Wednesday, September 28, 2011

တပ်မ ၉၉ အကျအရှုံး များစွာဖြင်. တပ်ဆုတ်

Wednesday, September 28, 2011

တပ်မ (၉၉)

ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို ထိုးစစ် ဆင်ရန်လာသည့် စစ်အာဏာရှင် အစိုးရရဲ့ တပ်မ (၉၉) တို့ ဟာ မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွား ခဲ့သည့် နေရာတွင် မြုပ်နှံခြင်း မပြုဘဲ ချန်ထားခဲ့သည့် အလောင်း (၆၀) ကျော်ရှိပြီး အလောင်း အများစုမှာ ငယ်ရွယ်နုနယ်သည့် မျက်နှာများနှင့် ကလေး စစ်သားများ ဖြစ်ကြောင်း မျက်မြင် များထံမှ စုံစမ်းသိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရဟာ ကလေးစစ်သား မရှိဘူးလို့ ပြောဆိုနေပေမယ့် ယခုဖြစ်ပျက်နေသော K.I.A နှင့် တိုက်ပွဲများမှာ ကလေားစစ်သားများ ပိုမို များပြားနေကြောင်း သိရှိနေ ရပါတယ်။ ဒီအရာတွေဟာ အင်မတန် ဝမ်းနည်းကြေကွဲစရာ ဖြစ်စဉ် တစ်ခုပါ..။

စစ်အာဏာရှင် အစိုးရစစ်တပ်သည် ယင်းတိုက်ပွဲများတွင် ၎င်းကျေားရွာမှ ရွာသူ ရွာသား များကိုလည်း ပေါ်တာအဖြစ် အများအပြား အသုံးပြုနေကြောင်း ကိုယ်တိုင်ပေါ်တာ ဆွဲခံရသူ တဦးမှ စုံစမ်း သိရှိ ရပါတယ်။

တပ်ဆုတ်သွားသည့် တပ်မ (၉၉) နေရာတွင်  တပ်မ (၃၃) ဖြင့် ပြန်လည် အစား ထိုးထားကြောင်း စုံစမ်း သိရှိရပါတယ်။

ကလေး စစ်သားများကို မစုဆောင်းရ ဆိုတဲ့ နိုင်ငံတကာ ဥပဒေကို စစ်အာဏာရှင် အစိုး၊ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မျက်ကွယ်ပြုနေခြင်းဟာ မြန်မာ နိုင်ငံအတွက် အင်မတန်မှ ကြေကွဲဝမ်းနည်း ဖွယ်ရာ ဖြစ်နေပါတယ်။

0 comments: