Monday, September 26, 2011

မြို့သစ်မှာတိုက်ပွဲဖြစ်

Monday, September 26, 2011

အင်မောက်ဇုံနယ် မြို့သစ်ကျေးရွာ အနီးမှ စစ်အာဏာရှင်အစိုးရရဲ့ Microwave တိုင်စိုက် ထူထားတဲ့ တောင်ကို မနေ့က စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ မှာ K.I.A တို့မှ သိမ်းပိုက်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ ဒါပေမယ် ယခုချိန်မှာတော့ စစ်တပ်ဘက်မှ စစ်အင်အား အမြောက်အများဖြင့် ယင်း နယ်မြေ တဝိုက်မှာ ရောက်ရှိနေ ပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ဒီလို အခြေ အနေကို ကြည့်ခြင်း အားဖြင့် K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း ပြောနေကြပါတယ်။

စစ်အာဏာရှင်တို့မှာ စစ်အင်အား လက်နက်အင်အားများ အဆမတန်တိုးချဲ့လာနေ

ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို စစ်တပ်တို့မှ သိမ်းပိုက်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့မှ လူအင်အား လက်နက်အင်အား အဆ မတန် တိုးများ လာတဲ့အတွက် K.I.A စစ်ဌာနချုပ်ရဲ့ ညွန်ကြားချက်အရ နောက်ဆုတ်ပေးလိုက်တာဖြစ်ကြောင်း၊ ဒီတိုက်ပွဲတွင် K.I.A ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားပြီး K.I.A မျိုးချစ်စစ်သား (၂) ဦးကျဆုံး သွားပြီဖြစ်ကြောင်း ရှေ့တန်းနယ်မြေ K.I.A သတင်းအရစုံစမ်းသိရှိရပါတယ်။

ဒီစစ်ပွဲဟာ ပိုမိုပြင်းထန်လာမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင် တို့ဘက်မှာလည်း စစ်အာင်အား၊ လက်နက် အင်အား အဆမတန် အဆက်မပြက် ပို့လွှတ်နေကြောင်း စုံစမ်း သိရှိရပါတယ်။


0 comments: