Thursday, September 29, 2011

ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်ခဲ့တဲ့ အစိုးရ စစ်တပ်စပိုင် ကျောင်းဆရာတဦး

Thursday, 29 September 2011 00:47
K.I.O အထက်တန်းကျောင်း

K.I.O ထိန်းချုပ်ရာနေရာဖြစ်တဲ့ တပ်မဟာ(၄) တပ်ရင်း (၂) တည်ရှိရာ တာမုန်းညဲမြို့နယ် မန်ဂျယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ရမည်းသင်းသား  (ကျောင်းအုပ်) ဟာအစိုးရ စစ်တပ် စပိုင် တဦးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာစဉ် ကျောင်းသားများအား ဘေးလွတ်ရာသို့ ကယ်ထွက်ရမည့်အစား ပစ်ကွင်းထဲမှာပင် ဇွတ်အတင်းနေခိုင်းသူ တဦးဖြစ်နေကြောင်း မန်ဂျယ်ကျေးရွာများနဲ့ နီးစပ်သူများက  ခိုင်လုံစွာ သတင်းပေးပို့ လာပါတယ်။ သူဟာ ၂၂/၉/၂၀၁၁ ရက်နေ့ ကျောင်းမှ ပျောက်သွားပြီး ၂၄/၉/၂၀၁၁ ရက်နေ့မှာတော့ ကျောင်းကို ပြန်ရောက် လာခဲ့ပါတယ်။ သူနဲ့အတူ အစိုးရ စစ်ကြောင်းပါ ရောက်လာပြီး K.I.O တပ်မဟာ (၄) တပ်ရင်း (၂) ကို ဝင်ရောက် ထိုးစစ် ဆင်နေချိန် ဖြစ်နေပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် သံများကြားမှ ကျောင်းအုပ် ဆရာကြီးဟာ ကျောင်းသား အားလုံးကို စာမေးပွဲစစ်ရန် အမိန့်ပေးလာ ပါတော့တယ်။ သဘာဝမကျတဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုဖြစ်ပါတယ်။ မိဘများ သေနတ်သံကြား ရသောကြောင့် မိမိသားသမီးများကို လာရောက်ခေါ်သော်လည်း မလွတ်သည့်ပြင်၊ ကျောင်းသားများ ထွက်ပြေးသော် တုတ်နဲ့ ခြိမ်းချောက် ကျိန်းမောင်း၊ အခန်း တံခါးပိတ် ထည့်ထားပါတယ်။ ဒါ့အပြင် သေးနတ်သံ မကြားအောင် DVD စက်သွားယူပြီး သီချင်းများ ဖွင့်ထားကာ စာမေးပွဲ ဇွတ်အတင်း ဖြေခိုင်း ထားပါတယ်။ ကျောင်းပတ်ဝန်းကျင်တွင် အမြောက် ကျည်များ ကျလာမည် စိုးလို့ ဆရာမတွေက ကျောင်းသားများ အားလုံးကို ခေါ်ကာ ထွက်ပြေး သွားခဲ့ပါတယ်။ ပျောက်သွားတဲ့ ရက်များနှင့် ပြန်လာတဲ့ ရက်များအတွင်း ၎င်းအနေနဲ့ မည်သူ တဦး တယောက်ကိုမှ သတင်းပို့ခြင်းမျိုး မရှိဘဲ ပျောက်သွားရခြင်းမှာ ထူးဆန်းနေပြီး ပြန်လာတဲ့ရက်တွင် အစိုးရ စစ်တပ် ကပ်ပါလာခြင်းမှာ အစိုးရစစ်တပ် စပိုင်အဖြစ် အငြင်းပွားစရာ မလိုကြောင်း၊ ယခုလို ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်တာဟာ ဆရာတဦးရဲ့ အင်္ဂါရပ်နှင့် မညီကြောင်း ရွာသူရွာသားများက မှတ်ချက်ပြု သတင်းပေးပို့ လာပါတယ်။

0 comments: