Saturday, September 24, 2011

K.I.A တပ်မဟာ (၄) မှာ တိုက်ပွဲပြင်ထန်နေ

|0 comments
Saturday, September24, 2011

ဒီနေ့ စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ အခုလောလောလတ်လတ်မှာဘဲ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)၊ (၉) နှင့် စစ်အာဏာရှင် အစိုးရတပ်တို့အကြား ယခု ဒီသတင်းရေးနေ ချိန်တွင်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းမေးမြန်း သိရှိ ရပါတယ်။ စစ်အာဏာရှင် အစိုးရဘက်မှ စစ်အင်အား ဖိကာ တိုက်ခိုက်နေကြောင်းနှင့် စစ်တပ်တို့မှာ ရွာသူ ရွာသား များနေတဲ့ ကျေးရွာ ဘက်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်သွင်းနေကြောင်း ယင်းရွား သားများမှ ကြောက်ကြောက် လန့်လန့် အသံဖြင့် ပြောကြားလာပါတယ်။

ဒီတိုက်ပွဲဟာ အချိန်တိုအတွင်း ပြီးဆုံးနိုင်မှာ မဟုတ်ကြောင်းလည်း ဆက်လက်စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲဟာ ဆက်ဖြစ်နေတဲ့ အတွက် တိုက်ပွဲနောက်ဆက်တွဲများကို ဆက်လက် ဖော်ပြသွားပါမယ်။



ယုဇန ကုမ္ပဏီကြောင့် ကချင်ပြည်နယ်ရှိ ရွာသူရွာသားများ ဆင်းရဲဒုက္ခရောက်

|0 comments
Saturday, September 24, 2011
ကချင်ပြည်နယ် ရွာသူရွာသားများထံမှ အတင်းအဓ္ဓမ သိမ်းယူပြီး ရှင်းလင်းရေးလုပ်နေစဉ်

ယုဇန ကုမ္ပဏီကြောင့် ကျနောတို့ ကချင်ပြည်နယ်ရှိရွာသူရွာသားများ ဆင်းရဲ ဒုက္ခတွေနှင့် ကြုံတွေ့နေ ရပါတယ်။ ယုဇန ကုမ္ပဏီ မဝင်ခင်က ဆိုရင် ကျနော်တို့ ရွာသူရွာသားများမှာ အရမ်းငြိမ်း ချမ်းပျော် ရွှင်ခဲ့ရပါတယ်။ ဘယ်အချိန်ဘဲဖြစ်ဖြစ် သွားလာလှုပ်ရှားမှု လွတ်လပ်ခဲ့ပါတယ်။ ညသန်းခေါင်ဘဲ သွားသွား အလွန်အေးချမ်း ခဲ့ပါတယ်။ အိမ်မွေး တရိစ္ဆာန်များလည်း ပျောက်ဆုံးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ ဒီအချိန် ဒီယုဇန ကုမ္ပဏီဝင်ရောက်လာတဲ့နောက်ပိုင်းမှာတော့ မိန်းကလေး ငယ်များ တစ်ယောက် နှစ်ယောက်ဘဲ သွားလာလို့မရတော့ပါဘူး…။ မိန်းကလေးဆိုရင် အသက် အရွယ်မရွေးဘဲ မဒိန်းကျင့်ခြင်းများကို ခံစားနေရပါတယ်။ အသက် ၅၀ သော အမျိုးသမီးဖြစ်ပါစေ အဓ္ဓမ ကျင့်ခြင်းကို ခံစားနေရပါတယ်။ ဒီလိုမျိုးမတရား ခံစားနေရသော်ငြားလည်း ဘယ်သူမှ တာဝန် ယူဖြေရှင်းပေးခြင်း မရှိတာဟာ အင်မတန် ဝမ်းနည်းစရာနှင့် ကြေကွဲနာကြည်း စရားဖြစ်နေရပါတယ်။ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက်နေတာကို နိုင်ငံတော် အစိုးရဆိုသော ဦးသိန်းစိန် ဦးဆောင်နေတဲ့ စစ်အာဏာရှင် အစိုးရဟာ လည်း မသိချင်ယောင်ဆောင်နေတာကို ကမ္ဘာက သိစေချင်ပါတယ်။ တာဝန်ရှိရွာ လူကြီးများလည်း ယုဇန ကုမ္ပဏီရဲ့ ထမင်း ပိုက်ဆံတွေကို စားနေရလို့ ရွာသူရွာသားများ ဘယ်လောက်ဘဲ မတရား ခံနေရပါစေ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပါဘူး။ ရွာသူရွာသားများပိုင်ဆိုင်တဲ့ ခိုးယူစားသုံးလို့ မဖြစ်တဲ့ ကျွဲ၊ နွား စသည် များကိုမူ အဆိပ်ခတ်ကာ သေစေခြင်းကို ပြုလုပ်နေ ကြပါတယ်။ ရွာသူ ရွာသားများရဲက တနိုင်စာ လုပ်တဲ့ လေယာခြံများမှ ခိုးယူစားသောက်ခြင်း၊ ယင်းတို့ပြု၍ ပြန်လည်ပြော ဆိုပါက ယင်းရွား သားများကို ပြန်လည် ရိုက်နှက်ခြင်းကို ခံစားနေရပါတယ်။ နယ်မြေ အသိမ်းခံ လိုက်ရလို့ အလုပ် လက်မဲ့ဖြစ်နေတဲ့ အမျိုးသားတွေ ကလေးတွေက ကလေး စစ်သားအဖြစ် ခေါ်ဆောင် သွားခြင်းများ ကိုလည်း ခံစားနေ ရပါတယ်။ ကျော်းမတက်နိုင်တဲ့ မိန်းကလေး ငယ်များလည်း ရောင်းစားခြင်းများကို ခံစားနေရပါတယ်။

ဝါ့ရာဇွပ်ကျေးရွာမှာ နေထိုင်တဲ့ အသက် (၇၀) ဦး ဖေါင်ရေးယော် ရဲ့ ခြံမှ မျှစ်များကို ယင်းကုမ္ပဏီက အလုပ် သမားများ သွားရောက်ခိုးစား၍ ခြံပိုင်ရှင်က ပြန်ပြောသောအခါ သေလို့မျှောပါး ရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်။ တာဝန်ရှိရွာလူကြီးကို သွားရောက်တိုင်ကြားခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။ စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ မနက်ပိုင်း ၁၀း ၀၀ နာရီဝန်းကျင်တွင် ရပ်ကွက် (၂) မှ သူငယ်ချင်း အိမ်သို့ ဆုတောင်းပွဲသွားရာ ရွာသား ကို ယင်းကုမ္ပဏီမှ လူ (၅) တို့မှ ဝိုင်းဝန်းရိုက်နှက် ခဲ့ကြပါတယ်။ ဘာဘဲ ဖြစ်ဖြစ် တာဝန်ရှိ ရွာ လူကြီးများမှ တာဝန်ယူ ဖြေရှင်း ပေးခြင်း လုံးဝ မရှိပါဘူး။ အခုချိန်မှာ ယုဇန ကုမ္ပဏီပိုင် ရှင် ဦးဌေးမြင့် ကို ရွာသူရွာသားများ မုန်းတီနေသည် ဆိုတာထက် ဦးဌေးမြင့် ရဲ့ လုပ်ရပ်တွေကို ပိုပြီး မုန်းတီး ရွံရှာ နေကြသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အများပြည်သူတို့ရဲ့ မုန်းတီးမှုကို ခံရလျှင် ပြန်ခြေပလို့ရပေမယ့် ရွံရှာခြင်း ခံရပြီ ဆိုရင်တော့ ဘာနဲ့မှ ပေးဆပ်လို့ မရတဲ့ အကြီးမှားဆုံးသော အရာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ပုဂ္ဂိုလ်ဟာ ကျရှုံးခြင်း ဆိုတာကို လည်ပင်းမှာ ဆွဲထားတာနဲ့ အတူတူဘဲ ဖြစ်ပါတယ်။ ဦးဌေးမြင့်နှင့် နောက်လိုက်နောက်ပါများ ခင်ဗျာ... ကြောင်ဟာ ကြာကြာ ရေမငုပ်နိုင်ဘူး ဆိုတာကို မမေ့သင့်ပါ။ လူတစ်ယောက်ရဲ့ အသက်ဟာ အင်မတန် ကျွတ်ဆတ်တယ်ပြီး ကျိုးလွယ်ပါတယ်။ ဒါတွေကို မယုံဘူး လက်တွေ့ခံစားရမှ လက်ခံမယ် ဆိုရင်တော့ ချစ်ခင်လေးစား ရပါသော ဦးဌေးမြင့် ခင်ဗျာ... အင်မတန် နောက်ကျသွားပါပြီ...။ ဘယ်သူမှ ကယ်သင်နိုင်မှာ မဟုတ်တော့ပါဘူး...။ ငရဲမှာတောင်မှ အဝီစိ အထိ ရောက်မှာ ၁၀၀% သေချာပါတယ်။ ကျတော်တို့ ယုံကြည်တဲ့ သခင် ယေရှု လည်း မကယ် တင်နိုင်တော့ပါဘူး ခင်ဗျာ..။ ကျနော်ဟာ ကြိုမြင်ထားပြီး ဦးဌေးမြင့် နှင့် နောက်လိုက်နောက်ပါများကို ကြည့်ပြီး သနားစိတ်နှင့် ဝမ်းနည်းနေမိပါတယ်.. ငရဲ အဝိစိ ရောက်သွားမှာကို...။

ဒီလို အဖြစ်မျိုးနဲ့ ကျနော်တို့ ရွာသူရွာသားများ ခံစားနေရပါတယ် ခင်ဗျာ…။

ဆင်းရဲဒုက္ခများကို ခံစားနေကြရတဲ့ ရွာသူရွာသားများ

ကွန်ပျူတာ ဆက်တိုက် အသုံးပြု နေသူများ မျက်စိကို ဘယ်လို ကာကွယ် ထိန်းသိမ်း မလဲ

|0 comments
Saturday, September 24, 2011

ကျနော့်ဆိုဒ်မှာ လာလည်တဲ့ သူငယ်ချင်း မိတ်ဆွေများ နဲနဲလေးဘဲ ဖြစ်ဖြစ် အကြိုးရှိပါစေလို့ www.yoolay.com မှာ သားဗိုလ် ရေးတင် ထားတဲ့ ဒီပို့စ်နှင့် ကျနော် (၂) ခု ပြန်ပေါင်းထည့်ပြီး   တင်လိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

ကွန်ပျူတာ ကို တစ်နေကုန် ကြည့်တဲ့ သူတွေ မျက်စိ အတွက် ဘယ်လို လေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေကို တင်ပြ လိုက်ပါ တယ်။

နေရာမှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် တို့ကို နေရာမှန်ထားတတ် ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကွန် ပျူတာ Screen ဟာသင့်မျက်လုံး ကနေ သင့်ရဲ့လက်တစ်လှမ်းစာ အကွာနဲ့ မျက်လုံးရဲ့ (၂၀) ဒီဂရီ အောက်နိမ့် နေရ ပါမယ်။

အလင်းရောင်

သင့်အခန်း တွင်း အလင်းရောင် ပျံ့နှံ့ပါစေ။ ဒါမှကွန်ပျူတာ Screen မှလာသော Reflection တွေကို လျော့ချ နိုင်မှာဖြစ် ပါတယ်။ ကွန် ပျူတာ Screen အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင် Setting လုပ်ထားပါ။ Anti-Reflective Lenses ပါသောမျက်မှန်ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှ လာသော Reflection တွေ ကို ကာ ကွယ်နိုင်ပါတယ်။ သင့်ရဲ့ မျက်စိ ဆရာဝန်က သင့်အား ကွန်ပျူ တာ နှင့် ထိတွေ့နေ သူမှန်းသိရင် ထို Anti-Reflective Lenses ထည့် ထားတဲ့ မျက်မှန်ကို ညွှန်းပါ လိမ့်မယ်။

ကွန်ပျူတာ နှင့်အလုပ်လုပ်သူ များ မိနစ်(၂၀) လောက်ကြာတိုင်း ခေါင်းကို ခဏဘေးကို လှည့်ပြီး ပေ (၂၀) လောက်ဝေးတဲ့ အရာ တစ်ခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ရဲ့ပင်ပန်းနေတဲ့ မျက်လုံး ကို သက်သာ ရာရ စေပါတယ်။ နောက် ပြီး အခါ(၂၀)လောက် မျက်စိအား ပိတ်လိုက် ဖွင့်လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏထိုင်ခုံမှထပြီး ခြေလှမ်း (၂၀) လောက် လမ်းလျှောက် ခြင်း ဖြင့် သွေးလည် ပတ်ပါစေ။ မျက်စဉ်းခတ် ပေးပါ။ လူတစ်ယောက်ဟာ တစ်မိနစ် အတွင်း ပုံမှန် (၁၂) ခါမျက်တောင် ခတ်ကျပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့ အလုပ်လုပ် နေရင် ငါးခါလောက် သာ မျက်တောင် ခတ်တာကို သင် သတိထားမိပါသလား။ အကျိုးဆက် အနေဖြင့် မျက်စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်းခတ် ပေးနိုင်ပါ တယ်။

လက်ဖဝါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင် ပြီး သင့်ရဲ့လက်ဖဝါးနှစ်ခုအားနွေး လာသည်အထိ ပွတ်ပေးပါ။ ထိုနွေး နေသော လက်ဖဝါးနဲ့ သင့်မျက်စိ နှစ်ဖက်ကို တစ်မိနစ်လောက် ဖုံးအုပ် ပေးလိုက်ပါ။ သင့်မျက်စိညောင်း ကိုက်၊ ပင်ပန်းလာတိုင်း နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှလာသော နွေးထွေးမှု သည်သင့်ရဲ့ ပင်ပန်းနေသော မျက်စိ အား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိ မှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ် ပေးပါ။ အင်မတန်လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက်အထုပ်

သောက်ပြီး သား လက်ဖက် ခြောက် အထုတ်ကလေး များကို လွှင့်မပစ်ဘဲ ရေခဲ သေတ္တာ ထဲထည့် ထားပြီး အားတဲ့ အချိန်ကျရင် ထို လက်ဖက်ခြောက် အထုပ်နှစ် ထုပ်အား သင့် မျက်စိ တစ်ဖက်စီ တွင် တင်ပြီး အနား ယူပါ။ မျက်စိအား အေးမြ စေပါသည်။ ဗီတာမင် အေ၊ စီ၊ အီးပါသော အစားအစာ များပိုစားပါ။

 သားဗိုလ်

မနက်တိုင်းမျက်စိလေ့ကျင့်ခန်းလုပ်ခြင်း
မနက်အစောကြီးထပြီး ကွန်ပျူတာ သုံးသူသာ မဟုတ်ဘဲ လူတိုင်းဟာ မျက်စိလေ့ကျင့်ခန်း လုပ်ပေးဖို့ အရေးကြီးပါတယ်။ မနက်အိပ်ရာထပြီးတာနဲ့ လေကောင်းလေသန့်ကို ရှိုရှိုက်ပြီး မျက်စိလေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မျက်စိ အစုံကို ဟိုး.. အဝေးကို ကြည့်ပေးရပါမယ်၊ ပြီးတော့ ကိုယ့်ရဲ့ လက်နှစ်ဖက်ကို မျက်စိနှင့် တစ်ပေ လောက်အကွာမှာ လက်ဝါးဖြန့်ထားပြီး မျက်စိကို လွတ်လပ်တဲ့ ဟိုးအဝေးမှာ တစ်ခါကြည့်လိုက် ကိုယ့်ရဲ့ ဖြန့်ထားတဲ့ လက်ဝါးကို တစ်ခါကြည့်လိုက်နဲ့ မိနစ် ၁၀ လောက် နေ့တိုင်း လုပ်ပေးခြင်းအားဖြင့် ကိုယ်မျက်စိဟာ သူများနဲ့ မတူဘဲ ထူးခြားမှု ကိုခံစားရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် မျက်စိ ကြည်လင်ပြီး အသက်ကြီးလာရင်တောင် မျက်မှန် တပ်စရာ မလိုလောက်အောင်ကို အကြိုးပေးပါတယ်။

မျက်စိ ရေငုပ်ခြင်း

လူ့ကိုယ်ခန္ဓာမှာ ရှိတဲ့အရာအားလုံးဟာ သူ့ဟာနဲ့သူ အလွန်အရေးပါ တယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒီထဲမှာ ကျနော်ပြောခြင်တာက မျက်စိလည်းဖြစ်ပါတယ်။ လူတိုင်း ကိုယ်မျက်စိကြည်လင်ပြီး လန်းဆန်းဖို့ရန် ည အိပ်ရာ မဝင်ခင် နှင့် မနက် အိပ်ရာထပြီး ချိန်များတွင် ကိုယ်ရဲ့မျက်စိကို သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးဆိုလို့ တခြားဟာတွေကို မတွေးနေနဲ့၊ ဘုရားသခင်ပေးထားတဲ့ အရာဘဲ အကောင်းဆုံးပါ... အဲ့ဒါက ကြည်လင်နေတဲ့ ရေ တစ်ခွက်ဘဲ ဖြစ်ပါတယ်။ သိပ်သေးမငယ်တဲ့ ရေ ဖလားထဲမှာ ကြည်လင် အေးမြနေတဲ့ ရေ ကို အပြည့်ဖြည့်လိုက်ပါ.. ပြီးတာနဲ့ ကိုယ်ရဲ့ မျက်နှာကို အဲ့ဒီရေခွက် ထဲမှာ စိမ် (ငုပ်) လိုက်ပါ... ရေထဲမျက်စိရောက်တာနဲ့ မျက်စိကို ရေထဲမှာ ဖွင့်လိုက် မှိတ်လိုက် လုပ်ပေးပါ။ အဲ့ဒီလိုမျိုး ကြည်လင်နေတဲ့ ရေနဲ့ ငါးကြိမ်လောက် နေ့ တိုင်း လုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ မျက်စိထဲမှာ ဝင်ရောက်နေတဲ့ ဖုံမှုန့်တွေ ပိုးကောင်တွေ ကို ရှင်းလင်းထုတ်နိုင်ပါတယ်။ ဒါဟာ ဘာ မျက်စိဆေးမှ သုံးစရာမလိုသော မျက်စိ ကြည်လင်စေတဲ့ အကောင်းဆုံး သဘာဝ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျနော်က တော့ နေ့တိုင်း မနက်တိုင်း ဒီလိုလုပ်ဖြစ်အောင် လုပ်ပါတယ်။ ကျနော့်မျက်စိဟာ အမြဲတမ်း ကြည်လင်နေတယ်လို့လည်း ကျနော် ခံစားရပါတယ်။ ဒါဟာလည်းဘဲ ဘုရားသခင်ရဲ့ ကောင်းချီးထဲက တစ်ခု ဖြစ်ပါတယ်။ ဖတ်ရှုကြတဲ့ သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်များ ဖြစ်နိုင်ရင်လည်း ကျနော်ဆက်လက် ရေးသွားမှာ ပါ... အားလုံးလည်း အကြံပေး နိုင်ပါတယ်...

W.P Moses

News Links

|0 comments
 ကုလ အဖွဲ့ဝင်ဖြစ်ဖို့ ပါလက်စတိုင်း လျှောက် click
အောင်မြင်ရေးအတွက် မူဝါဒ လျှို့ဝှက်ချက်များ  click
အလုပ် လျှောက်ရင် အလုပ်ရဖို့ click
၂၀၁၀ အကယ်ဒမီအတွက် မြန်မာရုပ်ရှင် ၁၅ကား စတင် အကဲဖြတ် click
အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်နိုင်သည်ဟု ရှေးဦးသက်ရှိများဆို click
အွန်လိုင်း လုံခြုံမှုသည် သင့်လက်တွင်းမှာ ရှိသည် - (၁)  click
အွန်လိုင်း လုံခြုံမှုသည် သင့်လက်တွင်းမှာ ရှိသည် - (၂) click
အခက်ခဲ ရှိနိုင်သည့် အွန်လိုင်း သင်ခန်းစာ ပို့ချခြင်း click
RIM နဲ့ Google မှ အခမဲ့ တေးသီးချင်း ၀န်ဆောင်မှု click
ကွန်ပျူတာ တစ်လုံးမှာ ရှိသင့်တဲ့ ဆော့ဖ်ဝဲများ click

Friday, September 23, 2011

ဆင်လွမ်တိုက်ပွဲ စစ်တပ်ဘက်မှ ရဲ (၂) ဦးကျ

|0 comments
Friday, September 23, 2011

ဒီနေ့ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့ တို့အကြား ဆင်လွမ် နယ်မြေမှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ရဲ တပ်ဖွဲ့ဝင် (၂) ဦး ကျဆုံး သွားပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A လွတ်မြောက်ရေး တပ်မတော် ဘက်မှာတော့ ထိခိုက် ဒဏ်ရာရရှိ ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရပါတယ်။

ရှမ်းပြည်နယ် ဟိုးဖျက်နယ်မြေမှာ K.I.A နှင့် စစ်တပ်တို့ အကြားတိုက်ပွဲဖြစ်ပွား

|0 comments
Friday, September 23, 2011

 ရှေ့တန်းထွက်ဖို့ မိန့်ခွန်း ကြားနာနေသော K.I.A အရာရှိနှင့် စစ်သည်တော်များ

ဒီနေ့ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ မနက် ၁၀း ၁၆ နာရီ ဝန်းကျင် ရှမ်းပြည်နယ် ကွတ်ခိုင်ခရိုင် ဟိုးဖျက် နယ်မြေတွင် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် စစ်တပ်ဘက်မှ (NE RMC) လက်အောက်ခံ LIB (45), (144) အပါအဝင် MOC – 16 လက်အောက်ခံ LIB (68), (69) စစ်တပ် အင်အား (၂၀၀) ကျော် တို့အကြား ဟိုးဖျက် နယ်မြေ ကျေးရွာဟောင်းဖြစ်တဲ့ မန်နောင် တဝိုက်မှာ တိုက်ပွဲ ဖြစ်ပွား နေကြောင်း ရှေ့တန်းနယ်မြေ K.I.A အရာရှိ များထံမှ စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲမှာ ၄၅ မိနစ်ကျော် ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ယခုချိန်တွင် နှစ်ဘက်စလုံးမှာ ရပ်နားနေကြောင်း၊ K.I.A ဘက်မှာထိခိုက်မှု မရှိပေမယ့် စစ်တပ်ဘက်မှာတော့ ထိခိုက်နေပြီ ဖြစ်ကြောင်း ရှေ့တန်း K.I.A အရာရှိများထံမှ သိရှိရပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်အစိုးရတို့က ရှမ်းပြည်နယ် ဆင်လွမ်မှာ အခြေစိုက်တဲ့ MOC – 16 လက်အောက်ခံ LIR (507) , LIR (522) တပ်ဖွဲ့များမှ စစ်ကူတိုက်ရန် ချီတက် လာနေပြီဖြစ်ကြောင်း ရှေ့တန်းနယ်မြေမှ K.I.A သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ဒီလို အခြေ အနေဖြစ်လာ ပြီဆိုရင်တော့ နှစ်ဖက်စလုံးမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲများမှာ ပိုမိုပြင်းထန် လာနိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီတိုက်ပွဲဟာလည်း ကချင်ပြည်နယ် နမ်ဆန်ယာန် တိုက်ပွဲကဲ့သို့ ပြင်းထန်လာမှာကို ပြည်သူ လူထုများက စိုးရိမ်ပူပန်နေကြကြောင်း သိရှိရပါတယ်

ဆင်လွမ်တောင်ကုန်းမှာ K.I.A နှင့် စစ်တပ်တို့တိုက်ပွဲဖြစ်

|0 comments
Friday, September 23, 2011

ဒီနေ့ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ မနက် ၉း ၀၀ နာရီ ဝန်းကျင်မှာ ဆင်လွမ် (Sinlum) ကျေးရွာတွင် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။  တိုက်ပွဲဖြစ်ပွားလာသည်နဲ့ ဆင်လွမ်တောင်မှာ အခြေစိုက်တဲ့ စစ်တပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ ယင်းလက်နက်ကြီးများကြောင့် K.I.A တို့ နောက်ဆုတ် သွားခဲ့ကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် ရဲတပ်ဖွဲ့များမှ (၁၀) ဦး ဟာ ထိခိုက် လှဲကျနေပြီ ဖြစ်ကြောင်း K.I.A ထံမှ သတင်း စုံစမ်း သိရှိရပါတယ်။ နှစ်ဖက်အကြား တိုက်ပွဲဖြစ် ပွားနေချိန်မှာ ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကယ်ရီ ဆိုင်ကယ် နှစ်ယောက်ဟာ ယင်းနယ်မြေတွင် ဝင်ရောက် လာခဲ့မိရာ စစ်တပ်ရဲ့ အမြောက်ကြီး များကြောင့် ယင်းဆိုင်ကယ်သမား နှစ်ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းရဲ တပ်ဖွဲ့များသည် ဆင်လွမ် လမ်းမှာ ပြည်သူ လူထုထံမှ ငွေကြေးများကို အတင်းအဓ္ဓမ ကောက်ခံနေသော ရဲ တပ်ဖွဲ့များ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

ရှမ်းပြည်နယ်မှ စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များ၏ အခြေအနေ

|0 comments
Friday, September 23, 2011

စည်းလုံးခြင်းသည် အင်အား

ရှမ်းပြည်နယ် K.I.A ထိန်းချုပ်ရာ နယ်မြေ ကျေးရွာများမှ စစ်အာဏာရှင်အစိုးရရဲ့ ရဲတပ်ဖွဲ့ဝင်များမှာ ရဲ စခန်းနှင့် ကျေးရွာ များတွေ မအိပ်ရဲသည့်အတွက် တရုတ်ပြည်နယ်စပ်သို့ ညည ထွက်ပြေး သွားအိပ် နေကြ ရကြောင်း၊ ယင်းတို့ တရုတ်နယ်စပ်သို့ ဝင်လာတဲ့ ရဲများကိုလည်း တရုတ်နယ်စပ် ဂိတ်မှ လူဝင်မှု ကြီးကြပ်ရေး တို့က ပြန်လည် နှင်ထုတ်နေ ရကြောင်း မျက်မြင်များမှ စုံစမ်းသိရှိရပါတယ်။ ထို့ကြောင့် အခုချိန်မှာ စစ်အာဏာရှင် အစိုးရရဲ့ ရှမ်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးအရ ဒုက္ခများနှင့် ရင်ဆိုင်နေ ရကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။


တဆက်တည်းမှာ ဘဲ.. မြန်မာနိုင်ငံ စစ်အစိုးရ အာဏာရှင်များနှင့် K.I.A လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ အခုချိန်တွင် (၃) လ ကျော်လာပြီ ဖြစ်ပါတယ်။ ဒီ (၃) လ ကျော်အတွင်းက တိုက်ပွဲ များကြောင့် စစ်အစိုးရ ဘက်မှ ထိခိုက် ကျဆုံးမှု များပြားနေ တာကြောင့် စစ်အာဏာရှင် အစိုးရ တို့မှာ ထင်ရာ ကြဲလာနိုင်ကြောင်းလည်း နိုင်ငံရေး လေ့လာ သူများက သုံးသပ်နေ ကြပါတယ်။

ယခုတလော ကြားနေရတဲ့ သတင်းအရဆိုရင် စစ်အာဏာရှင် အစိုးရတို့က K.I.A ကို အောက်လမ်း ဆရာ များခေါ်ကာ အောက်လမ်း နည်းဖြင့်လည်း တိုက်ခိုက်နေကြောင်း အတည် မပြုနိုင်သေးတဲ့ သတင်း အရ စုံစမ်း သိရှိ ရပါတယ်။ အောက်လမ်း ဆရာများ၏ ပြောဆိုချက်အရ သူတို့ အောက်လမ်း ပညာဖြင့် တိုက်ခိုက်ရာ မနိုင်ကြောင်း၊ ယင်း မနိုင်ရခြင်း၏ အကြောင်းရင်းမှာ K.I.A တို့၏ နောက်တွင် ဝတ်ရုံဖြူဝတ်တဲ့ လူတွေ အမြောက်အများ လိုက်ပါနေတာကြောင့် အောက်လမ်း ဆရာများမှာ ခုခံ တိုက်ခိုက်နိုင်ခြင်း မရှိဟု ပြောဆိုနေ ကြပါတယ်။

“ခရစ်ယာန် ကျမ်းစာလာသည့် အတိုင်း သင့်ကို ကျိန်ဆဲသူကို ငါ ကျိန်ဆဲမည်။ သင့်ကို ကောင်းချီးပေးသူကို ငါ ကောင်းချီးပေးမည်” ဟု ဘုရားသခင်က မိန့်မှာ ထားပါတယ်။ ဒါကြောင့် သခင်ခရစ်တော်ကို ယုံကြည် လက်ခံသော သူတို့ကို မတရားသော နည်းလမ်းများဖြင့် ထိခိုက်၊ တိုက်ခိုက်လို့ မရပါဟု ပြောဆိုနေ ကြကြောင်း သိရှိရပါတယ်။

မြန်မာအစိုးရမှ K.I.A အကြောင်းအပုပ်ချ

|0 comments
Friday, September 23, 2011

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဒုဦးစီးချုပ်၊ ကချင်ပြည်နယ်တိုင်းမှူး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ၊ ရဲမင်းကြီး နှင့် အခြားစစ်ဘက် ဆိုင်ရာ အရာရှိ (၆) ဦးတို့ပါဝင်သော အဖွဲ့သည် ဗန်းမော်မြို့သို့  ရဟတ်ယဉ်  နှစ်စီးဖြင့်   ရောက်ရှိခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြုလုပ်ခဲ့သော အစိုးရ၀န်ထမ်းများ၊ ဘာသာရေး အကြီးအကဲများ နှင့် တွေ့ဆုံသည့် အချိန်များ တွင်မူ ကာကွယ်ရေး ဒုဦးစီးချုပ်၊ တိုင်းမှူးနှင့် အခြားစစ်ဘက်ဆိုင်ရာ  အရာရှိ (၆) ဦးတို့ ပါဝင်ခြင်း မရှိတော့ပဲ ရဲမင်းကြီးနှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ်တို့မှ   K.I.A အစိုးရ ဆိုးသွမ်းကြောင်းကို အပုပ်ချ ၀ါဒဖြန့်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းမှ -ဇူလိုင်လ ၂၈ ရက်နေ့တွင်   K.I.A အဖွဲ့သို့ ပြခဲ့သော အပစ်ခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို ၀ နှင့် မိုင်းလား အဖွဲ့များသို့ ပေးပို့ခဲ့ရာ ချက်ခြင်း လက်မှတ် ထိုးကာ သဘောတူ ညီခဲ့ကြောင်း၊ ရှမ်း ၊ကရင် ၊မွန် ၊ကယား နှင့် အခြားအဖွဲ့ အစည်းများ ကိုလည်း ပေးပို့ ထားကြောင်း၊   K.I.A အဖွဲ့ အနေနှင့် လက်ခံခြင်း မရှိသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ နှေးကွေးလျက် ရှိကြောင်း ပြော ဆိုသွားသည်။ ယင်းအပြင် အဓိက အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပင်လျင်…

 “တိုင်းပြည်ကောင်း ကျိုးတွက်ဆိုလျင် အသုံးချလျင် အသုံးချခံမည်” ဖြစ်ကြောင်း ပြောဆိုနေချိန်၊ မတူတာ ကိုဘေးဖယ် တူတာကို လက်တွဲလုပ်ရမည့်  အချိန်တွင် K.I.A လက်မခံကြောင်း ပြောသွားခဲ့သည်။ ယင်းအပြင် K.I.A သည် မြန်မာအစိုးရ စစ်တပ် ရိက္ခာ လမ်းကြောင်းများကို အနှောက် အယှက် ပေးတိုက်ခိုက် လျက်ရှိပြီး၊ ဒုက္ခသည် အရေအတွက် ကိုလည်း ပိုမိုပြောကြောင်း၊ ကုလ သမဂ္ဂနှင့် ပူးတွဲ ကောက်ထားသည့် စစ်တမ်းများအရ ဒုက္ခသည် (၅၀၀၀) ငါးထောင် သာရှိကြောင်း၊ နှစ်သောင်းဆိုသည့် အရေ အတွက်မှာ ချဲ့ကားပြောခြင်း ဖြစ်ကြောင်း တို့ကိုလည်း ထပ်ဆောင်းပြော သွားသည်။ ယင်းနေ့ နံနက် (၈) နာရီခွဲ အချိန်တွင်လည်း  ဗန်းမော်ဇုံနယ် အသင်းတော်များ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့ပြီး  ခရစ်ယာန် ဘာသာရေး   ခေါင်းဆောင်များ   နှင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို K.I.A မှ ရေးထိုးရန် တိုက်တွန်းပေးရန် ပြောခဲ့သည်။

ဘာသာရေးခေါင်းဆောင်များမှ သဘောတူလက်မှတ်မရေးထိုးပါက ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို မေးမြန်းခဲ့ရာတွင် ယင်းက တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း ဖြေသွား ခဲ့သည်။ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည်များကို မေးမြန်း ခဲ့ရာ တွင်လည်း   မြစ်ဆုံ စီမံကိန်းသည်   ပြည်ထောင်စု အစိုးရ အကောင် အထည်ဖော်သည့် စီမံ ကိန်းဖြစ်ကြောင်း၊ ပြည်နယ် အစိုးရနှင့် မသက် ဆိုင်ကြောင်း၊ စီမံကိန်းအကြောင်း သိလိုပါက အစိုးရ သတင်းစာ ၀ယ် ဖတ်ကြရန် ပြန်လည် ဖြေကြား သွားခဲ့ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရဲမင်းကြီးတို့ ၀န်ထမ်းများနှင့် တွေ့ဆုံနေ ချိန်တွင် ကာကွယ်ရေး ဒု ဦးစီးချုပ် အပါအ၀င် အခြား စစ်တပ်အရာရှိများသည် တပ်တွင်း အထူး အစည်းအဝေး ပြုလုပ် လျက်ရှိကြောင်းသိရသည်။

Thursday, September 22, 2011

K.I.A တပ်ရင်း အသစ် (၂) ရင်း ပြန်လည်ဖွဲ့စည်း

|0 comments
Thursday, September 22, 2011


ရှမ်းပြည်နယ်အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) မုန်ဂိုတွင် K.I.A တပ်ရင်း (၂) ရင်းကို ပြန်လည်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်ရင်း မှာ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) နှင့် (၃၈) တို့ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတပ်ရင်း ဖွဲ့စည်းလိုက်တဲ့ နေ့မှာ ဘဲ မုန်ဂိုတပ်ရင်း တို့နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၉) ဦးကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်ရင်း (၂) ရင်းကို ဖွဲ့စည်းလိုက်ခြင်းမှာ ရှမ်းပြည်နယ်တွင် အခြေစိုက် တဲ့ K.I.A တပ်မဟာ (၄) ဟာ ကချင် လွတ်မြောက်ရေး တပ်မတော် အတွက် အထူးအရေးပါသော နေရာ ဖြစ်တဲ့အတွက် ယခုလို ဖွဲ့စည်းလိုက်တယ်လို့ K.I.A အရာရှိများမှ သိရှိရပါတယ်။

K.I.A တပ်ရင်း (၉) မှ စစ်အစိုးရရဲ့ အကျဉ်းထောင် တစ်ခု ဝင်တိုက်

|0 comments
Thursday, September 22, 2011

K.I.A ရှမ်းပြည်နယ် အခြေစိုက် တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) တို့က စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ နေ့တွင် နယ်မြေလုံခြုံရေး ကင်းလိုက်လှည့်နေရာ နမ်အုမ် (Nam-um) နှင့် ဒီမာ (Dima) ကျေးရွာ အကြားရှိ ရွှေပြည်သစ် မှ စစ်အစိုးရ အကျဉ်းထောင် အစောင့်အကြပ်ဖြစ်တဲ့ ရဲတပ်ဖွဲ့ တို့မှ K.I.A ရဲ့ ကင်းလှည့်အဖွဲ့ကို ပစ်လိုက်ရာကနေ နေ့လည်ပိုင်း ၁း ၀၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာမှာ မူဆဲ -လားရှိုး ကားလမ်းအနီးမှ နာအုမ် ကျေးရွာကနေ (၈) မိုင် မှာဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းအကျဉ်းထောင်ရဲ့ ညာဘက်တွင် စစ်အာဏာရှင် အစိုးရမှ ဖွင့်လစ်ထားသော ဘိန်းဖြတ်ရုံ တစ်ခုလည်း တည်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်ရင်း (၉) ကို စစ်အစိုးရ ရဲတပ်ဖွဲ့တို့မှ အရင်ဦးစွာ ပစ်ခတ်ခဲ့ပြီး K.I.A တို့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ယင်းရဲတပ်ဖွဲ့များမှာ ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် ရဲတပ်သားနှင့် စခန်းမှူး အေးသန်း အပါအဝင် (၈) ဦး၊ M-22 လက်နက် (၄) လက်၊ ပစ်စတို (၄) လက် တို့ကိုဖမ်းဆီး၊ သိမ်းဆီးရခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ ပြီးနောက် ယင်းထောင်မှ အကျဉ်သား (၅၅) ဦးကိုလည်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် နေ့ ဟုဆိုကာ အားလုံးကို လွတ်ပေး လိုက်ကြောင်း၊ ယင်းအကျဉ်းသား များတွင် ဒီမို ကရေစီလှုပ်ရှား၍ အကျဉ်းကျခံ နေရသူများလည်း ပါရှိကြောင်း စုံစမ်း သိရှိ ရပါတယ်။ ဖမ်းဆီး ရမိသည့် သုံ့ပန်း များကို ကေအိုင်အေမှ ကျင့်သုံးလျက် ရှိသည့် နိုင်ငံတကာ သုံ့ပန်း ဥပဒေနှင့် အညီ   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ယင်းနယ်မြေမှာ တာဝန်ကျပြီး တာဝန်ကို ထမ်းဆောင်နေတဲ့ စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များမှာ ဖြတ် သွားဖြတ်လာ ပြည်သူလူထုများကို ခြိမ်းခြောက်ခြင်း၊ အတင်း အဓ္ဓမ ငွေများတောင်းခံခြင်း အစရှိသော လူ့အခွင့် အရေးများကို ချိုးဖောက်နေကြ သည်ကိုလည်း စုံစမ်း သိရှိ ရပါတယ်။ K.I.A တို့က ယင်း အကျဉ်းထောင်ကို ဝင်စီး ခဲ့ခြင်းဖြစ်သော်လည်း ယင်းအနီးတွင် ရှိသော ဘိန်းဖြတ်ရုံ ကိုတော့ လုံးဝ ထိခိုက်ခြင်း မပြုခဲ့ကြောင်း သိရှိရပါတယ်။

Wednesday, September 21, 2011

စစ်တပ်ထောင်ထားတဲ့ မိုင်းကြောင့် ရွာသား (၂) ဦးထိခိုက်

|0 comments
Wednesday, September 21, 2011

စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ မနက် ၁၀း၁၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် ဖါးကန့်ခရိုင် ဝါ့ရာဇုပ် အနီးရှိ ဂျာထူဇုပ် ကျေးရွာမှ ဦး တန်ဂမ် (Tang Gam) နှင့် ဇနီးဖြစ်သူ ဒေါ် ရွယ်လမ်ဂျာငိုင် (Roi Lam Ja Ngai) အသက် ၂၄ တို့က ဂျာထူဇုပ် အရှေ့ဘက် ကတောလစ် (RC) ဆုတောင်းကုန်း သို့ ဝါး ခုတ်ဖို့ရန် သွားရာ လမ်းတဝက်တွင် စစ်တပ် ခလရ (၂၉၇) မှ ထောင်ထားသော မိုင်းကို နှင်းမိခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရွယ်လမ်ဂျာငိုင် မှာ ညာဘက်ခြေထောက် ဒူးအောက်ဘက် ပြတ်သွားပြီး ဘယ်ဘက် ခြေတလုံးတို့ ထိခိုက်ခဲ့ပြီး၊ ခင်ပုန်း ဦးတန်ဂမ်မှာ မှေးစေ့နှင့် မျက်နှာ ထိခိုက်ခဲ့ပြီး ယခုအချိန်မှာ သူတို့နှစ်ဦးကို ကားမိုင်း ဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရတို့၏ ထောင်ထားသော မိုင်းများဟာ ရန်သူအတွက်မဟုတ်ဘဲ ပြည်သူ လူထု အတွက်ဖြစ်နေသည်ကို စိတ်မကောင်းစရာ အဖြစ် တွ့မြင်နေ၊ ကြားသိနေရပါတယ်။

K.I.A တပ်မဟာ (၄) နယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွား

|0 comments
Wednesday, 21 September 2011

ရှေ့တန်းနယ်မြေမှ  K.I.A မျိုးချစ် စစ်သည်တော်များ

စက်တင်ဘာ (၁၈) ရက်နေ့ နံနက်ပိုင် (၉) နာရီဝန်းကျင်တွင် ရှမ်းပြည်မြောက်ပိုင်ရှိ K.I.A တပ်မဟာ (၄) နယ်မြေ၊ ကွတ်ခိုင်မြို့နယ် မုန်ယာ (Mung Ya) ကျးရွာတွင် K.I.A မျိုးချစ်စစ်သည်များနဲ့ စစ်တပ်ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ပစ်ခတ်မှုတွင် စစ်တပ်မှ (၄) ဦး ထိခိုက် ဒဏ်ရာရကာ (၇) ဦး ကျဆုံးခဲ့ကြောင်း သိရှိရပါတယ်။ စစ်တပ်မှ ဒဏ်ရာရ စစ်သည်များကို ယခုအချိန်တွင် မွန်ဂို (Mung Gu) သို့ သယ်ဆောင်းသွားကြောင်း သတင်းရရှိပါတယ်။ ယခု ပစ်ခတ်မှုတွင် စစ်တပ်နှင့်အတူ ဖောင်ဆိုင်း (Hpawng Seng)  ပြည်သူ့စစ်တွေလည်း ပါဝင်လာကြောင်း သိရှိရပါတယ်။

Tuesday, September 20, 2011

ကချင်လို့ပြောတဲ့အတွက် စစ်တပ်မှ ပစ်ခြင်းခံရတဲ့ တရုတ်

|0 comments
Tuesday, September 20, 2011

နမ့်ခမ်း နယ်မြေတဝိုက်

စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ နေ့မှာ ရှမ်းပြည်နယ် နမ်ခမ်း ရန်ဝူ (Nam Hkam , Yanwu) ကျေးရွာမှ ဦး ရှောင်ယန် (Shauyang) တရုတ်လူမျိုး ကို စစ်အစိုးရတပ်ဖြစ်တဲ့ ခမရ (၁၄၄) အဖွဲ့တို့က အင်မောင် (ရွှေလီ) ရေးအားလျှပ်စစ် သွားရာလမ်းမှာ သေနတ်ဖြင့်ပစ် ခဲ့ကြာင်း စုံစမ်းသိရှိရပါတယ်။

ဦးရှောင်ယန်နော် ဟာ မီးသွေးလိုက်ရောင်းပြီး အသက် မွေးဝမ်းကြောင်း ပြုနေခြင်း ဖြစ်ရာ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၃း၀၀ ဝန်းကျင်တွင် အင်မောင် ရေအားလျှပ်စစ် သွားရာလမ်း လွယ် ကျေးရွာ အနီးရှိ လွယ်ကျက် တံတားမှာ ထော်လာဂျီ မော်တော်ကို ရေဖြည့်နေစဉ် စစ်တပ်ရဲ့ ခမရ (၁၄၄) မှ ဒုတပ်ရင်းမှူး (2ic) မေဂျာ ဝင်းထွဋ်လေး ဦးဆောင်တဲ့ စစ်တပ်ရောက်လာပြီး ဦးရှောင်ယန်နော် ကိုစစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်တယ်။ မေဂျာဝင်းထွဋ်လေးဟာ ဦးရှောင်ယန်နော်ကို ဘာလူမျိုးလဲ ဟုမေးမြန်းခဲ့ရာ ရှောင်ယန်နော်က လီဆူး (ကချင်) လို့ပြောလိုက်ရာ မေဂျာဝင်းထွဋ်လေး ဟာ ကချင်ဆိုရင်တော့ အားလုံးသတ်လို့ပြောပြီး ၎င်းအား သေနတ်ဖြင့် (၂) ချက်ပစ်ရာ ပခုံးမှာ တစ်ချက် ဗိုက်မှာ တစ်ချက် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နောက်မှ ကောင်းကောင်း ပြန်မေးကြည့်ရာ တရုတ်လူမျိုးဖြစ်နေရာ ချက်ခြင်းဘဲ မူဆဲ ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရှိရပါတယ်။

ဒီလိုမျိုးအဖြစ်အပျက်တွေကို ကြည့်ရင် စစ်အာဏာရှင် အစိုးရဟာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဆိုပြီး ဘယ်လောက်ဘဲ ပါးစပ်ကနေ ပြောနေပါစေ သူတို့ ( စစ်အာဏာရှင်အစိုးရ) ရဲ့စိတ်နှလုံးထဲမှာ တော့ ကချင် လူးမျိုးတွေကို အမြစ်ပျက် ရှင်းပြစ်ခြင်နေတာကို တွေ့ရှိခံစားနေရပါတယ်။ ကချင်လိုမျိုးဘဲ မဟုတ်ပါဘူး တိုင်းရင်းသား အားလုံးအပေါ်မှာ ဒီလိုမျိုးစိတ်ဓါတ်သာ ရှိနေမယ်ဆိုရင်တော့ တတိုင်းပြည်လုံး စစ် ဖြစ်လာ နိုင်ပါတယ်။ ချစ်ခင် လေးစားအပ်ပါသော ကချင်၊ တိုင်းရင်းသား အပေါင်းတို့ ဒီလိုမျိုး အဖြစ်အပျက်ဟာ ကိုယ့်ပေါ်မှာ မရောက်လာနိုင်ပါဘူးလို့ ဘယ်သူမှ အာမ အခံနိုင်ပါဘူး။ ကိုယ်ကို မထိရင်ပြီးရော ဆိုတဲ့စိတ်ဓါတ် ရှိနေကြတဲ့ ကချင်ပြည်သူပြည်သားများကို အလေးအနက် သိစေချင်ပါတယ်။

ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

|0 comments
Tuesday, September 20, 2011





Monday, September 19, 2011

မုန်ဂို လွယ်ကန် တိုက်ပွဲ သတင်းဆက်

|0 comments
Monday, September 19, 2011

 မနေ့ည မုန်ဂို အနီးရှိ လွယ်ကန် ကျေးရွာမှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၃) ဦးကျဆုံးပြီး (၇) ဦးဟာ ထိခိုက် ဒဏ်ရာ ပြင်းထန်ကြောင်း ယင်းတိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲမှာ မပြီးဆုံးသေးဘဲ အခုချိန်ထိ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သတင်း သိရှိရပါတယ်။ နောက်ဆက်တွဲကို ဆက်လက် စုံစမ်းတင်ပြသွားပါမယ်။

K.I.A တပ်မဟာ (၄) နယ်မြေ လွယ်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်

|0 comments
 Monday, September 19, 2011
 
 K.I.A

စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ ညနေပိုင်း ၄း၀၀ နာရီ ဝန်းကျင်တွင် ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) နယ်မြေဖြစ်တဲ့ မုန်ဂို (Mung Gu) အနီးရှိ လွယ်ကန် (Loi Kang) ကျေးရွာတွင် ဒူဇောင်းဖုန် (Du Zawng Hpung) ဦးဆောင်တဲ့ K.I.A  တပ်နှင့် စစ်တပ်ဘက်မှ ခလရ (၂၉၀) နှင့် စစ်တပ်တို့ အကြား တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်တပ်ဘက်မှ ခမရ (၅၂၁)၊ (၁၁၀) တပ်တို့က ယင်းနယ်မြေတွင် စစ်အင်အား ပြန်လည်ဖြည့်တင်း ခဲ့ပြီဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ အခုချိန်မှာ စစ်အစိုးရနှင့် K.I.A တို့အကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အထက်ပိုင်းတို့မှာ တိုက်ပွဲများ အဆက် မပျက် ဖြစ်ပွားနေကြောင်း သိရှိနေ ရပါတယ်။

K.I.A ဓါတ်ပုံများ

|0 comments
Monday, September 19, 2011



ဆက်လက်ကြည့်ရှုရန်....

K.I.A တပ်မဟာ (၄) နယ်မြေတွင်တိုက်ပွဲပြင်းထန်

|0 comments
Monday, September 19, 2011

K.I.A တို့မှ ဖမ်းဆီးရသော အစိုးရစစ်သားများ

စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ K.I.A ရှမ်းပြည်နယ်အခြေစိုက် တပ်မဟာ (၄) နှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အခြေအနေများကို ဆက်လက်စုံစမ်း လျက်ရှိပါတယ်။

တဆက်တည်းမှာဘဲ စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ ညနေပိုင်းတွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) နယ်မြေဖြစ်တဲ့ အင်ဒုန်ဒဘန် အနီးတဝိုက်မှာ K.I.A ပြည်သူ့စစ် (MHH) ၁၀ ဦး ကျော်နှင့် စစ်တပ်အင်အား ၅၀ ကျော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

Sunday, September 18, 2011

စစ်အစိုးရကနေ အပြစ်မဲ့ ရွာသူရွာသားများကို ခေါ်ယူ ညှင်းပန်းနှိပ်စက်နေ

|0 comments
Sunday, September 18, 2011

ဘွမ်ဆဲန် နယ်မြေ (Bumsen ginra)
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် အခြေစိုက် စစ်တပ်ရဲ့ LIR (၃၂၁) က စက်တင်ဘာလ ၁၆ ရက် ၂၀၁၁ နေ့တွင် အင်မောက် မုဒ်လွမ်ကျေးရွာ (N-mawk Muklum) အထက်ဘက်မှာ ရှိတဲ့ ဂွယ် (Goi Kahtawng) ကျေးရွာ မှ ရွာသူရွာသားများကို အပြစ်မရှိ ခေါ်ယူညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ၎င်းကျေးရွာမှ စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရရဲ့ LIR (321) စစ်ကြောင်းက ဂွယ် ကျေးရွာတွင် ဝင်ရောက်လာပြီး ရွာသား (၁၂) ဦးကို K.I.A ကို အားပေး ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲကာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ယင်းရွာမှ မျက်မြင် သက်သေများမှ စုံစမ်းသိရှိရပါတယ်။

ယင်းရွာသား (၁၂) ဦးကို စစ်တပ်အခြေစိုက်တဲ့ ဆန်ဂန် Post  သို့ လမ်းပြဖို့ရန် အတင်းအဓ္ဓမ ခေါ်ဆောင် သွားကြောင်းသိရှိရပါတယ်။ ယခုချိန်ထိ ယင်း (၁၂) ဦးကို ပြန်လွှတ်လိုက်ခြင်း မရှိသေးကြောင်း ရွာသားများမှ သိရှိရပါတယ်။ ယင်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ အထဲမှာ အိမ်ထောင်စု တစ်ခုတည်းမှ သားအဖ ပါသွား၍ ကျန်အိမ်သူအိမ်သားများမှာ အလွန်စိတ်သောက ရောက်နေကြောင်း သိရှိရပါတယ်။ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော ယင်းရွာသား (၁၂) မှာ စက်တင်ဘာလ ၁၈ ရက် မနက် ၁၁း၀၀ နာရီ အချိန်ထိတော့ ပြန်မရောက်ရှိ လာသေးသဖြင့် ကျန်ရှိသော အိမ်သူအိမ်သားများနှင့် ရွာလူကြီးအပါအဝင် ရွာသားအားလုံးမှာလည်း စိုးရိမ်ပူပန်နေကြောင်း ဂွယ်ကျေးရွာ ရွာလူကြီးမှ ပြောကြား လာပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ရွာသား (၁၂) ဦး တို့၏ အမည်စာရင်းများမှာ-

၁။ ဦး ပေါင်ဆန် ဖန်ဝါ ( Pausang Hpang Wa ) အသက် ၆၀
၂။ မောင် ပေါင်ဆန်လနူး (Pausang La Nu) အသက် ၂၀
၃။ ဦး လဘန် လ (Labang La)  အသက် ၆၀
၎။ မောင် လဘန် ဝမ်ဆောက် ( Labang Wan Sawk) အသက် ၂၂
၅။ မောင် ဒရှီ မွန်းအောင် ( Dashi Mun Awng ) အသက် ၁၈
၆။ မောင် ဒရှီ လ (Dashi La) အသက် ၁၅
၇။ မောင် ဂေါ့မော် ဘရန် ဆိုင်း (Gawmaw Brang Seng) အသက် ၂၁
၈။ ဦး မရန် ယော်ထုန် (Maran Yaw Htung) အသက် ၅၅
၉။ ဦး မြစ်ခိုင် (Myit Hkai) အသက် ၄၈
၁၀။ မောင် ဒမောင်ဒီး (Damau Di) အသက် ၁၉
၁၁။ မောင် လထော် အောင်ရာ (Lahtaw Awng Ra) အသက် ၁၇
၁၂။ ဦး လဇိန် နော်ထွယ် (Lazing Naw Htoi) အသက် ၃၂

တို့ဖြစ်ကြကြောင်း စုံစမ်းသိရှိ၍ တင်ပြလိုက်ပါတယ်။

နမ်ဆန်ယာန် တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၃၀) ကျော်ကျဆုံး

|0 comments
Sunday, September 18, 2011

K.I.A နှင့် စစ်တပ်တို့ အကြားဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် နမ်ဆန်ယာန်ကျေးရွာ အနီးတဝိုက်မှာ ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲ အပြီး စက်တင်ဘာလ (၁၇) ရက်နေ့မှာ ရှင်းလင်းရေး (Cleaning) လုပ်ရာတွင် စစ်တပ်ဘက်မှ အလောင်း (၃၀) ကျော်ကို တွေ့ရှိကြောင်း K.I.A တာဝန် ရှိသူများနှင့် ရွာသားများထံမှ စုံစမ်း သိရှိ ရပါတယ်။ အခုချိန်မှာ ယင်းတိုက်ပွဲဟာ ငြိမ်သက်နေ ပြီဖြစ်ကြောင်း သိရှိ ရပါတယ်။ ဘယ်အချိန် ဘယ်အခါမှာ ပြန်လည် စတင်လာမယ် ဆိုတာကိုတော့ ပြောဖို့ရန် ခက်ခဲကြောင်း သိရှိ ရပါတယ်။

အင်ဒုန်ဒဘန်တွင်တိုက်ပွဲဖြစ်

စက်တင်ဘာလ ၁၇ ရက် ၂၀၁၁ K.I.A နှင့် စစ်တပ်တို့အကြား အင်ဒုန်ဒဘန် (N-Dung Dabang)မှာ တိုက်ပွဲငယ်ဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်း လျက်ရှိ ပါတယ်။

K.I.A နှင့်စစ်တပ်တို့ရဲ့ တိုက်ပွဲ

|0 comments
Sunday, September 18, 2011

 K.I.A Sniper
စက်တင်ဘာလ ၁၇ ရက် ၂၀၁၁ နေ့မှာ အင်မောက်မှ (၁၇) မိုင် ဝေးသော နမ်ဖတ်ခ (Nam Hpak Hka) ကျေးရွာ အခြေစိုက်တဲ့ စစ်တပ်ရဲ့ LIR (437) ကို K.I.A Sniper အဖွဲ့တို့ ဝင်တိုက်ခဲ့ရာ စစ်တပ်မှ (၁) ဦး ကျဆုံးကြောင်း စုံစမ်းသိရှိရပါတယ်။ အင်မောက် နယ်မြေတဝိုက်တွင် K.I.A တပ်မဟာ (၃) လက်အောက်ခံ (၁၅) တို့နှင့်စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ်မှ အနည်းဆုံး (၃) ဦး ကျဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။