Tuesday, May 21, 2013

2013-2014 Nawng Nang Chyum Jawng (K.T.C)

|0 comments

2013-2014 Nawng Nang Chyum Jawng (K.T.C)

21 May, 2013 (Tue)
M.Naw Shan (Wunpawng)

Kachin sate Myitkyina nawng nang chyum jawng hta 2013-2014 jawng lung shaning na matu 26 May, 2013 (sun) hta jawng ma yawng du zup nna 27-29 du hkra jawng mying hta la let, lai ka sharin hpang wa sana lam chye lu ai. Maning 2012-2013 jawng lung shaning hta jawng ma yawng 700 daram sharin hkam la lu ai kaw nna 214 tup gaw jawng ngut, chyum jan mau gup la lu sai lam chye lu ai. 

(63) LANG NA K.T.C CHYUM HKAWLIK JAWNG YU POI



Dai ning na jawng lung shaning hta mung yawm htum jawng ma 700 jan rai na re lam matut chye lu ai. Myitkyina Nawng Nang chyum jawng (K.T.C) hta e L.Th (Literal of Theology), B.Th (Bachelor of Theology), M.Div (Master of Divinity), B.Min (Bachelor of Ministry),M.Min (Master of Ministry), M.Th (Master of Theology, garai nhpaw shi ai lam chye lu ai. M.Th hpe gaw M.Div ngut ai hpang sharin hkam la mai ai lam chye lu ai.)  madang ni hpe sharin jahpat nga ai re lam chye lu ai.

B.Min gaw L.Th ngut  nna manga (5) ning magam gun ngut ai hpang she mai lung ai hku re.

M.Min gaw B.Th ngut nna manga (5) ning magam gun ngut ai hpang she mai matut lung ai hku re.
Nawng Nang Chyum Jawng Wang (K.T.C)

 2013-2014 jawng lung shabrai gaw yawm dik 418000 Ks (Sen mali mun mi hkying matsat) rai na lam chye lu ai. Ndai 418000 Ks hta gaw laning mi tup na lu sha manu, wan, hka manu yawng lawm sai lam chye lu ai. K.T.C nawng nang chyum jawng hpe lit la let, jawng up hku na gaw Rev. Dr. Nalaw Dai Hkawng rai nna sharin sara/num yawng 50 jan ap nawng sharing jahpat nga ai  lam chye lu ai.

Sunday, May 05, 2013

**LETTER TO OBAMA FROM A 14 YEAR-OLD KACHIN GIRL* *

|0 comments
**LETTER TO OBAMA FROM A 14 YEAR-OLD KACHIN GIRL* *

 5 May, 2013 (Sunday)

DEAR MR. US PRESIDENT OBAMA, SIR,

I found your address in an old newspaper, 1600 Pennsylvania Ave, Washington, DC. I hope you still live there.

I hope this letter reaches you before you visit my country. I live in Kachin state in the north of Burma. I am 14 years old. My name is Ja Seng. Ja means “gold” in Kachin, and Seng means “jade.” In Kachin state we have a lot of gold and jade.

Mr. Obama

I would be in the 7th standard now, but because the army burnt down my house and school, my parents and I had to leave our town. I now live in a camp near China.

Our camp has very pretty mountains around and a lot of nice people. Can you please visit my camp when you come to Burma?

Most people in the camp are very excited about your visit. My mom was a school teacher so I asked her why. She said if you, sir, say even a few words about the Kachin and the camps, the whole world will know and will come to give us food and build me a school, and maybe I can even go home again soon.

But some people don’t seem so happy about your visit. My mom said if you don’t say any words about us, the world will think we are not important and don’t need help.

Kachin Girl

Someone else told me you were coming to help the people who burnt my house and school, but I told them that Mr. Obama would NEVER do that, because in my town we had a TV and I saw you a few times and you look very nice and say good things. I also saw your daughter, who is the same age as me. Maybe that guy has never seen you before.

We lost most of our things when we ran away, but I brought our handheld radio. I will be listening to your speech. Will you bring your daughters to Burma also? I hope they can visit my camp, too.

I have to go now to find wood so my mom can cook. It’s getting harder and harder to find after over a year here. Don’t forget to say a few words about us!

Your friend,
Ja Seng ♥



Monday, April 08, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)
 W.P Moses
8 April, 2013 (Monday)
 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း 
(၁) ကို ဒီမှာ နှိပ်၍ လေ့လာဖတ်ရှုနိုင်ပါသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံးသပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။

သိန်းစိန်၊ ဌေးဦး၊ မူတူး

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်းဆိုမှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒရယ်အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ခဲ့တုံးက သမ္မတဦးသိန်းစိန် မိန့်ခွန်းအရ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ခံစားခွင့် စတာတွေကို တောင်းဆိုလိုပါက လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ရမယ်လို့ ဆိုပြန်တယ်။ ဒါကြောင့်လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ဖွံ့ ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အကြိတ်အနယ်ဆွေးနွေးရမယ့် အနေအထားမျိုးရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်က ဖင်လန်နိုင်ငံရောက်ပြန်တော့ စကားတမျိုး ပြောလာပြန်တယ်။ လွှတ်တော်အတွင်းမှာတောင် မဟုတ်တော့ဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ကိုယ်စားလှယ်များ၊ လူထုလူတန်းစားနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်မှ ကိုယ်စားလှယ်များ စုပေါင်းပါဝင်တဲ့ အဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ထပ်ပြီး ဆွေးနွေးရမယ်လို့ ဆိုပြန်တာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးဦးမှာ ဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာမူဝါဒ ချမှတ်နိုင်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဖက်ဒရယ်နဲ့ ကိုယ်ပိုင်စစ်တပ် အလဲအလှယ် လုပ်သင့်/မလုပ်သင့် ထည့်သွင်းစဉ်းစားသုံးသပ် နိုင်ပါတယ်။ ဖယ်ဒရယ်ပေးမည် ဆိုလျှင်လည်း လက်ရှိရေးဆွဲထားသည့် အခြေခံဥပဒေကို တော်တော်များများ ပြန်လည် ပြင်ဆင် ပေးရမှာ ဖြစ်ပါတယ်။ (ကာ/လုံ) အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးနိုင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်မှု မရသရွေ့ လက်နက်မစွန့်နိုင်ဘဲ သူတို့အား ပြည်နယ်စောင့် ရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ BGF အသွင်ကူးပြောင်းဖို့ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်များက လက်မခံနိုင်ကြောင်း သူတို့ သိထားပါတယ်။

ဒါပေမဲ့ ရဲအဖွဲ့မှာဆိုရင် ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းအရ လက်နက်ကြီးများကို ထားခွင့်ပြုမှာ မဟုတ်ပြန်တာကြောင့် ဆွေးနွေးသဘောတူညီချက် ရရှိဖို့က အဖုအထစ် အခက်အခဲများစွာ ရှိနေပြီး အချိန်ကြာကြာ ဆွေးနွေးကြဦးမှာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြသွားပါတယ်။

www.photayokeking.org မှ ကူးယူဖော်ပြသည်။

Sunday, April 07, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

|0 comments

 အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)
W.P Moses
7 April, 2013 (sunday)

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံတော်သမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင်သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လိုငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ်ဦးလျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့ ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာတိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါတယ်။

 မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

“ဦးရွှေမန်းရဲ့မိန့်ခွန်းထဲမှာ နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှုက လတ်တလောမှာ ဖြစ်ကောဖြစ်ပါ့မလား ဆိုပြီး မသေချာတဲ့ သဘောနဲ့ သံသယရှိတဲ့ အသုံးအနှုန်းမျိုး သုံးလိုက်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ Image ပုံရိပ်ကောင်း ထွက်ပေါ်လာမှုအပေါ် ဦးရွှေမန်းရဲ့အတွင်းစိတ်က ယှဉ်ပြိုင်လိုတာမျိုး ရှိတာမို့ သူကလည်း ပြည်သူလူထုအတွက် တကယ်ပဲ အကျိုးဆောင် လုပ်ပေးတော့မလို အနစ်နာခံပြမလို အမှတ်ယူ ချင်တယ်လေ။ ဒါပေမဲ့ လွှတ်တော်မှာ ဦးရွှေမန်းမိန့်ခွန်းက အသက်ဝင်မူအားနည်းနေသလို စကားလုံး၊ စကားစုတွေကို စာဖတ်သလို ဖတ်ရူနေတယ်။ ဖတ်ရာမှာလည်း ထစ်ငေါ့နေတယ်၊ ဆွဲဆောင်မှု မရှိဘူးပေါ့ဗျာ။ ဦးသိန်းစိန်တောင် မိန့်ခွန်းပြောရင် ချောနေတာဘဲ၊ ခေါင်းဆောင်တစ်ဦးရဲ့ ထန်၊ မာန်တွေ အပြည့်နဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား လှိုက်လှိုက်လှဲလှဲ ပြောရမယ်ဆိုတာ ဦးရွှေမန်း မေ့သွားပြီ ထင်တယ်၊ စက်ရုပ်ကြီးလို ပြောနေတယ်၊ လုံးဝ အားမရဘူး”

မကြာသေးမှီကလေးကမှ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေများပြီး မတည်မငြိမ် ဖြစ်နေတာကို တွေ့ရပါတယ်။ နယ်စပ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာလည်း ရခိုင်ကိစ္စကြောင့် ဒုတိယ အကြိမ်မြောက် တပ်ထဲကို ပြန်သွားရတဲ့ ဗိုလ်ချုပ်တစ်ဦးအဖြစ် စံချိန်တင်သွားပြီး သူ့အစား ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဝင်လာပါတယ်။ ခန့်လိုက်တဲ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီး ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတစ်ယောက် စိတ်ထဲမှာ ခံစားနေရတယ် လို့ လေတပ်နဲ့ နီးစပ်သူများ အသိုင်းအဝိုင်းများထံမှ ကြားသိရပါတယ်။ တပ်မတော်မှာနေခဲ့တုန်းက သူနဲ့အပြိုင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဥာဏ်ထွန်းကတော့ ဒုသမ္မတဖြစ်သွားပြီး သူကတော့ ဦးဥာဏ်ထွန်းလက်အောက်ခံ ဝန်ကြီးဖြစ်သွား လို့ စစ်ဖက်နီးစပ်သူများက ကိုမြတ်ဟိန်း စိတ်ထဲမှာ အောင့်သက်သက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အမှတ်လျော့သွားတာကတော့ KIA ကို စစ်ဆင်ရေးလုပ်တဲ့ အတောအတွင်း MI-24 ရဟတ်ယာဉ် စက်ချို့ယွင်းချက် ဖြစ်သွားလို့ ထိုးဆင်းလိုက်ရသလို KIA စခန်းတွေကို တိုက်ခိုက်ဖို့ လေကြောင်းအကူ သုံးရာမှာလည်း အမောင်းသင်လေယာဉ်ဖြင့် ပစ်ခတ်ရာမှာ ထိရောက်မှု မရှိတာမို့ နဂိုကတည်းက ပွင့်ပွင့်လင်းလင်း မပြောခဲ့လို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အစိုးရရဲ့ လေကြောင်း ပစ်ကူ သုံးတာကို နိုင်ငံတကာက ထောက်ပြတာပဲ အဖတ်တင်တာ တွေ့ရပါတယ်။

တပ်မတော်မှာ ငယ်ရွယ်နုပျိုသူများကိုသာ ထားရမယ်ဆိုတဲ့ မူအရ အသက်ကန့်သတ်ချက်များကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (DSA-19) ထက် တစ်နှစ်ကြီးနေတဲ့ (DSA-18) က (လေ) ချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဖယ်လိုက်တာလည်း ဖြစ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြသွားပါတယ်။

 www.photayokeking.org မှ ကူးယူဖော်ပြသည်။

Friday, April 05, 2013

K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

|0 comments
 K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

5 April, 2013 Friday

M နော်ရှန်

K.I.O နှင့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ UN နှင့် အခြားတိုင်းရင်းသား ကိုယ်စာလှယ်များ တက်ရောက်လေ့လာမှု မရှိတဲ့ အတွက် K.I.O ဘက်မှ ရက်ရွှေ့လိုက်ကြောင်း ဖြစ်ပါတယ်။

 ဦးအောင်မင်း၊ K.I.O ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်

ယင်းဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ် ခန်းမဆောင်မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ရက်ရွှေ့လိုက်သည့် အပြင် လွန်ခဲ့သည့် အပါတ်က စပြီး မြစ်ကြီးနားမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဆက်သွယ်ဖို့ အလွန်ခက်ခဲ နည်းသွားကြောင်း ဒေသခံ ပြည်သူများမှ သိရှိရပါတယ်။ "အရင်အပါတ်က စပြီး ကျမတို့ ဒီမြစ်ကြီးနားမှာ အင်တာနက်လိုင်းက လုံးဝကို နည်းသွားတယ်၊ ပြောမယ်ဆိုရင် ဖွင့်လို့ကို မရတော့ဘူး၊ ဒါပေမယ့် မနေ့ကတော့ ကျမတို့ရုံးမှာ ၁၀ မိနစ်လောက်တော့ ရတယ်။" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရစစ်တပ်ဘက်မှ K.I.O ထိန်းချုပ်နယ်မြေထဲများတွင် စစ်အင်အားတိုးချဲ့ခြင်း၊ စစ်ရေးအရ လှုပ်ရှားမှုလုပ်နေခြင်း၊ နယ်မြေရှင်းလင်းရေးဆိုပြီး တပ်များကို လှဲလှယ်နေခြင်းများ အခုတလော ပိုလုပ်ဆောင်နေကြောင်း K.I.A အရာရှိများက ပြောပါတယ်။

 K.I.O  နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဒီလ အတွင်းမှာတော့ ထပ်မံဆွေးနွေးနိုင်ရန် မျော်လင့်နေကြပါတယ်။

Wednesday, March 20, 2013

အသက် ၁၈ နှစ် ပြည့်ဖို့ ၃ လ သာလိုတော့တဲ့ ကချင်ကောင်လေး…

|0 comments

အသက် ၁၈ နှစ် ပြည့်ဖို့ ၃ လ သာလိုတော့တဲ့ ကချင်ကောင်လေး…

နော်ရှန်
20 March, 2013 (Wed) 

အသက် ၁၈ နှစ် ပြည့်ဖို့ သုံးလသာလိုတော့တဲ့ ကချင်ကောင်လေး တစ်ယောက်နှင့် စကား ပြောဖြစ်ခဲ့ပါတယ်။ “ကျွန်တော် မလေးရှားရောက်တာ ရှစ်လ ပြည့်ဖို့ နှစ်ပါတ်သာ လိုတော့တယ် တဲ့” ကောင်လေးကပြောတာပါ။ အိမ်မှာ မိဘတွေကို ပိုက်ဆံပို့တာ သုံးသိန်းလောက်တော့ ရှိပြီတဲ့။ သူ့အိမ်က မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမှာပါ။

 မလေးရှား တစ်နေရာ

သူကဆက်ပြောပါတယ်..ကျွန်တော် အဖွားကို ဒီတစ်လ (နှစ်လပိုင်း ၂၀၁၃) ပိုက်ဆံ တစ်သိန်းလောက်ပို့ချင်တယ်တဲ့..။ အဲ့ဒါနဲ့ ကျွန်တော်က သူ့ကိုမေးလိုက်ပါတယ်..။ မင်းအဖွားက ဘာဖြစ်တာလဲပေါ့..။ ကျွန်တော်က သူ့အဖွား တခုခု ဖြစ်နေတယ်ထင်လို့ပါ။ ဒါပေမယ့် သူက ရိုးရိုးလေးပဲ ပြောပါတယ်.. ကျွန်တော့်အဖွား ဘာမှ မဖြစ်ပါဘူး..။ ကျွန်တော် ပို့ချင်တာပါ..။ အဖွားမဆုံး (မသေ) သွားခင် သူလုပ်ချင်တာတွေလုပ်၊ ဝယ်စားချင်တာတွေ ဝယ်စားနိုင်အောင်လို့ပါ..။ အဲ့ဒါက ၁၈ နှစ် ပြည့်ဖို့ သုံးလ လိုသေးတဲ့ ကချင်ကောင်လေးရဲ့ ရင်ထဲက ရိုးစင်းတဲ့ စကားသံတွေပါ။

သူက ဆက်ပြောပါတယ်.. ကျွန်တော် အင်္ဂလိပ်စာ၊ စကား တတ်ချင်လိုက်တာ..။ အင်္ဂလိပ်စာ၊ စကား မတတ်လို့လည်း သူများနိုင်ငံမှာ မျက်နှာ ငယ်ရတယ်တဲ့… ကျောင်းလဲတက်ချင်တယ်.... ဒါပေမယ့် အလုပ်လုပ်စားနေရတယ်၊ အလုပ်မလုပ်ရင် ဘယ်သူမှ အလကား မကျွေးဘူးလေး..။ အဲ့ဒါနဲ့ ကျနော်က သူ့ကိုမေးလိုက်ပါတယ်.. မင်းမှာ အစ်ကိုတို့ အစ်မတို့ ဒီမှာ (မလေးရှား) မရှိဘူးလား..? သူက ဘာပြောတယ်ထင်လဲ… ဟား..ရှိတာပေါ့... ပြီးတော့ သူဆက်ပြောပါတယ်.. သူတို့ကိုလည်း အကူအညီအများကြီးတောင်းလို့ မရပါဘူး..။ 

အဲ့ဒါနဲ့ ကျနော်က ပြန်မေးလိုက်တယ်.. ဘာဖြစ်လို့လဲ..? သူကပြောတယ်.. ဟား..ကျနော့်အစ်မက ယောင်္ကျားယူလိုက်ပြီလေး…။ သူ့အစ်မကို အားမရ အလိုမကျတဲ့ လေသံနဲ့ပြောတာပါ…။ အဲ့ဒါနဲ့ ကျနော်က သူ့ကိုပြောလိုက်တယ်.. မင်းအစ်မရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ? သူက ၂၈ နှစ်ပါ..။ အဲ့ဒါနဲ့ ကျနော်က သူ့ကို ပြောလိုက်တယ်.. ဟား..မင်းကလည်း.. အသက် ၂၈ နှစ်ဆိုတော့ မင်းအစ်မလဲ ယောင်္ကျား ယူမယ့် အချိန်ရောက်ပြီပေါ့.. ဒါကြောင့် သူအိမ်ထောင်ပြုတာ အပြစ်မရှိပါဘူး.. ဘာညာပေါ့…။

အဲ့ဒီကောင်လေးက ကျနော် လုပ်နေတဲ့ ဆိုင်မှာ အချိန်ပိုင်း အလုပ်လာဆင်းတာပါ..။ ကျနော်သူ့ကို မေးပါတယ်.. မင်းဒီမှာ အလုပ်လာဆင်းတာ သုံး လေး ရက်ရှိပြီလေး.. အဲ့ဒီပိုက်ဆံတွေကော ဘယ်ရောက်သွားပြီလဲ… လို့ ကျနော် မေးတော့.. သူက ဘာပြောတယ်ထင်လဲ.. ဟား.. အစ်ကို ကလည်း... အဲ့ဒီပိုက်ဆံတွေက ကျနော်နေတဲ့ အခန်းခ ပေးလိုက်ပြီလေး ၁၈၀ ရင်းဂစ် ပေးလိုက်ပြီ...။ အလကားမှ နေလို့ မရတာ..။ နောက်တစ်လ ၁၆ ရက်နေ့ ကျရင် တစ်ခါ ပြန်ပေးရမယ်..။ နောက်တစ်လစာပေါ့....။ 

သူပြောတာလည်း ရှင်းရှင်းလေးပါ..။ သူများနိုင်ငံမှာ လာလုပ်စားရတာ မလွယ်လှပါဘူး..။ အဲ့ဒါထက်ပိုဆိုးတာက တစ်ခုရှိသေးတယ်..။ မျက်နှာအရမ်းငယ်ရတယ်… ဘာဖြစ်လို့လဲ..လို့ မမေးနဲ့.. မြန်မာနိုင်ငံသား ဖြစ်နေလို့ပဲ..။ မြန်မာနိုင်ငံသားဆိုရင် မလေးရှားနိုင်ငံသာ မဟုတ်ဘူး.. ဘယ်နိုင်ငံမှ အထင်မကြီးပါဘူး.. အထင်မကြီးတာ ထားလိုက်အုံး.. အထင်အရမ်းသေးတဲ့ အကြည့်တွေနဲ့ အကြည့်ခံရတာ အရမ်းခံပြင်းတယ်ကွာ..။ ပြီးတော့ မြန်မာ နိုင်ငံသားဆိုရင် ဘယ်နိုင်ငံသားကမှ ကောင်းကောင်းမွန်မွန် မဆက်ဆံကြပါဘူး…။ ပြီးတော့ တချို့တရုတ်တွေဆိုရင် ဘာပြောတယ်ထင်လဲ..? “ထါးရှီ..မြဲန်တဲန်း” တဲ့..။ ဘာလဲ အဲ့ဒါ.. သူတို့က မြန်မာနိုင်ငံသားလေး တဲ့..။ အရမ်း အထင်သေးတဲ့ အကြည့်.. လေသံနဲ့ ပြောတာပါ.. အဲ့ဒါက ကျနော်ကိုယ်တိုင် လက်တွေ့ခံခဲ့ရတာပါ..။

ဒါနဲ့ကောင်လေးက ဆက်ပြောတယ်.. သူများနိုင်ငံမှာ နေရတာ မလွယ်ပါဘူး..။ ကျနော်ကမေးလိုက်တယ်..။ ဘာဖြစ်လို့လဲ..? ဟား… အစ်ကိုကလည်း စဉ်းစားကြည့်လေး.. ဘယ်ဘဲ သွားသွား ရဲ တွေကိုရော၊ စစ်သားတွေ ကိုရော ကြောက်နေရတယ်…။ ဒါပေမယ့် ဒီမှာကြောက်ရ တာက ဟောမှာထက်စာရင် ကောင်းပါတယ်..။ အဲ့ဒါနဲ့ ကျနော်က မေးလိုက်တယ်.. ဟောမှာဆိုတာက ဘာကိုပြောတာလဲ..ပေါ့… အဲ့ဒါနဲ့ ကောင်းလေးက..ပြောတယ်.. ဟား.. အစ်ကိုကလည်း ဝေးလိုက်တာ.... ကျနော်ခံလိုက်ရတယ်.. ဟော…မှာ ဆိုတာက ကျနော်တို့ မြန်မာ နိုင်ငံလေး..…။ မြန်မာနိုင်ငံက ရဲ တွေ၊ စစ်သားတွေ၊ အထက်အရာရှိတွေဆိုရင် ရိုင်းလိုက်တာ..။ မေးတာ မြန်းတာလည်း ခြိမ်းလား.. ခြောက်လားနဲ့.. ငေါက်တောင်ငေါက်လိုက်သေး.. အဲ့ဒီမှာ အချိုး သိပ်မပြေဘူးဆို ရင်တော့ နာဖို့သာ ပြင်ထားတော့.. ခြေထောက်နဲ့ ကန်တာတို့ ရိုက်တာတို့ အစုံပါကွာ…။ 

သူများနိုင်ငံက ရဲတွေ ဆိုရင် အဲ့လိုမလုပ်ဘူး.. ကျနော်တစ်ခါ ကြုံဖူးတယ်…..။ အဲ့ဒါနဲ့ သူ့ရဲ့ အတွေ့ အကြုံကို ဝေမျှလေရော…။ ကျနော်ည အလုပ်က အပြန်လမ်းမှာ ရဲ နှစ်ယောက်နှင့်တွေ့တယ်… သူတို့က ကျနော့်ကို ရိုရိုသေသေနှင့် ရိုးရိုးလေးပဲ မေးပါတယ်… ဒါနဲ့ ကျနော်လဲ ရိုးရိုးလေးဆိုတော့ စိတ်ဝင်စားစွာနဲ့ မြန်မြန်မေးလိုက်တယ်.. ဘယ်လို ရိုးရိုးလေးလဲ..? လို့.. ။ အစ်ကိုကလည်း ပြောပြမှာပါတဲ့.. သူက လူကြီးစတိုင်လ်နဲ့ ပြန်ထည့်တယ်..။ အဲ့ဒါနဲ့ ကျနော်လည်း ငြိမ်ငြိမ်လေး နားစွင့်နေလိုက်တယ်..။ အဲ့ဒီရဲ သားနှစ်ယောက်က မေး တယ်… မင်းမှာ အိုင်စီ ရှိလား..တဲ့…။ မလေးလို မေးတာပါ.. အာဒါ့အိုင်စီကား..? တဲ့..။ ကျနော်လည်း စကားမပြောပဲ ခဏလေး ငြိမ်နေလိုက်တယ်.. အဲ့ဒါနဲ့ သူတို့ နှစ်ယောက်က ပြန်မေးလိုက်တယ်.. ဟဲ.. ဒီတခါတော့ နည်းနည်း အဆင့်မြင့်တယ်... ဒါနဲ့ ကျနော်က ဟာ.. မင်းကလဲ အဲ့ဒါမေးတာများ အဆင့်မြင့် အဆင့်နိမ့် ရှိသေးလို့လား..? ပေါ့… သူက.. ရှိတာပေါ့….. ဒီတခါမေးတာ မလေး လို မဟုတ်တော့ဘူး..ကွ…။ ဒါနဲ့ ကျနော် က စိတ်မရှည်စွာဖြင့် .. မလေး လိုမဟုတ်ရင် ဗမာလို မေးလိုက်တာပေါ့.. မင်းကို မြန်မာ နိုင်ငံသားမှန်း သိလို့… လို့ ပြောလိုက်တော့.. ကောင်လေးက .. ဟာ..အစ်ကိုကလည်း.. ဗမာလို မဟုတ်ပါဘူး.... ဒါဆိုရင် ဘယ်လို မေးတာလဲ..? သူတို့က ကျနော့်ကို မေးလိုက်တယ်… ဒူးယူဟဲပ်အိုင်စီ..တဲ့.. Do you have IC?  အဲ့ဒါနဲ့ ကျနော်က ရည်ပြီး ပြောလိုက်တယ်.. မင်းဟာလည်း တမျိုးပါလား..။ ကောင်လေးက ဆက်ပြောတယ်… အဲ့ဒီလို သူတို့ ကျနော့်ကို အင်္ဂလိပ်လို Do you have IC? လို့ မေးပြီး တာနဲ့ ကျနော်လည်း အင်္ဂလိပ်စကားက ခေတဲ့ ကောင်မှ မဟုတ်တာ.. အင်္ဂလိပ်စကားကို တော်တော်လေ့လာ ထားတာ… ကျတော်လည်း သူတို့ နှစ်ယောက်ကို အင်္ဂလိပ်လို အပြတ် ပြန်ပြောလိုက်တာပေါ့.... ဒါနဲ့ ကျနော်က စိတ်ဝင်စားစွာနဲ့… ဒီကောင်ဘယ်လိုများ မုတ်လိုက်သလဲ..ပေါ့.. မင်းက ဘယ်လိုအပြတ် ပြန်ပြောလိုက်တာလဲ..လို့ မေးတော့.. ဟား.. အစ်ကိုကလည်း လွယ်လွယ်လေးပါ..… ကျနော် တခွန်းပဲ ပြောချလိုက်တယ်… နိုး… No.. လို့ အကျယ်ကြီး ပြောလိုက်တော့ သူတို့ ငြိမ်ကျသွားတယ်..။ ဒါနဲ့ ကျနော်က မအောင့်နိုင်တော့လို့ ရယ်ချလိုက်တော့တာပေါ့…ဟား…ဟား..ဟား…. ကောင်လေးက ဆက်ပြောတယ်.. ကျနော်အဲ့လို နိုး .. လို့ ပြောလိုက်တော့ သူတို့က ကျနော့်ကိုယ်ကို နည်းနည်း လိုက်စစ်ဆေးတယ်.. ပြီးတော့ ကျနော့်မှာ ဘာမှ မတွေ့တော့ ဒီတိုင်းပဲ ပြန်လွတ်လိုက်တယ်…။ သူတို့က ပြောလိုက်သေးတယ်.. ဂွတ်ထ်နိုက် တဲ့… Good night.. ပေါ့..။ ကျနော်တွေ့ကြုံခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်က အဲ့ဒါပါပဲ…။

အဲ့ဒီကောင်လေး ပြောတဲ့ ရင်ထဲက စကားတွေဟာ အပြစ်ကင်းစင်ပြီး ရိုးရှင်းလှပါတယ်…။ အဲ့ဒီကောင်လေး ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲလို့ စိတ်ဝင်စားမိတာတော့ အသေအချာပါပဲ လေး..။ 
  
စားဖတ်ပရိတ်သတ်တွေကို အစဉ်ရိုသေလေးစားလျက်…

Naw Shan