Saturday, September 24, 2011

K.I.A တပ်မဟာ (၄) မှာ တိုက်ပွဲပြင်ထန်နေ

Saturday, September24, 2011

ဒီနေ့ စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ အခုလောလောလတ်လတ်မှာဘဲ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)၊ (၉) နှင့် စစ်အာဏာရှင် အစိုးရတပ်တို့အကြား ယခု ဒီသတင်းရေးနေ ချိန်တွင်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းမေးမြန်း သိရှိ ရပါတယ်။ စစ်အာဏာရှင် အစိုးရဘက်မှ စစ်အင်အား ဖိကာ တိုက်ခိုက်နေကြောင်းနှင့် စစ်တပ်တို့မှာ ရွာသူ ရွာသား များနေတဲ့ ကျေးရွာ ဘက်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်သွင်းနေကြောင်း ယင်းရွား သားများမှ ကြောက်ကြောက် လန့်လန့် အသံဖြင့် ပြောကြားလာပါတယ်။

ဒီတိုက်ပွဲဟာ အချိန်တိုအတွင်း ပြီးဆုံးနိုင်မှာ မဟုတ်ကြောင်းလည်း ဆက်လက်စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲဟာ ဆက်ဖြစ်နေတဲ့ အတွက် တိုက်ပွဲနောက်ဆက်တွဲများကို ဆက်လက် ဖော်ပြသွားပါမယ်။



0 comments: