Saturday, November 19, 2011

သင်းအုပ်ဆရာ အဖမ်းဆီးခံရ

|0 comments
Saturday, November 19, 2011

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ဘန်လုန်ကျေးရွာမှ ခရစ်ယာန် သင်းအုပ်ဆရာကို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိ ရပါတယ်။ သင်းအုပ်ဆရာကို ဘယ်နေရာသို့ ခေါ်ဆောင် သွားသည်ကို အတိအကျ မသိရသဖြင့် ကျန်ရှိနေသော အိမ်သူ အိမ်သားများမှာ စိုးရိမ် ပူပန်နေ ကြကြောင်း၊ အိမ်သူအိမ်သားများမှ သက်ဆိုင်ရာ ရဲဌာန စခန်းတွင် အကြောင်း ကြားထားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူပေး မယ်လို့ မျှော်လင့်နေသော်လည်း ယခုချိန်ထိတော့ ဘာတုန့်ပြန်မှုမှ မရှိသေးကြောင်း ဆက်လက် သိရှိ ရပါတယ်။

ကချင်အမျိုးသမီးထုများ စစ်ပွဲတွေပါဝင်နေပြီ...

|1 comments
Saturday, November 19, 2011

KIAတပ်မဟာ(၃)နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအမျိုးသမီးအစည်းအရုံး(KIWA) (မိုင်ဂျာယန်)မှ စည်းရုံးရေးမှူးဒေါ်မေလီအောင်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၅) ဦးဟာ မော်တော်ယာဉ် (၂) စီးနဲ့အတူ ခင်ဒစ်ကျေးရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရောက်လာပါတယ်။ တိုက်နယ်မှူး ဘရန်အောင်နဲ့ KIO တပ်ဖွဲ့ဝင် (၃) ဦးတို့ ကြိုတင်စုစည်းထားတဲ့ ခင်ဒစ်၊ ဆိုင်မိုင်ပါနဲ့ ခိုင်ဘန်ရွာတွေကဒေသခံ ကချင် အမျိုးသမီး (၃၀) ဦးနဲ့တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် အမျိုး သမီးစစ်မှုထမ်း အဖြစ် ၀င်ရောက် အမှုထမ်းကြဖို့ စည်းရုံးဟောပြောခဲ့တယ် လို့  မိုင်ဂျာယန်က လာတဲ့သတင်းတွေအရ သိရပါတယ်။

``ဒေါ်မေလီအောင်ကပြောကြားခဲ့ရာမှာတော့``ကျွန်မတို့ ကချင် တပ်မတော်ဟာ ယခုဆိုရင် အစိုးရစစ်တပ်တွေရဲ့ ထိုးစစ်တွေကြောင့် အင်အားလျော့နည်း လာနေပါတယ်။ ကျတဲ့သူကျ ၊သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ရနဲ့ ဖြစ်နေပါ တယ်။ ဒီကြားထဲမှာ ကချင်တပ်မတော်ကနေ ထွက်ပြေးနေတဲ့ သူတွေလည်း ရှိနေတာကြောင့် အခုဆိုရင် ကျွန်မတို့ရဲ့ တပ်မတော်ဟာ လူအင်အား တဖြည်းဖြည့်း လျော့နည်းနေပါတယ်။ ဒါကြောင့်မို့ အခုကျွန်မလာရတဲ့ ရည်ရွယ်ချက်က တပ်အင်အားတွေ တိုးတက်ဖို့၊ ကျွန်မတို့ ကချင် အမျိုး သမီးတွေကလည်း ကချင် အမျိုးသားတွေ နည်းတူ တိုက်ပွဲဝင်နိုင်ဖို့ လာရောက်ဆွေးနွေး ရခြင်း ဖြစ်ပါတယ်။ ကချင်နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကျွန်မတို့ရဲ့ စစ်ခေါင်းဆောင်တွေကို ၀န်းရံဖို့အတွက် KIA တပ်မတော်မှာ အမျိုးသမီး စစ်မှုထမ်းတွေ အများကြီး လိုအပ်နေပါတယ်။´´

``ဒီစစ်ပွဲတွေကြောင့် ကျေးရွာတွေမှာ ရှိနေတဲ့ ပြည်သူ လူထုတွေ ဒုက္ခဘေး မကြုံစေဖို့ လိုင်ဇာ ဌာနချုပ်မှာ သက်ကြီး ရွယ်အိုနဲ့ ခလေးတွေလည်း ကျွန်မတို့ စုစည်းထားပါတယ်။ စစ်ပြေး ဒုက္ခသည်တွေဟာလည်း သာမန်ပြည်သူတွေပဲမို့လို့ စားနပ် ရိက္ခာ၊ ဆေးဝါး စတဲ့အထောက်အပံ့တွေ လိုအပ်နေပါတယ်။

အရင်တုန်းကတော့ တရုတ်ပြည်ဘက်က ထောက်ပံ့ တာတွေရှိခဲ့ပေမဲ့ တရုတ်ကလည်း အဆင်မပြေဖြစ်ပြီး မထောက်ပံ့တော့ပါဘူး။ ဒါကြောင့်ကျွန်မတို့ရဲ့ စစ်ပြေးဒုက္ခသည် တွေလဲ အရမ်းကိုပဲ ဒုက္ခရောက်နေပါတယ်။´´


    ``ကချင်စစ်သည်တော်တွေ အနေနဲ့လည်း အစိုးရတပ်တွေရဲ့ လက်နက်ကြီးတွေ မတရား ကျမတို့ လူမျိုးအပေါ် ၊လက်နက်ငယ်တွေ၊ လက်နက် ဆန်းတွေ အသုံးပြု တိုက်ခိုက်နေတာတွေ ရှိလာပါတယ်။ ဒိလက်နက်တွေဟာ နိုင်ငံတကာက ပြည်တွင်းစစ်မှာ အသုံးပြုခွင့် မရှိဘူး။ ဒါပေမဲ့ အခု စစ်တပ်က ကျမ တို့ ကချင်လူမျိုးတွေ အပေါ် အခုလို ရက်ရက်စက်စက် လုပ်လာတာ အားလုံး အသိပါဘဲ  ။  ဒါတွေကိုလဲကျွန်မတို့အမျိုး သမီးအစည်းအရုံးအနေနဲ့ ပါဝင်တိုက်နေပါတယ် ။....  အစိုးရတပ်တွေကလဲ အခုဆို အကျအဆုံးများ လာလို့  အခုဆို နေပြည်တော်က မြန်မာနိုင်ငံမှာ အကြီးဆုံး တပ်တွေဖြစ်တဲ့ အဖွဲ့ တွေပါ ပါဝင်တိုက်နေကြတယ် အရင်တုန်းက ဗမာပြည်မြောက်ပိုင်းက တပ်တွေလောက်နဲ့ တိုက်နေရာကနေ အခု ဗမာပြည်အောက်ပိုင်းက တပ်တွေပါ တက်လာနေပါတယ်။

အစိုးရတပ်တွေဟာ ကျမ တို့ ကချင်တပ်တွေ ကို မနိုင်တော့ အသေအပြောက်များလာတော့ အခုဆို ဓာတု လက်နက် (Chemical Weapons) တွေပါ အသုံးပြုလာနေတာ တွေ့ ရတယ် အခုဆိုရင် စစ်ဆေးမူတွေလုပ်နေပါပြီ၊  အဆိပ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေပါတယ် ။
ကချင် ပြည်သူလူထုတွေ နိုင်ငံတကာရောက် ကချင်လူမျိုးတွေ တတ်နိုင် သလောက် ပါဝင်ကြဖို့ လိုနေပါပြီ ။ ဆင့်ပြီး သတင်းပေးပို့ကြပါ ။ ကျွန်မတို့ ကချင်တိုင်းရင်းသားတွေအတွက်  တန်းတူ အခွင့်အရေး ရဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုတက်ရောက်လာကြတဲ့ အမျိုး သမီးများ အနေနဲ့ အပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် KIA တပ်မတော်မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ် ပါတယ်။ စစ်တိုက်ဖို့ အတွက်ကြီးဘဲ အထင်မမှားပါနဲ့  မဟုတ်ပါဘူး နောက်ကနေ ကျမတို့ အမျိုးသားများကို ကူညီပံပိုးမှုက ၊  အရန်းလိုအပ်ပါတယ် ။ ကျမတို့ ကချင်အမျိုးသမီးတွေဟာ ကချင်သမိုင်းမှာလည်း တကယ်ကို ကိုယ့်လူမျိုး အတွက် ထိလာရင် ပါဝင်တိုက်ခိုက်ခဲ့တယ် ဆိုတာ သမိုင်းမှာ လည်း ရှိပါတယ်  ....´´လို့ပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့ အမျိုးသမီးတွေကို ဆန် (၅) အိတ်၊ ဆီတစ်ပုံးနဲ့ ဆားတစ်အိတ် တို့ပေးခဲ့ပါတယ်။
စည်းရုံးရေးမှူး ဒေါ်မေလီအောင်နဲ့ အဖွဲ့ဟာ ခင်ဒစ်ကျေးရွာကနေ ညနေပိုင်းမှာပြန်ထွက်သွားပြီး ညနေ (၄) နာရီခွဲမှာ မိုင်ဂျာယန်ကို ပြန်ရောက်တယ်လို့ သိရှိရပါတယ်။ ဒေါ်မေလီအောင်ဟာ ကချင် လွတ်မြောက်ရေး အမျိုးသမီး အစည်းအရုံး (မိုင်ဂျာယန်) မှာ စည်းရုံးရေးမှူး အဖြစ်တာဝန်ယူထားပြီး အမျိုးသမီး စစ်မှုထမ်း စုဆောင်းရေး တာဝန်ခံ တစ်ဦးအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံထားရပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် တက်ကြွရဲရင့်စွာ တာဝန် ကျေပွန်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

                                                                          ကချင်လေး....မြစ်ကြီးနား 
achinlay775@gmail.com

ဟီလာရီကလင်တန် မြန်မာနိုင်ငံ သွားရန်ရှိ

|0 comments
Saturday, November 19, 2011

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ အတွင်း သွားရောက် လည်ပတ်ဖွယ် ရှိကြောင်း အေဘီစီ သတင်းတရပ်အရ သိရသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အမေရိကန် သမ္မတ အိုဘားမားက မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းဆက် စကားပြောရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ မြန်မာပြည် ခရီးစဉ် အစီအစဉ်အပေါ် သဘောတူထောက်ခံ အတည်ပြုချက် ရယူခဲ့သည်ဟု ဆိုသည်။

သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့အသွား သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ထံ ဖုန်းဆက်ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကို အမေရိကန်က အားပေးသည့် ထိတွေ့ ဆက်ဆံမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စဟီလာရီကလင်တန် အလည်အပတ် ရောက်ရှိ လာလျှင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်သို့ လည်ပတ်မှု ခရီးစဉ် ဖြစ်လာလိမ့်မည်။

ယခင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်  ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သော အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်တွင် “နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့် အရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တိုးတက်မှုများ” နှင့် ပတ်သက်ပြီး အမေရိကန်၏ ထောက်ပံ့ပေးနိုင်ရေး ရှာဖွေသွားမည် ဟုလည်း သတင်းတွင် ပါရှိသည်။

ဘန့်မိုင် ကောက်သစ်စား ဆုတောင်းပွဲတော်

|0 comments
 Saturday, November 19, 2011

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ကချင်ရွာ ဖြစ်တဲ့ ဘန့်မိုင်မှာ ဒီနေ့ နိုဝင်ဘာလ ၁၉ ရက် စနေနေ့တွင် ကောက်သစ်စား ဆုတောင်းပွဲတော် (Thanks Giving) ကို ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒီ ကောက်သစ်စား ဆုတောင်းပွဲတော်နှင့် တကွ ယခု ဖြစ်ပွားနေတဲ့ စစ်အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ စစ်ပြေး ဒုက္ခသည်များ အတွက် အလေး အနက် ဆုတောင်း သတိသွားမည် ဖြစ်ကြောင်း လည်း သိရှိရပါတယ်။ 

ဇော်ရှန် (wunpawng)

Friday, November 18, 2011

မြန်မာ့နိုင်ငံရေး ဇာတ်ခုံအခင်းအကျင်း ဆွေးနွေးပွဲ

|0 comments
Friday, November 18, 2011

K.I.A စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ

အယ်ဒီတာ။    ။ ဗိုလ်မှူးကြီးရယ် ယခုဆွေးနွေးမည့် တိုင်းရင်းသား ကိစ္စ၊ အထူးသဖြင့် K.I.A နှင့် K.N.U ကိစ္စအပေါ် သူတို့ ဘယ်လို မဟာဗျူဟာခင်းထားနေကြတယ် ထင်လဲ?

ဗိုလ်မှူးကြီး။    ။ အစိုးရက အိန္ဒိယကို အရင်သွားတယ် K.I.A ကို မကူညီဖို့ပြောတယ်။ နောက် တရုတ်ကို ၈ လုံး (ဒုသမ္မတ) လွှတ်ပြီး နယ်စပ်မှာ တပ်တွေပိတ်ထားဖို့ တောင်းဆိုတယ် ထင်တယ်။ ခက်တာက  တရုတ်က မြစ်ဆုံကိစ္စ ပျက်ရတာဟာ K.I.A ကြောင့် ဆိုပြီး နာကြည်းနေဟန် တူတယ်ဗျား။ K.I.A ရဲ့ ဖွဲ့စည်းပုံသဏ္ဍန်က အနောက်တိုင်း စတိုင်ဖြစ်နေတော့  နီးစပ်ထိတွေ့မှုက တရုတ်နဲ့ အသွင်မတူတဲ့ အနေအထားရှိနေတာကိုး၊ တရုတ်က ကွန်မြူနစ်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ K.I.A စစ်တပ်ဖွဲ့စည်းပုံကလည်း စနစ်ကျတာမို့ အမေရိကန် အင်္ဂလိပ် Trainning အတိုင်းဖြစ်တယ်။

အယ်ဒီတာ။    ။ အစိုးရက D.K.B.A နဲ့ K.N.U ဆွေးနွေးနေတာဟာ သဘောရိုး အစစ်အမှန်ထက် အခြားဘာအကြောင်းများရှိသလဲ ဗိုလ်မှူးကြီး။

ဗိုလ်မှူးကြီး။    ။ မြန်မာပြည်ရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ငြိမ်းချမ်းရေးရယူပြီး စစ်မျက်နှာ ကျုံ့သွားအောင် စစ်နည်းဗျူဟာ အခင်းအကျင်း ပြင်နေတဲ့သဘောပေါ့ကွား။ D.K.B.A နဲ့ K.N.U ကိုတောင်မှ ထိတွေ့ ဆက်ဆံပုံ အဆင့် ခွဲခြားပြီး ဖြစ်နိုင်ရင် ဒုက္ခအရင်ပေးမဲ့ D.K.B.A ကိုသာ ဆွဲခေါ်တဲ့ သဘောပေါ့။
 
အယ်ဒီတာ။    ။ ဒါဆိုရင် ဗိုလ်မှူးကြီး K.I.A နဲ့ ပတ်သက်လို့ အစိုးရက စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် K.I.A မှ ဘယ်လို ပြင်ဆင်သင့်တယ်လို့ ထင်သလဲ။

ဗိုလ်မှူးကြီး။    ။ K.I.A အနေနဲ့ ကုလားနဲ့ တရုတ်ကို ယုံကြည်မှု မရှိသင့်ဘူး။ စီးပွားရေး မျက်နှာကိုဘဲ ကြည့်တာမို့ ဥရောပ အီးယူနိုင်ငံများရဲ့ ထောက်ခံအားပေးမှုကို စည်းရုံးဆောင်ရွက်သင့်တယ်။ ကချင်ပြည်နယ်ရှိ လူမျိုးများအားလုံး စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်သင့်တယ်။ ကချင်လူမျိုးအတွက်သာမဟုတ် မြန်မာအပါအဝင် ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအားလုံးက K.I.A အပေါ် ထောက်ခံအားပေးလာရင် အစိုးရ လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး။ မြန်မာစစ်တပ်မှာတောင်မှ ကချင် သေနတ်ကိုင် တပ်ရင်း (၁)မှ (၅) အထိရှိခဲ့ပြီး နာမည်ကြီးတိုက်ပွဲတွေမှာ အားကိုးရတဲ့ အခြေအနေထိ ရှိခဲ့တာမို့ ဒို့တပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်။ ငါ့တပ်ရင်းက ကချင်အရာခံဗိုလ် တစ်ယောက်ဟာ ဆိုရင် တောပစ်ကျွမ်းလို့  တပ်ရင်းတစ်ရင်းလုံးက ငတ်ပြတ်ချိန်မှာ တောကောင်တွေ မှီဝဲရလို့ ကျေးဇူးတင်မဆုံးရှိခဲ့တယ်။ ဒါ့အပြင် နယ်မြေအနံ တောလိုက်ခဲ့လို့ ရန်သူ့သတင်းတောင် ရခဲ့သေးတယ်။ မုဆိုး၊ အမဲလိုက် ခြေရာခံ၊ ခြေရာကောက်နည်းဗျူဟာ ဖြစ်တာမို့ အနားပတ်ဝန်းကျင် ရန်သူ မကပ်ရဲတာတွေ့ရတယ်။ ဒါတွေအားလုံးဟာ ပြည်ပ ကျူးကျော်စစ်ဆိုရင် သိပ်ပြီးကောင်းမှာဘဲ။ အချင်းချင်းမို့ စိတ်မကောင်းစရာတွေ တွေ့နေရတယ်။
 
အယ်ဒီတာ။    ။ ကျွန်တော်လည်း ကြားဖူးတာက ကချင်တပ်ရင်းမှူး ဗိုလ်မှူးကြီး ဒါရှီဂမ်ဆိုရင် ရှေ့တန်းနယ်မြေမှာ ရန်သူခန့်မှန်းလို့ မရဘဲ ရုတ်တရက် ပေါ်လာတတ်လို့ ဆယ်မိုင်ဝန်းကျင် ရှောင်နေရတယ်ကြားတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ N.L.D အပေါ် ဘယ်လို မဟာဗျူဟာ အခင်းအကျင်း ထားနိုင်သလဲ။

ဗိုလ်မှူးကြီး။    ။ ကျွန်တော် စောစောက ပြောသလို ဒီမိုကရေစီ ပိုကာ မ ဒေါင်းအောင် ပစ်ဖဲတွေကို တတ်နိုင်သမျှ ထိမ်းပစ်မှာဘဲ။ နိုင်ငံရေး အသိုင်းအဝိုင်းထဲကို သူတို့အား ဆွဲခေါ်ရင် လွှတ်တော်ထဲမှာ နေရာဦးစွာပေးရမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်များ အနည်းအကျဉ်းသာ ရှိတာမို့ N.L.D နိုင်ရင်လည်း လွှတ်တော်မှာ ကြံ့ဖွံ့လွှတ်တော်အမတ် အများစုကို နိုင်ဖို့ မလွယ်ဘူး။ အခက်ဆုံးက လွှတ်တော်ထဲမှာ နေရာရရင် အစိုးရနှင့် ပူးတွဲ အုပ်ချုပ်ဖို့ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အား ဘယ်လိုရာထူးအဆင့်မျိုးမှာ ပေးမလဲ ဆိုတာ ပြဿနာဘဲ။
 
အယ်ဒီတာ။    ။ တချို့က တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ် မရနိုင်သလို ဝန်ကြီးဆိုပြန်ရင်လည်း နိမ့်နေတာကြောင့် ထားရအခက်ကြီးဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ ယူဆတာကတော့ ဒုသမ္မတ ရာထူးဆိုရင် ဖြစ်နိုင်မလားဆိုတာ ဆွေးနွေးကြည့်ပါအုံး။

ဗိုလ်မှူးကြီး။    ။ ဒါဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်ပြင်မှရမယ်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်တယ်။ အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေး ကောင်စီ (၁၁) ဦးမှာ စစ်တပ်ကသာ လွမ်းမိုးနေပြီး ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုသမ္မတဖြစ်မှသာ ပါဝင်ခွင့်ရမှာဖြစ်တယ်။ အဲဒီဥပဒေအရ သမ္မတလောင်း (၃) ဦး သာ ထားရှိပြီး ဒေါ်အောင်ဆန်းစုကြည် ပါစေချင်လျှင် သမ္မတလောင်း (၄) ဦး ဖြစ်သွားရပါမယ်။ ဒါကြောင့် သမ္မတတစ်ဦးနဲ့ ဒုသမ္မတသုံးဦးဆိုလာလျှင်  အရေအတွက် ဖေါင်းပွလွန်းတယ်။ အခြေခံဥပဒေကို မပြင်ချင်ရင် အဖြစ်နိုင်ဆုံးကတော့ လက်ရှိဖွဲ့စည်းပုံအရ သမ္မတလောင်း (၃) ဦးသာ ဆက်လက်ထားရှိပြီး စစ်တပ်က တင်တဲ့ ဒုသမ္မတ ၈ လုံး ( တင်အောင်မြင့်ဦး) ထွက်ရင်ထွက်၊ ဒါမှ မဟုတ် နောက်ဒုသမ္မတ တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း နေရာဖယ်ပေးရင်ပေး၊ နိုင်ငံရေး ဇာတ်ခုံမှာ ပွဲကြမ်းရမလို ဖြစ်နေတယ်ဗျ။ ဦးသိန်းစိန်ရဲ့ ပိုကာဖဲချပ်ကို ပြန်ပြင်ရမလို ဖြစ်နေတယ်။ အဲဒီလို ဒုသမ္မတတွေကို ဖယ်ရှားစေချင်ရင်  အကြောင်းပြချက် ခိုင်လုံမှသာ ကောင်းမယ်ထင်တယ်။ ဒါကြောင့် ဦးသိန်းစိန်အဖို့ ခေါင်းခဲစရာဖြစ်နေတယ်။
 
အယ်ဒီတာ။    ။ အခုလို ဆွေးနွေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လုံခြုံရေး ဂရုစိုက်ပေးပါခင်ဗျား။

From -စည်းလုံးခြင်းရဲ့ အင်အား

ကချင်ပြည်နယ် နမ္မတီး နဲ့ မရန့် ကြား မီးရထားလမ်းမှာ တိုက်ပွဲဖြစ်

|0 comments
 Friday, November 18, 2011

နိုဝင်ဘာ ၁၈ ရက် ဒီနေ့ မနက် ၂ နာရီခွဲလောက်မှာ နမ္မတီးနဲ့ မရန့် ကြား မီးရထားလမ်းမှာ ခမရ ၃၉၀ က ကြံ့ဖွံ့အစိုးရရဲ့ စစ်သားတွေနဲ့ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းများ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ခမရ ၃၉၀ မှ ၃ ယောက်သေပြီး ၄ ယောက်က လက်နက်ချသွားတယ်လို့ သိရတယ်။ လက်နက်ငယ် ၄ လက် နဲ့ ကျည်ဆန်တွေလည်း သိမ်းစည်း ရမိတယ်လို့ သိရတယ်။
(သတင်းတို) 

From - နေ့သစ်

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ် ဟု ဦးကျော်ဆန်း ပြော”

|0 comments
Friday, November 18, 2011


Wall Street Journal  အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က  နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက  အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်း ချမှတ် နိုင်ခြင်းသည် ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍လည်း မြန်မာအစိုးရ အဖွဲ့၏ ပြောရေး ဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။
ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သည် တံတားများ ဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာ ဖြစ်ကြောင်း  ဦးကျော်ဆန်းက ပြောသည်။

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ် အသတ် ချေမှုန်း ပစ်နိုင် ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက် ပါဘူး” ဟု ဆိုသည်။

ဓါတု လက်နက် များကို ကေအိုင်အေမှ စစ်ဆေးနေ

|0 comments
Friday, November 18, 2011
 စစ်အစိုးရ စစ်တပ်မှ ကေအိုင်အေကို အသုံးပြုနေတဲ့ ဓါတု လက်နက် များ ၊ အပိုင်း အစများကို ကေအိုင်အေနှင့် ပညာရှင်များမှ စစ်ဆေးနေကြသည်...




ဗြိတိသျှ ပါလီမန် အမတ် ထောက်ကြံ့စစ်သင်္ချိုင်း ရောက်ရှိ

|0 comments
 Friday, November 18, 2011

ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး H.E. Mr.Andrew John Bower Mitchello သည် နိုဝင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်၊ ထောက်ကြံ့စစ်သင်္ချိုင်းတွင် လွမ်းသူ့ ပန်းခွေ ချပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါသည်။

ဇော်ရှန် (wunpawng)

ကချင်ကျောင်းသား တစ်ဦး ပေးပို့လာသည့် ‘’ လူထုအသံ ၊ လူထုအမြင် ‘’’

|0 comments
Friday, November 18, 2011

အခုဒီလို ဗုံးတွေ ခဏခဏပေါက်ကွဲ နေတာဟာ ဘယ်သူ့ လက်ချက်ဖြစ်ရမှာလဲ သိန်းစိန် အစိုးရ တွေရဲ့ လက်ချက်ပဲပေါ့ ဘာလို့လဲဆိုတော့ ပြည်သူ လူထုကို ဒီလောက်ထိ ရက်စက် ရဲတယ် ဆိုဒါက သန်းရွှေမွေး ထုတ်လိုက်တဲ့ လက်ရှိ အစိုးရ စစ်အစိုးရ ဘဲ တစ်ဖွဲ့တည်းရှိတာလေ။ နယ်စပ်လုံခြုရေး တပ်ဖွဲ့တွေ ကို သတင်း သင်တန်းလေးပေးပြီး  ပြီးတော့ သတင်း မဟုတ်က ဟုတ်ကထုတ်၊ KIA ဆိုလာ တောင်းကြမ်းသူ ဆိုလာညှာပြော၊ တိုင်းရင်းသားတွေ အချင်းချင်းကို သွေးတွေခွဲပေး ….

KIA ဆိုဒါက ပြည်သူ လူထုကို သိပ်ချစ်လွန်းလို့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အဖွဲ့အစည်းပါ၊ ပြီးတော့ ဒုက္ဒရောက်နေတဲ့ ပြည်သူ လူထုကို ကူညီပေးနေတာလဲ KIO/A ပါ၊ လက်ရှိ ကချင်ပြည်နယ် မှာ လူထုကိုယ်စား ပြုပါလို့အော်နေတဲ့ လူတွေ မဟုတ်ပါဘူး ၊ တလောကလုံးလည်း အသိပါ။ ပြည်သူလူထု အားလုံးရောသိပါတယ်။

ကေအိုင်အေဆိုတာ တောင်းကြမ်းသူ မဟုတ်သလို၊ သူပုန်လည်းဘဲ မဟုတ်ပါ၊ ကချင်ဆိုတဲ့ သွေးတွေ အားလုံးကို စုစည်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းပါ။ ပြီးတော့ပြည်သူ လူထု အားလုံထောက်ခံ အားပေးပြီး လက်ခံထားတဲ့ အဖွဲ့ပါ၊ ပြီးတော့ ခုတလော သတင်းတွေထွက်နေတဲ့ Zahkung Ting Ying နဲ့ LasangAwngWa ရဲ့ အရှက်တရား မရှိတဲ့စကားပါ၊ သူတို့ကဘဲ ပြည်သူလူထု ထောက်ခံခဲ့တယ်လဲ ပါလဲနဲ့ လူတွေရှေ့မှာ ကြေငြာနေတဲ့ ကိစ္စ၊ ကျွန်တော် သိသလောက်ကတော့ သူတို့နှစ်ယောက်ဟာ ကိုယ်ကျိုးကိုသာ ကြည့်ပြီး ပြည်သူ လူထုဆီက ဥစ္စာတွေကို လုယှက် အပိုင်စီးနေတဲ့ အဖွဲ့တွေပါ။ ဘယ်ပြည်သူ လူထုမှ မထောက်ခံခဲ့ပါ၊ ခုလည်းဘဲ မထောက်ခံပါ။

နက်ပေါ်မှာ သတင်းအတုတွေ ထုတ်ပြန်ကြေငြာချင်တာ မဟုတ်မမှန်တဲ့ စကားတွေကို ဖန်တီးပြီး ပြောချင်တာတွေက သိန်းစိတ်မြန်မာ အစိုးရတွေရဲ့ မွေးရာပါ စာရိတ္တလို့ ပြောရင်ရောဘဲ မှားမှာ မဟုတ်ပါ။ ဒါပေမဲ့ ပြည်သူ လူထုဘက်က ဒါကိုနားလည်ပြီး လျှောက်လှမ်းမယ် ဆိုရင် ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာ လွယ်လွယ်နဲ့ဘဲ ခွဲခြား ပိုင်းခြားနိုင်မှာပါ။ ပြီးတော့ သူတို့ရဲ့လူမဆန်တဲ့ စရိတ္တတွေကို သူတို့ရဲ့ သမိုင်းတလျှောက်ကို ကြည့်လိုက်တာနဲ့ သိသာမြင်သာ ထင်ရှား နိင်ပါတယ်။ ဒီလိုဗမာအစိုရအပေါ်အယုံအကြည်မရှိဖြစ်တတ်လာအောင် ဘယ်သူတစ်ယောက်မှသင်ပေးခဲ့ဒါမဟုတ်ပါ၊ သူတို့ရဲ့ သမိုင်းတလျှောက်ကပြောပြနေ လို့ပါ။

ကျွှန်တော်ပြည်သူ တစ်ယောက်အနေနဲ့က အခုလက်ရှိ KIA လုပ်နေတာ မှန်တယ်၊ ထောက်လည်းထောက်ခံတယ်၊ ဆက်လက်ပြီးတော့လဲ လျှောက်လှမ်းစေချင်တယ်။ ပြီးတော့ ကျွှန်တော်တို့ ပြည်သူ လူထုအားလုံလည်းဘဲ လက်တွဲပြီးတော့ စည်းစည်းလုံးလုံးလျှောက်လှမ်းသွားမှာပါ။

သွေးကိုချစ်တဲ့

KACHIN BLOOD

ဇော်ရှန် (wunpawng)

ပေးပို့ သူများကို ကျေးဇူး တင်ပါသည် ။ ဆက်လက်ပြီး ပေးပို့နိုင်ပါသည် ။ အသံ သွင်းပြီးလည်း ပေးပိုနိုင်ပါတယ် ။
အခြား ကချင်လူမျိုးစု ဘာသာများဖြင့်လည်း ပေးပိုနိုင်ပါသည် ။

Thursday, November 17, 2011

“ဗုံး” အိပ်မက်ဆိုးဖြင့် ကချင်ပြည်နယ် ပြည်သူလူထုများကို ခြောက်လှန့်နေ

|0 comments
Thursday, November 17, 2011

နိုဝင်ဘာလ ၁၃ ရက်မှ ယနေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း “ဗုံး” ဆက်တိုက် ပေါက်ကွဲ (ဖေါက်ခွဲ) နေပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ပြည်သူလူထုများမှာ ကြောက်ရွံ့ စိုးရိမ်ခြင်း များစွာနဲ့ အသက်ရှင် ဖြတ်သန်းနေရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် ကချင်ပြည်နယ် မြစ်ကြီးနား သီတာရပ်ကွက်တွင် နေထိုင်သော ဦးဒယောင် တန်ဂွန်း ဖြစ်သူရဲ့ နေအိမ်တွင် အမြောက်ပစ်ခတ် ခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးမြို့တွင် ဒီအမြောက် ပစ်တာနဲ့ ပက်သက်ပြီး ပြည်သူတွေ အားလုံးက ပါးစပ်တောင် မဟနိုင်လောက်အောင်ကို ဖြစ်နေ ပါတယ်။

အိမ်ရှင် လင်မယားဟာ အခုချိန်မှာ ချုပ်နှောင်မှုများကို ခံနေ ရပါတယ်။

၁၊...အိမ်ရှင် ဦးဒယောင်တန်ဂွန်းကို အမှတ် (၁) ရဲစခန်းတွင် ဖမ်းချုပ်ခံထားရပါတယ်။
၂၊...ဇနီးဖြစ်သူ ဒေါ်ဂျာဒမ့် (ခ) ထုရော်အား သီးသန့် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရပါတယ်။

အမြောက်ဆံ ဖြင့်သေဆုံးသွားသူများကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် (၉) နာရီတွင် ရာဒါကောင် င်္သချိုင်း မှာ င်္သဂြိုလ် နေစဉ်...

ထိုင်းနိုင်ငံရောက် ကချင်ကျောင်းသူတစ်ဦးရဲ့ အမြင်

“ကချင်လူမျိုးတွေ သေအောင် လုပ်တာကတော့ ကချင် (အေအိုင်အေ) တော့ မဖြစ်နိုင်ပါ။
၁။ မျိုးတုံးသတ်ဖြတ်ရေး စီမံကိန်း..။
၂။ ကချင်လူမျိုးတွေကို အချင်းချင်း သွေးခွဲနေတာ ဖြစ်တယ်။

မြစ်ကြီးနားမှာတော့ ကချင်လူမျိုး အများဆုံး နေထိုင်တဲ့အတွက် ပြည်သူ လူထုကို ကြောက်လှန့်အောင် ခြိမ်းခြောက်နေပြီး ကချင်ခေါင်းဆောင် (ကေအိုင်အေ) အပေါ် ပြည်သူ လူထုများမှ အမြင်မှား၊ ယုံကြည်မှု လျော့နည်း လာအောင် ဖန်တီးနေတာဖြစ်တယ်။”

“ပြည်သူလူထုများရဲ့ စိတ်ထဲမှာ သွေဝေအောင် ဖန်တီးနေတာပါ..။ ကျမတို့ အားလုံး ပိုပြီး စည်းလုံးဖို့ လိုတယ်။” ဒေါ်ဘောက်ဂျာ (NDF)

W.P Moses

Wednesday, November 16, 2011

တရုတ်မီလျံနာများ အမေရိကကို ပြောင်းရွှေ့ဖို့ကြိုးစား

|0 comments
 Wednesday, November 16, 2011


တရုတ်ပြည်မှာ သန်းကြွယ်သူဌေး မြောက်များစွာကို မကြုံဖူးအောင် ထုတ်လုပ်နေပေမဲ့၊ ၄င်းသူကြွယ်တွေက သူတို့ကို ချမ်းသာအောင် လုပ်ပေးတဲ့ တိုင်းပြည်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။

 မကြာခင်ကပြုလုပ်တဲ့ တရုတ်ဘဏ်ရဲ့ စစ်တမ်းနဲ့ Hurun Report ဖော်ပြချက်အရ၊ တရုတ်ပြည်မှ မီလျံနာ ၉၈၀ ဦး (ဒေါ်လာ ၁.၆ သန်း အထက် ချမ်းသာသူများ) မှာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ဖို့ ကြိုးစားနေသည်ဟု ဆိုသည်။ ၄င်းတို့ထဲမှ ၁၅ ရာခိုင်နှုန်းက နိုင်ငံသစ်တွေမှာ အခြေချဖို့ အားလုံး စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပြီး၊ အများစုက အမေရိကန်ပြည်ထောင်စုကို ဦးစားပေး ရွေးချယ် ကြသည်။ အချို့က ကနေဒါနှင့် စင်္ကာပူကို ရွေးချယ် ကြသည်။

တရုတ် အပတ်စဉ်ထုတ် စာစောင် the Economic Obsever က စင်ဝှာတက္ကသိုလ်မှ ပညာရှင် Cai Jiming ကို မေးမြန်း ကြည့်ရာ၊ တရုတ်မီလျံနာတွေ နိုင်ငံ ရွှေ့ပြောင်းလိုတဲ့ အဓိက အချက်နှစ်ချက်မှာ 'သားသမီးတွေရဲ့ ပညာရေး အတွက်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို စိုးရိမ်သောကြောင့်' ဖြစ်သည်ဟု ဆိုသည်။ အခြား အသေးအဖွဲ အကြောင်းပြချက် များကတော့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံဖျင်းမှု တို့ကြောင့်ဟု သုံးသပ်သည်။

Cai Jiming ရဲ့ ပြောဆိုချက် အရ ချမ်းသာတဲ့ တရုတ် မိဘတိုင်းက သူတို့ ကလေးတွေကို အနောက်နိုင်ငံတွေက မူလတန်းကျောင်းတွေမှာ ထားချင်ကြသည်။ နောက် တက္ကသိုလ်ကောလိပ် အတွေ့အကြုံ ရရှိစေချင်သည်။ "အဲဒီ နှစ်ချက် လုံးကိုကြည့်ရင် ကျနော်တို့ ပညာရေး ဘာဖြစ်နေလဲ ဆိုတာ လေးလေး နက်နက် ပြန်စဉ်းစားဖို့ လို့ရပါတယ်" ဟု ပြောခဲ့သည်။

နောက် တရုတ်မှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property rights) အသေချာ မရှိသေးကြောင်း၊ တရုတ်အစိုးရက တစ်ဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ ဓနကို မသိမ်းပါဘူးလို့ အာမခံထားပေမဲ့၊ မီလျံနာလက်သစ်တွေက အမြဲ စိုးရိမ်နေကြောင်း ပြောဆိုသည်။

"လက်တွေ့အားဖြင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးမှု အားနည်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကို ကြည့်ရင် ကော်ပိုရေးရှင်းတွေက အစိုးရနဲ့ပေါင်းပြီး မြေတွေ လယ်တွေ သိမ်း၊ လူနေအိမ်တွေကို မတရား ဖြိုချ ခဲ့တာတွေ မြင်ကြရတယ်။
 
ဒါတွေက ဥပဒေကို မလေးစားရာ ပြနေတယ်။ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အာမခံချက် မပေးနိုင်သေး တာပဲ။ ဒီတော့ ချမ်းသာတဲ့ လူဆိုတာလည်း အစိုးရနဲ့ အဆင်မပြေတဲ့ တစ်နေ့ သူ့ပိုင်ဆိုင် တာတွေ အသိမ်းခံရနိုင်တယ်လေ"

ယခုနှစ်မှာ တရုတ်သူဌေး ၉၃၀ ဦးက ရွှေ့ပြောင်း နေထိုင်ခွင့် ဗီဇာရဖို့ အမေရိကန် သံရုံးကို လျှောက်ထားခဲ့သည်။ ၄င်းတို့မှာ အမေရိကန် လုပ်ငန်းများတွင် တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀၀ ရင်းနှီးမြှုပ်နှံ ထားသည်ဟု အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဌာန Wealth Report က ဖော်ပြခဲ့သည်။

ဝင့်ထန်း

ဇော်ရှန် (wunpawng)

ပြည်သူလူထု အသံများကို ကြားချင်ပါတယ်..

|0 comments
Wednesday, November 16, 2011


ယခုရက်ပိုင်း အတွင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်နေ ပါတယ်..။ ဒီဗုံးပေါက်ကွဲမှုကြောင့် ပြည်သူလူထုများမှာ စိုးရိမ် ပူပန် နေကြပါတယ်။ နိုဝင်ဘာလ ၁၅ ရက် မနေ့ည ၆ နာရီဝန်းကျင်လောက်တွင် လည်းမြစ်ကြီးနား မြို့ပြင် ဘက်မှာ ဗုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

ဒီဖြစ်ရပ်တွေအပေါ် ပြည်သူလူထုများရဲ့ အသံများ.. အမြင်များ ခံစားချက်များကို ကြားချင်ပါတယ်…

၁ အခုလိုဗုံပေါတ် နေတာဆက်တိုက် ဖြစ်နေတယ် ။ လူကြီးးမင်း ဒီလိုလုပ်တာ ဘယ်သူ့ လက်ချက် လို့ထင်လဲ ။

၂ လူထုကိုယ်စားပြုဆိုပြီး ပြောတဲ့ ငြိမ်း အဖွဲ့နဲ့ လက်ရှိ ကချင်ပြည် အစိုး ရသစ် ခေါင်းဆောင်တွေက ကေအိုင်အေဟာ အကြမ်းဖက် အဖွဲ့ ၊လူထု ထောက်ခံ လက်ခံ ထားတဲ့ အဖွဲ့ မဟုတ် ဘူးလို့ လွန်ခဲ့တဲ့ အပါတ်က ပေါ်တင် ပြောလိုက်တယ် ။

ကျနော့်သတင်း ဌာန သတင်းရရှိမူ အရ လွန်ခဲ့တဲ့လက စပြီး အင်တာနက်ပေါ်မှာ သတင်းအတု ထုတ်ပြန်ကြေငြာချက် အတု လိုက်ဖြန့်ခဲ့တဲ့ ဂွမ်မော်က လူထုကို အကြမ်းဖက်နေတယ်လို့ စတဲ့ သတင်းတွေက အစ ဖော်ပြခဲ့တယ် .. ပြီးရင် အခုလိုနက်ပေါ်ရောက်နေတဲ့ တဆင့်ငြိမ်း အဖွဲ့တွေ ကို ဖော်ပြနေတဲ့ သတင်းအရ လူထုတွေက ပြောလာပြီ ဒီအဖွဲ့တွေ လက်ချက် ဘဲလို့ သက်သက်မဲ့ ကေအိုင်အေကို လူထု ပိုကြောက် လာအောင် ဖန်တီးတဲ့ မူတွေ .. သတင်းအရ ဆက် စပ်နေတယ် ။ လူကြီး အနေနဲ့ကော ဘာပြောချင်လဲ..? ဘယ်လိုထင်လဲ…? ဘာဖြစ်လို့လဲ…?

မင်းကကောသူတို့အဖွဲ့ထဲ ပါနေလား..? ထောက်ခံလား..?

၃ ။ အခုဖြစ်နေမူတွေကို ဘယ်လိုသုံးသပ်လဲ..?
ဘာကြောင့်ထင်လဲ…?
လူထုအခြေအနေကို ဘယ်လိုမြင်လဲ..?

ဆိုင်ကယ် သမားတစ်ဦးက အိမ်ထဲကို ပစ်သွင်းလိုက်ပြီး ပေါက်ကွဲခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပေမဲ့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီ...

|0 comments
Wednesday, November 16, 2011

မြစ်ကြီးနားမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆွေမျိုးများ ပြောဆိုမူအရသိရပါတယ် ။

ဦးဒယောင်တန်ဂွန်းကို စစ်ကိုင်းတိုင်း ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုးညှင်း မြို့နယ် ရဲစခန်းမှတဆင့် မြစ်ကြီးနား ရဲတပ်ဖွဲ့ထံ ပြန်လည် လွဲပြောင်းပေးရာက အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင်
မြစ်ကြီးနားမြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့တယ်လိုသိရပါတယ် ။


အဖမ်းခံရသူဟာ မြစ်ကြီးနားမြို့ သီတာရပ်ကွက် AG ဘုရားကျောင်း အနီးနေ ဦးဒယောင်တန်ဂွန်း ဖြစ်ပါတယ်။ နေအိမ်မှာ ဗုံးတွေ လုပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားတာဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးနေတယ်လို့  ဆွေးမျိုးများကပြောပါတယ် ။

ကချင်ခေါင်းဆောင်များ ၊ လူငယ်ခေါင်းဆောင်များ ၊ ကချင်ကျောင်းသားခေါင်းဆောင် ၊ ငြိမ်းယူထားသည့် အဖွဲ့ သားဟောင်းများး ၊ စစ်ရေးလေ့လာသူများ ၊ ကချင်လူထု များ ၊ ပြည်ပရောက် ၈၈ ကျောင်းသား ၊ KNU စစ်သားများကတော့  ကေအိုင်အေ ကို အကြမ်းဘက်အဖွဲ့ အစည်းအဖြစ် မြင်လာအောင် ကချင်လူထုက လက်မခံလာအောင် ၊ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လာအောင်
  ဒီကိစ္စတွေ အားလုံးဟာ အာဏာပိုင်တွေ အကွက်ချ စီစဉ်နေတာ ဖြစ်တယ်လို သုံးသပ်ပြောဆိုပါတယ် ။

ပြည်ပရောက် ကချင်လူငယ် တချို့ကတော့  ကေအိုင်အေ ကို  အတိုက်ခံ လုပ်နေတဲ့ အဖွဲ့စည်းတွေ လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြပါတယ် ။
 
 အဓိကက မြစ်ကြီးနားမြို့ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းရတဲ့ သတင်းတွေအရ မော်တော်ဆိုင်ကယ် သမားတစ်ဦးက အထုပ်တစ်ထုပ် အိမ်ထဲကို ပစ်သွင်းလိုက်ပြီးနောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပေမဲ့ အခုတော့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေပြီလို့ သိရပါတယ် ။

ဇော်ရှန် (wunpawng )

Tuesday, November 15, 2011

ခွင့်လွှတ်ပါ သခင်

|0 comments
Tuesday, November 15, 2011

သိန်းစိန်စစ်တပ် မြေအောက်လိုဏ်ခေါင်း တပ်စခန်းကို ကေအိုင်အေ (ကချင်) တပ် ကစတင်ပြိးတိုက်ခိုက်

|0 comments
Tuesday, November 15, 2011

ကချင်ပြည်နယ် ၊ ရှမ်းပြည် နယ်စပ် မန့်ပိန်ကြီးကျေးရွာ လွယ်ဟို စေတောင်ရှိ   သိန်းစိန်စစ်တပ်  မြေအောက်လိုဏ်ခေါင်း တပ်စခန်းကို  ကေအိုင်အေ (ကချင်) တပ် ကစတင်ပြီး တိုက်ခိုက်ခဲ့ပါတယ် ။    ယမန်နေ့က နံနက်ပိုင်း ၃ နာရီ ကြာ  တိုက်ခိုက်မှုဖြစ်ပြီး  အစိုးရတပ် မှ ဗိုလ်အဆင့် တဦးနှင့် ငါးဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားတယ်လို့ wunpawng news စုံစမ်းသိရှိရပါတယ် ။

အစိုးရတပ်များဟာ လိုဏ်ခေါင်းမှာ လက်နက်ခဲယမ်းများ သိုလောင်ထားတယ်လိုလဲသိရပါတယ် ။


မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ရွေးချယ်စေလွှတ်သည့် ငါးဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျား ဒေသသို့ စနေနေ့ညတွင် ရောက်ရှိ
နေပြီး နှစ်ရက်တိုင် ညှိနှိုင်းဆွေးနွေး နေပါတယ် ။

nzaushan (wunpawngnews)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ

|0 comments
 Tuesday, November 15, 2011
(၁/၂၀၁၁) တွင် ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္လာနေ့ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- wunpawng news )

 "  ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ် "
 


 (၁/၂၀၁၁) တွင် ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္လာနေ့ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- wunpawng news )
နောက် တစ်ခုကတော့ ကျွန်မတို့ အားလုံးအတွက် စိတ်ပူစရာ၊ စိတ်ဆင်းရဲ စရာဖြစ်နေ တာကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါဘဲ။ ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဖြစ်နေတာဟာ ကျွန်မတို့တွေ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်စရာဖြစ်ပါတယ်။ ဇူလိုင်လတုန်းကဆိုရင် သမတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို အိတ်ဖွင့်ပေးစာ ပို့ပြီးတော့ တစ်နိုင်ငံလုံး အပြစ်အခတ်ရပ်ဆဲရေးလုပ်ဖို့ အေးအေးဆေးဆေးနဲ့ ပြသနာတွေ ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်။

ကျွန်မအနေနဲ့ ဘယ်နေရာကဖြစ်ဖြစ် ကူညီနိုင်တယ်ဆိုရင် ကူညီချင်တယ်ဆိုတာလည်း ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ ကျွန်မတစ်ယောက်တည်း နဲ့ သော်လည်းကောင်း၊ အန်အယ်လ်ဒီနဲ့ သ်ာလည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကူညီနိုင်မယ်ဆိုရင် ၀င်ရောက်ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေကို အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစတစ်ခုလို့ မြင်တာကတော့ ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်''

ဇော်ရှန် (wunpawng )

Monday, November 14, 2011

Burmese and Indian activists demand release of 34 Burmese fr

|0 comments
Monday, November 14, 2011

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ နိဂုံးပိုင်း

|1 comments
Monday, November 14, 2011 ဇော်ရှန် (wunpawng)

 မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (နိဂုံးပိုင်း)


မြစ်ဆုံ ရေကာတာကြီး ပိတ်လိုက်အပြီး သမ္မတကြီးက တရုတ်ပြည်ဘက် ချစ်ကြည်ရေးခရီးမထွက်ဘဲ အိန္ဒိယဘက်ကို သွားခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ လက်မှတ်ထိုး လာခဲ့ပါတယ်။ ကျနော်တို့ နိင်ငံအတွက် ရင်းနှီးမြုပ်နှံမှုများနှင့် တပါထည်း နည်းပညာ တိုးတက်မှုတွေပါ ရရှိလာမှာဖြစ်ပါတယ်။ န.အ.ဖ. လက်ထက် တရုတ်နဲ့ ချုပ်ဆိုထားမှု အားလုံးဟာ မြန်မာအလုပ်သမားတွေနဲ့ ပညာရှင်တို့ကို နည်းပညာ မျှဝေမှုမပါဘဲ မြန်မာက အလုပ်အကြမ်းတွေ၊ ဂိုဒေါင်စောင့်တွေ လုံခြုံရေး ဝန်ထမ်းတွေ လောက်သာ ပါဝင်ခွင့် ရှိပါတယ်။ တရုတ်က သူ့အလုပ်သမား အင်အားအပြည့်နဲ့ လာခဲ့တာပါ ။


အခုလိုအခြေအနေမျိုး ဖြစ်လာအောင် စတင်ပြိး ဧရာဝတီမြစ်ပေါ်မှာ ရျွေတူးစက် (အကြိး ) ၁၉၉၅ = ၁၉၉၆ စပြိး တရုတ်ငွေရှင်တွေ နဲ့ ပေါင်းပြိး ငွေရှင်က တရုတ် ၊ လုပ်ကွက်ရအောင်လုပ်တာက ကချင်လူမျိုး ဧရာဝတီမြစ်ပေါ် စတင်လာခဲ့တာပါ ။ ဒိပုံလေးတွေ ကိုကြည့်ပါစို ဘယ်လော်ထိ ရင်နာဆရာကောင်းတလဲဆိုရင် ။စတင်လာပုံကို မကြာခင်အပိုင်းလိုက် တင်ဆက်ပေးသွားမည် ။

သတင်း .. ဇော်ရှန် (wunpawng)


အာဖရိက နိုင်ငံတွေမှာ တရုတ်အလုပ်သမားတွေနဲ့ ဒေသခံ အလုပ်သမားတွေ အကြားမကြာခန ပြသနာဖြစ်ကြရပါတယ်။ သူတို့နိုင်ငံက တရုတ်ပြည်မကြီးနဲ့ ဝေးတော့ တရုတ်က အဲဒီနိုင်ငံတွေမှာ သိပ်မာရေ၊ ကြောရေ အပေါ်စီးက မလုပ်ပါဘူး။ န.အ.ဖနဲ့ ကျတော့ သန်းရွှေကို နိုင်ငံရေးအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗွီတိုအာဏာပါ သုံးပေးနေရ ပြည်သူလူထုကလဲ မုန်းနေသူဆိုတော့ လုပ်ငန်း ကန်ထရိုက်တွေမှာ တရုတ်လူမျိုးတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားကို အကာအကွယ်ပေးရမည်ဟုပင် လူပါးဝထားတာ ခံရပါတယ်။

ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ခုနှစ် ၁လပိုင်းကမြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန်..


အစိုးရတပ်က ဓာတုလက်နက်သုံးမသုံး ကေအိုင်အေ စုံစမ်းစစ်ဆေး (ကေအိုင်အေနှင့် မေးမြန်းချက်)

|0 comments
Monday, November 14, 2011


ကချင်ပြည်နယ်ထဲက ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်)နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်က ဓာတုလက်နက်တွေကို အသုံးပြုနေတယ်လို့ ကေအိုင်အေက စွပ်စွဲလိုက်ပါတယ်။

ဓာတုအဆိပ်ငွေ့ပါတဲ့ ကျည်ဆန်တွေ ပစ်ခတ်တာကိုခံရတဲ့ ကေအိုင်အေ တပ်သားတွေဟာ တိုက်ပွဲထဲမှာ မူးဝေအော့အန်တာ၊ အရေပြားမှာ အနာတွေပေါက်တာ၊ သတိမေ့မြောတာတွေ​ ​ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြဖို့ ကေအိုင်အေက စီစဉ်နေပါတယ်။ ​ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းကို မေးမြန်းထားပါတယ်။

ဓာတုလက်နက်သုံးတယ်ဆိုတာက ဘယ်မြို့နဲ့ နီးတာလဲခင်ဗျ။

“အဲဒါမိုးမောက်မြို့နယ်လို့ ပြောလို့ရတယ်။ မိုးမောက်မြို့နယ်နဲ့ မိုးမောက်ခွင် အတွင်းမှာပေါ့နော်။ ဒါပေမယ့် ဖြစ်တဲ့နေရာကတော့ အရင်တုန်းက တိုက်ပွဲ စဖြစ်ခဲ့တဲ့ ခိုကန်ကျေးရွာလို့ ပြောလို့ရတယ်။ ကချင်ရွာရှိတယ်။ အဲဒီမှာ သူတို့ စစ်ဆင်ရေးလုပ်တဲ့အခါမှာ တနေကုန်လုပ်တယ် အဲဒီမှာ နေ့လယ်ပိုင်းလောက် သူတို့ ဓာတုလက်နက် သုံးတာပဲ။ အဲဒီမှာ ကျနော်တို့ ရဲဘော်တွေ ၁၀ ယောက်နီးပါးလောက် ဓာတုလက်နက် အခိုးငွေ့တော့ ရှူပြီးတော့ ဝေဒနာ ခံစားရတယ်။ ပြင်းထန်ဒဏ်ရာ ရရှိတယ်ခင်ဗျ။ အဲဒီ ပြင်းထန်တဲ့ ရဲဘော်တွေကို နောက်တန်းပို့ထားတယ်။”

ရဲဘော်တွေက နောက်တန်းပြန်ရောက်လာပြီလား။

“ပြင်းပြင်းထန်ထန်ခံစားရတဲ့ ၂ ​ယောက်ကတော့ ​ရှေ့တန်းကနေပြီးတော့ ​ရှေ့တန်း​ အရေးပေါ်​ဆေးရုံ ပို့ထားတယ်ခင်ဗျ။ ကျန်တဲ့ တချို့ကတော့ ကျနော်တို့လည်း အဲဒီမှာ အမြဲတမ်း​ဆေးဝါးတွေ ဆောင်ထားပါတယ်။ ဆေးဝါးတွေ ဆိုတဲ့နေရာမှာ သစ်ဖုတွေပေါ့နော် သစ်ရွက်တွေပေါ့နော် တိုင်းရင်းဆေးဝါးလို့ ပြောရမယ်ခင်ဗျ ဖြစ်တာနဲ့ အဲဒါ စားသုံးလိုက်တဲ့အခါမှာ တချို့ကတော့ အချိန်တိုအတွင်းမှာ နည်းနည်းဝေဒနာ သက်သာသွားသလို ရှိတယ်။ အဲဒါမျိုးကျတော့ ရှေ့တန်းပြန်ဝင်ကြတယ်။ ဒါပေမယ့် ဟို ၂ ယောက်က တော်တော်လေး ပြင်းထန်တဲ့အတွက်ကြောင့်မို့ ပြင်းထန်တယ်ဆိုတာ လုံးဝ မူးမေ့သွားတဲ့အဆင့် ပျော့ခွေသွားတဲ့အဆင့် ရောက်သွားလို့ သူတို့ကိုတော့ ​ရှေ့တန်းရဲ့ ဆေးခန်းပေါ့နော် အရေးပေါ်ကုသဖို့ မနေ့က ပြန်ပို့လိုက်တယ်။”

ဓါတုလက်နက် ရဲ့ ဆိုးကျိုး - Effects of Chemical Weapons

တချို့ကပြောနေတာ လက်နက်ကြီးပစ်လိုက်လို့ တုန်ခါအားနဲ့ ဖြစ်တာရော မဖြစ်နိုင်ဘူးလား ဆိုတာမျိုး ပြောတယ်ခင်ဗျ။  အဲဒါမျိုးရော မဖြစ်နိုင်ဘူးလား။

“သူတို့ပစ်တဲ့အခါမှာ ဒီဟာက လက်နက်ကြီးဖြစ်တယ်၊ ဒီဟာက အစစ်လက်နက် ဖြစ်တယ် ဆိုတာကတော့ ကွဲကွဲပြားပြား သိလို့ရတယ်ခင်ဗျ။ အခု ဖြစ်တဲ့ ပေါက်ကွဲတဲ့ လက်နက်ကြီးတွေရဲ့ ဓာတုလက်နက် သုံးတဲ့ဟာတွေဟာ သူ့ရဲ့ပေါက်ကွဲမှုအား သိပ်ပြီးတော့ မပြင်းထန်ဘူး။ ပေါက်ကွဲအားလည်း နည်းတယ်။ နောက်ပြီးတော့ ထွက်လာတဲ့ မီးခိုးတွေကလည်း အနက်ရောင်မီးခိုးတွေ ထွက်လာတယ်။ အဲဒီမီးခိုးတွေ ရှူမိတဲ့လူတွေက သိပ်မကြာခင်မှာပဲ အားလုံးက မူးမေ့သွားတာမျိုး ဖြစ်တယ်။ တချို့နေရာတွေမှာ လက်နက်ကြီးတွေက ကျနော်တို့ ရဲဘော်တွေ ရှေ့တန်းစခန်းမှာ ဘေးနားမှာ ကျကွဲတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ သူရဲ့ ဗုံးဆန်မှန်ရင်တော့ ဒဏ်ရာရမှာပေါ့။ ဗုံးဆန်မမှန်ရင်တော့ သူ့အသံနဲ့ပဲ တုန်ခါမှုတော့ ရှိတယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ တခြားကိစ္စဖြစ်တာ မရှိဘူး။ အခုကတော့ အနက်ရောင်မီးခိုးတွေ အူထွက်လာတယ် မိနစ်ပိုင်းအတွင်းမှာပဲ မီးခိုးတွေက ပြန်ပြီးတော့​ ​ပျောက်ကွယ်သွားတယ်။ ​ပြန့်သွားတာပေါ့နော်။ အဲဒီမီးခိုးကို ရှူရှိုက်မိတဲ့​ ရဲဘော်တွေကတော့​ ​ဝေဒနာခံစားရတယ်။ နောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာတွေက ဘာလဲဆိုတော့ အရေပြားမှာ အရည်ကြည်ဖုတွေပေါက်လာတယ်။ မျက်လုံးတွေ ဝေဝါးလာတယ်။ အဲဒီလိုမျိုး ဓာတ်ငွေ့ ရှူရှိုက်ပြီးတဲ့ နောက်ပိုင်း သုံးလေးရက် ကြာတဲ့အခါမှာ ကိုယ်ပေါ်မှာ ရေယုန်ပေါက်သလိုမျိုး ဖြစ်လာတယ်။ ယားယံလာတာမျိုး နောက်ပြီးတော့ မျက်စိတွေ ဝေဝါးလာတာမျိုး ခံစားရတယ်ခင်ဗျ။ တချို့ကတော့ ပြောကြမှာပဲ ဒါပေမယ့် ဖြစ်နိုင်တဲ့ကိစ္စထင်ပြီးတော့ ပြောကြတယ်လို့ ပြောကြမယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း အထောက်အထားတွေ ရအောင်တော့ စုနေကြပါတယ်။ အထောက်အထားရမှ အစိုးရတပ်တွေက ဓာတုလက်နက် သုံးတယ်ဆိုပြီး​ ​ပြောတဲ့အချိန်မှာတော့ အတော်လေး နောက်ကျသွားပါမှာ။”

မူးဝေတာတို့ အော့အန်တာတို့ အရေပြားရောဂါ ဖြစ်တာမျိုးပေါ့လေ ချက်ချင်းလက်ငင်း အသက်အန္တရာယ် ဖြစ်လောက်တဲ့​ အနေအထားတော့ မရှိဘူး မဟုတ်လား။

“ဒါပေမယ့် အဲဒီကိစ္စမှာ တကယ်လို့များ အချိန်မီဆေးဝါးတွေ မသောက်လိုက်ဘူးဆိုရင်တော့ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ဝေဒနာခံစားနေရတဲ့ ရဲ​ဘော်တွေရဲ့​ ​ပြောဆိုချက်အရ သူတို့က လုံးဝ မူးမေ့ပြီးတော့ သတိမေ့သွားတဲ့ဟာမျိုး လုံးဝမလှုပ်မရှား ရင်ကြပ်တဲ့ပုံစံ အသက်ရှူကျပ်လာတဲ့ပုံစံ​ ​ပြောလာတယ်ခင်ဗျ။ အဲဒီလို ဖြစ်လာတော့ တကယ်လို့များ ဆေးဝါးတွေကို အချိန်မှီ သူတို့ကို မကုလိုက်ဘူး ဆိုရင်တော့ အသက်အန္တရာယ်လုံးဝ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။”

အခု ကေအိုင်အေက သုံးနေတဲ့ တိုင်းရင်းဆေးဆိုတဲ့ဟာက ကျနော်တို့ကို ပြောလို့ ရလား ဘယ်လိုဆေးမျိုးလဲ။

“သူက ရိုးရိုးရှင်းရှင်းပြောမယ်ဆိုရင်တော့ လက်ဖက်ခြောက်ပေါ့နော် ဒေသထွက် လက်ဖက်ခြောက်ကို အများကြီးသုံးပါတယ်။ အဲဒီအရွက်စိမ်းတွေကို အရည် ညှစ်ပြီးတာ့ သောက် တာမျိုး။ နောက်ပြီးတော့ မြင်းခွာရွက် ဒါတွေက အားလုံးသိနေတဲ့ အဆိပ်ဖြေဆေးတွေပါပဲ။ တခြား သစ်ဥသစ်ဖုတွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ ရှိတဲ့ ဒေသခံ လူထုတွေ ကလည်း အခု ဒီဘက်မှာ ဓာတုလက်နက် သုံးလာတယ် ဆိုတဲ့ဟာမျိုး​ ​ပြောလာတဲ့အခါမှာ​ ​အေးခဲတဲ့ဒေသမှာ​ ​ပေါက်တဲ့ ရေခဲပြင်မှာပေါက်တဲ့ အဆိပ်ဖြေဆေးတွေ ပို့ပေးတာမျိုး ရှိတယ်။ အဲဒီဆေးကို ကျနော်တို့ ဖြစ်နိုင်သလောက် လက်လှမ်းမီသလောက် သိမ်းထားတာမျိုး ရှိတယ်။”

အခုဓာတုလက်နက် ကိစ္စဆိုရင် နိုင်ငံတကာမှာလည်း ပိတ်ပင်တားဆီးထားတဲ့ ကိစ္စဖြစ်တော့ နိုင်ငံတကာကို ဒီကိစ္စကို တင်ပြသွားဖို့ရော စီစဉ်ပါသလားခင်ဗျ။

“မနေ့ကဖြစ်တဲ့ ဝေဒနာတွေကို ခံစားရတဲ့ ရဲဘော်တွေကို အဲဒီ ကိစ္စကို အခြေအနေ တောင်းထားတာမျိုး ရှိတယ်။ သူတို့ရဲ့ သွေးနမူနာတို့၊ နောက် သူတို့ရဲ့ အန်ဖတ်တွေ ရှိခဲ့ရင် အန်ဖတ်ထဲက နမူနာတွေ ယူထားဖို့ ရှေ့တန်းကိုတော့ ပြောထားတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတော့တော့ မသိဘူး။ ဒါပေမယ့် အဲဒီရဲဘော်တွေကတော့ နောက်တန်းကို တဆင့်တဆင့် ပို့ပေးဖို့ကိုတော့ ရှေ့တန်း တပ်မမှူးတွေကို ပြောထားရှိတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အဲဒီလူနာတွေ နောက်တန်း သူတို့ရဲ့တပ်မဟာဌာနချုပ်ကို ရောက်လာမှာပါ။ အဲဒီအခါကျရင် အဲဒီကနေ တဆင့် ကျနော်တို့ သက်သေအထောက်အထားတွေ ရအောင်ဖော်ထုတ်သွားဖို့ အစီအစဉ်ရှိတယ်။”

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

 From: DVB (November 13, 2011 )

စစ်အစိုးရ စစ်တပ်မှ ဓါတုလက်နက် အသုံးများလာ

|0 comments
Monday, November 14, 2011

  ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်... 

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မြစ်ကြီးနား - ဗန်းမော် ကားလမ်းမှာရှိတဲ့ ခါယာကျေးရွာနှင့် မဒီယာန် ကျေးရွာ အကြားမှာရှိတဲ့ အင်းတပ်ဘွမ် (Ntap Bum) နယ်မြေတဝိုက်မှာ K.I.A နှင့် ပြည်သူ့စစ် ပူးပေါင်းကာ စစ်အစိုးရ စစ်တပ်အင်အား (၅၀၀) ဝန်းကျင်ရှိ စစ်ကြောင်းများနှင့် ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိ ရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ ဓါတုလက်နက် (Chemical Weapons) အနည်းဆုံး (၂၀) ကြိမ်လောက် ပစ်သွင်း အသုံးပြုကြောင်း K.I.A အရာရှိများမှ သိရှိ ရပါတယ်။

တဆက် တည်းမှာဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ ဒီလိုအန္တရာယ် ရှိတဲ့ ဗုံးများ မြို့အတွင်း ပေါက်ကွဲလာမှုကြောင့် ပြည်သူ လူထုများဟာ ပိုမိုစိုးရိမ်နေကြပါတယ်။ အဲ့ဒီညမှာဘဲ ဗုံးပေါက်ကွဲပြီး များမကြာမီ မြစ်ြုကီးနား ကားကြီးဝင်မှာ မီးလောင် မှုလည်း ဖြစ်ပွားခဲ့ကြောင်း “ဟုတ်တယ်.. ည ၉ နာရီကျော်လောက်မှာ ရုတ်တရက် ကားကြီးဝင်း မီးထလောက် လာတော့ ကျနော်တို့ အရမ်း စိုးရိမ်သွားတယ်..ဘယ်လိုဖြစ် စတင်လောင်လာ တာကိုတော့ စုံစမ်းနေ ကြပါတယ်..” ဟု မျက်မြင်တစ်ယောက်မှ ပြောကြား လာပါတယ်။

W.P Moses

Sunday, November 13, 2011

အာဏာနှင့် စည်းစိမ် ရစ်မှုးနေကြသော အာဏာရှင်တို့  မွေ့ ပျော်ရာရိပ်မြုံများ

|0 comments
Sunday, November 13, 2011






နှစ်ပေါင်း ၂၀ ကျော် အာဏာနှင့်စည်းစိမ်ကို ရစ်မူးနေကြသော အာဏာရှင်ကြီးများ ဇိမ်ခံနေကြ
သော ခန်းညားထယ်ဝါလှသည့် မွေ့ ပျော်ရာရိပ်မြုံကြီးများကို ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။
အာဏာကို လက်မလွှတ်ဘဲ နည်းအမျိုးမျိုးဖြင့် ပြည်သူကိုလှည့်စားပါက တယူသန် အာဏာရှင်ကြီးများဖြစ်
ကြသော ဟူစိန်(အီရတ်) ဘင်လာဒင် (အာဖဂန်) ကဒါဖီ (လစ်ဗျား) တို့ ၏ နောက်ဆုံးသွားရာ
လမ်းသည် ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရသောကြောင့် မရှုမလှသေပွဲဝင်ခဲ့ရသည်။
မိမိသေရာသို့  အာဏာလည်းမပါ စည်းစိမ်လည်းမယူနိုင် သားစဉ်မြေးဆက် ဘ၀တုံးခဲ့ရသည့်
သင်ခန်းစာသည် မြန်မာ အာဏာမက်မောသူတို့  သတိကြီးစွာထားရလိမ့်မည်။
 
wunpawng news 

အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ် (ကေအိုင်အေနှင့် မေးမြန်းချက်)

|0 comments
Sunday, November 13, 2011

ကချင်ပြည်နယ်ထဲမှာ ခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ထဲက စစ်ရေးနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေကို​ ​ကေအိုင်အိုအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကို ဆက်သွယ်​ ​မေးမြန်းထားပါတယ်။

လက်ရှိ တိုက်ပွဲတွေ အခြေအနေကို ပြောပြပါဦး။ ဘယ်လို ရှိသလဲဆိုတာ။

“အဲဒီကိစ္စပြောရင် တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်​ ​ပြောရမှာ။ ​နေရာတကာပါပဲခင်ဗျ။ ဝိုင်းမော်ရဲ့ အထက်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ် ကန်ပိုက်တီလမ်း​ပေါ့နော်။ ​နောက်ပြီးတော့ တပ်ရင်း ၃ ခွင်ထဲမှာလည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မနေ့က အောင်ဂျာကျေးရွာကို သူတို့ မီးရှို့လိုက်တာမျိုး။ အိမ်ခြေက သုံး၊ လေးဆယ်လောက်​ ရှိတယ်။ မနေ့က သူတို့ ခလရ ၂၆၀ ရယ်၊ ခမရ ၃၈၉ ရယ်၊ ၃၉၀ ရယ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ပြီးတော့ အဲဒီရွာတွေကို မီးရှို့လိုက်တယ်။ နောက်ပြီးတော့ ဒီ စိန်လုံဘက်ကိုသွားတဲ့ လွယ်ဂျာ အောက်မှာလည်း မနေ့ကတော့ တိုက်ပွဲတွေ ဖြစ်တယ်ခင်ဗျ။”

အခု အဲဒီမှာ မီးရှို့ခံရတဲ့ ရွာက ဘယ်မြို့နယ်ထဲမှာလဲ။

“ဝိုင်းမော်မြို့နယ်ပါ။”

အဲဒီမှာ ကေအိုင်အေစစ်တပ်တွေ ရှိနေလို့လား။

“ရွာထဲမှာ မရှိပါဘူး။”

ကေအိုင်အေစစ်တပ်တွေ အဲဒီရွာထဲမှာတော့ မရှိဘူး။ ဒါပေမယ့် ဘာကြောင့် သူတို့က ရွာထဲကို ဝင်ရှို့တာလဲ။

“ဒါကတော့ ဘာကြောင့်ဆိုတာ ပြောရတာ ခက်တယ်ခင်ဗျ။ သူတို့ကတော့ တွေ့သမျှရွာကို မီးရှို့မယ်၊ ပစ္စည်းတွေ အားလုံးယူမယ်၊ တွေ့သမျှလူကို ပစ်မယ် ခတ်မယ် ဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်း။ ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကတော့ ဒါ သူတို့ရဲ့ စစ်ဆင်ရေးရည်မှန်းချက်ပဲ ဖြစ်ပါလိမ့်မယ်။”

အဲဒီရွာက မီးရှို့ခံရတော့ ရွာသားတွေက ဘယ်မှာသွားနေကြလဲ။

“ရွာသားတွေက တချို့ကတော့ အစောကတည်းက ထွက်ပြေးကုန်ပြီ၊ ရှောင်တိမ်းကုန်ပြီ။”

ကေအိုင်အိုကို တဖက်ကနေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းလာသလို ဒီလိုမျိုး ထိုးစစ်ဆင်တာတွေလည်း ရှိတဲ့အခါကျတော့ ရွာသားတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်ပြည်ဘက်ကို ထွက်ပြေးကြတယ်လို့ ကြားရပါတယ်။ အဲဒီအခြေအနေကရော ဘယ်လို ရှိပါသလဲ။

“မိုင်စီမြို့နယ်ဘက်မှာတော့ တရုတ်ပြည်ဘက်ခြမ်းမှာရှိတဲ့ နောင်ကောင်းဆိုတဲ့ ရွာဘက်မှာ တော်တော်လေး ဝင်သွားတယ်လို့ ကြားတယ်။မိုင်ဝိန်း ကျေးရွာဘက်ကပေါ့နော်။ အဲဒီဘက်မှာ ရွာတွေက တော်တော်လေး ဆက်ပြီးတော့ရှိတယ်။ အဲဒီက ရွာသားတွေကတော့ တရုတ်ပြည်ဘက်ကို တော်တော်များများ ရှောင်တိမ်း သွားတယ်လို့ သိရတယ်။”

အရင်တုန်းကလည်း ဒုက္ခသည်တွေ ထွက်ပြေးတော့ တရုတ်က လက်မခံဘဲနဲ့​ ​ပြန်မောင်းထုတ်တာတွေ ရှိတယ်လို့ ကြားရတယ်။ အခု ဒီတခေါက် ထွက်ပြေးကြတော့ တရုတ်ပြည်က လက်ခံတာမျိုးတွေ အခြေအနေ ဘယ်လိုရှိလဲ။

“သူတို့ကတော့ တရားဝင် လက်ခံတာ မဟုတ်ပါဘူး။ အခုက ရှောင်တိမ်းတယ် ဆိုတဲ့ နေရာမှာလည်း ဒီဘက်က နယ်စပ်တော်တော်ကို ရှည်လျားတော့ နယ်စပ်ဆိုတဲ့ နေရာမှာ သိပ်ပြီးတော့ ထင်ထင်ရှားရှားလည်း ကာထားတာတွေ မရှိဘူးလေ။ လယ်ကွင်းတွေ ခြားတာမျိုး၊ ချောင်းငယ်တခု ခြားတာမျိုးပဲ ရှိတော့ သူတို့က တရုတ်ဘက် ဝင်သွားမယ်ဆိုရင် နေရာတကာကနေပြီး ဖြတ်ပြီးတော့ ဝင်သွားလို့ ရပါတယ်။ ဝင်သွားတဲ့အခါမှာလည်း ဟိုရောက်တဲ့အခါ ဒုက္ခသည် စခန်းမှာ သွားပြီးတော့ ခိုလှုံတာမဟုတ်ဘဲ သက်ဆိုင်ရာ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေ ရှိကြာတာပဲ အဓိက ကတော့။ ဟိုဘက်ကမ်း ဒီဘက်ကမ်း အားလုံးက ဆွေမျိုးသားချင်းတွေ ရှိတော့ အဲဒီမှာ ဝင်ရောက်ခိုလှုံတဲ့အဆင့်ပဲ ဖြစ်ပါလိမ့်မယ်။ တရားဝင် တရုတ်အစိုးရကနေ လက်ခံတာမျိုးတော့ ရှိမယ် မထင်သေးဘူးခင်ဗျ။ ကြားလည်း မကြားမိသေးဘူးခင်ဗျ။”

တိုက်ပွဲက ဘယ်နှရက်လောက် ရှိပြီလဲ ပြင်းထန်နေတာ။

“ဖြစ်တာကတော့ ဆက်တိုက်လိုပါပဲ။ ဒါပေမယ့် နိုဝင်ဘာလ ၆ ရက် နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်လာတယ်။ သူတို့ကလည်း​ ​နောက်​ ​မြန်မာပြည်အောက်ပိုင်း​ ကနေ တပ်ကူတွေ ရောက်လာတဲ့အခါမှာ ထိုးစစ်က တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလာတာမျိုး တွေ့ရတယ်။ စစ်ကြောင်းမှာလည်း တပ်အင်အား ရာဂဏန်းအထိ ပါလာတာ တွေ့တယ်။ အရင်တုန်းကတော့ အယောက် ၄၀၊ ၅၀ လောက်ပေါ့နော်။ အခုကတော့ ရာနဲ့ချီပြီးတော့ အများဆုံး ၂၀၀ ပေါ့ အနည်းဆုံး ၁၀၀။ ၁၀၀ နဲ့ ၂၀၀ ကြား သူတို့ စစ်ကြောင်း အမြဲတမ်း ပါတယ်ခင်ဗျ။ အဲဒီကျတော့ စစ်ပွဲတွေက ပိုပြီးတော့ ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်လို့ ပြောလို့ ရတယ်။”

ဘယ်လိုကြောင့် ဒီ စစ်တပ်အင်အားတွေတိုးချဲ့ လာတယ်လို့ ထင်လဲ။

“ဒါကတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့ကို စစ်ရေးနဲ့ ဖိပြီးတော့ လုပ်တဲ့ ကိစ္စပေါ့နော်။ ကေအိုင်အိုကို ဖိတိုက်တဲ့ ပုံစံပဲ။ ကျန်တဲ့ဒေသတွေမှာတော့ တိုက်ပွဲတွေက အပစ်ခက်ရပ်စဲရေး လုပ်ထားတော့ သူတို့ ထိုးစစ်ကို ရပ်ထားလိုက်တယ်၊  အရှိန်လျှော့ထားလိုက်တယ်။ ကေအိုင်အို အဖွဲ့အစည်း တခုပဲ ကျန်တယ်ဆိုတော့ သူတို့ ရှိသမျှအင်အားကို ဒီဘက်ဖိပြီးတော့ ထိုးစစ်လုပ်တဲ့ ပုံစံလို့ ပြောလို့ ရတယ်။”

ကချင်ပြည်နယ်ဘက်မှာ ဒီလိုမျိုး​ ​တိုက်ပွဲတွေ​ ​ပြင်းပြင်းထန်ထန်​ ​ဖြစ်နေတဲ့​ အချိန်မှာ ကေအိုင်အိုကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် ဖြစ်တဲ့အတွက်ကြောင့် ယူအန်အက်ဖ်စီရဲ့ သဘောတူညီချက်ထဲမှာ တိုက်ပွဲဖြစ်ရင် တဦးနဲ့ တဦး ကူညီကြဖို့ သဘောတူထားတာမျိုးရှိတော့ တခြားတိုင်းရင်းသားအဖွဲ့တွေရော ကေအိုင်အိုကို လာပြီးတော့ ကူညီတာမျိုးတွေ ရှိပါသလား။

“အဲဒီလို သဘောထားကို ယူအန်အက်ဖ်စီမှာ အတိအကျ ရေးထားတာ ချမှတ်ထားတာမျိုးတော့ မရှိပါဘူး။ ယူအန်အက်ဖ်စီကတော့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ဟာကို အဓိက ရည်ရွယ်ထားတာပါ။ ဒါကြောင့်မို့ ဒေသတခုမှာ တိုက်ပွဲဖြစ်တဲ့အခါမှာ ကျန်တဲ့ဒေသက တိုင်းရင်းသားအဖွဲ့တွေ လာကူမယ်ဆိုတဲ့ဟာမျိုး ဒါကတော့ ဒီအတိုင်း ပြောဆိုမှု အပိုင်း ဖြစ်ပါလိမ့်မယ်။ တရားဝင်ချမှတ်ထားတဲ့ မူတွေ အဲဒီလို မရှိပါဘူး။  ဒါက ခန့်မှန်းပြီးတော့ ပြောဆိုတာ ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့ ယူအန်အက်ဖ်စီကတော့ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ သူတို့ တိုင်းရင်းသားအင်အားစုတွေ အားလုံးက ပြောဆိုသံတခုတည်း ပြောဆိုကြမယ် ဆုံးဖြတ်ချက် တခုတည်း ချကြမယ်ဆိုတဲ့ သဘောတူညီချက်မျိုးပဲ။”

နိုဝင်ဘာလ ၆ရက်နေ့က စပြီးတော့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကို အပစ်ခတ်ရပ်စဲပြီပေါ့နော်။ ဒါပေမယ့် အန်ကယ်လ်တို့ဘက်ကို စစ်အင်အားတွေ တိုးလာတဲ့အပေါ်မှာ အန်ကယ်ဘယ်လို ပြောချင်လဲ။

“ဒါက ထွေထွေထူးထူး ပြောစရာတော့ မရှိဘူးခင်ဗျ။ အဓိကကတော့ အစိုးရတရပ်အနေနဲ့ အခု ကချင်ဒေသမှာ တိုက်ပွဲဖြစ်နေတဲ့ အခါမှာ သူတို့ ဘက်မှာ အများကြီး ဆုံးရှုံးမှုတွေ ရှိတယ်ခင်ဗျ။ အဓိကကတော့ တရုတ်နဲ့ ဆက်ဆံတဲ့အခါမှာ ကုန်သွယ်မှုလုပ်ငန်း ထိခိုက်နစ်နာမှု ရှိတယ်။ တရုတ်နဲ့ တွေဆုံတဲ့အခါမှာလည်း မျက်နာငယ်ရတဲ့ ပုံစံပေါ့နော်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေအားလုံးက တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ လုံးဝ ရပ်တန့်သွားတာမျိုး ရှိတယ်။ အဲဒီကျတော့ ဒီကိစ္စကို ပြန်ပြီးတော့ အဖက်ဆယ်လို့ ရအောင်ဆိုတဲ့ သဘောလည်း​ ​ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်အောင် ဆိုတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ အဓိက လိုချင်တာက အဲဒါပဲ ဖြစ်မယ်။ ဒါပေမယ့် အဲဒီမှာ လုပ်ရင်းလုပ်ရင်းနဲ့ ကေအိုင်အိုရဲ့ နိုင်ငံရေးပြောဆိုမှုကို အားလုံး ဦးကျိုးသွားအောင်ပေါ့နော်။ အဲဒီရည်ရွယ်ချက်လည်း ပါရင် ပါပါလိမ့်မယ်။”

တလောက ငြိမ်းချမ်းနဲ့​ ပတ်သက်ပြီးတော့ ပေးပို့တဲ့ စာရဲ့ နောက်ဆက်တွဲကရော အခု လက်ရှိ စစ်ရေးနဲ့ ဘယ်လိုမျိုး ပတ်သက်လဲ။

“ဦးသိန်းဇော်ပေးပို့ထားတဲ့  အောက်တိုဘာ ၂၉ မှာ ပေးတဲ့စာထဲမှာ ဘာလဲဆိုတော့ ခြိမ်းခြောက်တဲ့ စာပါခင်ဗျ။ အခုကတော့ စစ်ဆင်ရေး အရှိန်အဟုန်မြှင့်လာနိုင်တယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ဒါကြောင့်မို့ ခင်ဗျားတို့ အပစ်ခတ်ရပ်စဲရေး လုပ်ကြပါဆိုတဲ့ သဘောပဲ။ အမှန်တကယ်တော့ အခုပြောဆိုနေတဲ့ အပြစ်တင်တာတွေ အားလုံးက ကေအိုင်အိုကနေပြီးတာ့ အပစ်ခတ်ရပ်စဲရေး မလုပ်ချင်ဘူး။ ငြိမ်းချမ်းရေးအလုပ်ချင်ဘူး မပြောချင်ဘူး ဆိုတာမျိုး အားလုံးက အတွင်းမှာ ရှိတဲ့အစိုးရဘက်တွေသားတွေက အဲဒီလို ပြောဆိုနေကြတယ်။

“အမှန်တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုက အမြဲတမ်းပြောဆို တောင့်တနေတဲ့ကိစ္စတခုပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာ ယာယီငြိမ်းရေးဆိုတာထက် ထာဝရငြိမ်းချမ်းရေး သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးပေါ့နော်။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ အဲဒီ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးက အစလုပ်ရမယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စလုပ်တာနဲ့ တိုက်ပွဲတွေက သူ့ဟာသူ အရှိန်လျှော့သွားမှာပါ။ အခုက သူတို့က အပစ်ခတ်ရပ်စဲရေးကိစ္စပြောဆိုတယ်။ အပစ်ခတ်ရပ်စဲရေးဆိုတာကတော့ ယာယီအပစ်ခတ်ရပ်စဲရေးပါပဲ။ စစ်မြေပြင်တခုမှာ ခေတ္တ ခဏရပ်ဆိုင်းတဲ့ဟာကိုပဲ ယာယီရပ်စဲရေးလို့ သတ်မှတ်လို့ ရတာ။ ဒါကြောင့် ယာယီရပ်စဲတာဆိုတော့ တချိန်ချိန်မှာ ပြန်ပြီးတော့ ပြဿနာပေါ်လာနိုင်တဲ့ ကိစ္စပါ။ ဒီကိစ္စ ကျနော်တို့ကာလပတ်လုံး နဝတအစိုးရ၊ စစ်အစိုးရနဲ့ အများကြီး အချိန်ယူပြီးတော့ လုပ်ခဲ့ကြတာ။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောဆိုဆွေးနွေးနိုင်ခွင့် မရှိခဲ့ဘူး။ နိုင်ငံရေးအရ ဆွေးနွေးတာမျိုး ဖြစ်ပေါ်မလာဘူး။ အခုလည်း အဲဒီလိုပါပဲ။”

ဟုတ်ကဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တနှစ်လည်းပြည့်ပြီးသွားတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကလည်း ပိုများလာတယ်ပေါ့။ တက်လာတဲ့ အစိုးရအပေါ်မှာ ကေအိုင်အိုအနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။

“ရွေးကောက်ပွဲ တနှစ်သာ​ ​ပြီးသွားပါတယ် အခုအစိုးရသစ်ကလည်း သူတို့က အရပ်သားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် နယ်စပ်ဒေသမှာတော့ ဒီအစိုးရသစ် ရောက်လာတာနဲ့ တိုက်ပွဲတွေက​ ​ပြန်ဖြစ်လာတဲ့အခါမှာ ဒေသခံလူထုတွေကတော့ ဒီအစိုးရသစ် ရှိမှန်း ဘယ်သူမှ သတိထားမိတဲ့ လူလည်း မရှိပါဘူး။ အားလုံးက ကျီးလန့်စာစားနဲ့ပဲ တိမ်းရှောင်နေရတဲ့ ကိစ္စဖြစ်နေတယ်။ ဒါကြောင့် အစိုးရသစ်ပေါ်လာတာကလည်း ကျနော်တို့ ကချင်ဒေသမှာ ဘာမှ ထူးခြားတဲ့ ဖြစ်စဉ် အကောင်းဘက်ကို ဦးတည်သွားတာမျိုး မရှိဘူးလို့ ပြောရမယ်ခင်ဗျ။”

From:DVB (Published on November 11, 2011 )