Friday, April 05, 2013

K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

|0 comments
 K.I.O နှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့

5 April, 2013 Friday

M နော်ရှန်

K.I.O နှင့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ UN နှင့် အခြားတိုင်းရင်းသား ကိုယ်စာလှယ်များ တက်ရောက်လေ့လာမှု မရှိတဲ့ အတွက် K.I.O ဘက်မှ ရက်ရွှေ့လိုက်ကြောင်း ဖြစ်ပါတယ်။

 ဦးအောင်မင်း၊ K.I.O ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်

ယင်းဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ် ခန်းမဆောင်မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ရက်ရွှေ့လိုက်သည့် အပြင် လွန်ခဲ့သည့် အပါတ်က စပြီး မြစ်ကြီးနားမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဆက်သွယ်ဖို့ အလွန်ခက်ခဲ နည်းသွားကြောင်း ဒေသခံ ပြည်သူများမှ သိရှိရပါတယ်။ "အရင်အပါတ်က စပြီး ကျမတို့ ဒီမြစ်ကြီးနားမှာ အင်တာနက်လိုင်းက လုံးဝကို နည်းသွားတယ်၊ ပြောမယ်ဆိုရင် ဖွင့်လို့ကို မရတော့ဘူး၊ ဒါပေမယ့် မနေ့ကတော့ ကျမတို့ရုံးမှာ ၁၀ မိနစ်လောက်တော့ ရတယ်။" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရစစ်တပ်ဘက်မှ K.I.O ထိန်းချုပ်နယ်မြေထဲများတွင် စစ်အင်အားတိုးချဲ့ခြင်း၊ စစ်ရေးအရ လှုပ်ရှားမှုလုပ်နေခြင်း၊ နယ်မြေရှင်းလင်းရေးဆိုပြီး တပ်များကို လှဲလှယ်နေခြင်းများ အခုတလော ပိုလုပ်ဆောင်နေကြောင်း K.I.A အရာရှိများက ပြောပါတယ်။

 K.I.O  နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့အကြား ဒီလ အတွင်းမှာတော့ ထပ်မံဆွေးနွေးနိုင်ရန် မျော်လင့်နေကြပါတယ်။