Saturday, January 07, 2012

Air Bagan to suspend international

|0 comments
Saturday, January 7, 2012
W.P Moses




တည်းဖြတ် - ဇော်ရှန် (W.P Freelance Media Group)
မူပိုင် - Mizzima TV

မိုးကောင်း-ဖားကန့် လမ်းပေါ် စစ်ပွဲးများဆက်ဖြင့်နေ

|0 comments
Saturday, January 7, 2012


W.P Moses

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှ စပြီး ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ တရားဝင်ပြောဆို လိုက်ပါတယ်။

 သိန်းစိန် စစ်တပ် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ကျော်ဖြင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်တယ်လို့ ကေအိုင်အေက ပြောပါတယ်။

သိန်းစိန် စစ်တပ် စစ်ကြောင်းများကို တွေ့မြင်ရစဉ်...

KIA တပ်ရင်း (၆) နယ်မြေဘက်သို့ အစိုးရတပ်တွေ ထိုးစစ်ဆင်လာသဖြင့် ပိတ်လိုက်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေ အန္တရာယ် မဖြစ်အောင်၊ ထိခိုက်မှုမရှိစေရန်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။


ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က စပြီး  တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှ စ၍ ကြာသပတေးနေ့ထိ တံတားညီနောင်တွင်  ဆက်လက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေလို့ သိရပါတယ်။

 ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ သမ္မတမှ ကေအိုင်အေကို ထိုးစစ်ဆင်နေမှု စစ်အင်အား တိုးချဲ့မှုများကို ဆက်လက် မလုပ်ဆောင်ရန် ညွန်ကြားထားပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေပါတယ်။


ကေအိုင်အေနှင့် အစိုးရတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကြားမှာဘဲ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ တကယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ် ဖြစ်ပါတယ်။

Ga Shagawp - ကဗျာများ...

|0 comments
Saturday, January 7, 2012

W.P Majoi
SHANG LAWT HPYEN LA
Katsi kahtet nhkrit,
Sut gan ja gum hpraw n myit;
Mungdan lu na sharawng,
Asak du, baw ap nawng,
Ningsin ninghtoi n lata;
Magam lam hta kangka;
Mung shawa yawng hpe tsaw ra,
Myu ru sai , makam masham n-ging hka,
Ginjaw a masing hkan nang,
Tsawm htap ai myit mang;
Magam hpyen la sat lawat,
Up hkang, woi awn ai hpe madat,
Lata galoi n sharawt,
Tai hpyen wa hpe adawt,
Myu tsawm brang wa,
Shang lawt hpyen la.

HPYEN MADUNG

Mungdan kata de tawt,
Jarit wang hpe shing kawt;
Shang kabye dip up, je hpre sai chyup,
Mung shawa ni hpe dip,
Amyu sha ni hpe rip,
Myen mung maden,
Koluni lai len
Gasat kau ra ai hpyen.

 

KA-NI HPYEN


Mayu kasha gaw nrai,
Kaw chyang hkawn hpe sum tsaw shatai;
Chyurum shayi mung nrai,
Myu shamyit laknak kaba she rai.
Kaw chyang hkawn dai Brang Lawn hpe shachyen,
Sumri galu hte ahkyen;
Agawng hkumgu machyi ai nga,
Kaw chyang hkawn kaw sa.


Kaw chyang hkawn hpe sama ma,
Dum nta sutgan yawng kata;
Shi hte nhkrum yang gari,
Hkum ting mung agrawp machyi,
Ja gumhpraw nlu magang,
Kaw chyang hkawn zing-ri shatsang;
Jam jau lam lak lai ai,
Shi hte hka mung nmai sai.
Kaw chyang hkawn chyup ai ana wa,
Hkum sai kata hpyi hte nra,
Zet let ai baw nu jahkyet,
Sin wawp ana mung makret.
Matsan sumri lashoi shoi,
Katsan ga de ahkyit woi;
Kaw chyang hkawn hpe lawan jahka,
Htawng chying hka hpe lawan la saga law.


Jing hpaw lai ka, tsang mali, ga shagawp. K.I.O ginjaw hpaji dap.



Mungdan Masum Hta Nga ai Wunpawng sha ni (Mawa Mung, Myen Mung, Gala Mung)

|0 comments
Saturday, January 7, 2012

W.P Moses

Asak hkrung ai Karai Kasang a chye ju hpe shawng nnan shakawn nngai.


Wunpawng myu sha ni a labau hpe mat mat nmai ai, hka bra nmai ai , labau run pusin dun nga ai Nu Wa hpu nau yawng hte e… ngwi pyaw hkam kaja nga myit ni..?

Wunpawng sha ni a labau hpe nhtang sum ru yu… htaw aw..htaw Majoi shingra bum kaw na , mayu, da ma, kahpu kanau di kru langai sha zawn nga pra hkrat wa ai, chyu rum ai annau ni nan rai. Ya dai ni gaw Wunpawng sha ni nga ai ginra wa, htaw…aw.. htaw Miwa mung a sinpraw maga de, Myen Mungdan a ding dung maga de, Gala mung a sin na maga de nga nga ai. Miwa Mung, Myen Mung , Gala Mung , Mungdan masum hta nga nga ai, Wunpawng sha ni yawng myit hkrum ga lu i… chyu rum ai annau ni nan rai.

Ya aten hta e… wunpawng sha ni yawng myit hkrum kahkyin gumdin na matu manu mana nan grai ahkyak ai aten du sai hpe mu lu ai. Shara shagu hta du nga ai Wunpawng sha ni yawng myit mang langai hte sha myit hkrum mang rum na aten rai sai. Wunpawng sha ni e… ya aten hta e nang shoi nang sha nnga ai sha myit rum mang rum let Karai Kasang ra sharawng ai hkrun lam de rawt sa wa ga. 




သိန်းစိန် စစ်တပ်မှ အလယ်တန်း ကျောင်းသားသူငယ်များကို ပေါ်တာ အဖြစ် ဖမ်းဆီးနေ...

|0 comments
  Saturday, January 7, 2012
W.P Moses
  
သိန်းစိန်၊ မင်းအောင်လှိုင်တို့ရဲ့ သား ခလရ - ၁၃၈ တပ်ရင်းမှူး မြင့်သိန်း

 ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းပေါ်ရှိ ခဂရန်း (Hka Garan) ကျေးရွာမှာ ရောက်ရှိနေတဲ့ ပူတာအို ဗျူဟာ အတွင်းမှာ ပါဝင်တဲ့ သိန်းစိန် စစ်တပ် ခလရ (၁၃၈) တပ်ရင်းမှူး မေဂျာ မြင့်သိန်း ဦးဆောင်တဲ့ စစ်ကြောင်း အင်အား (၄၀) ကျော် စစ်တပ်တို့ဟာ ခဂရန်း ကျေးရွာရှိ အလယ်တန်းကျောင်း ကျောင်းဆင်း ချိန်တွင် စောင့်နေကာ ယင်းကျောင်းမှ ကျောင်းသားကြီးများကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ရွာခံများမှ သိရှိ ရပါတယ်။ ဘယ်နှစ်ယောက် ဖမ်းဆီးခေါ်ဆောင် သွားတယ် ဆိုတာကို အသိ အကျမသိ ရသေးပါ။ ယင်းကျေးရွာမှ လူငယ်နှင့် အရွယ်ရှိလူကြီးများဟာ လဆန်း ၄ ရက်နေ့ ကတည်းက စစ်တပ်တို့မှ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှာကို စိုးရိမ်သဖြင့် တောထဲသို့ အားလုံး ထွက်ပြေး တိမ်းရှောင်နေရာ ယခုလို အရွယ်မရောက်၊ အသက် ငယ်သေးတဲ့  ကျောင်းသားများကို သိန်းစိန် တပ်တို့မှ ပြန်လည် မြှားဦး လှည့်လာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာရဲ့ ဥပဒေ အရ ကလေးလူငယ်များကို နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက် လမ်းပြပေးရမည် ဆိုတဲ့ ဥပဒေများကိုလည်း သိန်းစိန်၊ မင်းအောင်လှိုင် စစ်တပ်တို့မှ နိုင်ငံတကာရဲ့ ဥပဒေကို အရေးမထား၊ ဂရုမစိုက် ကိုယ့်စိတ်ကြိုက် ချိုးဖောက် နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

 အနာဂါတ်မဲ့၊ ကယ်တင် ကူညီမယ့်သူများကို အားကူးစွာ မျှော်လင့်နေတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ကလေးသူငယ်များ...

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားများကို ဗမာ စစ်တပ်မှ လက်ဝါးကြီးအုပ် စိုးမိုးနေပြီး တိုင်းရင်းသား လူမျိုးများကို ညှင်းပန်းနှိပ်စက်၊ တိုင်းရင်းသူတွေကို မဒိန်းကျင့် သတ်ဖြတ်၊ ကလေး သူငယ်များ၊ အရွယ်မရောက်သေးတဲ့ ပြည်သူပြည်သားများကို ဖမ်းဆီး ညှင်းပန်းနှပ်စက် နေတာဟာ ယနေ့ထိတိုင်တွေ့မြင် ခံစားနေရပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လ ကတည်းက ၁၇ နှစ်ကျော် တိုင်တိုင် အပစ်ရပ် ငြိမ်းချမ်းရေး ယူထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ငြိမ်းချမ်းရေး ပျက်ပြားကာ ပြန်လည် စစ်ပွဲဖြစ်လာခဲ့သည်မှာ ယနေ့ထိဆိုရင် (၇) လ ကျော်လာပြီ ဖြစ်တဲ့ အားလျော်စွာ ကချင်နှင့် တခြား တိုင်းရင်းသား ပြည်သူ စစ်ပြေးဒုက္ခသည်ဟာ (၅၀၀၀၀) ငါးသောင်း ကျော်ရှိနေပြီး အများစုမှာ ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေထဲမှာ သွားရောက် ခိုလှုံနေသလို တခြား မရည်တွက်နိုင်တဲ့ စစ်ပြေး ဒုက္ခသည်များဟာ တောတောင်၊ တောင်ကြား ထဲတွင် ဆင်းရဲ ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။


Friday, January 06, 2012

စစ်အစိုးရ စစ်တပ် ပြည်သူလူထု နေထိုင်တဲ့ ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်

|0 comments
Friday, January 6, 2012

 W.P Moses

ကချင်ပြည်နယ် မန်းမော် အင်မောက်နယ်အတွင်းရှိ ခဝမ်ဘန် ကျေးရွာဘက်သို့ စစ်အစိုးရ စစ်တပ်တို့မှ ဇန္နဝါရီလ ၃ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရှမ်းအမျိုးသား လောင်ဆီ ရဲ့နေအိမ် ပျက်ဆီးသွားကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ယခုလို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာများဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုများမှာ ဒုက္ခ ဆင်းရဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပါတယ်။

 စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူပိုင် နေအိမ်..

ကချင်ပြည်နယ် ဖါးကန့်ဘက်သို့လည်း စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ ချီတက် လာနေတာကြောင့် စစ်ပွဲများ ဖြစ်ပွား လာနိုင်သောကြောင့် ကေအိုင်အေမှ ပြည်သူ လူထုများကို မထိ ခိုက်စေလိုသဖြင့် ဒီအတောအတွင်း အသွားအလာများကို ဂရုစိုက်ရန်နဲ့ မော်တော်ကားများကိုလည်း သတိနဲ့ သွားလာဖို့ အသိပေး ပြောထားကြောင်း သိရှိရပါတယ်။

ကေအိုင်အေတပ်မဟာ (၅) နယ်မြေတဝိုက်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား (၆၀၀) ဝန်းကျင် တိုးချဲ့ စစ်အင်အား ဖြည့်နေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်...

သိန်းစိန် အစိုးရဟာ ကေအိုင်အေကို နိုင်ငံရေး ဆွေးနွေးမယ်လို့ ဆိုသော်ငြားလည်း နယ်ရာအနံ့ စစ်အင်အားတိုးချဲ့ခြင်း၊ ထိုးစစ်ဆင်နွှဲနေခြင်း၊ သိန်းစိန် စစ်တပ်မှ ပြည်သူပိုင် ရွာများ၊ နေအိမ်များ ကို မီးရှီု့ဖျက်ဆီးနေခြင်း၊ ပြည်သူများကို ပေါ်တာခေါ်ဆောင်ပြီး ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ ကချင် အမျိုးသမီးများနှင့် စစ်ဖြစ်ပွားနေတဲ့ နယ်မြေများမှ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်ခြင်း စသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျိုးလွန်နေပေမယ့် ကမ္ဘာက မသိမြင်ဘဲ မျက်ကွယ်ပြုနေခြင်း ခံနေရသော စစ်ပြေး ဒုက္ခသည်များရဲ့ ဘဝ၊ ရှေ့ရေး အနာဂါတ်၊ ယခု လောလောလတ်လတ် စားဝတ်နေရေး စသည့် အခက်အခဲ မြောက်များစွားနဲ့ ရင်ဆိုင် နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ယခုချိန်တွင် ကချင်စစ်ပြေးဒုက္ခသည်ဟာ ၅၀၀၀၀ (ငါးသောင်း) ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့များရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရပါတယ်။ နိုင်ငံတကာရဲ့ ကူညီမှုများကိုလည်း မြောက်များစွာ လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်များရဲ့ ဓါတ်ပုံ၊ ဗွီဒီယို အဖြစ်အပျက်များကိုလည်း မကြာခင် ဖော်ပြ သွားပါမယ်..။


Thursday, January 05, 2012

Kachin Independence Army (K.I.A)

|0 comments
Thursday, January 5, 2012
တည်းဖြတ် - ဇော်ရှန် (W.P Freelance Media Group) 

မူပိုင် - Mizzima TV

ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက်

|4 comments
Thursday, January 5, 2012

W.P Majoi


သို့  
    Kachinboy.blogspot.com ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေများ အားလုံး အားလုံး ပျော်ရွှေသော နှစ်သစ်ကူးလေးဖြစ်ပါစေ.... ပျော်ရွှင်သော နှစ်သစ်ကူးလေးမှာ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်ဝ ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်... ကချင်ပြည်နယ် မြောက်ဖျားပိုင်းကို  မရောက်ဖူးသေးသော သူငယ်ချင်းများ အတွက် ရည်ဆူးပြီး ကချင်ပြည်နယ်  မြောက်ဖျားပိုင်းမှာရှိတဲ့  သဘာဝ အလှ အပများကို နှစ်သစ်ကူး လက်ဆောင်အဖြစ်   တစ်စု တစ်စည်းတည်း ပို့ပေးလိုက်ပါတယ်...

 
ဘယ်လိုပင် လမ်းပန်းခက်ခဲပါစေ..  တောတောင်တွေကြားက ကချင်အိမ်လေးရဲ့ သဘာဝ အလှတရားဟာ မြို့ပြရှုခင်းတွေ ဘယ်လိုမှ မမီနိုင်အောင် လှမြဲပါဘဲလေး…။

 ငွေမျှင်ကြိုးနဲ့ယှက်တဲ့တိမ်....

တောင်ခိုးနှင့်တိမ် ရောယှက်လိမ်...

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ ကချင်ခေါ် ဝန်ပေါင် တိုင်းရင်းသားရွာ

 ချမ်းယိန်းခူးရဲ့ မိုးရာသီ ( အစိမ်းရောင် တောင်ကုန်းများ...)

ရစ်ဂျော်ဆိုတဲ့ ကချင်တောင်ပေါ် ရွာကလေးဖြစ်ပါတယ်..

ကချင် တောင်တန်းများကြားက လော်ဝေါ်ခေါ် ကချင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ ရွာကလေး…


လန်ဆယ်ရွာကလေးရဲ့ အိမ်....

 ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

 လှေကားထစ် စိုက်ခင်း (သူများတွေဆီမှာတင် ဒီလို ရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလည်း ရှိနေပါတယ်…) 


  အဝေးက ကြည့်ရင် ပုဝါ တစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ကချင်နယ်မြေ တောင်ကျချောင်း ရေစီးသံနှင့် ပျော်…


 မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ ချန်းခ (ချောင်း)


ဘဝကြမ်းကြမ်း… လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ…


ရေခဲတောင်ထွဋ်များနဲ့တောင်ခြေက ကျနော်တို့ရဲ့ဘဝလေးပါ (သူတို့လို ရောင့်ရဲ နိုင်ပါ့မလား…?)

 ဖြူလွလွ ရေခဲဖုံးတောင်နဲ့ တောင်ပေါ်က ကချင်ရွာလေး…


ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ဖီမောဘွမ် အနောက်ဘက် တောင်တန်းများရှိ ဆော့လော်မြို့နယ်ထဲက “ကူးမော ဆိုတဲ့ ကချင်ရွာ”


တောင်စောင်းများဆီက ကချင် တိုင်းရင်းသား လီဆူးရွာကလေး…


ငွေရောင်လက်နေတဲ့ ရေခဲတောင်များကြားမှ ကျနော်တို့ ကချင် တိုင်းရင်းသားတွေရဲ့ ဘဝ..

နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း..

 ပန်းချီလေလား ဝိုးတဝါး ဝန်ပေါင်တောင်တန်းပေါ်မှ RC ဘုရားရှိခိုးကျောင်း…

တောင်ထိပ်ပေါ်ကဆုတောင်းတောင်
ကျနော်တို့ ကချင်တိုင်းရင်းသားများဟာ ဘိုးဘွား စဉ်ဆက် ဘယ်သူ့နယ်မြေကိုမှ မကျူးကျော်ခဲ့ပါဘူး.. ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း နေချင်ကြတဲ့ သူတွေပါ... ဒါပေမဲ့ဟာ... ယနေ့ ကျနော်တို့ ကချင် နယ်မြေမှာ အရေခွံလှဲ.. စစ်လိုလားတဲ့ စစ်အစိုးရကြောင့် စစ်မီးတွေ တောက်လောင်နေခဲ့ရတာ စိတ်မကောင်း စရာပါဘဲ....


ထင်းရှူးပင်နဲ့ ရေခဲပြင်… လှပခမ်းနား ကချင်နယ်… ထွက်သွားကြပါ သိန်းစိန်တပ်…


 ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ် - ကချင် နယ်ခြားဂိတ်)

မသိခဲ့တဲ့ သူငယ်ချင်း အချို့အတွက် ကချင်ဒေသရဲ့ သမိုင်းကြောင်း အချို့ကိုလည်း ပြောပြ ချင်ပါတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန် ဖြစ်ပါရက်နဲ့) ဟိုး… ယခင်ခါက ဝန်ကြီးချုပ် ဦးနုရဲ့ခေတ်မှာ တရုတ်ပြည် ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...


ကဗျာတစ်ပုဒ်လို လှတဲ့ ကချင် ဝန်ပေါင် တောင်တန်းများ …


 ငေါ့ချမ်းခချောင်းတစ်နေရာ… ကြည့်လို့ကောင်းလိုက်တာ…


 ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ပန်ဝါမြို့ရဲ့ ဘောလုံးကွင်းလေးဖြစ်ပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း …
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P



 “စန်းကျားဟော်” ချောင်းသုံးခွဆုံ စခန်းထောက်ရွာ ( ဒီလိုကြိုးတံတားတွေ လျှောက်ရဲပါ့မလား…)


ကချင် ဝန်ပေါင် တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..


ငေါ့ချမ်းခ မြစ်ဘေးက ရွာကလေး ( ဒီနေရာဟာ ကျောက်ခေတ်ကတည်းက စပါးပင်တွေရဲ့ မူလ ဇာတိလို့ ယူဆနိုင်တဲ့ အချက်အလက်တွေ ရှိနေတယ်လို့  ဆိုကြပါတယ်)


တောင်ပေါ်မှာလောင်တဲ့မီး… (တောမီး)

 တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...


Yak လို့ခေါ်တဲ့ တိဘက်နွားပါ…။

နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။  တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။


မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား (YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြော တစ်လျှောက် သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင် ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။

ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင် ရှိသေးတော့တယ်…။



ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါ ဝက်ဝံအနီမျိုးလို့ ဆိုပါတယ်..


ကချင်တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့..  တကယ်လို့ ကချင်နယ်မြေမှာ အလည် ရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ချဉ်စော်ခါးသီး ဝိုင်ကို သောက်ရမှာတော့ အသေအချာပါဘဲ....


သစ်ပင်တွေ ပြန်ပေးပါ...

 မိတ်ဆွေသူငယ်ချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်နော်တို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပ ခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေ ဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက် ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသရဲ့ လမ်းပန်း ဆက်သွယ်ရေးကို ချောမွေ့အောင် လုပ်မယ်၊ နယ်မြေအေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ဧည့်သည်တွေ တည်းခိုဖို့  တည်းခိုခန်း စသည်တို့ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပတဲ့ နေရာတွေကို လာချင်၊ သွားချင်ကြတဲ့ သူတွေ အများကြီး ဖြစ်မှာပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ မိတ်ဆွေ.. ဝေးဝေးကို မကြည့်ပါနဲ့ .. ကိုယ့်ပြည်တွင်းမှာတင် အဖိုးတန် အလှအပများ ရှိနေပါတယ်…..

 ( ကျနော်ယူထားတဲ့ ဆိုက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်… )