Friday, September 30, 2011

မဒီယာန်နှင့် ဂျာအိန်ယာန် မှာ တိုက်ပွဲဆက်ဖြစ်

Friday, September 30, 2011


 ရှေ့တန်းထွက်ဖို့ရန် မိန့်ခွန်း နာခံနေသော K.I.A စစ်သည်တော်များ

မဒီယာန်နှင့် ဂျာအိန်ယာန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။ မနေ့ကတည်းက ဖြစ်ပွား ခဲ့တဲ့ ဒီတိုက်ပွဲဟာ အရှိန် မပြက်သေးဘဲ ယခုချိန်ထိ သေနတ်သံများ ကြားနေ ရဆဲပါလို့ တိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် K.I.A အထူး တပ်ရင်းနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား တိုက်ပွဲ ဖြစ်နေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ဂျာအိန်ယာန်မှတိုက်ပွဲတွင် K.I.A ပြည်သူ့စစ် (HMM) တပ်ဖွဲ့ဝင်း (၁၀) ဦးတို့မှ စစ်တပ်အင်အား (၁၅၀) ခန့်ကို ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက် စုံစမ်း တင်ပြသွားပါမယ်။ နှစ်ဘက်စလုံးမှ အထိအခိုက်များကို မသိရှိရသေးပါ။

0 comments: