ်။ လိုင်ဇာ အမျိုးသမီးအဖွဲ့မှ ပို့လိုက်သော ဆန် (၁၀၀) အိတ် နှင့် နောက်ထပ် ၂၀ အိတ် တို့ဟာ မြစ်ကြီးနား ဇုံနယ်မှ ထောက်ပံ့ကူညီ ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

တချို့အသင်းတော် ဒပ်ကောင်အသင်းတော်၊ ဂျန်မိုင် အသင်းတော် နှင့် မန်ခရိန်း အသင်းတော်တို့မှာ အသင်းတော်၏ မော်တော်ကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီလိုနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ပြေးဒုက္ခသည်များကို ကချင်နှစ်ခြင်း အဖွဲ့ချုပ် K.B.C မှ စီမံပြီး စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ အသင်းတော်များသို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ဆန်များ သွားရောက် ကူညီ ထောက်ပံ့နေကြောင်း ဦးဆောင်နေသော တာဝန်ရှိသူများမှ စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် ဂျာအိန်ယာန်မှာ တိုက်ပွဲဖြစ်

|0 comments
Wednesday, October 5, 2011

အော်တိုဘာလ ၅ ရက် ၂၀၁၁ ကချင်ပြည်နယ် ဂျာအိန်ယာန် ကျေးရွာတွင် K.I.A တပ်ရင်းနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုချိန်ထိ သေနတ်သံများ မဆဲသေးကြောင်း နီးစပ်သူများမှ စုံစမ်း သိရှိရပါတယ်။ နှစ်ဘက်စလုံးရဲ့ အခြေအနေများကို ဆက်လက် စုံစမ်းဆဲပါ။

ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) နယ်မြေများမှ စစ်ပြေး ဒုက္ခသည်များ

|0 comments
Wednesday, October 5, 2011

K.I.A တပ်မဟာ (၄) နယ်မြေများ ဖြစ်တဲ့ လွယ်ကန်၊ ဇိုင်ဇောင်၊ မိုင်ဂျာယာန်နှင့် တခြား ဒေသများမှ စစ်ပြေး ဒုက္ခသည်များ
ဆက်လက်ကြည့်ရှုရန်....

ကချင်ပြည်နယ် အရှေ့ဘက် K.I.A ဌာနချုပ်မှာ တိုက်ပွဲစတင်

|0 comments
Wednesday, October 5, 2011 
 Kachin Independence Army

အောက်တိုဘာလ ၄ ရက် ၂၀၁၁ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A ရဲ့ အရှေ့ဘက် ဌာနချုပ် မိုင်ဂျာယာန် အခြေစိုက်တဲ့ K.I.A တပ်ရင်း (၁၅) နှင့် စစ်အစိုးရစစ်တပ် ခလရ (၃၂၁) တို့အကြား အောက်တိုဘာလ ၄ ရက်နေ့ မနေ့က ညနေပိုင်း ၅း၀၀ နာရီကနေ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း မြို့ခံများမှ စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲ အခြေအနေ များကို ဆက်လက် စုံစမ်းပြီး တင်ပြ သွားပါမယ်..။ 

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၃ ရက်နေ့မှာလည်း ကချင်ပြည်နယ် ဘန်ဒေါင်ယာန် ကျေးရွာ အနီးတဝိုက်တွင် K.I.A နှင့် စစ်အစိုးရ တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။

Tuesday, October 04, 2011

Kachin National Organization (USA)

|0 comments
Tuesday, October 4, 2011

Miwa Asuya hku Anhte Munghpawm Dinghku hta Shalau Achya ai hpe Ninghkap ga

|0 comments
Tuesday, October 4, 2011

          Dai ni na aten hta, anhte Wunpawng amyu sha ni anhte a n-gup ga/laili laika hpe anhte Mungdan kata nan hta e tara n-shang laili laika rai sani ai.  Anhte a kashu kasha ni mung tinnang a laili laika, htung hkring, hte labau ni hpe tinnang a buga kata hta e sharin ahchyin ai ahkaw ahkang n-lu saga ai.  Myitkyina Dakasu Kaba a shingdu na nam sum wum ni hta mung condom hte tsi htu samyit ni she kaput nga saga ai.  Dakkasu a nam dum ni hta mung tsi htu samit bang na hpri shingnoi ni hte she shakum ntsa noi abya da nga ai.  Shaning shagu Dakassu ngut sai jawng ma ramma ni mung tinnang Mungdan Asuya magam gun na ahkaw ahakng nlu saga ai.  Anhte a Hkristan nawkaw jawng ni mung tara shang nawku hpung gaw gap na ahkaw ahkang nlu mat saga ai.  Anhte a lamu ga ni hpe eka sen hku nna zing gashun la n-htawm Myen Asuya ni hte ni nawn ai hpaga la ni hpe latup jaw kau mani ai.  Ya na Wunpawng Amyu sha ni hpe jahten sharun ai madang gaw Japan Koloni prat hta pyi grau ai hpe mu mada lu sai.  Numbat 2 Majan Kaba hta e, anhte amyu sha ni a Kachin Ranger ni gaw Dukaba Chiang Kai-shek a hpyen hpung hte rau Facist Japan ni hpe Miwa hte Myen mungdan kaw nna gawt shapraw kau saga ai.  Yawn hpa gaw, dai ni du hkra anhte buga kata kaw Facist Asuya naw nga nga ai nan rai mali ai.  Munghpawm hta shanu nga ai Wan 62 hpe damya mya nna jahkrit sha ma nna gasu gabrawng let mang hkang ni hpe sinnat hku kaw na mahtai tam chye ai lailen hte uphkang nga ai 1962 kaw na dai ni du hkra rai mali ai.

        Lai mat sai kru shi mali ning hta, Bokyoke Aung San hku nna Wunpawng Salang ni hte kaga amyu bawsang ningbaw ningla ni hpe Myen mungdan hte shanglawt arau la na matu sa zinlum we ai.  Wunpawng amyu sha ni a Hpu Shawng Hpuba ni hpe jet let Federal Munghpawm hte mungchying sha ni yawng hpe rap ra let uphkang ai munghpaw hpe A-RAU sha gawgap wa lu na hpe mung Myen Hkringmang Daju hku nna gasadi jaw saga ai.  Amyu kaba Mali (Sam, Myen, Hkang, Wunpawng ni) hku nna Pang Long gasadi hpe 1947 ning hta ta masat htu let munghpawm ning nan hpe Munghpawm Myen Mungdan nga nna mying shingteng wa saga ai.

        2010 ning hta, tinnang a tinnang shatsam la ai hpyen palawng raw Asuya lung wa ai hpang, anhte bum nga masha ni hpe grau grau nna shingnawm de htu masut wa, dip rip wa ai hpe hkam sha wa ga ai.  Anhte Bum nga masha ni gaw tinnang buga tinnang ginra kata hta e numbat 2 (grit nyem ai) mung chying masha ni rai nga ai gaw ga lahtum n-shut rai mani ai.  Dai hta, Miwa Asuya hku nna myi di chyip lam amyu my hku nna garum madi shadaw nga ai gaw ndai Matse Labye Asuya hpe prat ding grin anhte amyu ni hpe dip rip up sha na matu ahkang aya jaw wa ai zawn hkam sha wa ga ai.  Lahta na ginlam ni a majaw, Miwa Gumsan Mungdan mungchying sha ni yawng, Myen Munghpawm mungdan munghcying sha ni yawng, hte Mungkan ntsa nga pra nga ai amyu hpan yawng hku nna ZINLUM let, ndai Matse Labye Tsadan hpe simsa nna ninghkap GUMLAU kau ga ngu nna saw lajin dat nngai.

        Anhte ni Miwa Asuya hpe hpyi shawn mayu ai nsen:
1)      Myen mungdan na Facist Asuya hpe garum ai lam hpe jahkring na.
2)      Munghpawm Myen mungdan kata hta e gaw gap nga ai bungli yawng mayawng hpe teng man san pra ai asuya lung wa ten du hkra lat ya na lam.
3)      Bum nga masha ni hpe gawng malai tai ai uhpung hpe matut mahkai nna mahkri shawn na matu ra sharawng ai lam.
4)      Miwa mungdan a sinna hkran na tsinyam hkam sha nga ai htingbu ni hpe mungdan wang chying hka hpaw let garum ya na lam.

Bat 5ya, Oct 7 ya, 2011
3:00 PM-6:00 PM
3505 International Place NW
Washington, DC
gumsan@kachinland.org
202-500-5076

ငြိမ်းချမ်း ဂျာနယ် (Sim Sa Journal)

|0 comments
Tuesday, October 4, 2011

Monday, October 03, 2011

ကြေငြာချက် (Ndau Lai Ka)

|0 comments
Monday, October 3, 2011

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

|0 comments
Monday, October 3, 2011

စာဖတ်ပရိသတ်များ ခင်ဗျား

ကိုလွင်အောင်စိုးမှ “စစ်ရာဇ၀တ်မှု ဆိုတာ ဘာလဲ” ဆောင်းပါးအား ပေးပို့ လာပါတယ်။ အဲဒီ ဆောင်းပါးမှာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ပေါ်ပေါက်လာပုံ၊ စစ်ရာဇ၀တ်မှု မြောက်ဖို့ဟာ ဘယ်လို အချက်အလက်တွေနဲ့ ကိုက်ညီပါက ကျူးလွန်မှုမြောက်ပုံ၊ ယူဂိုစလားဗီးယား အရေးအား ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ပုံနဲ့ မျိုးတုန်းသတ်ဖြတ်မှု (Genocide) ကို အဓိပ္ပာယ် ဖွင့်ထားပုံတွေ ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ဒီဆောင်းပါးနဲ့ ဆက်စပ်ပြီး ကမ္ဘောဒီယား နိုင်ငံ ခမာနီတို့ရဲ့ အစုလိုက် အပြုံလိုက် လူထုသန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ရှိတဲ့ ခမာနီတို့အား စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက ဆက်လက် ကိုင်တွယ်မယ် ဆိုတာ ရှိတဲ့အကြောင်း ကျွန်တော် အနေနဲ့ သိရှိရပါတယ်။ ယခုလို ပေးပို့တဲ့ ကိုလွင်အောင်စိုးအား ကျွန်တော်  အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ
ဆောင်းပါးရှင် - ကိုလွင်အောင်စိုး


၁၉၉၂ ခုနှစ် မတ်လကနေ ၁၉၉၅ ခုနှစ် နိုဝင်ဘာလထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲမှာ ရက်စက်        

ကချင် အနုပညာရှင်များမှ စစ်ဘေးဒုက္ခသည် များအတွက် စတိတ်ရှိုးပြုလုပ်ကာ ရန်ပုံငွေရှာ

|0 comments
 Monday, October 3, 2011
ကချင် အနုပညာရှင်များ

ကချင် အနုပညာရှင်များမှ ဦးစီးပြုလုပ်သည့် စစ်ဘေး ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေသည့် အနုပညာ ဖျော်ဖြေပွဲကို တရုတ်နိုင်ငံ၊ ရှမ်း/ကချင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တဲဟုန်တိုင်း၊ ရွှေလီမြို့၊ ကချင်ရိုးရာ မနောကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အနုပညာဖျော်ဖြေပွဲသည် စစ်အာဏာရှင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အကြား ဖြစ်ပွားနေသည့် စစ်ကြောင့် ဒုက္ခရောက်နေသော ဒုက္ခသည်များအား ကူညီ နိုင်ရန်အတွက် ရည်ရွယ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားသည်။

ကချင် အဆိုတော်များဖြစ်သည့် လဖိုင် ဇော်ခမ်း၊ ဒရှီ ဂွန်းလာ၊ Plus three (+3) ၊ အော်ရာလီ၊ လရှမ်း ခါးလီ၊ လရှမ်း တူးမိုင်၊ ဖောင်ဒါ ဂွန်း၊ ဘရန်ဆန် (hkrum)၊ စကိုင်း၊ အင်ခွန် ဘရန်တေင်၊ မရန် ဆိုင်ဖုန်း၊ ကေ. ဆိုင်းလတ်၊ အင်ခွန် ခမ်းအောင်၊ မင်းဇိုင်း လွမ်းနော၊ ကရိုင် ကိုင်ဒင့်၊ လဆန် ဂျီးဘူ၊ လဂွီ ယော်မျှော်၊ လရှီး ခေါန်ခေါန်၊ အင်ခွန် ထုဆိုင်း၊ ယိန်းယိန်းခဲ (ခ) ခေါန်ထွဲ၊ လုပန်ခေါင် နှင့် ဒေသခံ အဆိုတော်များ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဖျော်ဖြေပွဲအတွက် ကျေးဂျူးကမ္ဘာတီးဝိုင်းမှ စက်နှင့်တကွ တီးဝိုင်းအဖွဲ့သားများပါ မေတ္တာဖြင့် ကူညီ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲမှ စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေ ယွမ် ကိုးသောင်း (၉၀၀၀၀) ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ အနုပညာ ဖျော်ဖြေပွဲများကို အခြား နေရာများတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ တစ်ဦးထံမှ သိရသည်။

K.I.A တပ်မဟာ ၅ နေရာသို့ အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်ရန်ပြင်

|0 comments
Monday, October 3, 2011

Kachin Independence Army

K.I.A တပ်မဟာ (၃) လက်အောက်ခံ၊ အမှတ် (၁၅) တပ်ရင်းနယ်မြေ၊ ဘွမ်ဆဲန် စခန်း အနီးတွင် အောက်တိုဘာလ (၂) ရက်၊ ၂၀၁၁ ခုနှစ် မနက် ၇ နာရီအချိန်မှ ၇ နာရီခွဲ အချိန်ခန့် အထိ K.I.A တပ်ရင်း (၁၅) တပ်သားများနှင့် အစိုးရစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု စာရင်းကို ဆက်လက် စုံစမ်း ဆဲဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နမ်ဆန်ယန်၊ ဘန်ဒေါင်၊ အေဒင် ဒေသများတွင် K.I.A အမှတ် (၅) တပ်မဟာ တပ်သားများနှင့် ရွေ့လျား တပ်များမှ စစ်အစိုးရစစ်တပ် မြောက်ပိုင်းတိုင်း လက်အောက်ခံတပ် ခမရ (၁၂၁) နှင့် စကခ (၃) စစ်ကြောင်းများကို ပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေများကို သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပါ။ ငါ့အူကျေးရွာ အခြေစိုက် ခလရ (၁၂၁) သည် စစ်သည် အင်အား (၂၈၀) ကျော် ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များထဲတွင် အင်အား အများဆုံးတပ်ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ စစ်တပ်များသည် K.I.A တပ်မဟာ (၅) ရှိရာသို့ စစ်သည်အင်အား အမြောက်အများနှင့် ထိုးစစ်ဆင်ရန် ချဉ်းကပ်လာနေကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ စကခ (၃) လက်အောက်ခံ ခမရ ၃၈၁၊ ခမရ ၃၈၂၊ ခမရ ၃၈၃၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၄၁)၊ ခလရ (၁၄၂)၊ ခလရ (၁၂၁) တို့သည် ဂျာအင်ယန်၊ ဘန်ဒေါင်၊ ရှဒန်ပါ အနီးတ၀ိုက်များတွင် သုံးနေရာခွဲပြီး လှုပ်ရှား နေကြောင်း K.I.A ရှေ့တန်း သတင်းများ အရ သိရှိ ရပါတယ်။

16/ 17/ 7/ 2011 မဒီယာန်နှင့် ခါလာ စစ်အောင်ပွဲ

|0 comments
Monday, October 3, 2011

Sunday, October 02, 2011

K.I.A ဌာနချုပ် လိုင်ဇာ အနီးထဝိုက် စစ်တပ်အင်အားဆက်လက်တိုးချဲ့

|0 comments
Sunday, October 2, 2011

Kachin Independence Army

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီးတဝိုက် ကျေးရွာများတွင် စစ်တပ် စစ်အင်အား ပိုမိုတိုးချဲ့လျက်ရှိကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ကချင်ပြည်နယ် ရှဒန်ပါ ကျေးရွာနှင့် အောင်ဂျာယာန်ကျေးရွာ အကြား ခါလာ ကျေးရွာတွင် စစ်တပ် အင်အား ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာလည်း K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီးရှိ လဂျား ယာန်ကျေးရွာ အထက်ဘက်မှာ ရှိတဲ့ ဦး လယင်ဝါ ရဲ့ ငှက်ပျောသီးခြံနှင့် ရာဘာခြံများတွင် စစ်တပ် အင်အား (၂၀၀) နှစ်ရာကျော် ရောက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A တပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား ဒီမနက် ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးမှ အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ..။
ယခုအချိန်များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေများဖြစ်တဲ့ နမ်ဆန်ယာန်၊ ဘန်ဒေါင်ယာန်နှင့် တခြားကျေးရွာများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်တို့မှ စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း၊ တချို့တပ်တွင်ဟာ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ဗဟိုကော်မတီမှလည်း K.I.A ဌာနချုပ်များ၊ တပ်မဟာများ၊ တပ်ရင်းများအားလုံးကို အမြဲ အဆင်သင့်ဖြစ်နေ ဖို့ရန်နဲ့၊ ကိုယ့်နယ်မြေများတွင် ဝင်ရောက်လာသော ရန်သူများကို အပြတ်ချေမှုန်းရန် အထူး သတိပေး လိုက်ပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ စစ်တပ်ရဲ့ တိုက်လေယာဉ်များဟာ အချိန်မရွေး ဝင်ရောက် တိုက်ခိုက် လာနိုင်ကြောင်း K.I.A ထောက်လှမ်း ရေးများမှ အထူး သတိပေးထားကြောင်း K.I.A အထူးသတင်းများအရ သိရှိရပါတယ်။

ရှမ်း/မြောက်ဒေသမှ စစ်ပြေးများ၏ ဒုက္ခ

|0 comments
Sunday, October 2, 2011

မူဆယ်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များ

စစ်ဘေးကြောင့် ရပ်ရွာစွန့်ခွာ ပြေးသူများကို လမ်းခရီးတွင် အစိုးရ စစ်တပ်မှ နိပ်စက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင်သဖြင့်  အနီးအနား ကျေးရွာများမှ ရွာသူရွာသားများသည် ဘေးကင်းရာသို့ အသီးသီး ထွက်ပြေး နေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာ ၃၀ ရက်ထိ စစ်ပြေး ဒုက္ခသည်များမှာ  ..
၁။ မုန်းပေါ်၊ ဟိုဝါးမန်ပိန်း ကျေးရွာမှ ၇၀ ဦး၊
မုန်းပေါ်၊ မန်နောင်ကျေးရွာမှ ၅၀ ဦး၊

နေပြည်တော်ရဲ့ ညွန်ကြားချက်ထွက်လာ

|0 comments
Sunday, October 2, 2011

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနာချုပ်ဖြစ်တဲ့ လိုင်ဇာ မုဒ်လုမ်ကို စစ်အစိုးရတို့မှ ဒီလ အောက်တိုဘာ (၃၊ ၄၊ ၅ ….) ရက် အတွင်း အပြီးသိမ်းပိုက်ရန်အတွက် နေပြည်တော် စစ်အစိုးရ ဌာနချုပ်မှ ညွန်းကြားချက် ထွက်လာပြီဖြစ်ကြောင်း စစ်ဘက် နီးစပ်သူများထံမှ သတင်း စုံစမ်း သိရှိရပါတယ်။ ယခုချိန်တွင် K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီး တဝိုက်များတွင် စစ်အစိုးရ စစ်အင်အားများ ထောင်ကျော် ရှိနေပြီဖြစ်ပြီး စစ်အင်အားများလည်း နည်းအမျိုးမျိုးဖြင့် ထပ်မံ ပို့ဆောင် နေကြောင်း K.I.A သတင်းများအရ စုံစမ်း သိရှိ ရပါတယ်။ K.I.A ဘက်မှာလည်း အမြဲတမ်း အဆင်သင့် ဖြစ်ဖို့ရန် အထူး လေ့ကျင့် ပြင်ဆင် နေကြာင်းနှင့် “ဒီလိုနေပြည်တော်ကနေ ညွန်ကြားချက် ထွက်လာပြီဆိုတော့ စစ်မီးဟာ တတိုင်းပြည်လုံး ပြန့်နံ့သွားဖို့ဟာ ပိုမိုများနေပြီ” ဟု K.I.A အထက်အရာရှိ တစ်ဦးမှ ပြောကြားချက်အရ သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရတို့အကြား တိုက်ပွဲများဟာ နေရာ အနံ့ အဆက်မပြက် ဖြစ်ပွားလျက်ရှိရာ ယခုချိန်ကစပြီတော့ ပိုမိုပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာ သူများက သုံးသပ်နေကြပါတယ်။

စစ်ကြေညာချက်

|0 comments
 Sunday, October 2, 2011

အက်ဆစ်၏ အာဘော် “စစ်ကြေညာချက်”

အက်ဆစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန် အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ် မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင် တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။ အခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက် နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေ မပေါ်ပေါက်စေ ချင်တဲ့ ဒေါ်စုကို တာဝန်သိအောင်တော့ ပြန်လည်ပြော ချင်နေခဲ့တာပါ။ ဒါဟာလည်း ဒေါ်စုကို ချစ်လို့ မုန်းလို့မဟုတ်ဘဲ ဆင်းရဲ မွဲတေနေတဲ့ ပြည်သူတွေ၊ လွတ်မြောက် ရေးကို မျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မဆုတ်မနစ် ချီတက်နေကြတဲ့ တိုက်ပွဲ ၀င်နေကြတဲ့ ပြည် တွင်းပြည်ပက မြန်မာပြည်လွတ်မြောက်ရေး လုပ်ဆောင်နေသူတွေနဲ့အတူ ရပ်ခံနေချင်တဲ့ အက်ဆစ်ရဲ့ စိတ် ဆန္ဒတွေကြောင့်ပါပဲ။

ဆက်လက်ဖတ်ရှုရန်....