Saturday, November 26, 2011

ပြည်သူများ ထိတ်ခနဲ ဖြစ်နေတဲ့ ကချင်နယ်မြေမှ ဗုံး သံ

|0 comments
Saturday, November 26, 2011
 Kachin Independence Army


 စစ်အစိုးရရဲ့ စစ်အင်အား တိုးချဲ့လာမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေပါတယ်။ အောက်ပိုင်းမှ တပ်မများကို ကချင်နယ်မြေသို့ အင်အားဖြည့် စေလွတ်နေပါတယ်။ များမကြာမီမှာ ကေအိုင်အေနှင့် စစ်တပ်တို့ အကြား တိုက်ပွဲများ ပိုမူ ပြင်းထန်လာမယ်လို့ ပြည်သူများက စိုးရိမ်ပူပန်နေကြပါတယ်။ ကေအိုင်အေတပ်လည်း စစ်ရေး ပိုမို ပြင်ဆင်လျက် ရှိနေပါတယ်။


 နိုဝင်ဘာလ ၂၅ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ အေးမြသာယာ ရပ်ကွက်  သချုင်္ိင်းကုန်း အနီးမှ မီးရထား သံလမ်းကို နိုဝင်ဘာလ ၂၅ ရက် မနေ့ည ည ၉း၀၀ နာရီ ဝန်းကျင်တွင် ဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိခိုက်မှုတော့ တစုံတရာ မရှိကြောင်းနှင့် ဒီမနက် ၇း၀၀ နာရီ မီးရထားတော့ ဝင်ရောက်လာခြင်း မရှိကြောင်း မြို့ခံတစ်ဦးမှ ပြောကြား လာပါတယ်။ ဘယ်အဖွဲ့ အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါ။

W.P Moses

ကေအိုင်အေ ဒုတိယအကြိမ် သိန်းစိန်နင့် တရုတ်နိုင်ငံ မှာ တွေ့မည် ။

|0 comments
Saturday, November 26, 2011


သမ္မတ ဦးသိန်းစိန် ရဲ့ အထူး ကိုယ်စားလှယ် အစိုးရသစ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကေအိုင်အေ ဘက်က  ကိုယ်စားလှယ်များ ပထမ အကြိမ်တွေ့ ဆုံပြီး ခဲ့ပါတယ် ။


  ဒုတိယအကြိမ်အားဖြင့် နောက်အပတ်တွင် အစိုးရသစ် ကိုယ်စားလှယ် များ နှင့် ကေအိုင်အို ကိုယ်စားလှယ်များ ပြန်ပြီး တရုတ်နိုင်ငံ မှာ တွေ့ဆုံဖို့ သဘော တူထားပြီးပြီလို့ သိရပါတယ်။


အစိုးရ ကိုယ်စားလှယ် နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးခုတို့  နိုဝင်ဘာ ၁၉  ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှု ကို ထိုင်းနိုင်ငံမှာ  ပြုလုပ်ခဲ့ ပါတယ်။


တွေ့ဆုံမှုမှာ ကချင်  KIO မှ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဗဟိုကော်မတီ အဖွဲ့ဝင် ဦးလဖိုင်လ တို့ပါဝင် တွေ့ ဆုံခဲ့ပါတယ်။


ဒုတိယအကြိမ် တရုတ်နိုင်ငံမှာ တွေ့ ဆုံမူ မှာတော့   ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်စန်းဆန့်အောင်နှင့် အဆိုတော်  ဦးခဗျာခွန်းအောင်တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။


 သိန်းစိန် အစိုးရကတော့ အမြန်ဆုံး အပစ်ခတ်ရပ်ဆဲမှုကို စတင် ချင်ပေမဲ့   KIO ကတော့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုသည်ဟု ထုတ်ဖော်ပြောဆို ထားပါတယ်။


KIO KIA ကတော့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ခဲ့ပေမဲ့ နိုင်ငံရေး


တိုးတက်မူ မရှိခဲ့သည့်အတွက် နိုင်ငံရေးသဘောတူညီချက် ရရန်


လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။


ဇော်ရှန် (မချမ်းဘော့)


ကေအိုင်အေ သဘောထားများ ဆက်လက်ဖော်ပြမည် ။


ပြည်သူလူထုများရဲ့ သဘောထားအမြင်များကိုလည်း အချိန်မရွေး ပေးပို့နိုင်ပါတယ်.. ခံစားချက်များ ကိုလည်း ပြောပြရေးသားပေးပို့နိုင်ပါတယ်.. ကျနော်တို့ တင်ပြသွားပေးမှာ ဖြစ်တယ်... ဓါတ်ပုံများ.. ဖြစ်ပျက်နေတဲ့ အရာအားလုံး.. ကချင်ပြည်သူများ ပေးပို့ကြပါ ရန် နိုင်းဆော်လိုက်ပါတယ်..



စစ်ပွဲတွေရပ်ပစ်!

|0 comments
 Saturday, November 26, 2011
 စစ်ပွဲးရပ်ပစ်
တိန်ကော့နော်ဂျာ . ဦးကျော်သူ 


စစ်ပွဲးရပ်ပစ်

ကျွန်တော်တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေး အတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတို့၏ အသက် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက်၎င်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံ ကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာ ပါဝင် လှုပ်ရှား ခဲ့ပြီး ဖြစ်ပါသည်။


ယခု ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေး ရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များတို့အား လူသားချင်း စာနာ ထောက်ထားမှုဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ ကူညီဖေးမ ပေးရန် အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။


ထို့ကြောင့် လူသားချင်း စာနာသော အားဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် ညီအစ်ကို မောင်နှမများအား ပထမ အကြိမ်မြောက် မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတော့သည်။


ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံ များတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင် ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာ ခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာ ပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်) ပွဲတော် အကြို အဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီး မင်္ဂလာရောက်စေသော်” ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့လိုက်ပါသည်။


တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
လက်နက်ကိုင် အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှု ရကြပါစေ။


စစ်ပွဲတွေရပ်ပစ်!


ငြိမ်းချမ်းမှုကို လိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှု အသင်း (ရန်ကုန်)


တိန်ကော့နော်ဂျာ နှင့်  ကိုကြီးဒီမို  ကျေးဇူးတင်သည်  ။ 


ဇော်ရှန် .  (မချမ်းဘော့)



Friday, November 25, 2011

အထူးတိုက်ခိုက်ရေးတပ် တပ်မ (၄၄) ကို ကချင်နယ်မြေသို့ အင်အားဖြည့်

|0 comments
Friday, November 25, 2011

စစ်အစိုးရ စစ်တပ်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုးချဲ့ စစ်ဆင်လာနေကြောင်း ကေအိုင်အေ အရာရှိများမှ ပြောကြားလာပါတယ်။ ကချင်ပြည်နယ် မန်ဝိန်းကြီး၊ ဗန်းမော်-မြစ်ကြီးနား ကားလမ်း တလျှောက် စစ်တပ် စစ်အင်အားဖြည့်တင်း နေပါတယ်။ စစ်အစိုးရရဲ့ အောက်ပိုင်း စစ်တပ်ဖြစ်တဲ့ တပ်မ (၄၄) ကိုလည်း ယခုချိန်တွင် ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဘက်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရှိ ရပါတယ်။ တပ်မ (၂၂)၊ (၃၃)၊ (၄၄) စသည့် တပ်မ များဟာ တကယ့် တိုက်ခိုက်ရေး အထူး တပ်ဖွဲ့လည်း ဖြစ်ကြောင်း စစ်ဘက် နီးစပ်သူများမှ သိရှိ ရပါတယ်။ ယခုတပ်မ (၄၄) ကို ကချင်ပြည်နယ် သို့ အင်အားဖြည့် ပို့ဆောင်လိုက်ခြင်းဟာ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကို အကြီးအကျယ် ပြန်လည် ထိုးစစ်ဆင်ဖို့ ဖြစ်တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။ ကေအိုင်အေ အဖွဲ့မှ ဘယ်လိုနည်းနဲ့ ပြန်လည် စစ်ဆင်ရေး ပြုလုပ်မလဲ ဆိုတာကိုတော့ တိုင်းရင်းသားတိုင်းနှင့် ပြည်ပရောက် အတိုက်အခံများ၊ အနောက်နိုင်ငံများ၊ ပြည်သူလူထုများ အားလုံး..အားလုံးဟာ စိတ်ဝင်စားစွာ အားပေး စောင့်ကြည့် နေကြပါတယ်။

သတင်း - W.P Moses

ကချင်ပြည်နယ် စစ်ပွဲအခြေအနေများ

|0 comments
Friday, November 25, 2011

 လတ်တလော အခြေအနေများကြောင့် 24 ရက်နေ့မှ စပြီး  ဗန်းမော်-လိုင်ဇာသွား ကားလမ်းလည်း ပိတ်ထားလိုက်ပါပြီ။

" ဓါတ်ပုံ    WPNG
 
ဒီနေ့ကစပြီးတော့ ဗန်းမော် နဲ့ လိုင်ဇာဘက်က ကုန်ကား နဲ့ တခြားကား တွေ အားလုံး ပိတ်လိုက်ပြီ။ သွားလို့မရတော့ဘူး ။ လိုင်းဇာဘက်ကို ကားမဆွဲတော့ဘူး ။ ဒီမနက်ဆင်မယ့် ကားတွေကလည်း အခု သွားလို့ မရတော့ဘူး ပိတ်လိုက်ပြီလို့ ပြောတယ် ။

 ကချင်တပ်မဟာ ၃ ဒေသဘက် ကို ၂၄ ရက်နေ့ မနက်ပိုင်း နှင့် ညပိုင်း မှာ စစ်ကား အစီး ၅၀ ကျော် ရောက်လာတယ်လို့ သိရပါတယ် ။  ဗန်းမော်မြို့နယ်မှာလည်း ရေကြောင်းဖြင့်  စစ်သင်္ဘော (၂) စီး ရောက်ရှိ လာတယ်လို့ သိရပါတယ် ။

ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် စစ်ပွဲစတင်တဲ့ တပ်မဟာ (၄) ဒေသဘက် ကို ခြေကုတ်ယူပြီး တပ်မဟာ ၃ တပ်မဟာ ၅ ထိန်းချုပ်တဲ့ သံလမ်း ဒေသများကို ထိုးစစ်ဆင်ဖို့ ပြင်ဆင် လာနိုင်တယ်လို့ သိရပါတယ် ။

ဒီဇင်ဘာ ပထမ အပတ်ခန့်မှာ ထိုးစစ် ဆင်လာ နိုင်တယ်လို့ ကေအိုင်အေ သတင်းအရ သိရပါတယ် ။

 KIA   ဘက်ကလည်း စစ်ရေး ပြင်ဆင်ထားကြောင်း သိရပါတယ် ။

ဗန်းမော် မြစ်ကြီးနားလမ်း   စစ်အစိုးရ စစ်တပ် အင်းအား (၁၀၀၀ ) ကျော် ဟာ နိုဝင်ဘာလ (၂၃ ၊ ၂၄ ) ရက် ညနေပိုင်းမှာ  ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များက သတင်း ပေးပို့ လာပါတယ်။

ဒီရက်ပိုင်း ရောက်ရှိလာတဲ့ အစိုးရ စစ်တပ်များသည် ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာဘက်သို့ ဆက်လက် ထွက်ခွာသွားမည် ဖြစ်ကြောင်း ကိုလည်း သိရှိရပါတယ်။

ကချင်တပ်ဖွဲ့  ကေအိုင်အေ  ကေအိုင်အို ကို  လက်နက် ဖျက်သိမ်းရန် အတွက် အခုလို ထိုးစစ်ကြီးကြီး တွေ ပြင်ဆင်လာတယ်လို့ သတင်းအရ သိရပါတယ် ။

ယင်စစ်ပွဲများသည် တနေ့ပြီး တနေ့ လူမျိုးရေး စစ်ပွဲများ ဖြစ်လာရန် ဦးတည်နေပြီလို့ ၀ါရင့် နိုင်ငံရေးဟောင်းများ ပြောပါတယ် ။

ဇော်ရှန် ( wpn)

ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁

|0 comments
 Friday, November 25, 2011


ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁ သိန်းစိန်စစ်တပ် မှ စစ်သားများ  တယောက်ပြီး တယောက် ......ဖမ်းဆီးထားသည်မှာ ၂၅ ရက်ရှိသွားပေမဲ့ ပြန်မလွတ်သေး .....


ဒီနေ့ဟာ အင်းမောက်မြို့ ခိုင်ဘန့် ကျေးရွာမှ နို့စို့ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားကို စစ်အစိုးရစစ်တပ် ခမရ (၃၂၁) ရှေ့တန်း စစ်တပ်ဖြစ်တဲ့ မုဘွမ် အခြေစိုက် တပ်တို့မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့ အထိဆိုရင် ရက်ပေါင်း (၂၅) ရက် ရှိသွား ပါပြီ။ ယနေ့ အချိန်ထိ နို့စို့ ကလေးအမေ ဆွမ်းလွတ် ရွယ်ဂျားဟာ အသက် ရှင်နေသေး သလား.. သေသွားပြီလား.. ဆိုတာ တိတိကျကျ မသိရတဲ့ အခြေ အနေဖြစ်နေ ပါတယ်။


 လွန်ခဲ့သည့် သုံးလခန့် ကချင်လူမျိုး အမျိုးတစ်ဦးအား စစ်အစိုးရ စစ်တပ်မှ ပုံထဲကလို မဒိန်းကျင့်သတ်ခဲ့ ခေါ်ဆောင်သွားခဲ့သည့် နေရာ


နို့စို့ ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားအား စစ်အစိုးရစစ်တပ် ခမရ (၃၂၁) မုဘွမ် အခြေစိုက် တပ်ရင်းမှ စစ်သား (၆) ဦးတို့က အောက် တိုဘာလ ၂၈ ရက် ၂၀၁၁ ညနေပိုင်း ၃း၀၀ နာရီနှင့် ၄း၀၀ နာရီကြားမှာ ခိုင်ဘန့်ကျေးရွာ အနီးမှ ဆွမ်းလွတ် ရွယ်ဂျား မိသားစု၏ စိုက်ခင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ပါတယ်။


ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အထဲမှာ ဆွမ်းလွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူ မရိုဒေါင်လွမ်းနှင့် အသက် ၇၀ ဝန်းကျင်ရှိ မရိုဒေါင်လွမ်းရဲ့ ဖခင်ဖြစ်သူ မရိုဇယ်ဒေါင် တို့လည်း ဖမ်းဆီး ခံခဲ့ ရပါတယ်။


မရိုဒေါင်လွမ်းနှင့် မရိုဇယ်ဒေါင်တို့ သားအဖဟာ လမ်းခုလတ်မှ အသက်ကို လုကာ ထွက်ပြေးရာ စစ်အစိုးရ စစ်သားများမှ သေနတ်နဲ့ လိုက်ပစ် ခဲ့ပေမယ့် မထိမမှန်ဘဲ လွတ်မြောက် ခဲ့ပါတယ်။


နို့စို့ ကလေး မိခင် ဆွမ်းလွတ် ရွယ်ဂျားလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ အခွင့်မသာ ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် မုဘွမ် စစ် စခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရခြင်း ဖြစ်ပါတယ်။


ဆွမ်းလွတ် ရွယ်ဂျား ပြန်လည် လွတ်မြောက် လာနိုင်ဖို့ ကျနော်တို့ ဆွေမျိုး အတိုင်း အဝိုင်းများ၊ ကျေးရွာ အမျိုးသမီးများလည်း တတ်နိုင်တဲ့ ဘက်ကနေပြီး ကြိုးစား ခဲ့ပြီးပါပြီ။ နို့စို့ ကလေး အမေ ဆွမ်းလွတ်ရွယ်ဂျားရဲ့ ယောက္ခထီး ကလည်း ကချင်ပြည်နယ် အစိုးရဆီသို့ အမြန်ဆုံး ပြန်လွတ်ပေးဖို့ အတွက် တိုက်ရိုက် တောင်းဆိုတဲ့ စာရေးခဲ့ ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ် အစိုးရ ဝန်းကြီး ကနေပြီး စုံစမ်းမေးမြန်ခဲ့ရာ G-1 ဗျူဟာမှူး တစ်ယောက် ကနေပြောကြား ခဲ့တာတော့ ခမရ (၃၂၁) စစ်တပ် အတွင်းမှာ ယင်း နို့စို့ ကလေး မိခင် ဆွမ်းလွတ် ရွယ်ဂျား မရှိဘူးလို့ ပြောတဲ့ သတင်းဘဲ ရရှိခဲ့ပါတယ်။  ဒီလုပ်ရပ်တွေဟာ မျက်စိဖွင့်ပြီးမှ လိမ်နေခြင်းသာ ဖြစ်ပါတယ်။


ဆွမ်းလွတ် ရွယ်ဂျားကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ နေ့မှာဘဲ ယင်းစစ်တပ် အတွင်းမှာ အင်္ကျီအနီ ကွက်ကြားနဲ့ အမျိုးသမီး တစ်ယောက် စစ်စခန်း အတွင်းသို့ ခေါ်ဝင် သွားတာ ကိုလည်း တွေ့ခဲ့ ပါတယ်။ အောက်တိုဘာလ ၂၉၊ ၃၀ ရက်နေ့ မှာလည်း သူ့ကို ဖမ်းဆီး သွားတဲ့နေ့မှာ ဝတ်တဲ့ အဝတ် အနီ ကွက်ကြားကို အပြင်မှာ နေထွက်လှန်းတာ၊ သူအပြင်မှာ ထွက်ပြီး နေပူဇာ လုံနေ တာကို တွေ့ခဲ့ပါတယ်။ စစ်သားများ အားလုံး သူ့ကို လာဆွဲလိုက် ဖက်နမ်း လိုက်နဲ့ နည်း အမျိုးမျိုး လုပ်နေတာကိုလည်း တွေ့ခဲ့ပါတယ်။


ကျမတို့ အမျိုး သမီးအဖွဲ့မှလည်း ကိုယ့်မျက်စိနဲ့ တွေ့နိုင်ဖို့ အတွက် အောက်တိုဘာလ ၃၁ ရက်နေ့ တနေကုန် စောင့်ကြည့် ခဲ့ရာ အဲ့ဒီနေ့မှာလည်း စစ်တပ် စခန်းထဲမှာ တွေ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အင်္ကျီတော့ လှဲလိုက်ပါပြီ.. သူ့အင်္ကျီ အစား စစ်သား အင်္ကျီ အစိမ်းရောက်ကို ဝတ်ထားတာ တွေ့ခဲ့ပါတယ်။ ဒီလိုမျိုး မျက်မြင် သက်သေတွေ အများကြီး ရှိနေတာတောင်မှ မဖမ်းထားဘူး၊ မရှိ ဘူးလို့ ငြင်းပယ်နေတာဟာ သင်္ကာမကင်း စရာဖြစ်နေပါပြီ။


နိုဝင်ဘာလ ၁ ရက်နေ့ ကနေ စပြီးတော့ သူ့ကို စစ်စခန်း အတွင်း မတွေ့ရတော့ ပါဘူး။ ဒီနေ့ အထိ အရိပ်အယောင်တောင် မတွေ့ ရတော့ ပါဘူး။ အပြင် မထွက်ခိုင်းတော့ တာလာ..? သို့မဟုတ် ပစ်သတ် လိုက်ပြီလား…? ဒီနှစ်မျိုးထဲကနေ တစ်မျိုး မျိုးတော့ လုံးဝ သေချာ နေပါတယ်။


သို့ပါ၍ ကျနော်တို့ ကချင် ညီအစ်ကို မောင်နှမများခင်များ ကိုယ်နေထိုင်နေတဲ့ နေရာ၊ ကျေးရွာ၊ မြို့၊ အလုပ် အမျိုးမျိုး ကနေပြီး ဝိုင်းဝန်း ကူညီပေးဖို့ အနိုးအညွတ် တောင်းဆို လိုက်ပါတယ်။ ကျနော်တို့ စည်းလုံး ညီညွတ်မှုကို သက်သေပြကြရအောင်။ ကျနော် အိမ်သူ အိမ်သားများကို မေးမြန်းထားတဲ့ အသံဖိုင်၊ ဓါတ်ပုံ၊ မုဘွမ် စစ်စခန်းမှာ တွေ့ခဲ့တဲ့ ဆွမ်းလွတ် ရွယ်ဂျားရဲ့ အဝေးကြည့် မှန်ဘီလူး ဓါတ်ပုံများ၊ ဗီဒီယိုများကို သက်သေအဖြစ် ရရှိထားပါတယ်။


ပြီးတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၇ - ၁၈ - ၁၉ ရက် ညမှာ မြစ်ကြီးနားမြို့မှ ကချင်လူငယ် အယောက် (၂၀) ကိုမြောက်ပိုင်း တိုင်း စစ်ဌာနချုပ် စစ်တပ် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်တပ်မှ ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ တခြား မသိနိုင်သေးတဲ့ စစ်ကြောင်းထဲမှာ ဘယ်လောက် အဖမ်း ခံနေကြရတယ် ဆိုတာကို မတွေးဝံ့ စရာဖြစ်ပါတယ်။ ယနေ့ ယင်းစစ်တပ်မှ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ ကချင်လူငယ် (၅) ဦးထဲမှ တစ်ဦးကို ကျနော်ကိုယ်တိုင် တွေ့စုံ မေးမြန်း ခဲ့ပါတယ်။ ယင်းထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ လူငယ်လေးမှာ အရမ်းကြောက်ရွံ့ ထိတ်လန့်မှု ခံစားနေရ သဖြင့် ဘယ်သူနဲ့မှ မေးဖြေ လုပ်နိုင်ရန် အဆင်သင့် မဖြစ်သေးပါ။


သူပြောပြရာ ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတဲ့ လူငယ် (၂၀) ထဲမှာ အသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်လည်း ပါကြောင်း သိရပါတယ်။ သူတို့ အားလုံးဟာ စစ်သားများရဲ့ ကြိုက်သလို ကန်ကြောက်ခြင်း၊ အမျိုးမျိုး ညှင်းပန်း နှိပ်စက်ခြင်းကို ခံရသည်သာမက အသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်ဟာ နေ့ည မပြက် တပ်ရင်းမှူး (Officers) များမှ မဒိန်းကျင့်ခြင်း၊ အဝတ်မပါဘဲ စစ်သားများရဲ့ အလယ်၊ ရှေ့မှာ အတင်း အဓိမ္မ ရေချိုး ခိုင်းခြင်း၊ ရေချိုးပြီးတာနဲ့ တပ်ရင်းမှူး (Captain) မှ မဒိန်းကျင့်၊ ပြီးတာနဲ့ ကျန်စစ်ဗိုလ် Officers များမှ ကြိုက်သလို တညလုံးလုံး မဒိန်းကျင့် … ပြောတောင် မပြောပြ တတ်တော့ဘူး .. ခံနေ ရပါတယ်။ Captain ကနေပြီး သူ့ရဲ့ လက်အောက် ငယ်သားများရဲ့ ရှေ့မှာ ယင်းအသက် ငယ်သေးတဲ့ ကချင် မိန်းကလေး (၂) ယောက်ကို အတင်း အဓိမ္မ ရေချိုးခိုင်း၊ အငယ်မကိုတော့ ရေလောင်းခိုင်း ရေချိုး ပြီးတာနဲ့ Captain မှ ရေသုတ်ပေးခြင်းနှင့် အသွင်းခံ ဘောင်းဘီကို ဝတ်ပေးခြင်းများ စသည်စည် အမျိုးမျိုး လုပ်နေတာကို ခံနေရပါတယ်။


တစ်နေ့မှာ နည်းနည် အသက် ပိုကြီးတဲ့ မိန်းကလေးကို မဒိန်းကျင့် အပြီးမှာ ယင်းမိန်းကလေးဟာ အပြင်ထွက်ပြီး ဘုရားသခင်ထံ ဒူးထောက် ဆုတောင်းရာ “ ဒီနေရာဟာ ဆုတောင်းမယ့် နေရာ မဟုတ်ဘူး၊ မင်းတို့ ဘုရားသခင်ဟာ ဘာမှ မလုပ်နိုင်၊ မတတ်နိုင်ဘူး၊ ကြည့် မင်းတို့ကို ကယ်တင်နိုင်လို့လား” ဆိုပြီး ယင်းမိန်ကလေးရဲ့ လည်ပင်းမှာ နှာရင်း အုပ်လိုက်ရာ မိန်းကလေးမှာ မြေကြီးပေါ်မှာ ပစ်လှဲ သွားပါတယ်။ မိန်းကလေးဟာလည်း စစ်ဗိုလ်ကြီးကို တံတွေး ထွေးလိုက်ရာ စစ်ဗိုလ်ကြီးမှ ပါး ပြန်ရိုက် လိုက်ရာ သွားပါ ကျွတ်ထွက် သွားပါတယ်။


ယနေ့ အထိ ယင်းအသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်နှင့် ကျန် ကချင် လူငယ် (၁၃) ယောက်တို့ဟာ ပြန်လည် လွတ်မြောက်လာ ခြင်းမရှိသေး ပါဘူး။ အယောက် (၂၀) မှ (၅) ယောက်ဘဲ ထွက်ပြေး လွတ်မြောက် လာခဲ့ပါသေးတယ်။ သို့ဖြစ်ပါ၍ ဒီလူငယ်လေးများရဲ့ သတင်းကို ဝိုင်းဝန်း စုံစမ်း ကယ်တင်ကြရမယ့် တာဝန်ဟာ ကျနော်တို့ ဝန်ပေါင် ကချင်များရဲ့ တာဝန် ဖြစ်နေပါပြီ..။


နမ်လင်းပါ ကျေးရွာမှာလည်း အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ ပြည်သူ (၉) ယောက်ကိုလည်း အောက်တိုဘာ ၂၈ ရက်မှဘဲ ပြန်လည် လွတ်ပေး ခဲ့ပါတယ်။ ယင်း ၉ ယောက်ကိုလည်းဘဲ အမျိုးမျိုး ညှင်းပန်းနှိပ်စက် ခဲ့ပါတယ်။ လက်နှစ်ဖက် စလုံးမှာ ကြိုးသုတ် ထားပြီး ပစ္စည်းများ သယ်ခိုင်းခြင်း၊ ညမှာ ဆိုရင်လည်း အမှောင်သိုက်မှာ ထည့်ထားခြင်းကို ခံကြရပါတယ်။ ရိုက်နှက်ပြီး သွေးထွက်ရင်တော့ အချင်းချင်း လျှာနှင့် ပြန်လျက် စားခိုင်တယ်။ အဲ့တာဟာ စစ်အစိုးရ စစ်တပ် ခမရ (၄၇) တပ်မှ ပြုလုပ်ခြင်းဖြစ်တယ်။


ဒီအဖြစ် အပျက်ကို သိပြီးဗန်းမော်ခရိုင် လွှတ်တော် အမှတ် ဖောင်လား ကမ်ဖန်ကို အကြောင်းကြား ခဲ့ပြီးသူမှ တဆင့် စစ်ဗျူ ဟာမှူးကို တောင်းဆိုပေးပြီး ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်တယ်။


ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျမတို့ နည်းအမျိုးမျိုးဖြင့် လုပ်ဆောင် သွားရင်တော့ အဖြေတစ်ခုခုတော့ ထွက်လာမယ်လို့ ယုံကြည် ပါတယ်။ ကျမတို့ ကြောက်လေလေ ညှင်းပန်း နှိပ်စက်လေလေ ဖြစ်နေ ပါတယ်လို့ မြင်မိ ပါတယ်။ တရားနည်းလမ်း ကျကျနဲ့ လုပ်ဆောင် သွားရင်တော့ အောင်မြင်မယ်လို့ ယုံကြည် ပါတယ်။ တမျိုးမျိုး အဖြေထွက်အောင်တော့ လုပ်ဆောင်ဖို့ လိုနေပါပြီ။


သို့မဟုတ်ပါက ဒီပေါ်တာ ဆွဲသွားခံရတဲ့ လူငယ် (၁၅) ယောက်နှင့် နို့စို့ ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျား နှင့်ဆိုရင် (၁၆) ယောက် အတွက်ရော မသိရှိရသေးတဲ့ သူတွေ အတွက်ပါ ကျနော်တို့ ကြိုးစား သွားရအောင်လို့ နိုးဆော် လိုပါတယ်။
ဒီတခါတော့ စစ်အစိုးရတို့ လိမ်လို့ မရတော့ပါဘူး။
လွန်ခဲ့သည့် သုံးလခန့် ကချင်လူမျိုး အမျိုးသမီး တဦးအား စစ်အစိုးရ စစ်တပ်မှ ပုံထဲကလို မဒိန်းကျင့်သတ်ခဲ့...


လွန်ခဲ့တဲ့ အချိန်တုန်းက အဖြစ်အပျက်တွေ အားလုံးကိုလည်း စစ်အစိုးရ သူတို့ မဟုတ်သလို မသိသလို လုပ်ခဲ့တာတွေ အများကြီး ခံခဲ့ပြီး ပါပြီ။ ဒါကြောင့် ယခုစစ်အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်နေမှုတွေကို ဝန်ပေါင် ကချင် ညီအစ်ကို မောင်နှမ အားလုံး စည်းစည်း လုံးလုံး ဝိုင်းဝန်း တောင်းဆို လုပ်ဆောင် သွားရအောင်။ လွတ်ပေးပါလို့ ပါးစပ်နဲ့ ပြောရုံနဲ့ လုံလောက် ပြီလား..? ကျနော်တို့ တခြား နည်းလမ်းတွေဖြင့် လုပ်ဆောင်လို့ မရတော့ ဘူးလား..? နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့သို့လည်း တိုင်တန်း အစီရင်ခံဖို့ လုပ်ဆောင် နေပါတယ်။


တခြား လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ဘာရှိသေးလဲ ဆိုတာ ဝိုင်းဝန်း စဉ်းစားပြီး လုပ်ဆောင် သွားကြရအောင်။


ဒီတခေါက် ကျနော်တို့ရဲ့ မျက်စိအောက်မှာဘဲ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညှင်းပန်း နှိပ်စက် မဒိန်းကျင့် နေတာကို သိနေလျက်၊ မြင်နေလျက် သားနဲ့ ဒီတိုင်းဘဲ ငြိမ်ငြိမ်လေး ခေါင်းငုပ် ခံနေတော့ မှာလား..? ဒီတိုင်းသာ ဆက်သွား ရင်တော့ စစ်အစိုးရ စစ်တပ်မှ ပိုပြီး လက်ဝါးကြီးအုပ် စိုးမိုး လာမှာ ဖြစ်ပါတယ်။ တရားဥပဒေ နည်းလမ်း ကျကျဖြင့် အားလုံး ဝိုင်းဝန်းလုပ်ဆောင် သွားကြပါစို့လို့ တိုက်သွန်းနိုးဆော် လိုက်ရ ပါတယ်။


ဝန်ပေါင် ကချင် အမျိုးသမီးအဖွဲ့ (မိခင်နိုင်ငံတော်)


ဇော်ရှန် (မချမ်းဘော့)

Thursday, November 24, 2011

ကချုင်ပြည်နယ်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား တိုးချဲ့

|0 comments
Thursday, November 24, 2011


ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနားလမ်း မြို့သစ်သို့ စစ်အစိုးရ စစ်တပ်အင်းအား (၈၀၀) ကျော် ဟာ နိုဝင်ဘာလ (၂၃) ရက် ညနေပိုင်းမှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များက သတင်း ပေးပို့ လာပါတယ်။ ဤအစိုးရစစ်တပ်များသည် ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာဘက်သို့ ဆက်လက် ထွက်ခွာသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ရှေ့တန်း ရောက်နေတဲ့ စစ်အစိုးရ စစ်တပ် တချို့ကို ယခုအခါ အောက်ပြည်ဘက်မှ တပ်မ (၄၄) အပါအ၀င် စစ်အင်အား အများအပြားကို ကချင်ပြည်နယ် စစ်မျက်နှာပြင်သို့ လှဲလှယ် အစားထိုးနေကြောင်း သတင်းရရှိပါတယ်။



ကချင်ပြည်နယ် ကိုယ်စားလှယ် ဦးဇန်ထားဆင် မိန့်ခွန်းပြောကြားချက် တခုကိုတင်ပြလိုက်တာပါ ။

|0 comments
Thursday, November 24, 2011


သဘာပတိကြီးနှင့်ကြွရောက်လာကြတဲ့ ပြည်နယ်ကိုယ်စာလှယ်တော်များ လူမျိုးစုဆိုင်ရာမှ ကိုယ်စားလှယ်တော်များ ခင်ဗျာ-


ယနေ့  ဒီလိုကောင်းမြတ်တဲ့ အချိန်အခါမှာ ပြည်နယ်များနဲ့ လူမျိုးစုပိုင်းက ကိုယ်စာလှယ်တော်များ ယခုလို ခေတ်များများစုံစုံလင်လင် လာကြတဲ့ အစည်းအဝေးကြီးမှာကျွန်တော်တို့လည်း ကချင်ပြည်နယ် ကိုယ်စာလှယ်တော်များ အနေနှင့် နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံ ကိုယ်စာလှယ်တော်များ ဒီကနေ့ ညီလာခံကြီးမှာ တက်ရောက်လာရတဲ့ အတွက် အများကြီးဘဲ ကျေးဇူးတင်ပါတယ်။


 ညီလာခံကြီးမှာ ယခုလိုတွေ့ ဆုံရတဲ့အခါမှာ ကျန်တော်တို့ရဲ့ သဘာပတိဖြစ်တဲ့ ရှမ်းပြည်နယ် ယာယီဥက္ကဌ ၀န်ကြီး စ၀်ဝဏက ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာပါတဲ့ ကိစ္စတွေကို ကျနော်တို့ ပြည်နယ်တွေ အနေနဲ့ လူမျိုးစုတွေ အနေနဲ့ ဒီမှာကြွရောက်လာကြတဲ့ ကချင်ပြည်နယ် ပါတီပေါင်းစုံ ကိုယ်စားပြောကြားခွင့်ရတဲ့ အတွက် အထူးဘဲကျေးဇူး တင်ပါတယ်။


 ကျတော်ပြောမည့် စကားတွေဟာ ကျတော်တို့ကချင်ပြည်နယ်မှာ ရှိကြတဲ့ နိုင်ငံရေးအဖွဲ့ အစည်းအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ ကျနောာ်တို့ ကချင်ပြည်နယ်မှာ ရှိနေကြတဲ့ လူမျိုးစု အသီးသီးမှာ နိုင်ငံရေး အဖွဲ့ အစည်း (၃) – (၄) ဖွဲ့ရှိနေပါတယ်။ သို့ရာတွင် လုပ်ငန်း လုပ်တဲ့အခါမှာ အမြင်ချင်း မတူညီ မှုအတွက် ကွဲလွဲမှုတွေ ရှိပါတယ်။


 သို့သော်လည်းဘဲ ကျနော်တို့ဟာ လွတ်လပ်ရေး ရလာပြီးတဲ့ နောက် (၁၃) နှစ်ကျော် (၁၄) နှစ်အတောအတွင်းမှာ ကျနော်တို့တွေ့ကြုံ ခံစားခဲ့ကြရတဲ့ ကိစ္စရပ်များ အပေါ်မှာ မူတည်ပြီးတော့မှ ဒီကနေ့ ကျနော်တို့ဟာ ကချင်ပြည်နယ်မှာ ရှိကြတဲ့နိုင်ငံရေး အဖွဲ့အစည်းတွေဟာ တသံတည်း တသဘောတည်း ဟကာ တခွန်းတည်းပြောပြီးမှ သဘောတူပြီးမှ ဆုံးဖြတ်ပြီးမှ ဒီကိုလာကြခြင်းဖြစ်ပါတယ်။


ဒါကြောင့် ကျနော်ယခု အစီအရင်ခံမယ့် အချက်တွေဟာ ကချင်ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံမှ သဘောတူတဲ့ သဘောထားဖြစ်ပါတယ်လို့ ကျနော်အစီအရင်ခံလိုပါတယ်။


ကျနော်တို့ ယနေ့နံနက် သဘာပတိ မိန့်ကြားသွားတဲ့ မိန့်ခွန်းတွေထဲမှာ- ကျနော်တို့ ညီလာခံကြီးဖြစ်ပေါ်လာတဲ့ အကျဉ်းချုပ် ပါပါတယ်။ ကျနော်တို့ ဒီညီလာခံကြီးမှာ တက်ရောက်လာကြတဲ့ ကိုယ်စာလှယ်တော်ကြီးများ အားလုံး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ ပါပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ ကိစ္စ တရပ်ပါလာတာကတော့ ဘာလဲဆိုရင် ဒီကနေ့ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော် အားလုံးကို တာဝန်ပေးတဲ့ စကားတခွန်း ပါပါတယ်။


ကျနော်တို့ဟာ စည်းလုံး ညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး အရှည်တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး တိုးတက်ရေးကို ရှေးရှု၍ ကြိုးစားဆောင်ရွက် သွားကြပါမည် ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီစကားဟာ ဒီမှာကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော် လူကြီးမင်းများ အားလုံးရဲ့ အပေါ်မှာ ကျရောက်တဲ့၊ သဘာပတိက ကျနော်တို့ကိုပေးထားတဲ့၊ ကျနော်တို့ တတွေအားလုံး လုပ်ဆောင်ရမယ့် အလုပ် တခုဖြစ်ပါတယ်လို့ ကျနော် တို့က ယုံကြည်ပါတယ်။ လုပ်ငန်းတွေကိုကြည့်လိုက်တဲ့ အခါမှာ ကျနော်တို့မြင်တဲ့အတိုင်းက (၁) အချက် - ကျနော်တို့ ယခုလိုတောင်တန်းသားများ ဘ၀တူ လူတွေ ပြည်နယ်သူ ပြည်နယ်သားလူမျိုးစု အများက ရှေးဦးစွာ စည်းလုံး ညီညွတိမှုကို ယူပြီးမှ ပြည်မမှာ ရှိတဲ့ လူမျိုးစုတွေနှင့် တခါ စည်းလုံးညီညွတ်မှုကို ယူကြမယ်။ ဒီလိုယူပြီး တဲ့နောက်မှ ပြည်ထောင်စုကြီးကို တည်တန့် ခိုင်မြဲအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။


 ဒီဟာကို ကျနော်စကား အစချီပြီး ဘာကြောင့်ပြောရပါသလဲ ဆိုလို့ရှိရင် - သဘာပတိရဲ့ မိန့်ခွန်း ထဲမှာပါတဲ့ တ စ ည ဖ အကြောင်းကြောင့် ဖြစ်ပါတယ်။ တ စ ည ဖ ကိစ္စနဲ့ ပါတ်သက်လို့ ဒီထဲမှာ ကြွရောက်လာတဲ့ လူတွေကို အထူးကျနော်ပြောဖို့ မလိုပါဘူး။ သိပြီးသားဖြစ်ပါတယ်။ ကျနော်တို့က လွတ်လပ်ရေးကို ရရှိပြီး ဒီကနေ့ အထိ ပြည်ထောင်စုကြီးရဲ့ နောက်ကြောင်း ရာဇ၀င်ကို ပြန်ကြည့် လိုက်တဲ့အခါမှာ - တ စ ည ဖ ဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ သို့သော်လည်း ကျနော်တို့ လွတ်လပ်ရေး ရရှိပြီးတဲ့ နောက်ပိုင်းမှာ တ စ ည ဖ အဖွဲ့ကို ဖွဲ့စည်းစဉ် အခါနှင့် တစညဖ အဖွဲ့ အနေဖြင့် လုပ်ငန်းများ လုပ်ဆောင်သွားတဲ့ အခါမှာ ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင်တွေဟာ ဒီကနေ့ ရောက်ပြီလား၊ ကျနော်တို့မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်သေးရင် ဘာလုပ်မယ် ဆိုတာရှိပါတယ်။
ကျနော်တို့ လွတ်လပ်ရေးယူထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်ရေး ရပြီးတာနဲ့ ပြီးသွားသလား၊ မပြီးသေးပါဘူး။ လုပ်ဆောင်ဖို့ အလုပ်တွေ အများကြီး ရှိပါသေးတယ်။


ဒီကနေ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ နေရာ ခပ်များများမှာ တော်တော်ဘဲ အောက်ကျ နောက်ကျ ဖြစ်နေပါတယ်။ ပညာရေးမှာရော စီးပွားရေးမှာရော လူမှုရေးမှာရော နေရာ ခပ်များများမှာ အင်မတန် အဆင့်အတန်း နိမ့်တာတွေ့ နေရပါတယ်။ ထိုနည်းတူစွာ လမ်းပန်း ဆက်သွယ်ရေးမှာလဲ နေရာခပ်များများမျာ အင်မတန် အဆင့်အတန်း နိမ့်နေတာတွေ့ နေရ ပါတယ်။


 လွတ်လပ်ရေး မရခင် အခါကနှင့် ဘာမှ ထူးခြားမှု မရှိတဲ့ နေရာတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို မြှင့်တင်ဖို့ ပြုပြင်ဖို့ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
  နေရာတချို့မှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ခင်ဗျားတို့ လူနည်းစုတွေရော လူများစုတွေရော ရရှိတဲ့ အခွင့်အရေးကို မကျေနပ်လို့ ဆူပူသောင်းကျန်းတာတွေ လက်နက် အားကိုးနှင့် ဆန့်ကျင်တဲ့ လူတွေရှိနေတယ်ဆိုတာ ကျနော်တို့ လူတိုင်းအသိပါ။


ဒီလိုပြဿနာတွေ အမျိုးမျိုးရှိနေတာကို ကျနော်တို့တတွေဟာ ရင်းရင်းနှီးနှီးနှင့် တွေ့ဆုံတိုင်ပင်ပြီး တော့ ပြည်ထောင်စုကြီးကို ဘယ်လိုပြုပြင်မှ ဖြစ်မယ်ဆိုတာကို ကျနော်တို့ ဘ၀တူ ဖြစ်ကြတဲ့ တောင်တန်းသားတွေ လူနည်းစုတွေက   စည်းလုံး ညီညွတ်စွာ နှီးနှော တိုင်ပင်ပြီးမှ ပြည်မမှာ ရှိတဲ့လူအများနဲ့ တကြိမ်တဖန် သွားရောက်တိုင်ပင်ပြီးမှ ဒီပြဿနာတွေကို ဖြေရှင်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။


  ဒါကြောင့် တ စ ည အဖွဲ့ကြီးကို ပြန်လည်ဖွဲ့စည်းဖို့ရန် တ စ ည ဖ အဖွဲ့ကြီးကို အင်အား အသစ်ပြန်လည် ထပ်လောင်းဖို့ရန် တစ ညဖ အဖွဲ့ကြီးကို ခိုင်ခိုင်မာမာပြုပြင်ဖို့ရန် ယခင်ကထက် ပိုမိုပြီး ထပ်လောင်း ပြုပြင်ဖို့ ကျနော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ်များ အနေနှင့် လိုလားပါတယ်။ ဒါကို ယနေ့ ကြွရောက်လာတဲ့ ကိုယ်စားလှယ်ကြီးများက ကျနော်တို့ လိုလားတဲ့ အတိုင်း အောင်အောင်မြင်မြင် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။    


   ဒုတိယချက် အနေနှင့်ဒီ ကနေ့ ပြည်ထောင်စုကြီးမှာ ကျနော်တို့ တချို့နေရာတွေမှာ တရားသောနညှ်းနှင့် အခွင့်ရေးကို ရယူဖို့ရန်နည်လမ်း မရှာဘဲ မတရားသောနည်းနှင့်  လက်နက်စွဲကိုင်ပြီး အခွင့်အရေး ဘာကြောင့် ဆောင်ရွက်နေ ပါသလဲလို့ စဉ်းစားတဲ့ အခါမှာ ကျနော်တို့မှာ ရရှိထိုက်တဲ့ ရရှိအပ်တဲ့ အခွင့်ရေး မရလို့ဘဲ ဆိုတာကို ကျနော်တို့ တွေ့မြင်ပါတယ် ။ သဘောတူညီမှ ကျနော်တို့ရမည့် အခွင့်ရေးကို လူမျိုးစုတိုင်း လူမျိုးစုတိုင်းပါ ခံစားရမည် ဆိုလို့ရှိရင် ကျနော်တို့ မှာလည်း အခွင့်ရေးနှင့် တန်းတူ တာဝန် ရှိတယ် လို့ ယုံကြည်ပါတယ်။  ဒီတာဝန်အရ လွတ်လပ်ရေးရရှိ ပြီးတဲ့နောက် ဒီကနေ့ အထိရရှိ ခဲ့တဲ့ အခွင့်ရေးတွေ ကျနော်တို့ ခံစားရရှိချက်တွေဟာ ကျနော်တို့ အတွက်မလုံလောက်သေးလို့ ။


ဒါကိုရရှိပြီးမှသာလျှင် မကျေနပ်မှုတွေဟာ ပြည်ထောင်စုကြီးအတွင်းမှာ မပ်ါပေါက်ဘဲ ပြည်ထောင်စု ကြီးဟာ အင်မတန် ငြိမ်းချမ်း သာယာတဲ့ ပြည်ထောင်စုကြီး အင်မတန် တိုးတက်စည်ပင် တဲ့ပြည်ထောင် စုကြီး ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ပြည်ထောင်စုကြီး တည်မြဲအောင် လုပ်ဆောင်ဖို့ရာအတွက် သဘာပဓိက မိန့်ခွန်းထဲမှာ ကျနော် တို့ကိုတာဝန်ပေး လိုက်တဲ့ ကျနော်တို့ကို ခေါ်ဆောင် တဲ့စကားလုံးကို ကျန်တော်တို့ဟာ ကောင်းစွာကြားလိုက် ပါတယ်။ သဘာပတိက ယုံကြည်လိုလားစွာနဲ့ တာဝန်ပေးအပ်ချက် တွေကို ကျနော်တို့ ဒီညီလာ ခံကြီးမှာဘဲ အားလုံး ထမြောက်အောင်မြင် ဆုံးဖြတ် နိုင်လိမ့်မယ်လို့ ကျနော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အားလုံးက ယုံကြည်ပါတယ်။ ကျနော်တို့ ယနေ့အထိ ခံစားနေရတဲ့ အခြေအနေဟာ ဘယ်အပေါ်မှာ မူတည် သလဲဆိုရင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ  အပေါ်မှာမူ တည်ပါတယ်။  ဒီအခြေခံ ဥပဒေရေးဆွဲခဲ့စဉ်အခါမှာ ကျနော် တို့ဟာ လွတ်လတ်ရေး ရရှိ ဖို့ရာကို အင်မတန် ဇောအားကြီးနေပါတယ်။    


                                                          
လွတ်လတ်ရေးကို အင်မတန်လိုချင်တဲ့ အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ဒီဥပဒေကို ရေးဆွဲထားပါတယ်။ အင်မတန် တိုတောင်းတဲ့ အချိန် မှာ ကျွန်တောတို့ တောင်းတန်း သားတွေ လူနည်းစုတွေ အနေနဲ့ အဲ့ဒီ အချိန်အခါမှာ ဥပဒေဆိုတာ ကောင်းကောင်းမွန်မွန် နားမလည် မသိရှိ သေးတဲ့ အချိန်မှာ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်တဲ့အတွက် ဒီထဲမှာ မပြည်စုံတဲ့ အပြင် ဒီထဲမှာကြွင်းကျန်ထားတဲ့ အပြင် ဒီထဲမှာ ချွတ်ယွင်းချက်တွေရှိတဲ့ အများကြီးရှိတဲ့ အတွက် ဒီကနေ့ မကျေနပ်မှုတွေဟာ တော်တော် ခပ်များများ တိုးတက်ပြီး လာတာကို  တွေ့ရတဲ့အတွက် မကျေနပ်မှုတွေ မတိုးပွားလာအောင် လျော့နည်းသွားအောင် ပပျောက် သွားအောင် ဒီအခြေခံဥပဒေကို ပြုပြင်တဲ့အခါမှာ လူနည်းစုတိုင်း လူနည်းစုတိုင်း  ယခုအခါ ပြည်နယ် ရရှိပြီးတဲ့ ပြည်နယ်သားတွေကလည်း  ကိုယ့်ပြည်နယ် အလျောက်၊ ပြည်နယ် မရရှိသေးတဲ့ နောင်တော်များ ကလည်း အသီးသီးပြည်နယ်ရဘို့ လိုလားတဲ့ အလျောက် မိမိတို့ လူမျိုးစု အလိုက် အခွင့် အရေးတွေ လိုသလောက် ရကြလို့ရှိရင် ယခုအခါမှာ တွေ့ကြုံနေရတဲ့ မကျေနပ်မှုတွေဟာ ပပျောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။


 ယုံကြည်တဲ့အတွက် အခြေခံဥပဒေကို ပြုပြင်တဲ့ အခါမှာ ကျွန်တော်တို့ လူနည်းစုတွေ အတွက် အကျိုးရှိမဲ့ အခွင့် အရေးမျိုးကို ပြည့်ပြည့်၀၀ ပြုပြင်နိုင်မှသာလျှင် ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အများက ယုံကြည်တဲ့အတွက် ဒီညီလာခံက ဒါကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အင်မတန်ဘဲ မျှော်လင့်ပါတယ်။


 နောက်တခု ကျွန်တော်ပြောချင်တာက ယခုအချိန်မှာရော လွန်ခဲ့တဲ့ အချိန်မှာရော ကျွန်တော်တို့ အခွင့် အရေး ကိစ္စကို တိုက်ခိုက်ပြီး ယူလိုတဲ့ လူတွေလည်းရှိတယ်။ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတာကိုဘဲ တချို့က ဒါဟာနယ်ချဲ့ ပယောဂပါတယ်၊ နယ်ချဲ့ပရောဂပါတယ် လို့ စွပ်စွဲတာလည်း ရှိပါတယ်။ ဒီမှာကျွန်တော်တို့က ပြန်ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ရှေးကနှင့် ဘာမှမခြားပါဘူး၊ ဗြိတိသျှ လက်ထက်ကတည်းက ကျွန်တော်တို့ဟာ သတင်းစာတွေ ဖတ်ပါတယ်၊ စာအုပ်စာတမ်းတွေကို ဖတ်ပါတယ်။


သတင်းစာဆိုလျှင် နေ့စဉ်ဖတ်ပါတယ်၊ ကမ္ဘာရဲ့အဖြစ်အပျက်နှင့်တကွ ပြည်ထောင်စုကြီးရဲ့ အဖြစ်အပျက်ကို နေ့စဉ်နေ့တိုင်း သတင်းစာမှာတ်နေရပါတယ်။ ကျွန်တော်တို့ဆီမှာ နေ့စဉ်ထာဝရ အားလုံးကို သိပါတယ်။ ဒါကို လူတချို့က ဘာဖြစ်တယ် ညာဖြစ်တယ် နယ်ချဲ့ ပယောဂတွေ ပါတယ်လို့ စွပ်စွဲနေခြင်းဟာ ကျွန်တော်တို့ရဲ့ အသိတရား ကျွန်တော်တို့ရဲ့ စားထားတဲ့ထမင်း ကျွန်တော်တို့ သောက်ထားတဲ့ လဘက်ရည် ကျွန်တော်တို့ ဖတ်ထားတဲ့ စာရွက် စာတမ်းတွေကို စော်ကားတယ်လို့ ကျွန်တော်တို့ဘက်က ဒီလိုဘဲယူဆ ပါတယ်။


( သြဘာသံများ)


ဒီတော့ ကျွန်တော်တို့ အနေနဲ့ဟာ ကျွန်တော်တို့ ရရှိထိုက်တဲ့ အခွင့်အရေးတွေကို ယခုထုတ်ဖေါ်ပြဖို့ တာဝန်ရှိတဲ့ အတွက် ထုတ်ဖေါ် ပြောရမယ်၊ ရအောင်လုပ်ရမဲ့ ၀တ္တရား ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အခွင့်အရေးတောင်ဆိုတဲ့ အခါမှာ ဘယ်သူ့ရဲ့ ပယောဂ မပါပါဘူး၊ ကိုယ့်ရဲ့ ပြည်နယ် ကိစ္စကိုသာ ပြောနေခြင်းဖြစ်တယ် ဆိုတာကို ဒီကနေ့ ကြွရောက်တဲ့ ကိုယ်စားလှယ်အားလုံးက မှတ်သားစေချင် ပါတယ်။


လက်နက်နဲ့ ဖြေရှင်းတဲ့နည်းကို ကျွန်တော်တို့ မလိုလားပါဘူး၊ အားမထားပါဘူး၊ ဒီမိုကရေစီနဲ့ ဖြေရှင်းတဲ့ နည်းကို လိုလားပါတယ်၊ ဒီအတိုင်းဖြစ်စေချင်တယ်။ ကျွန်တော်တို့ ကမ္ဘာမှာ တိုင်းပြည်တွေ အများကြီးရဲ့ ဖြစ်ပြက်ပုံတွေကို တွေ့မြင်ကြားသိ ရပါတယ်၊ ဒီနိုင်ငံတွေမှာ ကိုယ့် လိုလားချက်ကို လက်နက်နဲ့ ဖြေရှင်းတဲ့ အခါမှာ ဖြေရှင်းတဲ့ ကိစ္စဟာ မအောင်မြင်ပေမဲ့ မတည်မြဲဘူးဆိုတာ ယုံကြည်ပါတယ်။


လွတ်လပ်ရေးကို ကျွန်တော်တို့ ကချင်ပြည်နယ်အနေနဲ့ လိုလားတဲ့အလျောက် ကိစ္စဟူသမျှကို ဒီမိုကရေစီ ဘောင်အတွင်းမှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကနေ့အထိ ကချင်ပြည်နယ်မှာ လူတွေ အမျိုးမျိုးပြောနေ ကြပါတယ်၊ ကချင်တွေ သူပုန်ထနေပြီ ဟုပြောသူတွေကပြောနေ ပါတယ်။ ဒီနေ့ ညီလာခံမှာ ကြွရောက်လာတဲ့ ကချင်ကိုယ်စားလှယ်တွေကို မေးကြည့်ပါ။ ကချင်ပြည်နယ်မှာ သူပုန်၊ သူကန် လုံးဝမရှိပါဘူး။ နောင်အခါမှာရှိမယ် မရှိမယ် တော့ မပြောနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အစည်းအရုံးတွေ ရှိပါတယ်။ ကေ အင် စီ ဆိုတာရှိပါတယ်။ ကေ အင် စီ ကို ယုံကြည်တဲ့လူရှိတယ်၊ ပ ရ က ဖ ကိုယုံကြည်တဲ့ လူတွေရှိတယ်၊ ပေါင်းယောင်းကို ယုံကြည်တဲ့သူရှိတယ်။ သို့သော်လည်းဘဲ ကချင်ပြည်နယ်ကလူတွေအားလုံးဟာ ဒီအဖွဲ့အစည်းကလုတွေချည်းဘဲလို့ မပြောနိုင်ပါဘူး။ ဒီအဖွဲ့အစည်းတွေမှာ မပါတဲ့ လူအများကြီးရှိပါတယ်၊ ဒီလူတွေကို ဘယ်သူ ထိန်းသိမ်းမလဲ၊ ဒီလူတွေကို နားလည်အောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ။ အခြေအနေ အရပ်ရပ်ကိုကြည့်လို့ရှိရင် အခုတင်က အစီအရင် ခံခဲ့တဲ့အတိုင်းဖြေရှင်းဖို့ရာ အင်မတန် ခက်တယ် ဆိုတာ ပြောလိုပါတယ်။ ပြည်ထောင်စုကို မ ကျေမနပ်ဖြစ်အောင် ဖန်တီးမှုတွေဟာ တိုးပွားမှု မရှိလေအောင် ကျွန်တော်တို့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ရချင်တဲ့ အခွင့်အရေးတွေကို တနှစ်ထက် တနှစ်တိုးတက်ပြီးရရှိဖို့ အရေးကြီးပါတယ်။




ယခု အခြေခံ ဥပဒေထဲမှာပေးထားတဲ့ အခွင့်အရေးအရ လက်ရှိပြည်ထောင်စု အစိုးရက ဒီအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ စေတနာရှိပါတယ်။ သူတို့ ဂတိပေးထားတဲ့ အတိုင်း အချိန်အခါ ကျရောက်လာတဲ့ အခါမှာ ဒီအခွင့် အရေးကို မလွတ်တမ်းရယူပြီး ဒီအအခွင့်အရေးကို မလွတ်တမ်း ရယူပြီး ဒီအခွင့် အရေးကြီး မှီပြီး ကျွန်တော်တို့ လိုလားချက်တွေ ကောင်းကောင်းမွန်မွန် ကျပ်ပြည့် တင်းပြည့် ကျေကျေနပ်နပ် ဖြစ်သွားအောင် ကျွန်တော်တို့က ပြုပြင်ကြပါ။ ထိုသို့ပြုပြင်ဘို့ အခွင့် အရေးကြီးဟာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးရဲ့ အဓိကအင်အားကြီးလို့ ကျွန်တော်အမြင်ဖြင့် ကြွရောက်လာကြတဲ့ လူကြီးမင်းများကို အစီအရင် ခံလိုပါတယ်။ ကျွန်တော်တို့ ချို့ယွင်းချက် မရှိအောင် ဒီကနေ့ ညီလာခံကြီးမှာ ရှေ့ကနေပြီး ဆောင်ရွက်တဲ့ ရှမ်းပြည်နယ်က ခေါင်းဆောင်ကြီးများနှင့်တကွ ကယားပြည်နယ်က ခေါင်းဆောင်ကြီးများ အားလုံးကို ကျွန်တော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အားလုံးက ကျေးဇူး ဥပက္ခာရတင် ရှိပါတယ်။ ကြွရောက်လာတဲ့ ကိုယ်စားလှယ် အပေါင်းတို့ဟာလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပါတယ်။


 ဇော်ရှန် (wunpawng )


ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။

Wednesday, November 23, 2011

ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို

|0 comments
Wednesday, November 23, 2011

  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

ကချင်ပြည်သူများပေါ် မြန်မာအစိုးရမှ အကြမ်းဖက်တိုက်ခိုက်နေမှု ရပ်တံ့ရေး တွန်းအားပေးရန် လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့လည်ပတ်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို CSW က တောင်းဆိုလိုက်သည်။


တစ်ဆက်တည်းတွင် ပြည်သူများအား အဓမ္မပြုကျင့်မှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ နှိပ်စက်မှု၊ ဘာသာရေးဖိနှိပ်မှု၊ သတ်ဖြတ်မှုများ ရပ်တံ့ရန်၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရန်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲဖြစ်ပေါ်လာရန်အတွက် နိုင်ငံတကာကနေ မြန်မာအစိုးရကို တိုက်တွန်းသွားရန် လန်ဒန်အခြေစိုက် ကမ္ဘာ့ခရစ်ယာန်ဝံဿနုအသင်း (Christian Solidarity Worldwide)က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆော်သြလိုက်သည်။


CSW ၏အဆိုအရ ရှမ်းပြည်မြောက်ပိုင်း နမ်ဂျန်(Nam Jang) ရောက်ရှိနေသည့် နောင်ဇန်ကုန်(Nawng Zang Kung)ကျေးရွာမှ ဒုက္ခသည် ၉ ဦးအား နိုဝင်ဘာ (၁၇) ရက် ညတွင် မြန်မာအစိုးရတပ်က ဖမ်းဆီးသွားကာ နတ်စင်ကုန်း စစ်စခန်းသို့ခေါ်ဆောင်သွားသည်။  နောက်ရက်တွင် မြန်မာစစ်တပ်က ၄ ဦးကို လွတ်ပေးသော်လည်း ကျန် ၅ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်။


ထို့အပြင် ချုပ်နှောင်ခံထားရဆဲ ဇခုန်ယော်ဇုံးနင့် ယော်ဆောတို့၏မိခင် အသက် (၆၀) ရွယ် ဒေါ့ရှီရွယ်ဂျီးအား မြန်မာစစ်တပ်က ထိုစခန်းသို့ ခေါ်ယူကာ ဆိုးရွားစွာ နှိပ်စက်ပြီးနောက် နောက်တစ်ရက် ပြန်လွတ်သည်။ သို့သော် လွတ်သည့်နေ့ ညနေပိုင်းတွင်ပင် ထိုမိခင်အား မြန်မာအစိုးရတပ် နယ်ခံအရာရှိ စိုင်းအိုက်နိုင် (Sai Aik Nyein)က နတ်စင်ကုန်းစခန်းသို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားသည်။


သူမနှင့်ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် စိုးရိမ်ပူပန်စရာဖြစ်နေသည့်အပြင် အခြား ဒေသခံပြည်သူများမှာလည်း မြန်မာအစိုးရက အတင်းအဓမ္မလုပ်အားခိုင်းစေ၊ ဖမ်းဆီးနှိပ်စက်မည့် အန္တာရယ်မှ လွတ်မြောက်ရန် တရုတ်နိုင်ငံဘက် ထွက်ပြေးနေကြသည်ဟု ဆိုသည်။


တစ်ရက်တည်းတွင် ညနေ (၃) နာရီ၌ မန်ဝင်းကျေးရွာ ဈေးဆိုင်တစ်ခုတွင် ဖုန်းပြောနေသော ဘန်ဂေါ် နှစ်ခြင်းခရစ်ယာန်သင်းအုပ် သိက္ခာတော်ရ ဆရာဂမ်အောင် အား မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။


ဖမ်းဆီးရသည့်အကြောင်းပြချက်ကို မသိရသည့်အပင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရဟု ဒေသခံများပြောသည်ဟု ဆိုသည်။


ဆက်လက်၍ အောက်တိုဘာလ (၂၈) ရက်တွင် မြန်မာအစိုးရက ဖမ်းဆီးသွားသည့် (၁၄) လသားအရွယ် ကလေး၏ အမေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်လွတ်ရွယ်ဂျီး အား မြန်မာအစိုးရတပ်က ပေါ်တာအဖြစ် ဖမ်းဆီးသွားသည်။ သူမအား မြန်မာအစိုးရတပ်စခန်းထဲ ထိန်းသိမ်းထားကာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရနိုင်သည် ဟု ယုံကြည်နေကြသည်။  ဒေသတွင်းမြန်မာအစိုးရတပ် အရာရှိက နိုဝင်ဘာ (၂) ရက်နေ့တွင် ဒေါ်ဆွမ်လွတ်ရွယ်ဂျီးကို လွတ်ပေးမည်ဟု ကတိပေးထားသော်လည်း မိသားစုထံသို့ ရောက်မလာခဲ့ပါဟု ဆိုသည်။


နိုဝင်ဘာ ၆ ရက် ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာတွင် မြန်မာအစိုးရတပ်က အေဂျီခရစ်ယာန် ဘုရားကျောင်းဝင်းထဲ ၀င်ရောက် ရှာဖွေ ဖျက်ဆီး လုယက်ကာ သင်းအုပ် သိက္ခာတော်ရဆရာ ယေဂျေုာင်လွမ်းခေါင်၊ လက်ထောက် သိက္ခာတော်ရ ဆရာ ရှယူလွမ်းခေါင်၊ သင်းထောက်နှင့် လူငယ်ဂီတခေါင်းဆောင် ဖလောင်လွမ်းခေါင်နှင့် လဟောင်ခေါင်ဟောင်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။


CSW ၏ အရှေ့အာရှရေးရာခေါင်ဆောင် ဘင်နီဒက်ရော်ဂျားက မြန်မာနိုင်ငံတွင် တိုးတက်မှုအရိပ်အယောင်များ မြင်တွေ့နေရသည် ဟု အမေရိကန်သမ္မတအိုဘားမား၏ ပြောဆိုချက်ကိုလည်း ကိုးကားထားသည့်အပြင် မြန်မာအစိုးရအနေဖြင့် ၎င်း၏ပြည်သူများကို ဖိနှိပ်တိုက်ခိုက်မှုရပ်တန့်ကာ မြန်မာပြည်သူများအခွင့်အရေးကို ကာကွယ်စောင့်ရှောင့်သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးလုပ်ငန်း စတင်ရန် တောင်းဆိုသွားသည်။


နိုဝင်ဘာလ ၂၀ ရက် သောကြာနေ့တွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့် စကားပြောအပြီး ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။


မြန်မာ့အရေးတွင် အစိုးရက လူနည်းစု လူမျိုးစုတိုင်းရင်းသားများကိုဆက်ဆံပုံ၊ နိုင်ငံရေးအကျဉ်းသား ထိန်းသိမ်းထားခြင်းနှင့် မြောက်ကိုးရီးယားနှင့်ဆက်နွယ်မှုရှိသည်ကို သမ္မတက ထည့်သွင်းပြောဆိုသွား သေးသည်။


ဟီလာရီကလင်တန်၏ မြန်မာခရီးစဉ်သည် နှစ် ၅၀ တွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးခရီးစဉ်လည်းဖြစ်လာမည် ဖြစ်သည်။


 From-KNG

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း -အပိုင်း (၁)

|0 comments
Wednesday, November 23, 2011

ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြားအငြင်းပွားနေသော ပင်လယ်ပြင် နယ်စပ် လမ်းကြောင်း ပြဿနာကိုလာမည့် လပိုင်း အတွင်း ကမ္ဘာ့ ကုလသမဂ္ဂမှ ဆုံးဖြတ်ပေးဖွယ်ရာ ရှိသည်။ ဤကိစ္စ၏ ဇစ်မြစ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ၊ ကမ်းလွန်ပင်လယ်ရေပြင်ရှိ၊ သဘာဝဓါတ်ငွေ့ သံယံဇာတသိုက်၏ တည်ရာနယ်နမိတ် အတွက်၊ မြန်မာစစ်အစိုးရက သတ်မှတ်မှုကို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက် ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်းရှိ ရခိုင်ပြည်သူများနှင့် တိုင်းရင်းသားများမှာ ဤကမ်းလွန်ရေနံနှင့် ဓါတ်ငွေ့သိုက်ကို ညှစ်ထုတ်၍ တရုတ်ပြည်သို့ ပိုက်များဖြင့် ပို့ထုတ်ပေးမည့် စစ်အစိုးရ၏ စီမံကိန်းကို ရင်ထုမနာ ဝမ်းနည်းနာကျဉ်းစွာ ရှိနေကြသည်။ ယခုရွှေဂက်စ်ဟုခေါ်သော စီမံကိန်းမှာ တရုတ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယခုထိရာထူးမှ အငြိမ်းစားယူပြီဟု တရားဝင် မကြေငြာရသေး) ၏ စီးပွားသာဖြစ်ပြီး၊ ဆင်းရဲငတ်ပြတ်နေကြသည့် မြန်မာ နိုင်ငံသားများအတွက် အကျိုးစီးပွား မပါ။ ယနေ့ပင်တွေ့မြင်နိုင်သည် - တရုတ်ပြည်မှာ တရုတ်များကျောက်ဖြူသို့ ဝင်လာကြပြီ။ အန်းမြို့တဝိုက်မှာ စစ်တပ် အင်အားများ တိုးချဲ့ထားသည်။ တရုတ် နယ်စပ်၌ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း ချထားရန် မြေကွက် ချထားရေးအတွက် တသက်လုံး ဘိုးစဉ် ဘောင်ဆက်ကပင် ထိုတရုတ် နယ်စပ်တွင် နေထိုင်ခဲ့ကြသည့် ကချင် ပြည်သူများကို မြန်မာ စစ်အင်အားဖြင့် တိုက်ခိုက် သတ်ဖြတ် လျက်ရှိသည်ကို ယနေ့သိနေကြရသည်။


ယနေ့ ကဲ့သို့သော မြန်မာ သမိုင်းစဉ်တွင် သေရေး ရှင်ရေး ဒီမိုကရေစီ အရေး လမ်းချိုးလေးသို့ ရောက်နေကြသည့် ကာလ၌ကို ပေါက်ဖေါ် တရုတ်နိုင်ငံက မြန်မာပြည်မှစီးပွားရေး၊ စစ်ရေး အရ ရှားပါးလှစွာသော အခွင့် အရေးကြီးများကို စစ်သူကြီးသန်းရွှေ၏ ကျေးဇူးတော်ဖြင့် ရရှိလျက်ရှိသည်။ တရုတ်ပြည် သစ္စာခံ စစ်သူကြီးဟုပင် ထင်နိုင်ပါသည်။

တရုတ်နိုင်ငံစစ်ဌာန၏ လူယုံတော်ဆောက်လုပ်ရေး ကုမ္ပဏီများကို မြန်မာနိုင်ငံအရပ်ရပ်မှာ တရုတ်နိုင်ငံ အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ရေကာတာများဆောက်လုပ်ခွင့် စာချုပ်များ ချုပ်ခဲ့သည်။ (မြန်မာပြည်သားများမှာ ညတွင်မှောင်မဲမီးမရှိနေကြရသည်။)

မြန်မာ့ကြေး (Copper) သဘာဝသိုက် (Mine) ကို တရုတ်စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက်သို့မဟုတ် မျက်နှာလွဲလျက်ထုတ်လုပ်ခွင့်ပေးခဲ့သည်။

တရုတ်နိုင်ငံကို အိန္ဒိယနှင့် အိန္ဒိယ ပင်လယ်ပြင်တဝှမ်း ထောက်လှမ်းရေး သတင်းများဖြတ်ယူနိုင်ရန် စစ်သူကြီး ကိုသန်းရွှေက ကိုကိုးကျွန်းနှင် ဟိုင်းကြီးကျွန်းတို့ကို ရေတပ်စခန်းဖွင့်ခွင့် မြန်မာရေတပ်ကို ဦးဆောင် ပံ့ပိုးပေးခဲ့တယ်။

တရုတ်ပြည်၏ ရှေးဟောင်းနတ်ဘီလူးကြီးများက စစ်သူကြီးသန်းရွှေအား ဖန်တီးပေးလိုက်သည့် အလား တရုတ်နိုင်ငံ အတွက် ကံကောင်း စရာများပေါ်လာခဲ့သည်မှာကား ကမ်းလွန် (ရွှေဂက်စ်) နှင့် ကုန်းတွင်း (ရေနံချောင်း) ရှိရေနံနှင့် ဓါတ်ငွေ့ပိုက်များကို တရုတ်အား ထုတ်ယူခွင့် ကိုသန်းရွှေက ပြုလိုက်သည်။ ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကျောက်ဖြူလေယာဉ် ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် မီးရထား လမ်းများကို တရုတ်ပြည်ရှိ ကူမင်းမြို့အထိ ဖောက်လုပ်ခွင့် ပေးလိုက်သည်။ (တရုတ်ပြည်မှ ကျောက်ဖြူ စီးပွားရေး စက်မှု လုပ်ငန်း စီမံကိန်း ဗီဒီယို နရဉ္စရာ သတင်းဌာန Website တွင် ကြည့်နိုင်ပါသည်။)

တရုတ် စစ်သူကြီး သန်းရွှေက တမင်သက်သက် အမေရိကန်နိုင်ငံက တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက် စစ်ရေးအတွက် မြန်မာပြည်မှ တဆင့် ဖြတ်လမ်းရသွားမည်ကို စိုးရိမ်နေသည်ကို ဆန့်ကျင်မှု ပြုလျက် တရုတ်နိုင်ငံကို လမ်းကြောင်းဖွင့်ပေးလိုက်သည်။

ဦးဏှောက်ကောင်းသူများ စဉ်းစားကြည့်နိုင် ပါသည်။ ဤကမ္ဘာမြေပေါ်ရှိ မည်သည့်နိုင်ငံအစိုးရ (စစ်အစိုးရ အပါအဝင်) မဆို နိုင်ငံတော် လုံခြုံရေးသည် အဓိက ကိုယ့်နိုင်ငံသားများကို ကာကွယ်မည်။ သူတစ်ပါးနိုင်ငံက စစ်ရေးအရ ဝင်လာမယ်ကိုဟန့်တားမည်၊ စီးပွားရေး လူဦးရေနှင့် လူမျိုးအမြိုမခံရအောင် ခုခံ ကာကွယ်မည်။ သို့သော် စစ်သူကြီး ကိုသန်းရွှေက ပြောင်းပြန်.. ကိုယ့်နိုင်ငံမှာ မှောင်မဲ ငတ်ပြတ် ကိုယ့်မှာ ရှိသည့် ရေနံနှင့် ဓါတ်ငွေ့ များကို တရုတ်ပြည်သို့ ပေးပို့သည်။ လူဦးရေ ကုဋေ ကုဋာ တိုးပွား။ အိမ်နီးချင်း တိဘက်နိုင်ငံကို စစ်တပ်ဖြင့် သိမ်းပိုက်ထားသော တရုတ်ပြည်ကို ရွှေလမ်းကြီး ဖွင့်ပေးသည်။ အောက်ဖေါ်ပြပါ မြေပုံကိုကြည့်လျှင် ရွှေဂက်စ် ရေနံဓါတ်ငွေ့ ပိုက်လိုင်းများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူပင်လယ် ဆိပ်ကမ်းမှ တရုတ်နယ်စပ်ရှိ ရွှေလီ (Ruili) မြို့အထိ တနိုင်ငံလုံးကို ထောင့်တန်း နှစ်ပိုင်း ခွဲလိုက်သည်။ ဤပိုက်လိုင်းများတည်ဆောက်ပြီး မီးရထားလမ်း ကားလမ်းလည်း ပါလာအုံးမည်။

ဤရွှေဂက်စ်စီမံကိန်းသည် သန်းရွှေ၏ ကိုယ်ရေးစီးပွား။ မြန်မာနိုင်ငံသား၊ နိုင်ငံအတွက် လုံးဝမပါ။ ထို့ကြောင့်လည်း (သန်း) ရွှေဂက်စ် ဟုလည်းပေါ်ထွန်းခြင်းဖြစ်သည်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...

http://photayokeking.org/truewords/open-letters/815-shwe-gas-yat-tant-yee - မှ ကူးယူ ဖော်ပြသည်...

မဟာစစ်ဆင်ရေးအတွက်အကြွေးတင်ပြီ။

|0 comments
Wednesday, November 23, 2011

 မျိုးဆက်သစ် ကချင်

  နယ်ချဲ့ကျူးကျော်ရန်ကို အတူတကွ တိုက်ခိုက် တွန်းလှန်ခဲ့တာက တိုင်းရင်းသား ညီအစ်ကိုတွေပါ… ဗမာက နောက်မှ ထိပ်ကွက်ပြီး ကလိန်ကကျစ် ညစ်ပတ်လိမ်ယူခဲ့တာ အားလုံး အသိပါ။ တကယ်တော့ လွတ်လပ်ရေး သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ပင်လုံ စာချုပ်က မြန်မာပြည်ကြီးရဲ့ ပြည်တွင်းစစ်မီး ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဒီနေ့ထိ အသက်ပေါင်းများစွာ သွေးမြေ ကျနေရတဲ့ ဗမာ့ ပင်လိမ် စာချုပ်အဖြစ် ပြောင်းလဲ ခဲ့ရတာပါ။ တိုင်းရင်းသားများရဲ့ ရိုးသား ဖြူစင်မှုကို အခွင့်ကောင်း ယူတတ်တဲ့ တကောင်းမှာ ဆုံးတဲ့ မျိုးမစစ် ဗမာတွေဟာ တိုင်းရင်းသား အားလုံးရဲ့ ဘုံရန်သူဖြစ်နေတယ် ဆိုတာ သတိထားမိ သင့်ပြီ၊ အရှက် ရသင့်ပြီ။

လာပြန်ပြီနောက် တကျော့ ဒုတိယ ပင်လုံတဲ့ ဒီတစ်ခါ ပင်လုံတော့ တိုင်းရင်း သားတွေရဲ့ မြေ ပုံပါ ဖျောက်ဖျက်ပြီး တိုင်းရင်း သားတွေကို ပြည်ပ နိုင်ငံတွေဆီ ခေတ်သစ် ကျွန်ရောင်း ၀ယ်ရေး စနစ်သစ်နဲ့ ထပ်ရောင်းစားဖို့ ကြံစည်ပြန်ပြီ။ တစ်ဖက်သားကို အားနား တတ်တဲ့ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသား ညီးအစ်ကိုများ ခင်ဗျား…. မီးခဲပေါ် ယင်နားသလောက် မကြာတဲ့ ဗမာကတိကို ထပ်ယုံ ကြအုံး မှာလား?။ သမ္မတကြီး ငစိန်ရဲ့ ၁၉-၁၁-၂၀၁၁ ရက်နေ့က ပြောသွားတဲ့ စကားကိုကြည့်ပါ၊ ဒီမိုကရေစီဖေါ်ဆောင်မှုမှာ အနောက်နိုင်ငံတွေလို အံဝင် ခွင်ကျ လုပ်လို့ မရသေးဘူးတဲ့။ လေးထောင့်မှာ အ၀ိုင်းစွပ်၊ အ၀ိုင်းမှာ လေးထောင့်စွပ် မရဘူးတဲ့။ ဆိုလိုတာက လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ တိုင်းရင်းသားတွေကို အရင် ဖိညှစ်၊ ချေမှုန်းပြီးမှ ဗမာ့ ဒီမိုကရေစီ အဖြစ်သာ ပြောင်းလဲ ယူမယ် ဆိုတဲ့ သဘော သက်ရောက်နေ ပါတယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားကိုတောင် လည်ပင်း ညှစ်သတ်တဲ့ သတ္တိခဲ ဗမာတွေက တိုင်းရင်း သားတွေကို မုဒိန်းကျင့်၊ နှိပ်စက် သတ်ဖြတ်တာ လောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ ဒါကြောင့် (သတိတော့ထားပါ မာမီ ငြိမ်း တို့ရေ) လို့ မှာချင်ပါတယ်။ တကောင်းသွေးက ဗမာပါ၊ ဗမာသွေး ကလည်း တကောင်းပါပဲ။


ဒီမို ကရေစီ ခေါင်းဆောင်ကြီး အမေစုရဲ့ အနစ်နာ ခံမှုကို လေးစား မိပါတယ်။ ဒါပေမဲ့ တိုင်းရင်း သားတွေရဲ့ နှလုံးသား ထဲမှာ အမေစုကြီး မရှိတာကိုတော့ ဘ၀မှတ်တိုင် တစ်ခုကို နိုဝင်ဘာ (၁၈) ရက်နေ့က ပြည်ဖုံးကားချ လိုက်တဲ့ ဗမာ့ ကိုယ်ကျိုးစွန့် အန်တီကြီးကို သိစေ ချင်ပါတယ်။


ကနေ့ခတ် မီဒီယာလောကမှာ လည်း သတင်း တစ်ခုရဖို့ မလွယ် လှတော့ဘူး၊ ဘာကြောင့်လည်း ဆိုတော့ လူကခွေးကို ကိုက်တာကို သတင်းလို့ ယူဆကြတာကိုး၊ ဘယ်လူက ခွေးကို သွားကိုက် မှာလဲ?၊ အဲဒီတော့ ခွေးက အထက်ဆန်ပြီး လူတွေကို သွားကိုက်နေတော့ အဲဒါ သတင်း မဟုတ်တော့ ဘူးပေါ့။ ဒါကြောင့်ဘယ် အဒေါ်ကြီးက စကပ် ဘာအရောင်၊ ဘယ်အမှိုက်ပုံက (ပါတီ) သူတောင်းစားပို  လိမ္မာတယ်/ ဆိုးတယ် တာတွေက ထိပ်တန်းရောက်မြန်မာ သတင်း ဖြစ်နေ ရတာတော့ စိတ်မကောင်း စရာပါ။


ကျနော်တို့ ကချင် လူမျိုးတွေဟာ အောက်ပြည်၊ အောက်ရွာ ဗမာတွေနေတဲ့ ရွာမှာ ကျူးကျော် ရန်စတာ မဟုတ်ဘူး၊ ဒါကြောင့် ယခု လက်ရှိ ဖြစ်ပွားနေတဲ့ ကချင် လူမျိုး အမြစ်ပြတ် ချေမှုန်းရေး မဟာ စစ်ဆင်ရေး အတွက် ဗမာသွေးပါတဲ့ သတ္တ၀ါမှန် သမျှဟာ ကျနော်တို့ ကချင် တစ်မျိုး သားလုံးရဲ့ ကမ္ဘာ မကြေ ရန်သူ ဖြစ်သွားပြီ ဆိုတာ မုဒိန်း တပ်မတော်မှာ ပါဝင်တဲ့ လူသတ် သမား မွေးထားတဲ့ မိဘ နှစ်ပါးနှင့် ဆွေတော်တို့ တကောင်းက နွားတိရိစ္ဆာန် သွေးပါတဲ့ ဗမာတိုင်း နှလုံးသွင်း ကြပါ။ ဗမာ တိုင်းက သွေးကြွေး ပေးလျော် ရမယ်ဆိုတာ သတိပေးလိုက် ပါတယ်။

မျိုးဆက်သစ် ကချင် (wpshiga@gmail.com)

Tuesday, November 22, 2011

အဆိပ်မိုးနဲ့ ပတ်သက်ပြီး မေးမြန်းချက်

|0 comments
 Tuesday, November 22, 2011

Mai Ja Yang kaw htu ai Acid rain hte seng nna gara hku mang hkang mai byin wa ai ngu ai hpe Thai Mungdan de mungkan hpa ji hpe sharin hkaja taw nga ai Wunpawng Shayi sha hte Wunpawng  News  Group hkunna san htai galaw da ai re.


San :Ya mai ja yang kaw htu ai sanap hka nsam re ai marang hpe mung masha nkau ni gaw Acid marang re nga na tsun nga ma ai.. Shayi sha gaw gara hku mu mada ai rai..?

Htai:It might be acid rain cos, eg; China produce lot of sulfur dioxide by steel productionndai sulfur dioxide nigaw acid marang hku na bai htu ai.

Rai tim yellow rain gaw acid rain re ngu na ading tawk nmai tsun ai. Shi na effect kaw hka nna she mai daw dan na re.. if acid rain nga jang nam lap ni mung hten mat na. masha kaw hkra yang mung effect nga na , arai ni mung hten mat wa na re.

Yellow Rain in Mai Ja Yang, Kachin State

San: rai yang gaw Acid rain ngu na nmai tsun shi ai hku i..?
Htai :umm. baina industry mung dan ni hkan gaw Acid rain htu mai ai.
rai tim anhte mungdan gaw jak rung ni dai ram gaw rai nlaw shi ai ngu mu mada ai le.
Mai byin ai gaw mi wa mung hte ni ai ma jaw dai kaw na effect ma mai byin ai.
 
  Mai Ja Yang na deng 10 jan deng 20 hkawt re kaw KIO ni rau Myen asuya gap hkat ai kaw Myen asuya hku nna lang ai lak nak kaw gaw wan hkut bawm (Chemical Weapons) lang ai re nga na ai, de majaw rai sam ai nga nna.” mare masha ni tsun ai hpe na lu ai.

San: La ma Acid rain teng ai nga yang , hpa effect ni mai byin wa ai rai..?
Htai: If there is surely acid rain... shi na impact gaw grai law ai.
 for example; hpun ni hkraw mat si mat na ,grau nna gaw hka lu ai ni kraw ana ni byin na masha skin ni hten mat wa lu ai. Ga sau ni hkru ma nna hkai lu hkai sha nmai mat na, ngut na gaw.. lama na acid grai law ai rai yang building ni hten chye ai.. masha kaw gaw kalang ta gaw effect nbyin tim gau ngwi ngwi byin wa chye ai..


San: Dai hku nga yang gaw Acid rain gaw grai hkrit hpa rai nga ai le i.. Mung masha ni hpe hpa tsun mayu ai kun..?
Htai: umm, masha law law wa acid hpe sha nga ai rai ngaai ,dai marang hta law mai acid gaw gara zawn re ai hpe chye jang she grau na sawk lu na rai nga ai law . umm, Human health hte seng na gaw normally, shigaw n dai acid rain kaw mai hkaw mai. Hka shin mai ai ,Hka zawn sha mai lang ai rai tim na na rai wa jang effect nga wa ai.
Mi sha tsun ai sulfur dioxide hte nitrogen oxide ni hpe nbung hku na masha ni marawp la jang grau nna gaw ja hkru wa ai ,sin wawp hpe ja hten kau ya lu ai,
bai na salum a na hte asama a na ni byin wa na masha asak sum ai kaw du hkra mai byi nai ngut na sin wawp kaw a na ni byin na Hka ana (ရေဖျင်း) mai byin chye ai.


Ndai zawn myit galu galang htea tsawm sha htai ya nna mung masha ni chye mai ai lam hpe tsun dan ai majaw wunpawng shayi sha hpea nhte Wunpawng News Group kaw nna w.p sha ni yawng a malai na chying wa chye ju dum ga ai.

ဇော်ရှန် (wunpawng)

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း

|0 comments
 Tuesday, November 22, 2011
ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း




ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာခဲ့တဲ့ အဝါရောင်မိုး ခေါ် (အဆိပ်မိုး) ဓါတ်ပုံများဖြစ်ပါတယ်။

ဒီလို အဆိပ်မိုး ရွာသွန်းလာခြင်း ဟာ စစ်အစိုးရရဲ့ ဓါတုလက်နက် အသုံးပြုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြည်သူများလည်း ယခုချိန်တွင် ရေမသောက်ရဲ၊ ဟင်းသီးဟင်းရွက် မချက်စားရဲ... စိုးရိမ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။

တချို့ကလည်း .. ဒီလို အဆိပ်မိုးရွာတာဟာ လူရဲ့ (စစ်အစိုးရရဲ့) ဖန်တီးခြင်း ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်..။ “ဘာကြောင့်လဲ ဆိုရင် မိုးက အဲ့ဒီ မိုင်ဂျာယာန်မှာဘဲ ကွက်ကြားရွာတယ်။ တခြားနေရာတွေမှာ မရွာဘူး.. ကျနော်ထင်တာတော့ မိုးပေါ်ကနေ လေယာဉ်ဖြင့် သွားဖေါက်ခွဲလိုက်တဲ့ ဇီဝ လက်နက် တမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကျနော်ကြားဘူးတာရှိတယ်.. တရုတ်ပြည်မှာ ဆိုရင် တချို့မိုးခေါင် ရေရှားဖြစ်တဲ့ ပြည်နယ်တွေမှာ တရုတ်အစိုးရက.. ဟော.. မိုးကောင်းကင် အပေါ်ကနေ လေယာဉ်ပျံဖြင့် မိုးရွာချပေးခဲ့တာမျိုး ရှိပါတယ်..။ ယခုလည်းဘဲ အဲ့ဒီပုံစံဖြစ်နိုင်တယ်.. ရေရဲ့ အစား စစ်အစိုးရ တို့က ဇီဝ လက်နက်ကို အသုံးပြုလိုက်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။”

ရုပ်သံ၊ ဗီဒီယိုများကို လည်း စုစည်းတင်ပြသွားပါမည်..



W.P Moses

အင်္ဂလန် အစိုးရ ကျောင်းသားဗီဇာ ဥပဒေ သစ်ထုပ်လိုက်

|0 comments
Tuesday, November 22, 2011


၂၀၁၁ မှစပြီး   အင်္ဂလန် နိုင်ငံ မှာ ကျောင်းသား ဗီဇာ နှင့် ပတ်သက်ပြီး အပြောင်းအလဲ ဥပဒေ သစ်ကို ထုပ်ထား လိုက်တယ် လို့ သိရပါတယ် ။။

လန်ဒန်-
ဧပြီ ၂၀၁၂ မှ စပြီး highly trusted sponsor ရရှိသော ကျောင်း များမှာ  အပ်သောသူများကိုသာ ဗီဇာ ချပေးတော့မှာ ဖြစ်ပြီး ယခုလက်ရှိတွင် ထို ဥပဒေ က အကျုံးဝင်ခြင်း မရှိသေးပါ။

- အင်္ဂလန်သို့ လာရောက်၍ ပညာသင်ကြားမည့် ကျောင်းသားတိုင်း အင်္ဂလိပ်စာ အဆင့်မြင့် upper intermediate Level (B2) ဖြစ်ရမယ် ယခု လက်ရှိ အဆင့်မှာ Lower Intermediate Level (B1) အဖြစ်သတ်မှတ်ထားတယ် လို့သိရပါတယ် ။
- အင်္ဂလန် နိုင်ငံ ကျောင်းသားဖြင့် ၀င်ရောက်လာသူတိုင်း လေဆိပ်အ၀င်မှာ စကားပြန် မလိုပဲ အင်္ဂလိပ် စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ရမယ် ။

-တက္ကသိုလ် ကျောင်းများ၌ ပညာသင်ကြားသော ကျောင်းသားများ သာလျှင် အလုပ်လုပ် ခွင့်ပြုတော့မှာဖြစ်ပြီး  တက္ကသိုလ်ထက် အဆင့် နိမ့်သော ကောလိပ်ကျောင်းများ၊ အင်္ဂလိပ်စာ သင်တန်း ကျောင်းသားများ အလုပ်လုပ်ခွင့် မပြုတော့ဘူးလို့ သိရပါတယ် ။
 အခု လက်ရှိ ကျောင်းသားတိုင်း အလုပ်လုပ်ခွင့် ပြုထားပါတယ် ။

 တက္ကသိုလ် များ၌ post graduate ကျောင်းသား များသာလျှင် မိသားစု ခေါ်ခွင့်ပြုတော့မှာ ဖြစ်ပြီး ယခုလက်ရှိ ကျောင်းသားတိုင်း မိသားစု ခေါ်ဆိုခွင့်ပြုထားပါတယ် ။
-အင်္ဂလန်နိုင်ငံသို့ ကျောင်းလာ တက်သော ကျောင်းသားများအား “၃” နှစ် အတွင်း ဘွဲယူရန် နှင့် `“၅`“နှစ် အတွင်း အဆင့်မြင့် ဘွဲ့ယူရန် သတ်မှတ်လိုက်တယ် ။ ယခုလက်ရှိ ကျောင်းသားများအား ကန့်သတ်ချက်မရှိပဲ သက်တန်းတိုးခွင့်ပေးထားသေးတယ် ။

Tier 1 (post study work) ကို ပိတ်မည်။ တက္ကသိုလ်မှ ကျောင်းပြီး ပြီး အလုပ်ရှာ လို သော သူများအား ယခုချိန်တွင် ၂ နှစ် အလုပ်ရှာ ခွင့်ပေးထားပြီး ဧပြီ ၂၀၁၂ မှစပြီး  အလုပ်ရှာလိုတဲ့ သူများကို Tier 2 point base system ဖြင့် သတ်မှတ်ပြီး အကျုံးဝင်သော သူများသာ လျှောက်ခွင့်ပြုမည်ဖြစ်ပါတယ် ။


 ဇော်ရှန် (wunpawng)

Monday, November 21, 2011

စစ်တပ်အနီး​ရှိ ​နေအိမ် အ​ဆောက်အဦများ​ ​ရွှေ့​ပြောင်း​ခိုင်း

|0 comments
 November 21, 2011

ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​ ​နောင်း​ပုံ​ကျေး​ရွာအနီး​ အ​ခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီး​ရှိ လူ​နေအိမ်နဲ့​ အ​ဆောက်အဦ​တွေကို နိုဝင်ဘာလကုန် ​နောက်ဆုံး​ထား​ပြီး​ ​ရွှေ့​ပြောင်း​ဖို့​ စစ်တပ်က အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“၃၇ နဲ့​ ကပ်လျက်ရှိ​နေတဲ့​ ​နေအိမ်၊​ ကြက်ခြံ​တွေ၊​ သစ်စက်​တွေအား​လုံး​ကို နိုဝင်ဘာ ၃ဝ ရက် ​နောက်ဆုံး​ထား​ပြီး​ အား​လုံး​ ​ရွှေ့​ပြောင်း​ရမယ်လို့​ ခလရ ၃၇ က အမိန့်​ ထုတ်ပြန်တယ်။ အဲဒီဝန်း​ကျင်မှာ ကိုက် ၅ဝဝ အတွင်း​ကို တဲတတဲမှ ရှိတာ မမြင်ချင်ဘူး​တဲ့​။ လယ်သမား​တွေက လယ်လာစိုက်လို့​ရတယ်၊​ လယ်လာသိမ်း​လို့​ရတယ်။ ဒါ​ပေမယ့်​ ညအိပ် တာမျိုး​၊​ ​နေ့​လယ် နားနေဖို့​အတွက် ဘာအ​ဆောက်အဦမှ မမြင်ချင်ဘူး​လို့​ ​ပြောတယ်။”

၁၉၉၅ ခုနှစ်​လောက်မှစတင်၍ အဲဒီတပ်ဧရိယာအနီး​နား​မှာ ​မြေစာရင်း​ဌာနက တရား​ဝင် ကွက်သစ်တိုး​ချဲ့​ခဲ့​ပြီး​နောက်ပိုင်း​ မြစ်ကြီး​နား​နဲ့​ အနီး​နား​ဒေသခံ​တွေက စိုက်ပျိုး​ရေး​၊​ ​မွေး​မြူ​ရေး​နဲ့​ သစ်စက်​တွေ လာ​ရောက်လုပ်ကိုင် အ​ခြေချ​နေကြတာလည်း​ ဖြစ်ပါတယ်။

အ​ခြေကျ​နေပြီး​ဖြစ်တဲ့​ အဲဒီ​နေရာက​နေ မဖယ်​ပေး​ချင်​ပေမယ့်​ တပ်အမိန့်​အရ ဖယ်​ပေး​တော့​မယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

“နန်း​ကွေ့​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ ဒါမှမဟုတ် ​နောင်း​ပုံ​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ တပ်​ဘေး​မှာ မ​နေနဲ့​ပေါ့​။ သူတို့​ကလည်း​ ခြံဝင်း​လေး​တွေနဲ့​ ​နေတယ်ဆို​တော့​ အခုဖယ်​ပေး​ရမယ်ဆို​တော့​ ​လျော်​ကြေး​က တပြား​မှ မရဘူး​လေ။ ကိုယ်​နေတဲ့​အိမ်ကို ဖျက်မယ်ဆိုလည်း​ ဖျက်ခ ကုန်ရဦး​မယ်၊​ နန်း​ကွေ့​ရွာထဲမှာ သွား​နေရင်လည်း​ ​ဆွေမျိုး​တွေခြံထဲမှာ အိမ်သွား​ဆောက်​နေရင်လည်း​ ​ဆောက်ခ ပြန်ကုန်မယ်​လေ။ ​ရွှေ့​ပြောင်း​ခ ကုန်မယ်​လေ။ သူတို့​က ​ရွှေ့​ဖို့​ အကုန်လုံး​ ဆုံး​ဖြတ်ကြပြီ​လေ။ တပ်အမိန့်​ဆို​တော့​လည်း​ ​ကြောက်တာကိုး​။”

အခုလဆန်း​ပိုင်း​က ခလရ ၃၇ က စစ်သည်နှစ်ဦး​ တပ်ဧရိယာအနီး​ရှိ လယ်ကွင်း​တွေအတွင်း​ ငါး​သွား​ရှာရမှ ​ပျောက်ဆုံး​ခဲ့​ပြီး​နောက်ပိုင်း​ အခုလို စစ်တပ်နား​က ​နေအိမ်အ​ဆောက်အဦ​တွေ ဖယ်​ပေး​ဖို့​ အမိန့်​ထုတ်လာတာလို့​ မြစ်ကြီး​နား​ ​ဒေသခံက ​ပြောပါတယ်။

From - DVB

ဒေါ်စု ရွေးကောက်ပွဲ ဝင်မယ့် အပေါ် K.I.O ရဲ့ တုံ့ပြန်ချက် Click

ဒို့နိုင်ငံတော် သီချင်းသံ ဒို့ပြည်သူထံ လွှမ်းစေရန် - အပိုင်း (၁)

|0 comments
 Monday, November 21, 2011

ဆောင်းပါးရှင် - နတ်မောက်ခင်

တရားမျှတ .. လွတ်လပ်ခြင်းနှင့်မသွေ .. ဒို့ပြေ (ပြည်) ဒို့မြေ.. ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ.. အဓိဌာန်ပြုမလေ.. ထိန်းသိမ်းစို့မသွေ…
(ကမ္ဘာမကြေ.. မြန်မာတွေ… ဒို့ဘိုးဘွား အမွေအနှစ်မို့… ချစ်မြတ်နိုးပေ…) ၂
(ပြည်ထောင်စုကို အသက်ပေးလို့.. ဒို့…ကာကွယ်မလေ.. ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ..) ၂
ဒို့ပြေ..ဒို့မြေ.. အကျိုးမို့..ညီညာစွာ.. ဒို့တတွေ… ထမ်းဆောင်ပါစို့မသွေ.. ဒို့တာဝန်ပေ.. အဖိုးတန်မြေ…
သို့

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

နိုင်ငံနှင့်လူမျိုး ပိုင်ဆိုင်တဲ့ အမိမြန်မာပြည်ကြီးကိုသာမက နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီးကိုပါ အပိုင်စီးသိမ်းပိုက်နိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာဖြင့် သပ်လျှိုကာ ကြိုးပမ်းလာနေပါပြီ။ နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်နေစဉ် (ပုံ -www.wunpawngnewsgroup.blogspot.com)

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ကချင်ပြည်နယ်ရှိ အမိမြန်မာပြည်ရဲ့ ဦးခေါင်းပိုင်းသဖွယ် ပြည်ထောင်စုကြီး၏ ဦးဏှောက်အား ဖေါက်စားခံရသည့်အလား ထုထည် ကြီးမားလှသည့် မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဦးခေါင်းနှင့်မမျှ၊ မတန်တဆ တည်ဆောက်နေသလို ဖြစ်နေပါပြီ။

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အမိမြန်မာပြည်ကြီးရဲ့ လည်မျိုကို မြစ်ဆုံဆည်ကြီးက လိမ်ချိုးထားပါ၏။ ဆည်ကြီးနှင့်အတူ ဝန်းကျင်ရေကာတာမျးစွာက ပြည်ထောင်စု၏ ဦးဏှောက်ကို ဖေါက်စားထားနေပါသည်။
ဤမျှသာမက နိုင်ငံနှင့် လူမျိုး၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏ ချစ်ခြင်းကို ဖြိုခွင်းကာ မြစ်ညွှန့်နှစ်သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားပြန်၏။

အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက်  ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး အသက်ငင်၍ နေတာကြောင့် ကယ်တင်ရှင်ကို မျှော်လင့်နေရှာပါသည်။ ကယ်ပါ၊ ကူပါ တစာစာဖြင့် ရေစီးသံတို့ လှိုက်ဖိုကာ မချိတင်ကဲ အော်ညည်းနေရှာသည့် ဧရာဝတီမြစ်ကြီး၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် တမျိုးသားလုံး အမျိုးသားရေးတာဝန်အဖြစ် ထမ်းရွက်ကြရမည် ဖြစ်ပါသည်။

မြစ်မင်းဧရာ အသက်ပျောက်ပါက ဧရာဝတီမြစ်ကြီး ပင်တိုင် မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ဧရာဝတီမြစ်ကြီး အသက်ပျောက် ရရှာပေတော့မည်။ ဧရာဝတီမြစ်ကြီး အသက်ပျောက်ပါက မြန်မာ့စပါးကျီသိုက်ကြီး မြစ်ဝကျွန်းပေါ်လည်း ဆိတ်သုဉ်း ကွယ်ပျောက်ပေတော့မည်။ သို့ကြောင့်ပင် နိုင်ငံနှင့်လူမျိုးအတွက် အစားထိုး၍ မရနိုင်သည့် အလုံးစုံသော အနန္တ ဆုံးရှုံးမှုတို့ကား ကြီးမားလွန်းလှပါမည်။ သားစဉ်မြေးဆက် ဝမ်းရေးခက်ကာ ကပ်ကြီးသုံးပါးဘေး ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင် ကြရပေလိမ့်မည်။

ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ ခုနှစ် ၁ လပိုင်းမှာ မြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန် (ပုံ -www.wunpawngnewsgroup.blogspot.com)
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစု အပေါင်းတို့ -

မြန်မာ့ဦးခေါင်းထိပ် မြန်မာ့ရေမြေအသက်ဖျား၌ ထုထည်ကြီးမား များပြားလှသည့် မြစ်ဆုံဆည် ရေကာတာများဖြင့် မြန်မာ့ရေကြောမြေကြောအား “သင်းသတ်ဖို့” တရုတ်ပြည်ကြီးက ကြိုးစား အားထုတ်နေခြင်းသာ ဖြစ်ပါ၏။

မြစ်မင်းဧရာ၏ အလှကျက်သရေနှင့် သဏ္ဍာန်သရုပ် ပျက်စီးသွားပါက မြန်မာ့ယဉ်ကျေးမှု အလှများလည်း မှေးမှိန် ပျောက်ကွယ်သွားမည်သာမက နိုင်ငံနှင့်လူမျိုးပါ ကပ်ကြီးသုံးပါး ချောက်ကမ်းပါးအတွင်း ကျရောက်သွားနိုင်ပါ၏။
အပိုင်း (၂) ကို ဆက်လက်ဖေါ်ပြသွားပါမည်....

http://photayokeking.org/truewords/open-letters/813-tichinn-tann-duu-pyi-tu-htan-lwan-zee- မှ ကူးယူဖော်ပြပါသည်...

မိုင်ဂျာယာန် မှာ အဆိပ်မိုးရွာ

|0 comments
21.  11. 2011

 ဇော်ရှန်(wunpawng)

20/11/2011 ညနေပိုင်း 2:30 pm  ကေအိုင်အေ ထိန်းချုပ်သည့် မိုင်ဂျာယာန် မှာ အဆိပ်မိုးများ ရွာလာတယ်လို့ ဒေသခံများက ပြောပါတယ်  ။ ဒီသတင်းနှင့်ပါတ်သက်ပြီး wunpawng news မှ ကေအိုင်အေ ဌာန သို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ဆက်သွယ်မှု မရသေးသည့် အတွက် သတင်း အပြည့်အစုံကို ဆက်လက်ဆက်သွယ်နေပါတယ် ။


WPNG

MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNAမြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုင်ဂျာယာန်အဆိပ်မိုးရွာ

|0 comments
Monday, November 21, 2011

MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNA


Wunpawng Mungdan Shanglawt Asuya a up hkang ginrai rai nga ai Mai Ja Yang kaw dai na de 20/11/2011 shana de hkying 2:30 pm daram hta sanap hka garang da ai nsam hta kachyi mi grau htoi ai nsam hte re marang htu wa ai. Mai Ja Yang mare baw de lawk (2) maga de grau sawng ai. Nkau nta hkan gaw ram ram htat ai. Yu mau chyan (nta galup ai hpan), nta ntsa kaw gaw grau dan ai. Chying hkrang lap, nai sam lap ntsa hkan e mung kap taw ai. Rai n htu shi yang n sen lama mi shawng na ai da. Lawk (2) na ni tsun ai. Nsen myu mi nga 2 lang na dat ai hpang marang zawn nga raw nga htu dat ai nsen na ai da. Dai hpang gaw nta shinggan kaw nga taw ai masha ni a lata ntsa kaw mung hkra ai. Hkra ai shaloi gaw akasi nga ai da. Dai hpang gaw hkraw mat ai.

MAI JA YANG KAW HTU AI MARANG


Anhte ni wa yu ai shaloi gaw hkying 4:00 daram rai sai hku re. Dai shaloi gaw hkraw taw sai. Sak se vedio, photo sumla ni mung la da ga ai. Ya shagun dat ai laika kaw na sumla hte bung ai. Sumla hpe hpang e shagun dat na ga ai. Anhte mare masha ni yawng hte hpyen yen ni yawng grai myit tsang nga ga ai. Hka mung n lu gwi, si mai si maw mung n mai sha ai.

 N dai mabyin byin ai lam gaw teng ai lam, rai tim myen asuya a lak nak a majaw rai n rai gaw rai n lu masat ai lam hte shingra tara galai shai wa ai majaw mung mai byin ai lam shana wa ai. Ya ten n dai mabyin hte seng nna KIO ginjaw salang ni mabyin shara de sa nna sawk sagawn ai lam ni galaw nga sai lam na chye lu ai.

Sunday, November 20, 2011

မဟာစစ်ဆင်ရေးအတွက် အကြွေးတင်ပြီ

|0 comments
Sunday, November 20, 2011

နယ်ချဲ့ကျူးကျော်ရန်ကို အတူတကွတိုက်ခိုက်တွန်းလှန်ခဲ့တာက တိုင်းရင်းသား ညီအစ်ကိုတွေပါ… ဗမာက နောက်မှ ထိပ်ကွက်ပြီး ကလိန်ကကျစ် ညစ်ပတ်လိမ်ယူခဲ့တာ အားလုံးအသိပါ။ တကယ်တော့ လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်က မြန်မာပြည်ကြီးရဲ့ ပြည်တွင်းစစ်မီး ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဒီနေ့ထိ အသက်ပေါင်းများစွာ သွေးမြေကျနေရတဲ့ ဗမာ့ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ်ရဲ့) ပင်လိမ် စာချုပ်အဖြစ် ပြောင်းလဲခဲ့ရတာပါ။ တိုင်းရင်းသားများရဲ့ ရိုးသားဖြူစင်မှုကို အခွင့်ကောင်းယူတတ်တဲ့ တကောင်းမှာဆုံးတဲ့ မျိုးမစစ် ဗမာ (စစ်အာဏာရှင် စစ်အစိုးရ) တွေဟာ တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူဖြစ်နေတယ်ဆိုတာ သတိထားမိသင့်ပြီ၊ အရှက်ရသင့်ပြီ။

လာပြန်ပြီနောက်တကျော့ ဒုတိယပင်လုံတဲ့ ဒီတစ်ခါပင်လုံတော့ တိုင်းရင်း သားတွေရဲ့ မြေပုံပါ ဖျောက်ဖျက်ပြီး တိုင်းရင်းသားတွေကို ပြည်ပနိုင်ငံတွေဆီ ခေတ်သစ် ကျွန်ရောင်းဝယ်ရေး စနစ်သစ်နဲ့ ထပ်ရောင်းစားဖို့ ကြံစည်ပြန်ပြီ။ တစ်ဖက်သားကို အားနားတတ်တဲ့ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသား ညီးအစ်ကိုများ ခင်ဗျား…. မီးခဲပေါ်ယင်နားသလောက် မကြာတဲ့ ဗမာ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ) ကတိကို ထပ်ယုံကြအုံးမှာလား?။ သမ္မတကြီး ငစိန်ရဲ့ ၁၉-၁၁-၂၀၁၁ ရက်နေ့က ပြောသွားတဲ့စကားကိုကြည့်ပါ၊ ဒီမိုကရေစီဖေါ်ဆောင်မှုမှာ အနောက်နိုင်ငံတွေလို အံဝင် ခွင်ကျ လုပ်လို့ မရသေးဘူးတဲ့။ လေးထောင့်မှာ အ၀ိုင်းစွပ်၊ အ၀ိုင်းမှာ လေးထောင့်စွပ် မရဘူးတဲ့။ ဆိုလိုတာက လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ တိုင်းရင်းသားတွေကို အရင်ဖိညှစ်၊ ချေမှုန်းပြီးမှ ဗမာ့ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ) ဒီမိုကရေစီ အဖြစ်သာ ပြောင်းလဲ ယူမယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားကိုတောင် လည်ပင်းညှစ်သတ်တဲ့ သတ္တိခဲ ဗမာ (စစ်ဏာရှင် စစ်အစိုးရ ) တွေက တိုင်းရင်းသားတွေကို မုဒိန်းကျင့်၊ နှိပ်စက်သတ်ဖြတ်တာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ ဒါကြောင့် (သတိတော့ထားပါ မာမီ ငြိမ်း တို့ရေ) လို့မှာချင်ပါတယ်။ တကောင်းသွေးက ဗမာပါ (စစ်အာဏာရှင် စစ်အစိုးရ) ၊ ဗမာသွေးကလည်း တကောင်းပါပဲ။

ဒီမိုကရေစီခေါင်းဆောင်ကြီး အမေစုရဲ့ အနစ်နာခံမှုကို လေးစားမိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ နှလုံးသားထဲမှာ အမေစုကြီး မရှိတာကိုတော့ ဘ၀မှတ်တိုင် တစ်ခုကို နိုဝင်ဘာ (၁၈) ရက်နေ့က ပြည်ဖုံးကားချ လိုက်တဲ့ ဗမာ့ကိုယ်ကျိုးစွန့် အန်တီကြီးကို သိစေချင်ပါတယ်။

ကနေ့ခေတ် မီဒီယာလောကမှာလည်း သတင်းတစ်ခုရဖို့  မလွယ်လှတော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ လူက ခွေးကို ကိုက်တာကို သတင်းလို့ ယူဆကြတာကိုး၊ ဘယ်လူက ခွေးကိုသွားကိုက်မှာလဲ?၊ အဲဒီတော့ ခွေးက အထက်ဆန်ပြီး လူတွေကို သွားကိုက်နေတော့ အဲဒါသတင်း မဟုတ်တော့ ဘူးပေါ့။ ဒါကြောင့်ဘဲ အဒေါ်ကြီးက စကပ်ဘာအရောင်၊ ဘယ်အမှိုက်ပုံက (ပါတီ) သူတောင်းစားပို့  လိမ္မာတယ်/ဆိုးတယ် တာတွေက ထိပ်တန်းရောက်မြန်မာ သတင်းဖြစ်နေရတာတော့ စိတ်မကောင်းစရာပါ။

ကျနော်တို့ ကချင်လူမျိုးတွေဟာ အောက်ပြည်၊ အောက်ရွာ ဗမာတွေနေတဲ့ရွာမှာ ကျူးကျော်ရန်စတာ မဟုတ်ဘူး၊ ဒါကြောင့် ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကချင်လူမျိုးအမြစ်ပြတ် ချေမှုန်းရေး မဟာ စစ်ဆင်ရေး အတွက် စစ်အာဏာရှင် စစ်အစိုးရဟာ ကျနော်တို့ ကချင် တစ်မျိုးသားလုံးရဲ့ ကမ္ဘာမကြေ ရန်သူ ဖြစ်သွား ပြီဆိုတာ မုဒိမ်းတပ်မတော်မှာ ပါဝင်တဲ့ လူသတ်သမားမွေးထားတဲ့ မိဘ နှစ်ပါးနှင့် ဆွေတော်တို့ တကောင်းက နွားတိရိစ္ဆာန်သွေးပါတဲ့ ဗမာ (စစ်အာဏာရှင် စစ်အစိုးရ ) နှလုံး သွင်းကြပါ။
မျိုးဆက်သစ် ကချင် (wpshiga@gmail.com)

က​ချင်​မိသားတစု ဖမ်း​ဆီး စစ်​ဆေး​ခံရ

|0 comments
Sunday, November 20, 2011

နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်စန့်ကုန်း​ ​ကျေးရွာနေ ကချင်မိသားစုတစု အပါအဝင် ကျေးရွာသား ၉ ဦးကို နယ်မြေခံစစ်တပ်နဲ့​ ​ပြည်သူ့စစ်အဖွဲ့အင်အား ၃ဝ လောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီခေါ်ဆောင်သွားတဲ့အထဲက ပလောင်အမျိုးသားဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်း၊ မိုင်လုံနဲ့ ကချင်မိသားစုဝင်တွေဖြစ်တဲ့​ ​ဒေါ်မာဂျီနဲ့​ ​ယော်ထန်းဆိုသူကိုတော့​ ​ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  ယော်ဇုန်း အသက် ၄ဝ၊ ယော်တိန် ၃၅ နှစ်၊ ယော်ဆောင်း ၃၂ နှစ်၊ အောင်မိုင်၊ ၃၅ နှစ်၊ မာဒွတ် ၃ဝ နှစ်တို့ ၅ ဦးကိုတော့ နတ်စင်ကုန်း စစ်တပ်စခန်းအတွင်း အပြင်းအထန် ရိုက်နှက် စစ်ဆေးတာတွေ ခံနေရတယ်လို့ ပြန်လွတ်လာသူ တရားဟောဆရာ ဦးမောင်သန်းက ပြောပါတယ်။

“ဟိုမှာရောက်တဲ့ခါကျတော့ ငါးယောက်လုံးက အရိုက်ခံရတယ်ဗျ။ နှစ်ယောက်က သတိတောင် လစ်သွားတယ် ပြောတယ်။ အဲဒီ ၅ ဦး ရှိသေးတယ်၊ အားလုံး အိမ်ထောင်သည်တွေပါ။ ညီအကိုတွေ၊ ယောက်ဖတွေ၊ ဒီကောင်တွေက တမိသားစုပါဘဲဗျ။ အရိုက်ခံရတဲ့ သူ့တို့အမေကြီးက မုဆိုးမဗျ။ ​နောက်တယောက်​ ​ယော်ထန်း၊ ပြန်လာပြီ။ ​ယော်ထန်လည်း ဒေါ်မာဂျီနဲ့ ဆိုင်တယ်လေ။ သူ့သားအငယ်ဆုံး။ ယော်ထန်ကတော့ အရိုက်မခံရဘူး။ မိုင်းလုံလည်း အရိုက်မခံရဘူး။ သုံးယောက် လွတ်ခဲ့တယ် ဒီမနက်။ ဒီအဖွားကြီးပဲ​ အရိုက်ခံရတယ် မနေ့က။ အသက်က ၆ဝ ကျော်ရှိပြီ။ ပါးမှာ နည်းနည်း ယောင်နေတယ်ဗျ။”

အသက် ၇ဝ ကျော်ရှိပြီဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်းကိုတော့ စစ်သားတွေက  ကြိုးတုတ်တာ၊ ရိုက်နှက်တာတွေ မလုပ်ဘဲ အဲဒီ ကချင်မိသားစုဝင်တွေ အကြောင်းကိုသာ မေးမြန်းခဲ့ပြီး အဲဒီနေ့ ညနေပိုင်းကပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော့်မိသားစု သားသမီးတွေကိုပဲ မေးတယ်ဗျ။ တခြားကိစ္စ ဟိုကောင်တွေကလည်း ကျနော်အိမ်နီးချင်းတွေဆိုတော့ ဟိုကောင်တွေ အကြောင်းကို မေးတယ်ဗျ။ ဟိုလူငယ် အကြောင်းတွေ မေးတယ်ဆိုတော့ ရှင်းရှင်းပဲ ပြောတာပဲ။ ကျနော်မျက်စိမှာ မြင်ရသလောက် အဲလို အဲလိုပါလို့။ ကျနော်မျက်စိအောက်မှာတော့ သူတို့က လက်လုပ်လက်စားပဲ။ ကြုံရာကျပန်း အလုပ် လုပ်နေကြတဲ့သူတွေ။ ကျနော်တို့ သိရသလောက်ဆို ဘာမှ မပတ်သက်ဘူးဗျ။”

အဲဒီဒေသအတွင်း ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် တပ်မတော်)တို့ ဝင်ရောက် လှုပ်ရှားနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာခင်က နမ်းခမ်းရဲစခန်းရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ဒေသအတွင်း မသင်္ကာတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

From - DVB

ထိုင်းနိုင်ငံ အုန်းပြန့်ဒုက္ခသည် စခန်းမှာ ခိုလုံနေကြသော ကချင်လူမျိုးများ ကောက်သစ်စားဆုတောင်း ပွဲတော် ပြုလုပ်

|0 comments
Sunday, November 20, 2011
အုန်းပြန့် ဒုက္ခသည် စခန်း

မြန်မာ-ထိုင်း နယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည်စခန်းမှာ လာရောက်ခိုလုံနေကြတဲ့ ကချင် လူထုများမှ နိုဝင်ဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ Kachin Fellowship Church (K.F.C) ဘုရားကျောင်းတွင် ကောက်သစ်စား ဆုတောင်းပွဲတော် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။ အုန်းပြန့် စစ်ပြေး ဒုက္ခသည် စခန်းတွင် ကချင်လူမျိုး (၁၅၀) ဝန်းကျင် နေထိုင်ခိုလုံလျက်ရှိကြောင်း သိရှိရပါတယ်။

“ဟုတ်ပါတယ်.. ကျနော်တို့ အုန်းပြန့် စစ်ပြေးဒုက္ခသည် စခန်းမှာ လာရောက် ခိုလုံနေကြတဲ့ ကချင်လူမျိုး (၁၅၀) ဝန်းကျင် ရှိပါတယ်.. ကျနော်တို့ ဒီနေ့ ကောက်သစ်စား ဆုတောင်းပွဲတော်ကို ပြုလုပ်ပြီး ကချင် စစ်ပြေးဒုက္ခသည်များ အတွက် အထူး ဆုတောင်း ဆက်ကပ်သွားမှာပါ.. ကျနော်တို့ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ .. ဒီလို ဒုက္ခသည် မှာ ရောက်ရှိနေတာတောင် တတ်နိုင်တဲ့ ဘက်ကနေ သတိရ အားပေး နေတဲ့ အကြောင်း ကို သိစေချင်တာပါဘဲ.. ကျနော်တို့ ဒီမှာ ရောက်ရှိနေတဲ့ ကချင် လူမျိုးတွေကတော့ ငွေဖြင့် မကူညီနိုင်ဘူးလေး.. ဒါကြောင့် တတ်နိုင်တဲ့ ဘက်ကနေ သွေးရင်း ညီအစ်ကိုများ ဖြစ်တဲ့အားလျော်စွာ ဆုတောင်းခြင်းဖြင့် ပါဝင် အားပေး ကူညီနေတာပါ..” ဟု အုန်းပြန့် စစ်ပြေး ဒုက္ခသည်မှာ ရောက်ရှိနေတဲ့ ကချင်များရဲ့ ကိုယ်စား ပြောပြလာပါတယ်။

ကောက်သစ်စား ဆုတောင်းပွဲတော်နှင့် တကွ ယခု ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က စတင်ပြီး စစ်ပွဲ ဖြစ်ပွားနေမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည် များနှင့် ပြည်သူလူထုများ အတွက်လည်း အလေးအနက် ဆုတောင်း ဆက်ကပ် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

W.P Moses