Thursday, January 05, 2012

ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက်

Thursday, January 5, 2012

W.P Majoi


သို့  
    Kachinboy.blogspot.com ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေများ အားလုံး အားလုံး ပျော်ရွှေသော နှစ်သစ်ကူးလေးဖြစ်ပါစေ.... ပျော်ရွှင်သော နှစ်သစ်ကူးလေးမှာ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်ဝ ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို  မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက် ရည်ဆူးပြီး ကချင်ပြည်နယ်  မြောက်ဖျားပိုင်းမှာရှိတဲ့  သဘာဝ အလှ အပများကို နှစ်သစ်ကူး လက်ဆောင်အဖြစ်   တစ်စု တစ်စည်းတည်း ပို့ပေးလိုက်ပါတယ်...

 
ဘယ်လိုပင် လမ်းပန်းခက်ခဲပါစေ..  တောတောင်တွေကြားက ကချင်အိမ်လေးရဲ့ သဘာဝ အလှတရားဟာ မြို့ပြရှုခင်းတွေ ဘယ်လိုမှ မမီနိုင်အောင် လှမြဲပါဘဲလေး…။

 ငွေမျှင်ကြိုးနဲ့ယှက်တဲ့တိမ်....

တောင်ခိုးနှင့်တိမ် ရောယှက်လိမ်...

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ ကချင်ခေါ် ဝန်ပေါင် တိုင်းရင်းသားရွာ

 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင် တောင်ကုန်းများ...)

ရစ်ဂျော်ဆိုတဲ့ ကချင်တောင်ပေါ် ရွာကလေးဖြစ်ပါတယ်..

ကချင် တောင်တန်းများကြားက လော်ဝေါ်ခေါ် ကချင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ ရွာကလေး…


လန်ဆယ်ရွာကလေးရဲ့ အိမ်....

 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

 လှေကားထစ် စိုက်ခင်း (သူများတွေဆီမှာတင် ဒီလို ရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလည်း ရှိနေပါတယ်…) 


  အဝေးက ကြည့်ရင် ပုဝါ တစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ကချင်နယ်မြေ တောင်ကျချောင်း ရေစီးသံနှင့် ပျော်…


 မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ ချန်းခ (ချောင်း)


ဘဝကြမ်းကြမ်း… လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ…


ရေခဲတောင်ထွဋ်များနဲ့တောင်ခြေက ကျနော်တို့ရဲ့ဘဝလေးပါ (သူတို့လို ရောင့်ရဲ နိုင်ပါ့မလား…?)

 ဖြူလွလွ ရေခဲဖုံးတောင်နဲ့ တောင်ပေါ်က ကချင်ရွာလေး…


ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ဖီမောဘွမ် အနောက်ဘက် တောင်တန်းများရှိ ဆော့လော်မြို့နယ်ထဲက “ကူးမော ဆိုတဲ့ ကချင်ရွာ”


တောင်စောင်းများဆီက ကချင် တိုင်းရင်းသား လီဆူးရွာကလေး…


ငွေရောင်လက်နေတဲ့ ရေခဲတောင်များကြားမှ ကျနော်တို့ ကချင် တိုင်းရင်းသားတွေရဲ့ ဘဝ..

နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း..

 ပန်းချီလေလား ဝိုးတဝါး ဝန်ပေါင်တောင်တန်းပေါ်မှ RC ဘုရားရှိခိုးကျောင်း…

တောင်ထိပ်ပေါ်ကဆုတောင်းတောင်
ကျနော်တို့ ကချင်တိုင်းရင်းသားများဟာ ဘိုးဘွား စဉ်ဆက် ဘယ်သူ့နယ်မြေကိုမှ မကျူးကျော်ခဲ့ပါဘူး.. ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း နေချင်ကြတဲ့ သူတွေပါ... ဒါပေမဲ့ဟာ... ယနေ့ ကျနော်တို့ ကချင် နယ်မြေမှာ အရေခွံလှဲ.. စစ်လိုလားတဲ့ စစ်အစိုးရကြောင့် စစ်မီးတွေ တောက်လောင်နေခဲ့ရတာ စိတ်မကောင်း စရာပါဘဲ....


ထင်းရှူးပင်နဲ့ ရေခဲပြင်… လှပခမ်းနား ကချင်နယ်… ထွက်သွားကြပါ သိန်းစိန်တပ်…


 ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ် - ကချင် နယ်ခြားဂိတ်)

မသိခဲ့တဲ့ သူငယ်ချင်း အချို့အတွက် ကချင်ဒေသရဲ့ သမိုင်းကြောင်း အချို့ကိုလည်း ပြောပြ ချင်ပါတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန် ဖြစ်ပါရက်နဲ့) ဟိုး… ယခင်ခါက ဝန်ကြီးချုပ် ဦးနုရဲ့ခေတ်မှာ တရုတ်ပြည် ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...


ကဗျာတစ်ပုဒ်လို လှတဲ့ ကချင် ဝန်ပေါင် တောင်တန်းများ …


 ငေါ့ချမ်းခချောင်းတစ်နေရာ… ကြည့်လို့ကောင်းလိုက်တာ…


 ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ပန်ဝါမြို့ရဲ့ ဘောလုံးကွင်းလေးဖြစ်ပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း …
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P



 “စန်းကျားဟော်” ချောင်းသုံးခွဆုံ စခန်းထောက်ရွာ ( ဒီလိုကြိုးတံတားတွေ လျှောက်ရဲပါ့မလား…)


ကချင် ဝန်ပေါင် တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..


ငေါ့ချမ်းခ မြစ်ဘေးက ရွာကလေး ( ဒီနေရာဟာ ကျောက်ခေတ်ကတည်းက စပါးပင်တွေရဲ့ မူလ ဇာတိလို့ ယူဆနိုင်တဲ့ အချက်အလက်တွေ ရှိနေတယ်လို့  ဆိုကြပါတယ်)


တောင်ပေါ်မှာလောင်တဲ့မီး… (တောမီး)

 တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...


Yak လို့ခေါ်တဲ့ တိဘက်နွားပါ…။

နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။  တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။


မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား (YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြော တစ်လျှောက် သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင် ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။

ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင် ရှိသေးတော့တယ်…။



ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါ ဝက်ဝံအနီမျိုးလို့ ဆိုပါတယ်..


ကချင်တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့..  တကယ်လို့ ကချင်နယ်မြေမှာ အလည် ရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ချဉ်စော်ခါးသီး ဝိုင်ကို သောက်ရမှာတော့ အသေအချာပါဘဲ....


သစ်ပင်တွေ ပြန်ပေးပါ...

 မိတ်ဆွေသူငယ်ချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်နော်တို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပ ခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေ ဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက် ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသရဲ့ လမ်းပန်း ဆက်သွယ်ရေးကို ချောမွေ့အောင် လုပ်မယ်၊ နယ်မြေအေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ဧည့်သည်တွေ တည်းခိုဖို့  တည်းခိုခန်း စသည်တို့ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပတဲ့ နေရာတွေကို လာချင်၊ သွားချင်ကြတဲ့ သူတွေ အများကြီး ဖြစ်မှာပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ မိတ်ဆွေ.. ဝေးဝေးကို မကြည့်ပါနဲ့ .. ကိုယ့်ပြည်တွင်းမှာတင် အဖိုးတန် အလှအပများ ရှိနေပါတယ်…..

 ( ကျနော်ယူထားတဲ့ ဆိုက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်… )

4 comments:

  • Seng says:
    January 7, 2012 at 3:56 PM

    I will never lave my beautiful land. They are so beautiful.



    Thanks you so much for posting this photos.

  • Anonymous says:
    April 5, 2012 at 12:42 AM

    ကျွန်တော်က ဗမာလူမျိုးပါ.. ဒါပေမဲ့ ကချင်ပြည်နယ်မှာမွေး..ကချင်ပြည်နယ်မှာပဲကြီးပါတယ်.. ဗမာလူမျိုးပေမဲ့ ကချင်ပြည်နယ်ကိုချစ်တယ်.. ကျွန်တော် ဘယ်နေရာပဲရောက်ရောက် ကချင်ပြည်နယ်အကြောင်းကို ဂုဏ်ယူစွာပဲပြောတတ်တယ်.. ငယ်ငယ်ကတည်းက ကချင်ဝတ်စုံကိုမြတ်နိုးတယ်.. ကျွန်တော့သူငယ်ချင်း ကချင်တွေ ကချင်စကားပြောရင် ကျွန်တော်ပြောတတ်ချင်တာ အားကျတယ် သူတို့ကို.. ဒါပေမဲ့လေ ကချင်ပြည်နယ်အလှကိုဖျက်ဆီးနေတဲ့စစ်ပွဲတွေကိုတော့ မုန်းတယ်... KIA ကိုရောပေါ့.. အဓိပယ် မရှိဘဲ စစ်တိုက်နေလို့ပါ... သူတို့ အဲ့လိုလုပ်နေလို့လဲ ဗမာစစ်တပ်က ဘာမှဖြစ်မသွားဘူး.. ဘယ်တော့မှလဲ ရှုံးမှာမဟုတ်ဘူး.. စစ်ပွဲက ရှည်ကြာလေ ကိုယ့်လူမျိုး ဒုက္ခရောက်လေပဲ ဒါကိုမသိလို့လား.. ဒါမှမဟုတ် မသိချင်ယောင်ဆောင်တာလား.. ကိုယ့်လူမျိုးကောင်းစားဖို့ဆို စစ်ကိုရှောင်ဖို့ကောင်းပါတယ်.. ခုတော့ ဘယ်သူမှ ဒုက္ခမရောက်ပဲ ကိုယ့်လူမျိုးပဲ လူညွန့်တုံးတာပဲ... ကချင်ပြည်နယ်ကြီးအမြန်အေးချမ်းပါစေ...

  • greenlover says:
    May 13, 2012 at 2:02 PM

    အပေါ်ကကချင်ပြည်နယ်သားဗမာလူမျိုး အဓိပယ် မရှိဘဲ စစ်တိုက်နေလို့ပါ.ဆိုတဲ့စကားကိုပြင်ဦး ဗဟုတုတမရှိဘူးသိချင်ပါတယ်ဆိုအပေါ်တင်ပြောရှက်စရာမလိုဘူး မင်းကချင်ပြည်နယ်မှာနေပြီးKIAဘာကြောင့်စစ်တိုက်ရတယ်ဆိုတာမသိရင်တော့အောက်ပြည်ညှောင်းတော့ မင်းတို့လိုလူမျိုးမြေအလေးခံပြီးကချင်ပြည်နယ်မှာမနေသင့်ဘူး

  • Anonymous says:
    November 2, 2013 at 1:25 PM

    သြကြီးကျယ်လိုက်တာဗျာ။ကိုကေအိုင်အေတို့ကအကြောင်းရှိလို့စစ်တိုက်ပြီးဒုက္ခပေးနေတာကိုး။ကျူပ်ကကချင်ဗမာလည်းမဟုတ်ဘူး။ခင်ဗျားတို့KIAဘာအကြောင်းနဲ့တိုက်လဲတော့မသိဘူး။အလွန့်အလွန်ကြီးကျယ်တဲ့ပုံစံကြီးနဲ့ကျွန်တော်တို့ကစစ်မတိုက်ချင်ဘဲတိုက်နေရတာပါဆိုတဲ့ပုံစံကြီးလာမဖမ်းနဲ့ခင်ဗျားတို့လူတွေကိုဒုက္ခပေးတာကပေးတာပဲအပိုတွေပြောမနေနဲ့