Saturday, December 10, 2011

စစ်ပြေးဒုက္ခသည် ကလေးသူငယ်များရဲ့ ခရစ်မတ်စ်ပွဲ

|0 comments
 Friday, December 10, 2011

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်းနန် ကျမ်းစာကျောင်း (K.T.C) ကျောင်းဝင်းမှာ စစ်ပြေးဒုက္ခသည် IDPs ကလေးသူငယ်များ အတွက် သင်းအုပ်ဆရာများနှင့် ကချင်လူငယ်များ ဦးဆောင်ကာ ခရစ်မတ်စ်ပွဲ ကျင်းပ ပြုလုပ်ပေးကြောင်း သိရှိရပါတယ်။ လာရောက်ပါဝင်တဲ့ စစ်ပြေးဒုက္ခသည် ကလေးသူငယ်များမှာ ၁၀၇၀ ကျော်ရှိကြောင်း သိရှိရပါတယ်။

W.P Moses (သတင်းပေးပို့လာတဲ့ Ah Ja ကို ကျေးဇူးတင်ပါတယ်)

အထူးလျို့ဝက်သတင်းများ အကြောင်း ...

|0 comments
 Saturday, December 10, 2011

လက်ရှိအစိုးရ ဦးသိန်းစိန် အမိန့်ဖြင့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေများဆီကို လွန်ခဲ့သည့် လဆန်းပိုင်းက စပြီး စစ်အင်အား 3 ဆ တိုးပြီး ၊ လက်နက်ကြီးများ ၊ အထူးတပ်များ ၊ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသများဆီကို ပေးပို့နေပြီး အချို့မှာ ရောက်ရှိနေပြီး အချို့မှာ မရောက်သေးဘဲ ခရီလမ်းတွေ ရှိနေသေးတယ်လို့ WPN ပြည်တွင်း သတင်းထောက်ရဲ့ သတင်းပေးပို့ ချက်အရ သိရပါတယ် ။


 အခုလို စစ်အင်အား ၂ ဆ တိုးပြီး ပေးပို့သည့် အကြောင်းရင်း လျို့ဝှက် စစ်တပ် မိန့်ခွန်းများ ၊ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ရောက်ရှိပြီးနောက် လက်ရှိဖြစ်နေသည့် စစ်ပွဲများနှင့် ပတ်သက်သည့် နှစ်ဘက် သဘောတူညီမူများ ၊ စစ်ရေး အကူအညီပေးမူများ ၊  ကချင်ပြည်နှင့် ထိစပ်နေသည့် india တော်လှန်ရေးအဖွဲ့များ ၊ လက်ရှိ နေပြည်တော်မှာ သတင်းပညာကို တိုင်းရင်းသား အထူးသဖြင့် ကချင်၊ ကရင် လူမျိုးများကို သင်တန်းပေးပြီး မီဒီယာ ကနေတဆင့် ၀ါဒ ဖြန့် သတင်းထောက်များ ၊ တင်ပြပေးမည် ။

သတင်းဖြင့်တိုက်ဖို့ အထူးသဖြင့် ကေအိုင်အေ ၊ လူထုများ အယုံ အကြည်မရှိဖို့ စတဲ့သတင်း အတုများ ၀ါဒများဖြန့်ဖို့ အစီစဉ် လျို့ဝှက်ချက်များ ၊ FP . ဘလောက်ကာ အတုများ ၊ NLD ဒေါ်အောင်ဆန်းစုကြည့်နှင့် ကေအိုင်အို လူကြီးများ သတင်း အတုများ ဖြန့်နေသည့် သူများ၊ ဘလောက်များ ၊ ဘယ်သူ ဘယ်ဝါ ဆိုဖြစ်တယ် ၊ WPN ပြည်တွင်း သတင်းထောက်များ ၊ မဟာမိတ် အဖွဲ့စည်းများ သိရှိသည့် သတင်းများ မကြာခင်ဖော်ပြပေးသွားမည် ။

မှတ်ချက်။ ။ ဗမာလူမျိုးများ ဆိုသည့် စကားလုံးသည်  ဗမာ လူမျိုးများ အားလုံးကို ဆိုလိုချင်း မဟုတ်ပါ။ သန်းရွှေအဖွဲ့၊ သန်းရွှေကို ထောက်ခံနေသည့် ဘုန်းကြီးများကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဘယ်သူကိုမှ ထိခိုက် နှစ်နာအောင် တင်ပြခြင်း မဟုတ်ပါ။  ပြုပြင်ဖို့ သတိပေးခြင်း သာဖြစ်သည် ။

ပထမ အဆင့် အနေနဲ့ ဘယ်သူဘယ်ဝါ ၊ အဖွဲ့အစည်းနည်း ၊  ခေါင်းဆောင်များလို့ ယူဆထားသည့်  လမ်းမှားကို သတင်း ပေးမှုသာဖြစ်သည် ။ရှေ့ဆက်ပြီး ကချင်လူထုကို ဆက်ပြီး ၊ ဆက်ပြီး... ဆက်ပြီး ဒုက္ခပေးနေမှု ရပ်ဖို့ဖြစ်သည် ။ ဆက်ပြီးသာ ကချင်လူထုကို ဒုက္ခပေးနေမည် ဆိုရင် ဒုတိယ အဆင့်ကို  ပြန်ပြီး ဖြန့်ပေးသွားမည် ။

တင်ပြမည့် သတင်းမှာ WPNG ငါးနှစ် မှတ်တမ်း လိုက်ယူပြီး စုဆောင်း ထားချက်များ ဖြစ်သည် ။

W.P Moses (WPNG ကျေးဇူးတင်ပါတယ်)

ဘယ်သူ့ တာဝန်လဲ...?

|0 comments
Saturday, December 10, 2011


Untitled from wpmoses on Vimeo.

မည်သို့ပင်ဆိုစေကာမူ - အပိုင်း (၁)

|0 comments

ဆောင်းပါးရှင် - ဒုအရာခံဗိုလ် ရန်နောင်

''စစ်စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာ ဖြစ်သည်" ဟု လည်းကောင်း၊ "အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ" ဟု လည်းကောင်း တပ်မတော်သား ဘ၀ စတင်ကတည်းက နားမဆံ့အောင် ကြားခဲ့ ရပါသည်။ တပ်မတော် (လေ) တွင် စစ်မှုထမ်းသက် နှစ်ပေါင်း (၃၀) ကျော်ခဲ့ပြီး ဒုအရာခံ ဗိုလ်အဆင့်သို့ ရောက်ခဲ့သည်တိုင် ထိုအသံများကို မိမိကရော၊ အထက် အရာရှိများပါ တဖွဖွ ရွတ်နေကြဆဲလည်း ဖြစ်ပါသည်။ သို့သော်လည်း ထိုစကားလုံးများသည် အမှန်တကယ် အသက်ဝင်ပါ၏လော။ မကြာခဏ ပြန်ဆန်းစစ် နေမိပါသည်။

လိုင်းခန်းနှင့် ကိုယ်ထူကိုယ်ထ စိုက်ခင်းများကို လိုက်စစ်နေစဉ်

ကြည်းတပ် ခြေလျင် စစ်သည်များနှင့် အခြေအနေ၊ ပတ်ဝန်းကျင်၊ သဘောသဘာဝ တို့နှင့် လေတပ် ခြားနားချက်ကြောင့် တင်ပြချက်ပါ အချက်များအပေါ် စစ်သားမပီသဟု ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် မြန်မာ့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲ နေချိန်တွင် တပ်မတော်သားများ အိပ်ပျော် ကျန်မနေစေလိုသော တင်ပြချက်အဖြစ် ရင်ဖွင့် လိုက်ရပါသည်။

လေတပ်မှ စစ်သည်များအတွက် မူလတာဝန်သည် လေယာဉ်များ ပုံမှန် လေ့ကျင့် ပျံသန်း နိုင်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအလိုက် နေ့စဉ် လှုပ်ရှား ကြရပါသည်။ လေယာဉ်ရုံထဲမှ လေယာဉ်ကို တွန်းထုတ်သည်မှအစ၊ လေယာဉ်ဆီ ဖြည့်တင်းမှုနှင့် ပျံသန်းရေး ဆိုင်ရာ အထောက်အကူများ ဆောင်ရွက်ခြင်း ကိစ္စ အ၀၀တို့အတွက် စစ်သည်တိုင်း သတိမလစ် ဆောင်ရွက် ကြရပါသည်။

ထိုသို့သော ပင်မ တာဝန်အပြင် လေတပ်စခန်း လုံခြုံရေးအတွက် ကင်းတာဝန် ကျသောအခါများတွင် ဖွဲ့စည်းပုံ၏ တ၀က်ပင် မရှိသော လေယာဉ်အုပ် အတွက် လေယာဉ်ပျံနိုင်ရန် နည်းနည်းနှင့် ကျဲကျဲ ၀ိုင်းရသော မူလ တာဝန်နှင့် လုံခြုံရေး အရေးကြီးသည်ဆိုသော ကင်းတာဝန် အကြားတွင် ဗျာများ ရပါတော့သည်။ လေယာဉ်အုပ်တွင် လေယာဉ် ပျံနိုင်ရန် လာမလုပ်ပါက အုပ်မှူးမှ ညိုညင်မည် ဖြစ်သလို၊ ပျံသန်းရေး အကြောင်းပြကာ ကင်းရုံတွင် ပျက်ကွက်ပါကအုပ်ချုပ်ရေး တပ်မှူး၏ နှိပ်ကွပ်မှုကြောင့် အချုပ်ခန်းသို့ မြန်းရပါဦးမည်။


ထိုကြားထဲတွင် လုပ်အားပေးဆိုကာ စစ်သည်တစ်ဦးချင်း နေရာသတ်မှတ် ခိုင်းစေမှုများက ရှိပါသေးသည်။ စစ်သည်များအား အလုပ်ကြမ်း သမားများသဖွယ် ကျယ်ပြောလှသော တပ်ဝန်းအနှံ့၊ ပိတ်ရက် (တနင်္ဂနွေအပါအ၀င်) များတွင် ခိုင်းစေသော စုပေါင်း လုပ်အားပေး ခိုင်းစေချက်များသည် ကကရေးမှ ချမှတ်ထားသော ပိတ်ရက်များတွင် စစ်သည်များအား အပြည့်အ၀ အနားပေးရန် ဟူသော ညွှန်ကြားချက်များကို မျက်ကွယ်ပြု ခိုင်းစေခြင်းအား တပ်ရေး ဗိုလ်ကြီးများနှင့် စခန်း ဌာနချုပ်မှူးများ သိပါလေရဲ့လားဟု တွေးမိပါသည်။

စစ်သည်များသာ မဟုတ်ဘဲ အိမ်ထောင်သည် လိုင်းများတွင်လည်း ရေမရှိခြင်း၊ စိုက်ပျိုးပင်များ အတွက် မြေဩဇာ၊ မျိုး၊ ပိုးသတ်ဆေး စသောနောက်မှ လိုက်ပါ ကုန်ကျစရိတ်များအား နားလည်မှု မပေးဘဲ ၁၀ မျိုး ၁၀ ဘောင် အတင်း အကြပ် စိုက်ပျိုးစေခြင်း၊ စစ်သည်အား အချိန်ပြည့် လုပ်အားပေး ခိုင်းထားပြီးမှ ကိုယ်ပိုင် အားလပ်ချိန် နည်းနေ သဖြင့် လိုင်းခန်း စစ်ဆေးချိန် အတွင်း လိုင်းသန့်ရှင်းရေး မြက်မရှင်းနိုင်သောကြောင့် အပြစ်ပေး ခံရခြင်း၊ လက်ရှိ ကုန်ဈေးနှုန်းအရ စစ်သည် လစာတစ်ခုနှင့် မလုံလောက်သောကြောင့် ရဲမေမှာလည်း ပြင်ပတွင် အလုပ် လုပ်ရခြင်းအပေါ် နားလည်မှု မပေးဘဲ တပ်လှုပ်ရှားမှုတိုင်းတွင် ပျက်ကွက်သည်နှင့် ဆူပူ ကြိမ်းမောင်းခြင်း၊ လေတပ်စခန်း လှုပ်ရှားမှုသာမက တပ်နယ်/ တိုင်း/ စစ်ဒေသ စသောလှုပ်ရှားမှုများတွင် မိုးမလင်းခင်မှ ညမိုးချုပ်တိုင်အောင် တက်ရောက် စေခြင်းကြောင့် နေ့ ည မိသားစု စားသောက်ရမည့် ထမင်းဟင်းတောင် မချက်နိုင်တော့ဘဲ တမိသားစုလုံး ထမင်း ငတ်ရသောနေ့များ၊ စသော စသော အခြေအနေများသည် အခြေခံဥပဒေ၌ မည်သို့ပင် ဆိုစေကာမူချိုးဖောက်ခံနေရသော နိုင်ငံသားအခွင့်အရေးများ ဖြစ်ပါသည်။

ဒီလိုပါဘဲ.. ဗမာ့ တပ်မတော်အတွင်းမှာလည်းဘဲ မကျေနပ်မှုတွေဟာ ရှိနေပါတယ်.. အားလုံး ဝိုင်းဝန်းပြီး မှန်ကန်တဲ့ ဒီမိုကရေစီ သို့ ပို့ဆောင်သွားကြပါစို့...

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...

W.P Moses

မြစ်ကြီးနားမြို့ အကြောင်း မေးမြန်းချက်

|0 comments
Saturday, December 10, 2011

 ဘယ်သူ့အတွက် တာဝန်ထမ်းဆောင်နေကြတာလဲ..မသိဘူး..

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုလောလော လတ်လတ် ဖြစ်ပျက်ခံစားနေရတဲ့ အကြောင်းကို  မြစ်ကြီးနား မြို့ခံ တစ်ဦးနှင့် မေးမြန်းချက်ပြုလုပ် တင်ပြ လိုက်ပါတယ်။

မေး - ယခု အဲ့ဒီ မြစ်ကြီးနားမြို့ရဲ့ အခြေအနေက ဘယ်လိုလဲ..?

ဖြေ - အင်..သူများတွေ ပြောနေကြတာတော့ ယခုဒီ မြို့အတွင်းမှာ ပိုရှုပ်လာမယ်လို့ ပြောနေ ကြပါတယ်။

မေး - ကျနော်တို့ ကြားနေရတာတော့ ယခုအဲ့ဒီ မြစ်ကြီးနားမြို့အတွင်း လမ်းဆုံ၊ လမ်းခွ လမ်းတိုင်းမှာ သိန်းစိန်အစိုးရ စစ်သားတွေ စောင့်ပြီး ဖြတ်သွားဖြတ်လာ ပြည်သူတွေကို စစ်ဆေးမေးမြန်းပြီး ကောင်းကောင်း မဖြေရင် ရိုက်နှက်ခြင်း၊ ဖမ်းဆီး စစ်ဆေးခြင်း များပြုလုပ်နေတယ်လို့ ကြားတယ်.. အဲ့တာ ဟာ တကယ်ဘဲလား.. ဘယ်လိုအခြေအနေရှိလဲ..?

ဖြေ - ဟုတ်တယ်..ဟုတ်တယ်… မှန်ပါတယ်.. အဲ့ဒီလို လုပ်နေတဲ့ အတွေက်ကြောင့် ပြည်သူ တွေတောင် သွားလာဖို့ ကြောက်နေကြတယ်..။ ပြီးတော့ မြစ်ကြီိးနား လေယာဉ်ဆိပ် သွားတဲ့ လမ်းမှာဆိုရင် မှတ်ပုံတင် ပါတဲ့သူကိုဘဲ ဖြတ်သွားခွင့်ပြုတယ်..။ သွားတဲ့အခါ ယင်းမှတ်ပုံတင်ကို သိမ်းယူထားပြီးမှ အပြန်ကြမှ ပြန်ပေးတယ်… မှတ်တမ်း (Register) လုပ်ရတယ်။

မြစ်ကြီးနားမြို့ တနေရာ..

မေး - တခြားဘာတွေ ဖြစ်နေသေးလဲ..?

ဖြေ - ဘယ်လိုပြောရမလဲ…တောင်မသိတော့ပါဘူး.. ကျမတို့ နေ့တိုင်းတော့ ပုံမှန်အဖြစ်လိုတော့ အသက်ရှင်နေပေမယ့် ဘယ်အချိန်မှာ တခုခု ဖြစ်လာမယ်ဆိုတာကို ပြည်သူတွေရဲ့ စိတ်ထဲမှာ ခံစားနေရပါတယ်.. စိုးရိမ်စိတ်တွေပေါ့..ယခုဆိုရင် လမ်းမပေါ်မှာ ကချင် ဟုတ်တယ်ဆိုပြီးမှ ထင်ထင်ရှားရှား ပေါ်လွင်မယ့် လက္ခဏာနှင့် သွားလာလို့မရတော့ဘူး.. ဥပမာ.. ကချင် ပုဆိုး၊ ကချင်လုံချည် တို့ ဝတ်ပြီး သွားလာလို့မရဘူး.. ကျမတို့ ပြည်သူတွေထဲမှာလည်း လူအမျိုးမျိုးရှိတယ်လေး.. တချို့လူတွေကြတော့ အခွင့်အရေး ယူချင်ကြတဲ့သူတွေအတွက်တော့ ယူလို့ရတယ်လေး..။

မေး - လူအမျိုးမျိုးဆိုတာ ဘာကို ဆိုလိုတာလဲ..?

ဖြေ - ရော…ဗမာတွေလည်း ကျမတို့ ကချင်တွေကို ဘယ်လောက် မုန်းနေမှန်းမှ မသိတာ..။

မြစ်ကြီးနားမြို့မှ သိန်းစိန်သားများ..

မေး - ဗမာဆိုတာ စစ်သားမဟုတ်တဲ့ ဗမာတွေကို ပြောချင်တာလား..?

ဖြေ - အင်းလေ.. ဗမာတွေက အကုန်လုံးနီးပါ.. ဘယ်လောက် မကောင်းကြသလဲ.. ကျမတို့ သိနေတာဘဲ..။

မေး - ညီမလေး က ဘယ်လိုခံစားရတာလဲ..?

ဖြေ - ကျမ တော့ စိုးရိမ်တာပေါ့..။

မေး - ပြီးတော့ ဘာတွေပြောချင်သေးတာလဲ..?

ဖြေ - စစ်ပြေးဒုက္ခသည်တွေကိုလည်း သိန်းစိန်အစိုးရ တို့က မောင်းထုတ်နေတယ်..။ လွန်ခဲ့တဲ့ အချိန်က သိန်းစိန်ဟာ ကျမတို့ ကချင်လူမျိုးတွေကို စံပြ ထားပြီး တိုက်ခိုက်ခြေမှုန်း သွားမယ်လို့ ပြောတယ်..။ သူ (သိန်းစိန်) ဟာ ကျမတို့ ကချင်တွေကို အဲ့ဒီလိုမျိုးပြောစရာလား…။

မှတ်ချက် ။            ။ ဗမာလူမျိုးများ ဆိုသည့် စကားလုံးသည်  ဗမာလူမျိုးများ အားလုံးကို ဆိုလိုချင်း မဟုတ်ပါ ။ သန်းရွေအဖွဲ့ ၊ စစ်တပ်နှင့် ၂၀၀၇ ရွေဝါရောင် ၊ ပြည်တွင်းပြည်ပ မြန်မာလူမျိုးများကို  ရည်ညွန်းချင်း မဟုတ်ပါ ။

အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..

ပြည်သူများရဲ့ ခံစားချက်.. အမြင်တွေကို တတ်နိုင်သမျှ မေးမြန်း တင်ပြသွားပါမယ်..

ပြည်သူတိုင်းလည်း ပေးပို့နိုင်ပါတယ်..

W.P Moses

Friday, December 09, 2011

Kachin IDPs and Refugees Update Situation November - December

|0 comments
Friday, December 9, 2011 Love Peace

Ramma Woi Awn Komiti Ndau Lai Ka

|0 comments
Friday, December 9, 2011

 
W.P Moses

Over 40 trucks carrying Burmese troops

|0 comments
 Friday, December 9, 2011


"Three Burma army columns comprising over 600 soldiers that have been maneuvering in the Sadong and Kambaiti areas [in Kachin State] have been engaged by the KIA. Two of the columns were decimated with hundreds of casualties, and they are now retreating in complete disarray."

............direct quote from Tim Peterson http://www.facebook.com/tcpatterson
Over 40 trucks carrying Burmese troops from lower and central part of
Burma are on their way to the battle fields in the Kachin State. The
convoy is expected to pass through Northern Shan State. Their ETA to
Kutkai is 1:00am in the 10th of December.

W.P Moses (Thanks wizard power)

မြစ်ကြီးနား ကချင်လူငယ် (၂၀) ဦးဖမ်းဆီးခံ၊ မိန်းကလေး (၂) ဦးပါ၊ မဒိန်းကျင့်ခံနေရ

|4 comments
Friday, December 9, 2011

သိန်းစိန်သားတွေ ကချင်အမျိုးသမီးကို မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ပါတယ်.... ဒီလိုဖြစ်ပျက်နေတာဟာ ဘယ်သူ့တာဝန်လဲ... ဘာတွေဖြစ်ပျက်နေပြီလဲ... 

လွန်ခဲ့တဲ့ နိုဝင်ဘလ ၃၀ ရက်ည ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Sweet ဒီဇင်ဘာ ကြိုတဲ့ ကချင် လူငယ် အရောက် (၂၀) ဦးကို စစ်အစိုးရ စစ်တပ် (တပ်အမည်မသိ) တို့မှ ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ထွက်ပြေး လွတ်မြောက်လာတဲ့ မြစ်ကြီးနားမြို့ခံ မောင်ဘရန်အောင် (အသက် ၁၇ နှစ်) ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ဖမ်းဆီးခံရတဲ့ ကချင်လူနယ် (၂၀) ဦးတွင် ကချင် မိန်းကလေး (၂) ဦးလည်း ပါဝင်ကြောင်း၊ ယင်း မိန်းကလေး (၂) ဦးကိုတော့ သိန်းစိန်အစိုးရ စစ်သားများမှ နေ့ည မဒိန်းကျင့်နေကြောင်း “အဲ့ဒီ မိန်းကလေး နှစ်ယောက်ဟာ နေ့တိုင်း ညတိုင်း စစ်သားများရဲ့ မဒိန်းကျင့်ခြင်းကို ခံနေရတယ်။ ကျနော်တို့က စိတ်အရမ်း နာကြည်းပေမယ့် ဘာမှ လုပ်လို့ မရဘူး.. ပါးစပ်တောင် ဟလို့ မရဘူး.. ဗမာစစ်သားတွေက ကျနော်တို့ကို ရိုက်တယ်၊ ကန်တယ်၊ သေနတ်နဲ့ ထုတယ်..။ မိန်းကလေးနှစ်ယောက်က သနားစရာ ခံစား နေရပါတယ်.. ဖြစ်နိုင်ရင် သူတို့ (သိန်းစိန် သားတို့) ထံမှ အမြန်ဆုံး ကယ်ထုတ်နိုင်ရင် ကောင်းတယ်..” ဟု ပြောကြား လာပါတယ်။


ဒီလိုမျိုး အဖြစ်အပျက်တွေက မြစ်ကြီးနား၊ မန်မော် (ဗန်းမော်)၊ ဝိုင်းမော် နယ်မြေတွေနှင့် ကျေးရွာ တော်တော် များများမှာ ဖြစ်ပျက်နေကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ သန့်ရှင်းသော အစိုး ဖြစ်စေရမယ်လို့ ကြွေးကြော်နေတဲ့ သိန်းစိနအစိုးရဟာ တိုင်းရင်းသား နယ်မြေတိုင်းမှာ လူ့အခွင့်အရေးများကို အချိန်ပြည့် ချိုးဖောက်နေတာကို တွေ့မြင်နေရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း စုံစမ်း ကူညီကြရအောင်... ဝိုင်းဝန်းစုံစမ်းပြီး သတင်းများကိုလည်း ပေးပို့ကြပါ...

W.P Moses

Thursday, December 08, 2011

ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ စုစည်းမှု အချို့ (မပြည့်စုံသေးပါ)

|0 comments
Thursday, December 8, 2011


ဇွန်လ ၉ ရက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ  အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီး ဒုတိယပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာမှာ စစ်ပွဲအခြေအနေကို အခုလိုလေ့လာတွေ့ ရှိရပါတယ်။ (တိုက်ပွဲကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မပြည့်စုံသေးတဲ့ စာရင်းဖြစ်ပြီး အချက် အလက် အတော် များများကို မြန်မာစစ်တပ် သတင်းရင်းမြစ်တွေနဲ့ ကချင် သတင်းရင်းမြစ်တွေ တိုက်ဆိုင် စစ်ဆေး အတည်ပြုထားပါ တယ်။ ၂ ယောက် ၃ ယောက်သေတဲ့ တိုက်ပွဲကလေးတွေ ထည့်မထားပါ။)

ဇွန် ၁၇ ရက်က မိုးညှင်းမြို့နယ် ဆင်ဘိုတိုက်ပွဲမှာ ခလရ ၁၄၁ က ၁၇ ယောက်ကျခဲ့တယ်။ ဇူလိုင်၂ ရက်က မိုးညှင်း မြို့နယ်ထဲ တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၁၀ ယောက်ကျခဲ့တယ်။ ဇူလိုင် ၁၆-၁၈ ရက်က လဂျား ယန်မြို့နယ် ခါ့ယာရွာအနီး ၃ ရက်ကြာတိုက်ပွဲမှာ ခလရ ၂၁ က ၂၅ သေ၊ ၂၄ ဒဏ်ရာ၊ ၁၁ စစ်သုံ့ပန်းမိခံရပြီး ၃၄ လက် ဆုံးခဲ့တယ်။ ဇူလိုင် ၂၆ ရက်က ကာမိုင်းတိုက်ပွဲမှာ ခလရ ၁၀၅ က ၁၆ ယောက် သေကြေဒဏ်ရာ ရခဲ့တယ်။

သြဂုတ် ၂၈-၂၉ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၇ ယောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၄-၁၆ ရက်များက ၃ ရက်ကြာ နမ်စန်ပတိုက်ပွဲမှာ ခလရ ၃၇ နဲ့ ခမရ ၄၃၈ က အယောက် ၄၀ လောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၈ ရက် မုံးကိုး တိုက်ပွဲမှာ ခလရ ၃၆ နဲ့ ခလရ ၂၉၀ က ၇ ယောက်ကျသွားတယ်။ စက်တင်ဘာ ၂၁ ရက် မှာ မူဆယ်မြို့နယ် ရွှေပြည်သစ်ရဲဘက်စခန်းကို ဝင်စီးပြီး ရဲ ၈ ယောက်ဖမ်း၊ အကျဉ်းသား ၅၂ ယောက်ကို လွှတ်ပေး လိုက်တယ်။ ကွတ်ခိုင်နယ်မှာ စက်တင်ဘာ ၂၄-၃၀ ရက်ထိ ၆ ရက်ကြာ တပ်မဟာ ၄ စခန်းသိမ်း စစ်ဆင် ရေးအတွင်း ကြံ့ဖွတ်စစ်သား ၁၅၀ လောက်ထိခဲ့တယ်။

အောက်တိုဘာ ၄ ရက် ဆင်ဘို ဂျာအိန်ယန်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၄၀ လောက်ထိခဲ့တယ်။ အောက်တိုဘာ ၁၃ ရက်က မိုးမောက်မြို့နယ်တွင်း တိုက်ပွဲတပွဲမှာ ခလရ ၄၇ က ၇ ယောက်ကျသွားတယ်။ အောက်တိုဘာ ၁၂-၁၆ ရက် ဝိုင်းမော်မြို့နယ် ဂါရားယန်မှာ ၅ ရက်ကြာတိုက်ပွဲအတွင်း ကြံ့ဖွတ်စစ်သား ၃၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၆ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မြစ်ကြီးနားမြို့ နယ် ဖရော်ရွာတိုက်ပွဲမှာ အစိုးရတပ် ၁၂ ယောက်ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မန်စီ-မိုင်းခေါင်လမ်း မိုင်း စစ်ဆင်ရေးမှာ ခလရ ၄၇ က ၈ ယောက်ကျခဲ့ တယ်။ အောက်တိုဘာ ၂၇ ရက် ဂျအင်းယန်တိုက်ပွဲမှာ ဗမာစစ်တပ်က ၁၆ ယောက်ကျပြီး ၂၃ ယောက်ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာ ၂၆ ရက် စွမ်ပရာဘွမ်လမ်း ဒရူခတံတားစောင့်စခန်း ကိုစီးတာ ခလရ ၁၃၈ က ၉ ယောက်ကျသွားတယ်။


နိုဝင်ဘာ ၁ ရက် မိုးမောက်မြို့နယ် ခဝန်ဘန်တိုက်ပွဲမှာ ဗမာတပ်က ၁၀ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၂ ရက် ဝိုင်း မော်မြို့နယ် ဂါးရာယန်တိုက်ပွဲမှာ ခလရ ၅၈ နဲ့ ခမရ ၃၉၀ က ၁၆ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၆ ရက် မန်ဝိန်း-ကိုင် ထိပ်လမ်း တိုက်ပွဲမှာ ခမရ ၅၀၄ နဲ့ ၅၀၅ က ၇ ယောက်ကျ သွားတယ်။ နိုဝင်ဘာ ၁၁ ရက် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ တပွဲမှာ ဗမာစစ်သား ၁၂ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်တပ်ဘွမ် တောင်ကြော တိုက်ပွဲ မှာ ကြံ့ဖွတ်အစိုးရတပ်မ ၈၈ က အနည်းဆုံး ၃၇ ယောက် သေပြီး ရာနဲ့ချီဒဏ်ရာရခဲ့တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုင်ထိပ်စခန်းက ထွက်လာတဲ့ ကြံ့ဖွတ်တပ်ကို ခြုံခိုတိုက် လို့ ၂၀ ကျော်ကျသွားတယ်။ နမ်းခမ်း-မံဝိန်းလမ်းမှာလဲ ပဒေသာမိုင်းစစ်ဆင်ရေး ကြောင့် ၁၀ ယောက်ကျော်ကျ သွားခဲ့တယ်။

ဒီဇင်ဘာ ၅ ရက်၊ တနင်္လာနေ့ မနက်အစောပိုင်း ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မုန်းကိုမြို့မှ မြန်မာအစိုးရ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ၀င်စီးခဲ့ရာ ခလရ (၁၂၉) မှ စစ်သားများနှင့် ရဲ စစ်သား စုစုပေါင်း ၁၈ ဦး ကျဆုံးခဲ့တယ်။

ဒီဇင်ဘာ ၇ ရက် မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ်အတွင်း မနက် ၈ နာရီမှ ညနေ ၆ နာရီ တစ်နေကုန်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား ၃၀ ကျော်ကျဆုံးသွားတယ်။

အပေါ်က စာရင်းအရ သိန်းစိန် အစိုးရ စစ်သားများ ကျဆုံး မှုမှာ အနည်း ဆုံး (၅၉၉) ယောက်ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းဆုံး (၁၄၇) ဦး ရှိခဲ့တယ်။ စစ်သုံ့ပန်းအဖြစ် အနည်း ဆုံး (၁၉) ဦး ရှိခဲ့တယ်။ ကေအိုင်အေမှ လွတ်လိုက်တဲ့ အကျဉ်းသား (၅၂) ဦး ရှိခဲ့တယ်။ သေနတ် မျိုးစုံ အနည်းဆုံး (၃၄) လက် သိမ်းဆည်းခဲ့တယ်။

ဒါ့အပြင် အခု ကေအိုင်အေလက်ထဲ သုံ့ပန်းမိထားတာ ဗိုလ်မှူး ဗိုလ်ကြီးစတဲ့ အရာရှိတွေ တော်တော် များနေပါပြီ။

ကေအိုင်အေကတော့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးအတွက် ပင်လုံအလံတော်ကို စွဲစွဲမြဲမြဲနဲ့ အမြင့်မားဆုံးလွှင့်ထူ နေပါတယ်။

ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေ တွေကို ကျူးကျော်သိမ်းပိုက်တပ်စွဲထားပုံကို အခုလို တွေ့နိုင်ပါတယ်။ (မပြည့်စုံသေးတဲ့ စာရင်းဖြစ်လို့ လက်တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ဖို့ မရှိပါ။)

ကချင်ပြည်နယ်မှာ ၁၉၆၂ ခု ဝန်းကျင်က ခြေလျင်တပ်ရင်း (၉) ရင်းလောက်ဘဲ ရှိခဲ့ရာက အခုဆိုရင် မပခ လက်အောက် ခံ (၂၁) ရင်း၊ ဒကစ (တနိုင်း) လက်အောက်ခံ (၅) ရင်း၊ စကခ-၃ လက်အောက်ခံ (၁၀) ရင်း၊ စကခ-၂၁ လက် အောက်ခံ (၈) ရင်း စုစုပေါင်း ခြေလျင်/ခြေမြန် တပ်ရင်း (၄၄) ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံ အမြောက်တပ် (၁၀) ရင်း၊ သစခ-၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကား တပ်ရင်း (၃) ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း (၇) ရင်းနဲ့ မြစ်ကြီးနား လေတပ် စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။

ကေအိုင်အေဘက်မှ ထိခိုက် ကျဆုံးမှုကိုလည်း ဆက်လက် စုစည်း တင်ပြသွားမည် ဖြစ်ပါတယ်..။

W.P Moses

ဒီဇင်ဘာလ ၆ ရက်ည တိုက်ပွဲရဲ့ နောက်ဆုံးရ သတင်း

|0 comments
 Thursday, December 8, 2011

ဒီဇင်ဘာလ ၆ ရက်နေ့ည  ဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား အနီး နမ်ဂျင် တိုက်ပွဲမှာ စစ်တပ်ဘက်မှ ၃ ဦး ကျတယ်လို့ ကြားတယ်...သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြစ်ကြီးနား မြောက်ဘက် (၈) မိုင်အကွာ ပလနကျေးရွာ နယ်မြေခံ ခလရ (၂၉) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

သိန်းစိန်ရဲ့ ကေအိုင်အေအပေါ် ထားရှိတဲ့ စိတ်သဘောထား

|0 comments
 Thursday, December 8, 2011

 အာဆီယံ အစည်းအဝေးမှ သိန်းစိန်

သမ္မတ သိန်းစိန်ဟာ အာဆီယံ အစည်းအဝေးမှာ ပြောခဲ့တဲ့ စကားအရ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကို စံပြ အဖြစ် ရှေ့ဆက် ချေမှုန်းသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

သိန်းစိန် အစိုးရဟာ ကချင်တိုင်းရင်းသား မျိုးနွယ်စု ဖြစ်တဲ့ လီဆူး နှင့် ရဝမ် တို့ကို ကချင်ပြည်နယ် ပူတာအို မှာသွားရောက်တွေ့ဆုံပြီး သွေးခွဲ စည်းရုံးခဲ့တယ်။


သိန်းစိန်ဟာ သူ ဝန်ကြီးဘဝတုန်းကပင် ကေအိုင်အေကို ချေမှုန်းဖို့ စိတ်အား ထက်သန်နေသူဖြစ်သည့် အားလျော်စွာ သူကိုယ်တိုင် ကေအိုင်အေကို ချေမှုန်းဖို့ ကြွှေးကြော်ခဲ့သူဖြစ်တယ်။

နိုဝင်ဘာလ ၁၉၊ ၂၀ ရက်မှာ ထိုင်းနိုင်ငံတွင် ကေအိုင်အေအဖွဲ့နှင့် သိန်းစိန်ကိုယ်စားလှယ်များ တွေ့စုံဆွေးနွေးပွဲတွင် မီးရထားဝန်ကြီး ပြောခဲ့တာ “သမ္မတ သိန်းစိန်ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ အသေးစိတ်ကို မသိရှိကြောင်း” ပြောကြားခဲ့တယ်။

ဒါတွေကို သုံးသပ်ခြင်းအားဖြင့် သိန်းစိန်အစိုးရဟာ အမှန်တကယ် ငြိမ်းချမ်းရေးဆိုပြီး ဖော်ဆောင် နေတာဟာ သံသယ ဝင်စရာနှင့် စဉ်းစားစရာ အများကြီး ဖြစ်နေပါတယ်။

ယခုလို ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သိန်းစိန်အစိုးရ စစ်တပ် စစ်အင်အား အဆမတန်တိုးချဲ့ ထိုးစစ်ဆင်နေပြီး ပြည်သူတွေ မြောက်များစွာဟာ ဆင်းရဲ ဒုက္ခများစွာနဲ့ ကြုံတွေ့ နေရတာတောင် သမ္မတ သိန်းစိန် အနေနဲ့ ကချင်ပြည်နယ် ပဋိပက္ခကို မသိရှိကြောင်း ပြောဆိုတာဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ယခုဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တိုက်ပွဲ ဖြစ်ပွားလာနေပါပြီ..။ ကျနော်တို့ အမြင်အရဆိုရင် ကေအိုင်အေဟာ ကျိုးကြော်သူ မဟုတ်ဘဲ သိန်းစိန်အစိုးရသာလျှင် ကြိုးကျော် လာသူဖြစ်တယ်။ အဲ့တာကြောင့် တိုက်ပွဲများ၊ ပြည်တွင်းစစ်ဟာ  ဆက်ဖြစ်နေတာ ဖြစ်တယ်။ ကေအိုင်အေဟာ ကိုယ့်နယ်မြေနှင့် ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်တယ်။

W.P Moses

Wednesday, December 07, 2011

မြစ်ကြီးနားမြို့ ပြည်သူများရဲ့ အခြေအနေမှန်များ

|2 comments
Wednesday, December 7, 2011
Kachin Independence Army

ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ နမ်ဂျင်ရွာ သွားရာလမ်းတွင် ကေအိုင်အေ တပ်များနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီမနက်ထိ သေနတ်သံများ ကြားနေရသေးကြောင်း သိရှိရပါတယ်။ တိုက်ပွဲ အခြေအနေ များကို ဆက်လက် စုံစမ်းနေပါတယ်။

သိန်းစိန်အစိုးရ စစ်တပ်ရဲ့ လှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းတွင် ပြည်သူတွေဟာ ကြောက်စိတ်များ ဖုံးလွှမ်းလျက် ရှိနေကြောင်း မြစ်ကြီးနား မြို့ခံ တစ်ဦးမှ ရင်ဖွင့် ပြောဆိုလာပါတယ်။


“ယခုချိန်တွင် ကျနော်တို့ မြစ်ကြီးနားမြို့မှာ အရမ်းခက်ခဲနေပါပြီ..။ ည နေ ၆း၀၀ ဆိုရင် ဘယ်သူမှ အပြင် ထွက်လို့ မရတော့ဘူး..။ တမြို့လုံး သိန်းစိန် သားတွေကြီးဘဲ စောင့်နေကြတယ်။ ပြီးတော့ ဖြတ်သွားဖြတ်လာ အားလုံးကိုလည်း မေးမြန်း စစ်ဆေး၊ ကောင်းကောင်းမပြောရင် ရိုက်နှက်တယ်၊ ပါးရိုက်တယ်၊ အမျိုးမျိုး လုပ်နေကြတယ်။ ဒီမှာနေဖို့တောင် တော်တော်ကြောက်လာပြီ..။ လမ်းမှာ စစ်အစိုးရ စစ်သားတွေ မေးမြန်တာလဲ တစ်နေရာ နှစ်နေရာ ဘဲ မဟုတ်ဘူး.. လမ်းစုံ၊ လမ်းခွ၊ လမ်းမ အားလုံးမှာ စစ်ဆေးမေးမြန်း နေကြတယ်။” ဟု ယခု မြစ်ကြီးနား မြို့တွင်းမှာ ပြည်သူများ ဖြစ်ပျက် ခံစား နေကြရတဲ့ အကြောင်း ပြောပြလာပါတယ်။

တဆက်တည်းမှာဘဲ..“ ဒီဇင်ဘာလ (၃) ရက်နေ့ ည ၈း၀၀ နာရီ ဝန်းကျင်မှာလည်း ဖြတ်သွားဖြတ်လာ ပြည်သူများကို သိန်းစိန် စစ်အစိုးရ စစ်သားများက မေးမြန်း စစ်ဆေးပြီး ကြောက်၍ ကောင်းကောင်း မပြောနိုင်တဲ့ သူတွေကို ရိုက်နှက် နေကြတာကို တွေ့တယ်..။ ပြီးတော့  ဒီဇင်ဘာလ (၂) ရက်နေ့ မှာတော့ ညနေ ၄း၃၀ နာရီ နောက်ပိုင်း အပြင်မထွက်ရ၊ ထွက်တဲ့သူတွေ အားလုံးကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ကြေငြာနေတယ်၊ သူတို့ (သိန်းစိန် စစ်အစိုးရ) ဘာတွေ အကြံရှိ၊ ဘာတွေ လုပ်ချင်နေကြတယ် ဆိုတာတော့ မသိဘူး..။ ဒီလိုဖြစ်ပျက်နေလို့ ကျနော်တို့ ပြည်သူတွေလည်း အရမ်းစိုးရိမ်ပြီး ကြောက်လန့် နေကြတယ်။ သူတို့ (စစ်အစိုးရ စစ်တပ်) ပြောသလို မလုပ်ရင်၊ မလိုက်နာရင် ပေါ်တာ အဖြစ် ဖမ်းဆီးပြီး ရှေ့တန်းသို့ အတင်း ပို့ဆောင်နေတော့ ပြည်သူတွေက အရမ်း စိုးရိမ် စိတ်တွေနဲ့ အသက်ရှင်နေရတယ်။” ဟု ပြောကြားလာပါတယ်။

မြစ်ကြီးနားမြို့

“ပြီးတော့ လူတွေ များတဲ့နေရာတွေမှာ မသွားရဲကြတော့ဘူး..။ တခုခုဆိုရင် ဗုံးပေါက်မှာကို အရမ်း စိုးရိမ် နေကြပါတယ်။ ဒီ “ဗုံး” အိပ်မက်ဆိုးဟာ ကချင်ပြည်သူတွေအပေါ်မှာ တော်တော်လွှမ်းမိုး နေပါတယ်။ ည ဆိုရင်လည်း စစ်အစိုးရ စစ်သားတို့က အိမ်တစ်အိမ်မှာ ဘူဘယ်နှစ်ယောက်ရှိသလဲ.. သူတို့မှာ ရှိတဲ့ စာရင်းအတိုင်း မကိုက်ညီဘဲ ပိုနေတဲ့ အိမ်သားဘဲ ဖြစ်ဖြစ်၊ စစ်ပြေးဒုက္ခသည်ဘဲ ဖြစ်ဖြစ် ဖမ်းဆီးပြီး မေးမြန်းစစ်ဆေး၊ သူတို့ လိုချင်တဲ့ အတိုင်းမဟုတ်ရင်တော့ ညှင်းပန်းနှပ်စက် အမျိုးမျိုး လုပ်နေကြပါတယ်ကွာ..။ ကျနော်တောင်မှ မပြောပြတတ်တော့ဘူး…။ ဒီလို အဖြစ်များကို ကိုယ်တိုင် ခံစားဖူးသူတို့က ကောင်းကောင်းသိမှာပါ..။” ဟု ယခု လောလော လတ်လတ် မြစ်ကြီးနားမြို့တွင်းမှာ ဖြစ်ပျက် ခံစားနေရတဲ့ အခြေအနေများကို ရင်ဖွင့် ပြောပြလာပါတယ်။


W.P Moses

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထူးခြားသော အဝါရောင် အမှုန့်

|0 comments
Wednesday, December 7, 2011

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန် ကျေးရွာ အနှံ့တွင်
ဒီဇင်ဘာ ၆ ရက် နေ့က ထူးခြားသော အဝါရောင်အမှုန့်များ ကျရောက်လျက်က် ရှိကြောင်း
သိရပါတယ်။ ၎င်းထူးခြားသော အမှုန့်ကို ကိုယ်တိုင် ကိုင်တွယ် လေ့လာ၍
ကွတ်ခိုင်မြို့သို့ ယူဆောင်လာသူ တစ်ဦးမှ "ဒီအမှုန့်တွေက တစ်ရွာလုံး လိုလိုကို ပြန့်နေတာ။ အိမ် ခေါင်မိုး တွေမှာရော၊ စိုက်ခင်းတွေမှာရော အနှံ့ပဲ။ အဝါရောင် သဘောင်္ဆေး ဖျန်းထား သလိုဘဲ။ လေယဉ်နဲ့ ဖြန်းထားတာလို့ ထင်တာဘဲ။ လူတချို့ကတော့ ဘိန်းခင်းတွေကို ဖျန်းတာလို့ ပြောတာဘဲ။ ဒါပေမဲ့ ဒီနယ်တဝိုက်မှာ ဘိန်းခင်းနဲ့ တူတာဆိုလို့ ဘာမှ စိုက်စားလို့ မရတဲ့ မြက်ခင်းပြင်တွေပဲရှိတာ။ ရွာထဲမှာဆိုတော့ ပိုတောင် မဖြစ်နိုင်သေးဘူး" လို့ ထင်မြင်ချက်ကို ပြောပြ သွားပါတယ်။

ဒီလို ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၀ ၊ ၂၁၊ ၂၂၊ မှာ  ကချင်ပြည်နယ် မိုင်ဂျာယာန် မှာသော်လည်းကောင်း၊ နိုဝင်ဘာ ၂၅၊ ၂၆ မှာ မြစ်ကြီးနား နေရာတချို့ မှာသော်လည်းကောင်း ဖြစ်ပွား ခဲ့ဖူးပါတယ်။ ပုံကို ဒီမှာ ပြန်လည်ကြည့်ရှုလို့ရပါတယ်။ မည်သို့သော ဂုဏ်သတ္တိတွေ ရှိကြောင်းကိုတော့ အခုထက်ထိ မသိရှိရ သေးပါဘူး။

 သတင်းများကို အမြန်ဆုံး ပေးပို့ကြပါ... ဝိုင်းဝန်းလုပ်ဆောင်သွားကြရအောင်...

W.P Moses (ကို Wizardpower ကိုကျေးဇူးတင်ပါတယ်)

မြေစာမြက်ကလေးများ...

|1 comments
Wednesday, December 7, 2011

“အနူး. အိမ်ပြန်ချင်တယ်.. ဒီမှာ မနေချင်ဘူး။ ပြန်ရအောင်… ကျွန်တော် ကျောင်းမတက်ရတာလည်း ကြာပြီ။ စာမေးပွဲလည်း ဖြေရဦးမှာ။ ကျောင်းမတက်ရင် စာမေးပွဲ မဖြေရဘဲ နေတော့မယ်”

ကလေးအငယ်ကောင်ကို ပွေ့ကာ နို့တိုက်နေသည့် မထုဘူမှာ မသိသားဆိုးဝါးစွာဖြင့် ဘေးနားကနေ တစ်တွတ်တွတ်နှင့် ဂျီတိုက်နေသည့် သားအကြီးကောင် ဂမ်ရှောင်ကို စိတ်မရှည်စွာ မျက်မှောင်ကုတ်ပြီး ကြည့်နေမိရင်း သူ့ခေါင်းကို လက်သီးဖြင့်ထုတော့မည်ဟန်ပြင်လိုက်ပြီးမှ သတိဝင်လာကာ လက်ကို ပြန်ရုတ်လိုက်ရသည်။ “အင်းလေ ကလေးက ဘယ်နားလည်ပါ့မလဲ.. သူဖြစ်ချင်တာသာ သိသည်ဘဲလေ” ဟု ပြန်တွေးမိသောကြောင့် ဖြစ်လေသည်။ “နောက်တော့ ပြန်ရမှာပေါ့. အခုတော့ ဘယ်လိုပြန်လို့ ဖြစ်မှာလဲ။ အနူးတို့ ရွာတွေဘက်မှာ စစ်ဖြစ်နေတယ်လေ။ ပြန်သွားရင် အနူးတို့ ဒုက္ခရောက် ကုန်မှာပေါ့၊” ဟုသာ ဂမ်ရှောင်ကို ပြန်ပြောလိုက်သည်။

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက သူ့သူငယ်ချင်းများ ဆော့ကစားနေသော နေရာကို ထထွက်သွားတော့သည်။



ဂမ်ရှောင်နှင့် ကလေးများ ဆော့ကစားနေကြသည်ကို ငေးကြည့်ရင်း မထုဘူတစ်ယောက် ဝမ်းနည်းနေမိသည်။ လူပေါင်း ၅၀၀ခန့် ခိုလှုံနေထိုင်နေရသော ဒီနေရာကို ရောက်နေသည်မှာ တစ်လခန့် ရှိနေပြီ။ မထုဘူတို့ သားအမိနှင့်အတူ ရွာကိုစွန့်ပစ်ပြီး ထွက်ပြေးလာသူများမှာ မထုဘူတို့ တစ်ရွာလုံးသာမက ထိုအနီးနားရှိ အခြားသော ရွာက လူတွေပါ ဒီနေရာလေးကို ရောက်လာကြသောအခါ သူမတို့ ခိုလှုံနေရသော ဂိုဒေါင်ကြီးတစ်ခုလုံးမှာ နောက်ထပ် လူအတွက် နေရာပင် မရှိတော့အောင် ပြည့်ကြပ် ညှပ်လို့ နေလေတော့သည်။ သူမတို့ဒီနေရာရောက်အောင် ရွာထဲမှ မိသားစုများ အားလုံး အထုပ်အပိုးများ ကိုယ်စီလွယ်ပိုးကာ ၂ရက်တိတိ လမ်းလျှောက်လာခဲ့ရသည်။ မြစ်ကြီးနားတွင် အမျိုးများရှိသော်လည်း သွားဖို့ရန် လမ်းခရီး ဝေးကွာလွန်းသည့် အပြင် လမ်းတစ်လျောက် စစ်ပွဲများဖြစ်နေသည့်အတွက် နယ်စပ်ဖက်သို့သာ တောလမ်း အသွယ်သွယ် ရှောင်ကာ ကွင်းကာဖြင့်  ရောက်လာကြရသည်။


ဆန်မှအစ အိမ်တွင်ရှိသည့် စားသောက်စရာ အချို့နှင့် ၊ အဝတ်အထည်၊ စောင်အိပ်ရာခင်း စသည်တို့ကို ကလေးများပင် မကျန်နိုင်သလောက် သယ်ပိုး  ယူဆောင်လာကြသော်လည်း ရက်ကြာလာသည့်အခါ စားစရာဆန်မှာ လျော့နည်းလာကာ မရှိသလောက် ဖြစ်လာသည်။ အဆိုးဆုံးမှာ အိပ်ရာခင်း၊ စောင် စသည်တို့မှာ ထူထူထဲထဲ သယ်မလာနိုင်သည့်အတွက် ဒီဇင်ဘာလ၏ ဆောင်းရာသီကို အံတုဖို့ ခက်ခဲလွန်းလှသည်။ ဂိုဒေါင်တွင်းရှိ ကွန်ကရိခင်းထားသော ကြမ်းပြင်သည် အိပ်ရာခင်း ပါးပါးလေးသာ ခင်းထားနိုင်သောကြောင့် ညအချိန်တွင် ကျောပြင်တစ်လျှောက် ရေခဲတမျှ အေးခဲနေစေတော့သည်။

ပါလာသည့် စောင်ပါးကလေးနှစ်ထည်မှာ   ဘယ်လိုမှ အချမ်းမပြေနိုင်သော်လည်း ကလေးတွေကို ဦးစားပေးကာ ခြုံစေရသည်။ ဂိုဒေါင် အမိုးပေါ်တွင် ဖောက်ဖောက် မြည်အောင် ကျဆင်းနေသော ဒီဇင်ဘာည၏ နှင်းတို့ကလည်း စစ်ကြောင့် ထွက်ပြေး ပုန်းရှောင်လာရသူ များကို အညှာ အတာမဲ့စွာ နှိပ်စက်နေလေသည်။ ထိုအချိန်များတွင် အေးလွန်း၍ အိပ်မရသော လူကြီးတစ်ချို့ အပြင်တွင် မီးပုံကြီးဖိုကာ ငုတ်တုတ် ထိုင်နေကြရသောကြောင့် မထုဘူပါ မီးပုံဘေး သွားသွားထိုင်နေရသည်မှာ အမြဲလိုလိုပင်။ တဖြေးဖြေး ပိုပိုချမ်းလာသော တောင်ပေါ်ဒေသ၏ ဒီဇင်ဘာဆောင်းကို အံတုဖို့ရာက စောင်များများ မပါလာသော သူများအတွက် အခက်တွေ့ရတော့သည်။ မီးပုံဘေးတွင် ထိုင်သာ နေနေရသော်လည်း အဆက်မပြတ် ကျဆင်းလာသော နှင်းများကြောင့် ခေါင်းပေါ်တွင် ရွှဲရွှဲစိုနေလေတော့သည်သာ။


စစ်ပွဲ သတင်းများကြောင့်  ရွာကလေးဆီမှာ အလျင်စလို ထွက်ပြေးလာရသည့်အခါ အခြား အရေးကြီးသော ဆန်နှင့် ရိက္ခာများ ဦးစားပေး သယ်လာရသဖြင့် စောင်များများနှင့် အဝတ်အထည်များများ သယ်ဖို့ မဖြစ်နိုင်ခဲ့သဖြင့် နိုင်သလောက်သာ နောက်လွယ်( ပလိုင်းများ) ဖြင့် သယ်ယူလာကြရသည်။ ကလေးများပင် အထုပ်အပိုးနှင့် တစ်နိုင်သယ်ကာ ၂ရက်ခရီးကို လမ်းလျှောက်ရင်း စစ်မြေပြင်ဖြစ်လာမည့် လမ်းကြောင်း တစ်လျှောက် ရှိနေသော ရွာများမှ ထွက်ပြေးလာခဲ့ရသည်။ တစ်လနီးပါးကြာလာတော့ ခိုလှုံနေသည့် ဂိုဒေါင်ကြီးနှင့် ၈မိုင်ခန့် ဝေးသော ရွာကလေးဆီ လိုအပ်တာ လေးတွေကို သွားသွား ဝယ်ရသည်မှာလည်း ပါလာသည့် ငွေစအနည်းငယ်လေးမှာ ကုန်သလောက်ရှိလေပြီ။ ဂိုဒေါင်တွင် နေရာ မရှိတော့သည့်အတွက် တောင်စောင်းတစ်လျှောက် တဲထိုးကာ နေကြရသူများလည်း ရှိသေးသည်။ ထိုအထဲတွင် မထုဘူ ညီမတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။



ဒီကာလအတွင်းမှာ မထုဘူအတွက် စိတ်မကောင်းအဖြစ်ရဆုံးမှာ ဂမ်ရှောင်လေး ကျောင်းမတက်ရတော့ တာဘဲ ဖြစ်သည်။ သူမတို့ ငယ်ငယ်တုန်းက ယခု နေထိုင်သည့် ရွာတစ်ဝိုက်သည်လည်း စစ် မကြာခန ဖြစ်တတ်သည့် နယ်မြေ ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲခဲ့သည့် အတွက် ထိုအချိန်တုန်းက ရွာတွင် ကျောင်းပင်မရှိခဲ့ပါ။ သည့်အတွက် မထုဘူမှာ ယခုအရွယ်သာ ရောက်သည် စာတစ်လုံးမှ မဖတ်တတ်ခဲ့ပါသည်။ တောင်ယာလုပ်၊ ဝက်မွေး၊ တောတောင်ထဲ ဟင်းသီးဟင်းရွက်ရှာ ဘဝဖြင့် ကြီးပြင်းလာခဲ့ရသည်။ မြစ်ကြီးနားတွင် ရှိနေသော မထုဘူတို့ အမျိုးတစ်ချို့မှာ ပညာတတ် သူများ ဖြစ်ကြပါသည်။ မြစ်ကြီးနားမြို့ကို အလည်သွားသည့် အခါတိုင်း မြို့ ပေါ် မှာ ကောင်းကောင်း မွန်မွန် နေနေရသော ပညာတတ်သည့် သူ့အမျိုးများကို အားကျမိ သည်။ မြစ်ကြီးနား ကို ပြောင်းလာဖို့ အမျိုးများက အကြံပေးကြသော်လည်း တစ်သက်လုံး တောရွာ ကလေးတွင် ကြီးပြင်းလာသော သူမအနေဖြင့် မြို့ပေါ်မှာ မလုပ်ကိုင် မစားတတ် ဖြစ် မည်ကို ကြောက်ရွံ့ မိသဖြင့် မပြောင်းဖြစ်ခဲ့ပါ။


မထုဘူ၏ မျှော်လင့်ချက်မှာ ဂမ်ရှောင်ဖြစ်သည်။ သားကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ သူမ ငယ်ငယ်က မသင်ခဲ့ရသော ပညာများကို သင်စေချင်သည်။ သားများကို ပညာတတ်ပြီး မြို့ပေါ်မှာ နေထိုင် အခြေချစေချင်မိသည်။ ထို့ကြောင့်လည်း ဂမ်ရှောင် ဒီနှစ် ၄တန်းအောင်ပြီးလျှင် မြစ်ကြီးနားရှိ အဒေါ် တစ်ယောက် အိမ်တွင် ပို့ထားပြီး ကျောင်းကို တက်စေဖို့ ရည်မှန်းထားမိသည်။ ဂမ်ရှောင်လေး မှာလည်း ကျောင်းတက်ရသည်ကို အလွန်ပျော်သည့်ကလေးဖြစ်သည်။ အခြားကလေးငယ်များလို မိဘက တောင်ယာသွား၊ စိုက်ခင်းသွားသည်ကို လိုက်ချင်သည့် ကလေးမျိုး မဟုတ်၊ ချောင်းရေထဲမှာ ဖားရှာ၊ ငါးရှာ ပျော်သည်မျိုး မဟုတ်ဘဲ ကျောင်းသွားဖို့ကိုသာ အင်မတန် စိတ်ပြင်းပြသူ ဖြစ် သည်။ ကျောင်းက သင်ပေးလိုက်သည့် စာကိုလည်း စိတ်ဝင်တစား သင်ယူတတ်သဖြင့် ဂမ်ရှောင်လေးမှာ တစ်နေ့တော့ ဘွဲ့ရ ပညာတတ်ကြီးဖြစ်ဖို့ မထုဘူအတွက်  အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်နေတော့သည်။

သို့သော် ယခုဖြစ်နေသော စစ်ပွဲများကြောင့် ဂမ်ရှောင်တို့ ကျောင်းမတက်ရသည်မှာ တစ်လကျော်လာပြီ။ ဘယ်ချိန်ပြီးဆုံးမည် မသိသော စစ်ပွဲသတင်းကို စောင့်မျှော်နေရသည်မှာလည်း မောလှပြီဖြစ်သည်။ ရွာမှ ဆရာမများသည်ပင်လျှင် အစောကတည်းက မြို့ပေါ်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ စစ်ဖြစ်ချိန် ရှည်ကြာပြီး ကျောင်း မတက်လိုက်ရလျှင် စာမေးပွဲလည်း ဖြေဖို့ မဖြစ်နိုင်တော့မည် ဖြစ်သည့်အတွက် ဂမ်ရှောင်နှင့်အတူ အခြားသော ကျောင်းသားအရွယ် ကလေးငယ်များအတွက် မထုဘူ ရင်လေးမိသည်။ သူမ ငယ်စဉ်တုန်းကလို ပညာမသင်ခဲ့ရသည့် အဖြစ်မျိုးကို ခုခေတ် ကလေးငယ်တွေ မကြုံတွေ့စေချင်ပါ။ စစ်ပွဲများ မရှိသည်မှာ နှစ် နှစ်ဆယ်နီးပါး ရှိလာပြီးကာမှ အခုတစ်ဖန် မထုဘူတို့ ငယ်တုန်းကလို စစ်ပွဲများ ပြန်ဖြစ်လာသည့်အတွက် ပြေးရ လွှားရ ဘဝကို စိတ်ဆင်းရဲမိရပါသည်။ အထူးသဖြင့်တော့ အရွယ်မရောက်သေးသည့် ကလေးငယ်များအတွက် ပို၍ စိတ်ပူပန်မိပါသည်။

လွန်ခဲ့သည့် သုံးရက်ကပင် မထုဘူ ယောင်္ကျား ကိုဘရန်အောင်နှင့်အတူ အခြားသော ရွာသား ၅ယောက်ခန့်က ရွာဘက်က အခြေအနေကို သွားကြည့်မည်ဟု ဆိုကာ ထွက်သွားကြသည်မှာ ခုထိ ပြန်မရောက်ကြသေးပါ။ အခြေအနေ ကောင်းပြီဆိုလျှင်တော့ ရွာပြန်ကြမည်ဖြစ်ပြီး မကောင်းသေးပါက ရွာထဲသို့ ဝင်လို့ရလျှင် အိမ်တွင် ကျန်ရှိနေသော ရိက္ခာများကို ရသလောက် သယ်ယူ လာကြမည်ဟု ပြောသွားကြသည်။ မထုဘူ အနေနှင့်မူ အိမ်ပြန်ရဖို့ကို မျှော်လင့်မိပါသည်။ ထိုအခါတွင်တော့ ဂမ်ရှောင်နှင့်အတူ အခြားသော ကလေးငယ်များလည်း ကျောင်း ပြန်တက်နိုင် မည်၊ ပြီးတော့လည်း အစားဆင်းရဲ အနေဆင်းရဲလှသော ဒီနေရာကနေ ထွက်ခွာပြီး မိမိ အိမ်မှာ ကောင်းကောင်း မွန်မွန် အိပ်စက် နားခိုနိုင်မည်။ ရွာက အိမ်ကလေးတွင် ကောက်ရိုးလေးခင်းပြီး အိပ်ရသည်မှာ ကောင်းလှသည် မထင်ခဲ့သော်လည်း ခုချိန်မှာ ထိုကောက်ရိုးခင်း အိပ်ရာလေးကိုပင် တမ်းတမိတော့သည်။


အတွေးနယ်ထဲမှာ လွှင့်ပါနေသော မထုဘူမှာ ထမင်းချက်ရန် သတိရလိုက်ပြီး အိတ်ထဲမှ ဆန်အနည်းငယ်ကို အိုးထဲထည့်လိုက်ကာ ရေထည့်ဖို့ ပြန်သောအခါ ဝါးကျည်တောက် ထဲတွင် ရေ မရှိတော့ သည်ကို တွေ့လိုက်ရသည်။ ရေပုံးမရှိ၍ အနီးနား တောအုပ်ထဲမှာ ဝါးပင်ကို ခုတ်ယူကာ ရေဘူးအဖြစ် သုံးနေရလေသည်။ ဂိုဒေါင်အတွင်းရှိ လူ၅၀၀ ကျော်မှာ မိမိသက်ဆိုင်ရာ မိသားစု အလိုက် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်လေသည်။ အနီးဆုံးရွာမှာလည်း ၈မိုင်ခန့်ဝေးပြီး ထိုရွာကလေးမှာ အိမ်ခြေ အနည်းငယ်သာ ရှိသောကြောင့် မထုဘူတို့ လူအုပ်ကြီးကို မကူညီနိုင်ခဲ့ပါ။ သို့သော် အချို့ ရွာသူရွာသားများကတော့ တတ်နိုင်သလောက်တော့ ကူညီကြသော်လည်း ဒီလောက်များလှသည့် လူအုပ်ကြီးအတွက်တော့ ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်တော့သည်။

ပြီးတော့လည်း သူမတို့ နေထိုင်ရာ ဂိုဒေါင်နှင့် ရေရှိရာ တွင်းကလေးမှာ အတော်ကိုလှမ်းသည်။ သို့သော် မတတ်နိုင်။ ထမင်းချက်ဖို့ ရေသွားခပ်ရမည်ဖြစ်၍ ဝါးကျည်တောက်လေးကို ကောက်ကိုင်လိုက်စဉ်မှာ သားအငယ်လေးက သိပ်ထားရာမှ အော်လေတော့သည်။ သို့နှင့် ဝါးကျည်တောက်ကို ပြန်ချကာ ကလေးကို ချော့ရပြန်သည်။ ခပ်လှမ်းလှမ်းတွင် ဆော့နေသော ဂမ်ရှောင်လေးကို လှမ်းအော်ကာ ရေခပ်ဖို့ ပြောလိုက်ရတော့သည်။  ဝါးကျည်တောက်လေးကို ယူကာရေခပ်ရန် ထွက်သွားသော ဂမ်ရှောင် နောက်ကျောကို ကြည့်ကာ စိတ်မကောင်း ဖြစ်ရပြန်သည်။ သို့သော် ကြာကြာ စဉ်းစားမနေအားပါ။ ဂိုဒေါင် ပတ်ဝန်းကျင်အနီးက ဝါးအခြောက် အခြမ်းလေးများရှာကာ ဂိုဒေါင်က စွန့်ပစ်ထားသည့် အုတ်ခဲကျိုးကိုစုပြီး သုံးပွင့်ဆိုင် ဖိုခနောက် လုပ်ထားသည့် မီးဖိုတွင် ထမင်းချက်ရန် မီးမွှေးလေတော့သည်။


အိုးမည်းမည်းတွင် ထည့်ထားသော ဆန်ကို ရေများများနှင့် ဆေးနိုင်မည်မဟုတ်။ ရေခပ်ရတာ ဝေးလှသဖြင့် ဆန်ထဲ ရေထည့်ကာ ထမင်းချက်လိုက်ရုံသာ လုပ်နေကြရသည်။ အနည်းငယ်ရှိနေသော ငရုပ်သီးကို ဆားဖြင့် ထောင်းထားလိုက်သည်။ အခြားဟင်းလည်း ချက်စရာမရှိပါ။ ငရုပ်သီးထောင်းဖြင့် ထမင်းစားနေရသည်မှာ ဘယ်နှစ်နှပ်ရှိပြီဟုပင် မရေတွက်နိုင်တော့ပါ။ ရောက်ခါစကတော့ ပါလာသည့်ရိက္ခာများကို မိသားစုအချင်းချင်း ဝေမျှ စားသောက်ကြသော်လည်း ပါလာသည့် စားသောက်စရာများ ကုန်လေသည့်အခါ ရှိသည့် ငွေကလေးနှင့် ရွာကလေးသို့ သွားရောက် ဝယ်ယူကြသည်။ ယခုအခါတွင်လည်း မည်သူ့ထံမှ ငွေစများ မရှိတော့ပါ။ ကုန်သလောက်ရှိလေပြီ။ အနီးနားရွာမှ လာရောက် လှူဒါန်းသည့် စားဖွယ်များကိုသာ မှီခိုနေရသော်လည်း မထုဘူတို့နေရာသည် အလွန်ခေါင်ဖျားလှသော နယ်စပ် တစ်နေရာတွင် ရှိလေသည့်အတွက် အလှူရှင်များလည်း အလွန်ရှားပါးလှသည်။ အနီးအနား တောတောင်များထဲမှ ပိန်းရွက်၊  မုန်ညှင်း စသည်တို့ကို ရှာဖွေ စားသောက်ရတော့သည်။ ငရုပ်သီးအခြောက်မှာ ခပ်များများ သယ်ယူလာ၍ ကျန်နေသေးသဖြင့် အခြားအသီးအရွက် မရှိသည့်ခါ ငရုပ်သီးထောင်းကိုသာ အားပြုစားရတော့သည်။

အသားငါးဆိုသည်မှာ ဘယ်ဆီနေသည်ပင် မသိတော့ပါ။ အနီးနားတစ်ဝိုက်တွင် မြစ်ချောင်း ဟူ၍လည်း မရှိသောကြောင့် ဖားရှာ ငါးရှာလည်း ရှိမရနိုင်သလို တောကောင်ပစ်ဖို့လည်း လက်နက်ကိရိယာ မရှိကြပါ။ အစားအသောက် ကောင်းကောင်းမစားရသဖြင့် နို့ထွက်နည်းလာသောကြောင့် မထုဘူ၏ နို့စို့အရွယ် ကလေးလေးမှာ တစ်နေ့တစ်ခြား ပိန်လှီလာခဲ့သည်။ သို့သော် သူမ ကလေးတင်မှ မဟုတ်ပါ။ စခန်းရှိကလေးငယ်များမှာ ထိုနည်းနှင်နှင်သာ ရှိလေသည်။ အားလုံး၏ ရင်ထဲတွင် စစ်ပွဲများ အမြန်ဆုံးပြီးဆုံး၍ နေရပ်သို့ ပြန်နိုင်ခွင့်ရဖို့ကို မျှော်လင့်ဆုတောင်းမိကြပါသည်။ ပညာမတတ်သော မထုဘူမှာ စစ်ပွဲတွေ ဘာကြောင့်ဖြစ်ရသည်ကို မသိသော်လည်း ငယ်စဉ်ကတည်းက စစ်၏ အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ စစ်ပွဲများကို မုန်းတီးလှသည်။ တောင်ယာလုပ်၊ အခင်းစိုက်ဖြင့် ကြီးပြင်းလာရသော်လည်း သူမတို့ ဒေသက ကလေးငယ်များကို သူမကဲ့သို့ စာမတတ် ပေမတတ် မဖြစ်စေချင်ပါ။ အများနည်းတူ ပညာတတ်အဖြစ် ကြီးပြင်းစေချင်ပါသည်။

ရေခပ်ရာမှ ပြန်ရောက်လာသော ဂမ်ရှောင်သည် ရေထည့်လာသည့် ဝါးကျည်တောက်ကို မထုဘူ ဘေးတွင်ချကာ  သူငယ်တန်းတုန်းက သူသင်ခဲ့ရသည့် “ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ” ကဗျာလေးကို အော်ဆိုကာ သူ့သူငယ်ချင်းများရှိရာသို့ ထွက်ခွာသွားလေသည်။  အပြစ်မဲ့ ကလေးငယ်များကတော့ ဂိုဒေါင်ရှေ့ ကွင်းပြင်တွင် ထင်းများစုဆောင်း နေရာရွေ့သူရွေ့၊ ကစားသူ ကစားဖြင့် ဘာမှမသိဘဲ ရောက်သည့်နေရာတွင် ကလေးပီပီ ပျော်ရွှင်နေကြသော်လည်း စာသင်ခန်းကို သတိရနေမည်မှာ ဘယ်သူကမှ မငြင်းနိုင်ကြသည့် အမှန်တရားသာ ဖြစ်ပါလိမ့်မည်။ လူကြီးများ ကတော့ အေးစက်နေသော ကွန်ကရစ်ကြမ်းပြင်နှင့် မြေကြီးပေါ်တွင် အိပ်စက်နေရပြီး အစားအသောက် ဆင်းရဲသော စစ်ပြေးဒုက္ခသည်ဘဝမှ မိမိတို့ ကိုယ်တိုင်ရော ကလေးများကိုပါ လွတ်ကင်းလိုလှပါပြီ။




အဖိုးအဖွားများ ပြောလေ့ရှိသည်ကို မထုဘူကြားဖူးသည်မှာ ကျွဲနှစ်ကောင်ခတ်သည့်အခါ ခတ်လမ်းကြောင်းတွင်ရှိသည့် မြေဇာမြက်ပင်တို့မှာ ညက်ညက်ကြေသွားတတ်သည်ဟူ၍ ဖြစ်သည်။ ယခုလည်း စစ်ပွဲဟူသည့် ကျွဲနှစ်ကောင် ခတ်သည့်ကြားတွင် မထုဘူ၏ သားသမီးအပါအဝင် ကလေးငယ် လေးများမှာ မြေစာမြက်ပင်များပမာ အနေဆင်းရဲ အစားဆင်းရဲ၊ ဟိုပြေး ဒီလွှားဖြင့် နေရာမရ ဒုက္ခ ရောက်ကြရလေပြီ။ စာသင်ခန်းများနဲ့လည်း ဝေးခဲ့ရပြီ။  ထို့ကြောင့်လည်း မြေစာမြက်များ ပိုမို များပြားလာခြင်း မရှိအောင် စစ်ပွဲများ အမြန်ဆုံး ပြီးဆုံးပါစေဟူ၍သာ အားလုံး၏ ရင်ထဲမှာ နာကျင်စွာနှင့် ဆုတောင်းနေမိ ပါတော့သည်။



မိမိရဲ့သားသမီး မောင်ညီမတွေ စာသင်နေကြချိန်မှာ ပုံထဲမှာ မြင်ရတဲ့အတိုင်း စာသင်ခန်းနဲ့ဝေးကွာပြီး အနေဆင်းရဲ အစားဆင်းရဲနဲ့ မြေစာမြက် ကလေးတွေပမာ ရှိနေကြရရှာတဲ့ ဒီကလေးတွေဟာ သင်ရဲ့ ဆွေမျိုးသားချင်း၊ မောင်နှမတွေ သာဖြစ်ခဲ့မယ်ဆိုရင် စစ်ပွဲတွေကို ဆက်ပြီး ဖြစ်စေချင်ပါသေးလား လို့ မေးကြည့်ချင်မိပါတော့တယ်။

W.P Moses ( www.missgreenlady.com)












Tuesday, December 06, 2011

သိန်းစိန်အစိုးရ ရွာကို လက်နက်ကြီး ပစ်၊ စစ်အင်အားတိုးချဲ့

|3 comments
Tuesday, December 6, 2011


ကပစထုတ် ၁၂၀- မမ စိန်ပြောင်း

ဒီဇင်ဘာလ ၆ ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျေဘက်သို့သွားရာလမ်း၊ ဆင်လွန်ကမ္ဘာကျေးရွာက သိန်းစိန်အစိုးရ စစ်တပ်ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်ဘက်သို့ ၁၂၀ မမ အမြောက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရှိရပါတယ်။ အခြေအနေများကို ဆက်လက် စုံစမ်း နေပါတယ်။

တဆက်တည်းမှာဘဲ သိန်းစိန်အစိုးရ စစ်တပ်ဟာ မလိခမြစ်အနီးရှိ သာလော၊ ဂျာအိန်ယာန် ဘက်မှ ကေအိုင်အေ စစ်ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ ဦးတည်ကာ စစ်အင်အား (၂၀၀) ကျော် ချီတက် လာနေကြောင်း မျက်မြင်များမှ သိရှိရပါတယ်။

UNFC အဖွဲ့မှ သိန်းစိန်အစိုးရကို နိုင်ငံရေးဖြင့် ဖြစ်ပျက်နေတဲ့ ပဋိပက္ခကို စစ်ရေးဖြင့် မဖြေရှင်းရန် တောင်းဆို တိုက်သွန်းနေချိန်မှာ ကချင် နယ်မြေဘက်မှာတော့ တိုက်ပွဲများ ပြင်းထန်၊ ပြည်သူများ ဒုက္ခရောက်၊ အမြောက်ကျည်ဆံရဲ့ သားကောင်ဖြစ် စသည့် ဆင်းရဲ့ ဒုက္ခများကို ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများဟာ ခံစားနေရပါတယ်။ တဆက်တည်းမှာဘဲ သိန်းစိန် အစိုးရ စစ်တပ်ဟာ စစ်အင်အားတိုးချဲ့လျက်ရှိနေပါတယ်။

W.P Moses

CANADA DU MYU SHA NI A SHAMU SHAMAWT LAM

|0 comments
 Tuesday, December 6, 2011

Canada du Jinghpaw Wunpawng ni gaw, kanu mungdan e byin taw nga ai majan mabyin ni hte hpyen yen ni mayak lam ni hpe laga amyu sha ni hpe htawn tsun dan ai hte, hpyen yen ni matu alu ni hpe mung hta shing gyin ai lam galaw nga.

JW ni lak san hku nna mung, majan n’nan byin wa ai ten hta myu tsaw share shagan hpyen la ni matu Pocket Bible –Chyum mungga laika buk kaji ni hpe mung alu jaw lai wa masai hte, hpyen yen ni matu alu gum hpraw ni hpe mung Wunpawng Ninghtoi – hpyen yen lakawn hpung ni hpe shalai jaw sai hpe na chye lu ai. Ginjaw shi htawn FM a matu alu mung hta shing gyin taw nga ai lam hpe mung na chye lu ai. Byin nga ai majan hta tsun shaga lawm na matu hte, hpyen yen ni hpe garum jaw lawm ya na matu seng ang ai CANADA asuya de mung hpyi lajin tang shawn ai lam ni hpe mung galaw nga ai re lam na lu ai.

Masha nlaw ai hte, tsan la ai mungdaw laga ga ni hta nga shanu tim mung, myit hkrum ai hte Mungdan Padang Majan lamang hta dang lu ai made shang lawm taw nga ai lam na chye lu. Canada du JW ni hpe htet shana mayu ai lam nga yang; Kachin Canada de matut mahkai mai ai lam mung chye lu ai. kachincanada@rogers.com

Monday, December 05, 2011

၈၄ နှစ်ပြည့် ထိုင်း ဘုရင်မွေးနေ့

|0 comments
Monday, December 5, 2011

၈၄ နှစ် ပြည့် ထိုင်းနိုင်ငံ ဘုရင့်မွေးနေ့ပွဲကို မဲဆောက်မြို့မှာလည်း ကျင်းပကြောင်း သိရှိရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသား အမြောက်အမြား လာရောက် အလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

Dec 5 King's Birthday , Thailand from wpmoses on Vimeo.



ထိုင်းဘုရင်ရဲ့ ဓါတ်ပုံ



 ဘုရင်မွေးနေ့အား ဂုဏ်ပြု ပစ်ဖေါက်တဲ့ မီးပန်းများ



ထိုင်းဘုရင်မွေးနေ့ ကျင်းပပြုလုပ်ရာ တစ်နေရာမှ လာရောက်ကြည့်ရှု လည်ပတ်ကြတဲ့ ပရိတ်သတ်များ

W.P Moses

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ

|0 comments
Monday, December 5, 2011

အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန်ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။ (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ
(ခေတ်ပြိုင်ဂျာနယ်မှ)

အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။

အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။
လုံခြုံရေး အထူးအစီအစဉ်

သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။

အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။

Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး
အိုဘားမားစီးတဲ့ AirForce One လေယာဉ်

အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။

မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။

ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။

စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။
အိုဘားမား၏ The Beast စီးတော်ယာဉ်

အိုဘားမားရဲ့ စီးတော်ယာဉ်ကား

အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။

အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။

ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။
အမေရိကန်သမ္မတ အခြံအရံများ
အိုဘားမားရဲ့ မရိမ်းဝမ်း အထူးရဟတ်ယာဉ်

လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။

အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။

လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလား အလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှောက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်း လှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။

http://freedomnewsgroup.com တွင် ဖော်ပြထားသော စာစုများ ဖြစ်သည်


ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

|0 comments
Monday, December 5, 2011

  ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

စိုင်းနေမင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့
လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။

 C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ

 ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ

C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။
GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ
ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ
စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်
အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန်
ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင်
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့
ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက်
ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။

ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်
စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီ
ဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး
ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့
C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။

C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီ
မံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုး
ယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ
ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class
ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။

စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်
ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ
မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့
စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။

 C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy

 C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး
စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။

 C-17 လေယာဉ်တွင်း မြင်ကွင်း-၁

 အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ်
ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ
ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်း လုပ်နိုင်စွမ်း ရှိပါတယ်။

C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်
အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်
ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ
အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်က
ပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို
ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ်
ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။

 C-17 လေယာဉ်တွင်း မြင်ကွင်း-၂

 C-17 လေယာဉ်တွင်း မြင်ကွင်း-၃

ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ

    အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး

စိုင်းနေမင်း

ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။

ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်

အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေတီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီးပါလေ့ ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက်
လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့
ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။
အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်
သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန်
သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်
ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်
ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့
တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။

ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ
စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ
သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသ
လားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ
သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို
ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်
ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေ
ကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာ
ရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ”
လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ
ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။
အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး…တဲ့။

ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က
လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေး
တယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက်
၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီး
မားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်
မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။

ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီး
လာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက်
တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်
ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။

အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး


အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။