Wednesday, September 28, 2011

ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) သတင်း

Wednesday, September 28, 2011

ဒီနေ့ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) ဌာနချုပ်ဟောင်းကို K.I.A ဘက်မှ ခေတ္တခဏ ဖယ်ပေးထားကြောင်း စုံစမ်းသိရှိရပါတယ်။ ဖယ်ပေး ထားရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အာဏာရှင် အစိုးရဘက်မှ လက်နက်ကြီး အမြောက် များဖြင့် အဆက်မပြက် မိုးရွာသလို ပစ်သွင်းနေသောကြောင့် ဖြစ်တယ်လို့ K.I.A အရာရှိများက ပြောပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် အစိုးရတို့မှ တပ်မဟာ (၄) ဌာနချုပ်ဟောင်းသို့ ဝင်ရောက် မလာနိုင်သေးကြောင်း စုံစမ်း သိရှိ ရပါတယ်။ စစ်အာဏာရှင် အစိုးရတို့မှ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနှင့် တိုက်ပွဲဖြစ်ရာတွင် လက်နက်ကြီး ၈၁ -မမ နှင့် ပစ်ခတ်မှုဖြင့်သာ မကြေနပ်၍ အခုချိန်မှာ လက်နက်ကြီး ၁၂၀ - မမ တို့အမြောက်အများ ရှေ့တန်းသို့ ပို့ဆောင် နေပြီဖြစ်ကြောင်း သိရှိ ရပါတယ်။ နှစ်ဖက်ကြားတိုက်ပွဲများမှာ မရပ်မနား ဖြစ်လျက် ရှိနေကြောင်း စုံစမ်း သိရှိရပါတယ်။ ဒီရက်အတော အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂၀၀) ကျော် အသက်ပေး ကျဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူမှာ အလွန် များပြားနေကြောင်း သိရှိရပါတယ်။ စစ်တပ်တို့ မသယ်ဆောင်နိုင်ဘဲ ချန်ထားသော စစ်တပ်ဘက်မှ အလောင်း (၆၀) ကျော်ကိုလည်း တွေ့ရှိကြောင်း၊ တွေ့ရတဲ့ အလောင်း (၆၀) ကျော်ထဲမှာ အသက်နုနယ်သော ကလေး စစ်သား များဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။

ဒီရက်အတွင်း စစ်ပွဲမှာ K.I.A ဘက်မှ ကျဆုံးသူမှာ အနည်းဆုံး (၆) ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူမှာ (၃) ဦးထက်မနည်းကြောင်း K.I.A တပ်မဟာ (၄) တာဝန်ရှိသူများမှ စုံစမ်း သိရှိရပါတယ်။

0 comments: