Tuesday, September 27, 2011

မြန်မာအစိုးရစစ်တပ်ထိုး စစ်ကြောင့် ဒေသခံများ ကစဥ့်ကလျား ထွက်ပြေး

Tuesday, September 27, 2011
လောလော လတ်လတ် စစ်ပြေးဒုက္ခသည်များ

K.I.A တပ်မဟာ (၄) နေရာသို့ စစ်အာဏာရှင် အစိုးရ စစ်တပ် အင်အား အလုံးအရင်းနှင့် ထိုးစစ် ဆင်မှုကြောင့် ယင်းနေရာ အနီးတွင် နေထိုင်သည့် ဒေသခံ ရွသူရွာသားများ ကစဥ့်ကလျားနှင့် စစ်ဒဏ်မှ လွတ်ကင်းရန် ထွက်ပြေး တိမ်းရှောင် နေရကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်ပြေ ဒုက္ခသည်များသည် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ရှိ ဘုရား ကျောင်းသို့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် (၁၁) နာရီတွင် စစ်ပြေး ဒုက္ခသည် (၅၀) ကျော် ခိုလှုံရန် ရောက်ရှိ လာကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်ပြေး ဒုက္ခသည် (၅၀) ကျော် ပန်ဆိုင်းသို့ ရောက်ရှိ လာသော်လည်း ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ပြေး ဒုက္ခသည် အများအပြားသည် ပန်ဆိုင်းသို့ ရောက်ရန် လမ်းခရီးတွင် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရဆဲ ဖြစ်နေကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

K.I.A တပ်ရင်း (၈) နေရာသို့ စစ်အာဏာရှင် အစိုးရမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်သည်အင်အား ထပ်မံ တိုးချဲ့ ထိုးစစ်ဆင်လာသဖြင့် နမ်ဆွမ်ကျေးရွာနှင့် အနား ပတ်ဝန်းကျင်ရွာမှ ရွာသူရွာသားများ အနေနှင့် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင် လိုသော်လည်း ကားလမ်း မပေါက်ခြင်း၊ ခြေလျင် ခရီးဖြင့် ပြေးပါကလည်း စစ်အာဏာရှင် အစိုးရ စစ်တပ် စစ်ကြောင်းထိုးရာ လမ်းပေါ်တွင် ရှိနေသဖြင့် ပြေးရန် နေရာမရှိဘဲ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ပိတ်မိကာ အခက် အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရှိရပါတယ်။

ပန်ဆိုင်း ဘုရားရှိခိုးကျောင်းနှင့် နမ်အွမ် ဘုရား ရှိခိုးကျောင်းတို့တွင် ရောက်ရှိနေသည့် စစ်ပြေး ဒုက္ခသည်များကို စစ်အာဏာရှင် အစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ကာ ၄င်းတို့၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက် သွားလာခွင့် မပြုကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

0 comments: