Thursday, September 29, 2011

K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်တပ်အင်အား တိုးချဲ့

Thursday, September 29, 2011
K.I.A အထက်အရာရှိများမှ ကျေးလက်နေ ပြည်သူ/သား များကို စစ်ပွဲအကြောင်း တင်ပြဆွေးနွေး ရှင်းလင်းနေစဉ်

ဒီနေ့ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီး တဝိုက်တွင် စစ်တပ်အင်အား (၁၅၀၀) တစ်ထောင့်ငါးရာ ဝန်းကျင် ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ တဆက်တည်းမှာဘဲ ကချင်ပြည်နယ်ရှိ မြို့၊ ကျေးရွာ အနံ့တွင်လည်း စစ်အစိုးရတို့မှ K.I.A တို့ကို အပြီး ချေမှုန်း သွားမယ်ဖြစ်ကြောင်း၊ ဌာနချုပ် လိုင်ဇာကိုလည်း ဒီအတောအတွင်း ချေမှုန်း သိမ်းပိုက် သွားမယ် ဖြစ်ကြောင်း များကို သတင်းဖြန့် ကြေငြာနေကြောင်း ကချင်ပြည်နယ် မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

 ဆက်လက် စုံစမ်းသိရှိသည်မှာ ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနား စစ်တပ် လေယာဉ်ကွင်းတွင် တိုက်လေယာဉ် အနည်းဆုံး (၈) စီးကို အဆင်သင့် Standby ပြင်ဆင် ထားရှိနေပြီ ဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ပြည်သူပြည်သားများကို သတင်း ဖြန့်နေတယ်လို့ မြစ်ကြီးနားမြို့ခံ တစ်ဦးမှ ပြောကြား လာပါတယ်။ K.I.A ဘက်မှလည်း စစ်ပွဲများကို ဆင်နွဲသွားဖို့ အဆင်သင့်ဖြစ်ရန် အထူးပြင်ဆင် နေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

ဒီလိုစစ်တပ်တို့ရဲ့ သတင်းများကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူပြည်သားများမှာ အထူး စိုးရိမ်နေကြောင်း သိရှိရပါတယ်။

0 comments: