Tuesday, September 27, 2011

တိုက်ပွဲများပြင်းထန်ဆဲ ကျဆုံးမှုများ

Tuesday, September 27, 2011
ရှေ့တန်းထွက်ရန် ပြင်ဆင်နေသော K.I.A စစ်သည်တော်များ

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အာဏာရှင် အစိုးရတို့အကြား (၃) ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲမှာ စစ်အစိုးရ ဘက်မှ (၁၀၀) ကျော် ကျဆုံး သွားပြီဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ ဦးရေမှာလည်း အလွန် များပြားကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A ဘက်မှာလည်း အနည်းဆုံး (၄) ဦး ကျဆုံး သွားပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲမှာ ရပ်နားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွား နေကြောင်း သေနတ်သံများ မဆဲသေးကြောင်း နီးစပ် သူများထံမှ စုံစမ်း သိရှိ ရပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲ အခြေ အနေများကို ဆက်လက် စုံစမ်း တင်ပြ သွားမှာ ဖြစ်ပါတယ်။

0 comments: