Saturday, February 11, 2012

မနောအလှ ဂီတည'

|0 comments


ဇော်ရှန် (WPNG)


ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဂီတဖျော်ဖြေပွဲတခု 'မနောအလှ ဂီတည' အမည်ဖြင့် စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အနုပညာရှင်များ စုစည်းပြိး လုပ်သွားမယ်လို့ သိရပါတယ် ။


'မနောအလှ ဂီတည'တွင် ကချင်တိုင်းရင်းသား အနုပညာရှင်များဖြစ်ကြသည့် နောနော်၊ Lခွန်းရီ၊ K ဂျာနူး၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ ရေဗက္ကာဝင်း၊ Z အဘောက်၊ ဒေါင်လွဏ်း၊ အောင်းလာ၊ အောင်ရာလီ၊ အမ်းနော်၊ ဂျက်ဆန်ထွန်း၊ အာဇေး၊ ကော့မိုင်၊ ဘလူး ဘယ်ရီအဖွဲ့၊ အွန်ဆိုင်း၊ ဆိုင်းလူတို့ သီဆိုဖျော်ဖြေကြမယ်လို့ သိရပါတယ် ။ 

ရန်ပုံငွေ လက်မှတ်တစောင်လျှင် ကျပ် ၅၀၀၀ နှုန်း သတ်မှတ်ထားပြီး သီးသန့်လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့်
ငွေအားဖြင့်သော်လည်းကောင်း၊ ပစ္စည်းများဖြင့်သော်လည်းကောင်း လှူဒါန်းနိုင်ကြောင်း သိရပါတယ် ။


ရလာတဲ့  အလှူငွေများကို  စစ်ပြေးဒုက္ခသည်များအတွက် ကချင်အနုပညာသမားများ ကိုယ်တိုင် မြစ်ကြီးနားမြို့အထိ သွားရောက် လှူဒါန်းမယ် လို့ သိရပါတယ် ။

 ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ကိုလဲ ပြုလုပ်မယ် လို့ သိရပါတယ် ။


လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော် ရှိရာ KIO ထိန်းချုပ် နယ်မြေအတွင်း ဒုက္ခသည် ၄၆,၀၀၀ ကျော် ရှိပြီး အစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၁၄,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ် ။  
 
 
 

ကြွေလွင့်သွားသော ၈၈ ကျောင်းသားများ

|0 comments





ဇော်ရှန်  (WP)       ဓါတ်ပုံသတင်း

ကချင်ပြည်နယ်မှာ   ကြွေလွင့်သွားသော ၈၈ ကျောင်းသားများ အမှတ်တရနေ့ ကို ရန်ကုန် အလုံမြို့နယ် ငုဝါလမ်းရှိ ရွှေအိုးစည်ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။ကိုမင်းကိုနိုင် တက်ရောက်ရောက်ခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားတစ်ချို့
လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။
 
Wun Pawng News Group 
 

Wednesday, February 08, 2012

ဒမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည်

|0 comments

ဇော်ရှန် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ မဆွမ်လွတ် ရွယ်ဂျာ အား ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ အား ခင်ပွန်းဖြစ်သူက တရားစွဲဆိုထားသည့်အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ကြာသပတေးနေ့တွင် စတင် ကြားနာစစ်ဆေး မည် ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရသည့် မရွယ်ဂျာ၏ ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားလွှတ်တော်ချုပ်ရုံးသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ခမရ ၃၂၁ အား တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးတော့မည်ဟု ဇောင်းခေါင်၏ ရှေ့နေ ဦးမာခါး က ပြောသည်။


“ခမရ ၃၂၁ စစ်တပ်ကနေ ဖမ်းထားတဲ့ ကိစ္စကို နေပြည်တော် တရားလွှတ်တော်ချုပ်မှာ လျှောက်ထားတယ်။ အစိုးရ တပ် ခမရ ၃၂၁ ခြေမြန်တပ် လွယ်ဂျယ် တပ်စခန်းကိုပါ။ တရားစွဲတယ်ဆိုတာ မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ပါ။ ၉ ရက်နေ့က လျှောက်လဲချက် တင်မှာပါ။ နှစ်ဘက်စလုံး ကြားနာ စစ်ဆေးသွားမှာပါ” ဟု ရှေ့နေ ဦးမာခါး က မဇ္ဈိမကို ပြောသည်။

မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မဆွမ်လွတ်ရွယ်ဂျာမှာ ၎င်း၏ ခင်ပွန်း၊ ဖခင် တို့နှင့်အတူ တောင်ယာသို့အသွား လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် KIA ထောက်လမ်းရေးဟု စွပ်စွဲပြီး ခမရ ၃၂၁ မှ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ခင်ပွန်းနှင့် ဖခင်မှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် မရွယ်ဂျာတယောက်သာ ဖမ်းဆီးခံခဲ့ရသည်မှာ လေးလခန့် ကြာပြီ ဖြစ်သည်။

တရားစွဲဆိုခြင်းခံထားရသည့် ခမရ ၃၂၁ မှ တာဝန်ရှိ အရာရှိများ တရားလွှတ်တော်ရှေ့မှောက် လာရောက်ရမည်
ဖြစ်သည်ဟုလည်း သိရသည်။

“တရားလွှတ်တော်ချုပ် ပြည်ထောင်စု လွှတ်တော်ချုပ် အမိန့်ပေါ့။ ဆင့်စာ ပေးလိုက်ပြီ။ အဲဒီနေ့မှာ သူ့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ လျှောက်လဲချက် တင်ရမှာ။ တကယ်သေသွားပြီလို့ တရားဝင် ပြောလာမယ်ဆိုရင်တော့ လူသတ်မှုနဲ့ ပြန်တရားစွဲလို့ရတာပေါ့” ဟု ဦးမာခါး က ပြောသည်။

တရားစွဲဆိုသူ ဇောင်းခေါင် ကိုယ်တိုင်မှာလည်း လွတ်လပ်စွာ နေထိုင်၍ မရသေးဖြင့် လုံခြုံရာတွင်သာ ပုန်းအောင်းနေထိုင်ရပြီး ကြားနာမည့်နေ့တွင်မူ တရားလွှတ်တော်ရှေ့မှောက်သို့ ရောက်ရှိလာမည်ဟု သိရသည်။

မရွယ်ဂျာအမှုနှင့် ပူးတွဲ၍ ခလရ ၃၇ မှ ဖမ်းဆီးထားသည့် တာလောကြီးကျေးရွာမှ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့အမှုအားလည်း တရားလွတ်တော်ချုပ်မှ ရှေ့တော်သွင်း စာချွန်လွာကို တရက်တည်း ကြားနာမည် ဖြစ်ကြောင်း သိရသည်။