Monday, September 26, 2011

K.I.A နှင့် မြန်မာအစိုးရ စစ်တပ်တို့ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွား

Monday,September 26, 2011
 ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ခဲ့သော K.I.A တပ်ရင်း (၉)၊ တပ်ရင်း (၂) နေရာတွင် ဖြစ်ပွားသည့် တိုက်ပွဲများသည်  စက်တင်ဘာ ၂၆ ရက်နေ့ထိ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

စစ်အာဏာရှင် အစိုးရစစ်တပ်မှ ဒီမားကျေးရွာနှင့် ဒတ်နိုင်ကျေးရွာ တို့တွင် တပ်စွဲကာ လက်နက် ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ရုံသာမက စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် K.I.A တပ်ရင်း (၉) တို့ ယခင်နေရာ ယူထားသည့် နေရာထက် ပိုမြင့်သည့် တောင်ပေါ်သို့ ပြောင်းရွေ့ နေရာ ယူထားကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦးဟာ တိုင်းပြည်အတွက် အသက်ပေးသွား ခဲ့ပြီဖြစ်ကြောင်းနှင့် မြန်မာအစိုးရစစ်တပ်မှ အနည်းဆုံး (၁၀၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A တပ်ရင်း (၂)၊ တပ်ရင်း (၉) နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ ဦးရေ စုစုပေါင်း (၁၆၀) ကျော်ပြီ ဖြစ်ပြီး အသေအပျောက် နှုန်းကိုတော့ အတိအကျ ကြားသိရခြင်း မရှိသေးပါ။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်  စစ်ပြေးဒုက္ခသည် (၇၀) ကျော်ဟာ မှုဆယ်မြို့နယ်၊ နမ်တောင်း ကျေးရွာသို့ လာရောက် တိမ်းရှောင်နေပြီး အချို့မှာ  တောလမ်း ခရီးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်းစုံစမ်းသိရှိရပါတယ်။ မန်ဂျယ်ကျေးရွာ၊ ဒတ်နိုင်ကျေးရွာ၊ ဒီမား ကျေးရွာတို့မှ ရွာသူရွာသား များသည်လည်း ထွက်ပြေး တိမ်းရှောင် လိုသော်လည်း စစ်အာဏာရှင် အစိုးရစစ်တပ်မှ စစ်ဖြစ်ပွားနေသည့် ကျေးရွာမှာဘဲ အတင်းအဓ္ဓမ နေခိုင်းမှုကြောင့် အခက်အခဲ တွေ့နေကြကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင် အစိုးရမှ အသုံးပြု ပစ်ခတ်နေသော လက်နက်ကြီး ကျည်ဆံ

K.I.A တပ်မဟာ (၄) နေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် အလွန်ပြင်းထန်သဖြင့် ပြည်ထောင်စု အတွင်းဖြစ်ပွားသည့် တိုက်ပွဲများနှင့်မတူပဲ ကျူးကျော် လာသူ တိုင်းတပါးသားများနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအလား ထင်မှတ်မိကြောင်း ဒေသခံတဦးမှ ရင်ဖွင့်ပြောဆိုလာပါတယ်။

အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၇)၊ ခမရ (၅၂၂)၊ ခမရ (၅၆၇)၊ ခလရ (၂၄၃) တို့မှ စစ်သည်အင်အား အလုံးအရင်း (၅၀၀) ကျော် ဖြင့် K.I.A တပ်ရင်း (၂) သို့ ထိုးစစ် ဆင်လာကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။

လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့်  ကေအိုင်အေ တပ်ရင်း (၂) တို့မှာ ပိုမိုလ လုံခြုံသည့် နေရာသို့ ပြောင်းရွေ့နေရာ ယူထားကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ (၆၀) ကျော်ရှိပြီး မန်ဂျယ် ပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက် ဒဏ်ရာရရှိသည့် သတင်း ကြားသိရခြင်း မရှိသေးးကြောင်း ၊ အခြေအနေအရပ်ရပ်တို့ကို ဆက်လက် စုံစမ်းနေပါတယ်။

K.I.A တပ်မဟာ (၄)၊ တပ်ရင်း (၈) နေရာတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၂၄ ရက်၊ နံနက် ၈ နာရီခွဲ ၀န်းကျင်မှ စတင်ခဲ့သည့် တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် အစိုးရစစ်တပ် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၃၀)၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၂)၊ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခလရ (၆၉) နှင့် တပ်မ (၉၉) တို့နှင့် K.I.A တပ်ရင်း (၈) တို့အကြား မန်တုံမြို့နယ်၊ နမ်လတ် တောင်ပေါ်တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း စုံစမ်းသရှိရပါတယ်။

ယင်းတိုက်ပွဲတွင် ကေအိုင်အေဘက်မှ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်အာဏာရှင် အစိုးရ စစ်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ များသောကြောင့် နမ်တူမြို့နယ် ဆေးရုံသို့ ကားဖြင့် သယ်ဆောင် ကုသ ပေးနေ ရကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မတော်နှင့် စစ်အာဏာရှင်အစိုးရတို့၏ တိုက်ပွဲများမှာ နေရာ အနံ့အပြားတွင် ပြင်းပြင်းထန်ထန် စစ်အင်အား အလုံးအရင်းအသုံးပြုကာ စစ်ပွဲများဖြစ်ပွားနေရပါတယ်။ K.I.A တို့က အဓိကအားဖြင့် ပျောက်ကျား စနစ်ကို ဦးစားပေး အသုံးပြုကာ စစ်ပွဲများကို ဆင်နွဲသွားမှာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ “စစ်ပွဲဆိုတာ ဘယ်စစ်ပွဲမှ မကောင်းမှန်း သိပေမယ့် ယခုဖြစ်ပွားနေသော စစ်ပွဲဟာ မြန်မာ တနိုင်ငံလုံး အတိုင်းအသာ စစ်မှန်သော ဒီမိုကရေစီကို ရရှိဖို့ရန်နှင့် စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကင်းလွှတ်နိုင်ရန် နှင့် လွတ်လွတ်လပ်လပ် အသက်ရှင် သွားလာနိုင်ဖို့ရန် စသည်တို့ကို အဓိက ထားပြီး K.I.A တပ်မတော်တို့မှ တိုက်ပွဲ ဆင်နွဲနေရတာ ဖြစ်ပါတယ်။” ဟု K.I.A အထက်အရာရှိမှ ပြောကြားချက်ဖြစ်ပါတယ်။

0 comments: