Sunday, September 25, 2011

K.I.A တပ်ရင်း (၉) နေရာသို့ မြန်မာအစိုးရ စစ်အင်အား အလုံးအရင်းဖြင့် ကျူးကျော်ထိုးစစ်ဆင်

Sunday, September 25, 2011
 
 စစ်ဖြစ်ပွားရာ နေရာ ဒေသ

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကေအိုင်အေ တပ်ရင်း (၉) နေရာဖြစ်သော ရှမ်းပြည်မြောက် ပိုင်းတွင် မြန်မာအစိုးရ စစ်တပ်မှ သတ်မှတ်ထားသည့် နေရာကို ကျူးကျော်ကာ စစ်သည် အင်အား ၂၀၀ ကျော်ဖြင့် ကျူးကျော်ထိုးစစ် ဆင်လာကြောင်းသိရသည်။

 အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ  ခလရ (၄၅)၊ ခလရ (၁၄၄)၊ ခလရ (၁၂၃)၊  နှင့် သိန္ဒီမြို့အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ  ခလရ (၆၈)၊ ခလရ (၆၉)၊ ခမရ (၅၀၇)၊ ခမရ (၅၂၂)၊ ခလရ (၂၄၂)၊ ခမရ (၅၆၇) နှင့် လားရှိုး အခြေစိုက် မစခ (၉၀၂) (အမြောက်တပ်ရင်း)  (၁) ရင်း  စုစုပေါင်း တပ်ရင်း (၁၀) ရင်းပေါင်းပြီး စစ်မျက်နှာသုံးခု ဖွင့်ကာ ထိုးစစ် ဆင်နေကြောင်း ရှေ့တန်း K.I.A အရာရှိများထံမှ စုံစမ်းသိရှိရတယ်။ စစ်မျက်နှာ (၂) ခုသည် K.I.A တပ်ရင်း (၉) သို့ ထိုးစစ်ဆင်ပြီး၊ စစ်မျက်နှာ (၁) ခုသည် ကေအိုင်အေ တပ်ရင်း (၂) ရှိရာသို့ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း စုံစမ်းသိရှိရပါတယ်။

မြန်မာအစိုးရစစ်တပ်များသည် မူဆယ်မြို့နယ် ဒီမားကျေးရွာနှင့် ကွတ်ခိုင်မြို့နယ် ဟိုဖျက် ကျေးရွာထဲတွင် တပ်စွဲကာ K.I.A တပ်ရင်း (၉) ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း ရှေ့တန်း K.I.A သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ကွတ်ခိုင်မြို့နယ် ဒတ်နိုင်ကျေးရွာတွင် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တွင် ထမင်းချက်နေသူ ပလောင်တိုင်းရင်းသူ တစ်ဦးသေဆုံးသွားကြောင်း ကျေးရွာရှိ သူ့အိမ်နီးနားချင်း ထံမှ စုံစမ်းသိရှိရပါတယ်။

ကေအိုင်အေ တပ်ရင်း (၂) နေရာဖြစ်သော ကွတ်ခိုင်မြို့နယ်၊ မန်ဂျယ်ကျေးရွာတွင် မြန်မာအစိုးရ စစ်တပ်မှ နေရာယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း စုံစမ်း သိရှိရပါတယ်။ ကျေးရွာသားများအား လူသား “ဒိုင်း” အဖြစ် အသုံးချခံရမည်ကို စိုးရိမ်သဖြင့် K.I.A မှ ပစ်ခတ်ခြင်းမပြုပဲ၊ ဘေးကင်းရာသို့ စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ (၃) နာရီခွဲ နောက်ဆုံးထားပြီး ပြောင်းရွေ့ပေးကြရန် အကြောင်းကြားခဲ့သည်။ သို့သော်လည်း ကျေးရွာအတွင်း ၀င်ရောက် နေရာယူထားသည့် မြန်မာအစိုးရ စစ်တပ်မှ ရွာသားများအား ရွာပြင်ထွက်ရန် အခွင့် မပေးကြောင်း၊ ရွာပြင်ထွက်ရန် ကြိုးစားသူကို ပစ်ခတ်သွားမည်ဟု  ပြန်လည် ခြိမ်းခြောက်ထားကြောင်း စုံစမ်း သိရှိရပါတယ်။ ထို့အပြင် မှုဆယ်မြို့နယ် ဒီမားကျေးရွာတွင်လည်း မြန်မာအစိုးရစစ်တပ်မှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်း စသည့် အရပ်ဖက် အဆောက်အဦများတွင် တပ်စွဲ ထားကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

ယခုချိန်မှာ K.I.A နှင့် စစ်အာဏာရှင် အစိုးရတို့ အကြား ပြင်းပြင်းထန်ထန် အင်အားသုံးပြီး တိုက်ပွဲများ အဆက်မပြက် ဖြစ်ပွားလေ့ ရှိနေပါတယ်။ ယခုဖြစ်ပွားနေသော တိုက်ပွဲများမှာ စစ်အစိုးရတို့ က ရွာသူရွာသားများကို အကာအကွယ်ယူကာ အပြစ်မဲ့တဲ့ ပြည်သူလူထုကို စာနာစိတ်မရှိဘဲ ရွာထဲတွင် လက်နက်ကြီးများဖြင့် စည်းကမ်းမဲ့စွာ ပစ်သွင်းနေကာ ရွာသားများမှာ ကြောက်လန့်တုန်လှုပ် နေကြပါတယ်။ စစ်အာဏာရှင် အစိုးရ၏ သမ္မတ ဦးသိန်းစိန်ခင်ဗျာ.. ဒီလိုမျိုးလုပ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖေါက်ခြင်းဖြစ်တယ် ဆိုတာကို မသိယောင်ဆောင်နေတာဟာ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်ဖို့ဟာ မကောင်းပါဘူးဗျာ…။ နဲနဲလေးဘဲ ဖြစ်ဖြစ် လူစိတ်ကို မွေးထုတ်ပါလို့ ပြောချင်ပါတယ်။

0 comments: