Friday, September 30, 2011

ကေအိုင်အေ တပ်မဟာ ၄ နှင့်ဆက်စပ်သည့် သတင်းများ

Friday, September 30, 2011
လွယ်ကန်ဒေသ

K.I.A တပ်မဟာ (၄) ကို လေးရက်နှင့် အပြတ်ချေမှုန်းရန် ပြင်ဆင်ကာ အပြင်းအထန် ထိုးစစ်ဆင် နေသည်မှာ (၆) ရက်ကျော်ကြာ ခဲ့ပြီဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့ထိ (၆) ကြာသည့်ုတိုင် အစိုးရစစ်တပ် အနေနှင့် K.I.A တပ်မဟာ (၄) အခြေစိုက်ရာ လွယ်ကန်ဒေသသို့ ချဉ်းကပ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၉၊ ၁၇၊ ၂၉ တို့ စုပေါင်းပြီး တပ်မဟာ (၄) နေရာ လွယ်ကန်ဒေသ တ၀ိုက်တွင် အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။

အစိုးရစစ်တပ်သည် စစ်မျက်နှာ (၃) ဖက် ဖွင့်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ K.I.A တပ်ရင်း (၂) ရှိရာ မန်ဂျယ်သို့ စစ်ကြောင်းထိုးသည့် အစိုးရစစ်တပ်မှ အနည်းဆုံး (၈၀) ကျော် ကျဆုံးပြီး (၁၀၀) ကျော် ဒဏ်ရာရကြောင်း သိရသည်။ အစိုးရစစ်တပ်မှ အတင်းအကျပ် လမ်းပြခိုင်းသဖြင့် မန်ဂျယ်ရွာမှ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစစ်တပ်မှ ဒတ်နိုင်း ကျေးရွာအနီး လွယ်ထန်-ရှောက်ဟော အကြားရှိ K.I.A တပ်မဟာ (၄) နေရာ သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ယင်းနေရာအနီးရှိ အစိုးရစစ်တပ်မှ စစ်သားများ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း သိရသည်။  K.I.A တပ်ရင်း (၉) မှ ဗိုလ်အဆင့် တဦး၊ တပ်သား တဦး ကျဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ မန်ဂျယ်နှင့် နမ်ဆန် အနီးတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ K.I.A တပ်မဟာ (၄) နှင့်  တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အစိုးရစစ်တပ်မှ ရိက္ခာသယ်ကား (၁) စီး၊ စစ်သားများ သယ်ဆောင်လာသည့်ကား (၃) စီး၊ လက်နက်ကြီး တင်သည့်ကား (၁) စီး တို့သည် လားရှိုး-မှုဆယ် ကားလမ်း၊ နမ်အွမ်ကျေးရွာမှ တစ်ဆင့် K.I.A တပ်ရင်း (၉) ရှိရာ ဒတ်နိုင်ကျေးရွာသို့ တက်လာကြောင်း ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရှိရပါတယ်။

တပ်ရင်း (၈) ရှိရာ နေရာသို့ ထိုးစစ်ဆင်လာသည့် အစိုးရ တပ်မ (၉၉)  သည် ထိခိုက် ကျဆုံးမှု များသဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပ် ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းဆုတ်သွားသော တပ်မ (၉၉) နေရာတွင် တပ်မ (၃၃) ပြန်လည် ဝင်ရောက် အစားထိုး ကြောင်း သိရှိရပါတယ်။

မန်ဟိုင်းကျေးရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲ၊ နမ်လက်တောင် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့် အစိုးရစစ်သားများကို ထော်လာဂျီ (၂) စီးနှင့် အပြည့် နမ်တူ-ပန်ဟိုင်း ဆေးရုံသို့ တင်ပို့ ကုသနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါတယ်။ K.I.A ဘက်မှလည်း အနည်းဆုံး (၅) ဦး ကျဆုံးကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်မှ K.I.A တပ်မဟာ (၄) ဒေသသို့ ကျုးကျော် ထိုးစစ် ဆင်နိုင်ရန်အတွက် နမ့်ဖာလုံ (နမ့်ဖလုန်) မှ ဟူးဖျက်ရွာသို့ ရိက္ခာများပို့ဆောင်ပေးခြင်း၊ လမ်းလုံခြုံရေး ယူပေးခြင်းများကို ကွတ်ခိုင် ပြည်သူ့စစ်နှင့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့တို့မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

ကေအိုင်အေ တပ်မဟာ ၅ နေရာတွင် တိုက်ပွဲဖြစ်ပွား 

အောင်ဂျာယန် ၀န်ကျင်း ပြပုံ

စက်တင်ဘာလ ၂၉ ရက်နေ့ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် K.I.A တပ်မဟာ (၅) နေရာဖြစ်သော နမ်ဆန်ယန်၊ ဘန်တောင် ကျေးရွာအနီး နမ်ဖတ်ခ အနီးတွင် လည်း K.I.A တပ်မဟာ (၅) မှ မပခ လက်အောက်ခံ ဆင်ဘိုအခြေစိုက် ခလရ (၁၄၁) ကို နံနက် (၇) နာရီမှ စတင်ကာ အချိန် (၂) နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ အနည်းဆုံး (၂) ဦးကျဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ နမ်ဆန်ယန်၊ အောင်ဂျာယန်ကျေးရွာ အနီး လဇိန်ကုန်းတွင်လည်း နေ့လည် (၁) နာရီခွဲမှ ည (၇) နာရီ ၀န်းကျင်ထိ K.I.A တပ်မဟာ (၅) နှင့် မပက လက်အောက်ခံ မြစ်ကြီးနား အခြေစိုက် ခလရ (၃၇) တို့ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

0 comments: