Friday, December 09, 2011
မြစ်ကြီးနား ကချင်လူငယ် (၂၀) ဦးဖမ်းဆီးခံ၊ မိန်းကလေး (၂) ဦးပါ၊ မဒိန်းကျင့်ခံနေရ
Friday, December 9, 2011
သိန်းစိန်သားတွေ ကချင်အမျိုးသမီးကို မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ပါတယ်.... ဒီလိုဖြစ်ပျက်နေတာဟာ ဘယ်သူ့တာဝန်လဲ... ဘာတွေဖြစ်ပျက်နေပြီလဲ... 
လွန်ခဲ့တဲ့ နိုဝင်ဘလ ၃၀ ရက်ည ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Sweet ဒီဇင်ဘာ ကြိုတဲ့ ကချင် လူငယ် အရောက် (၂၀) ဦးကို စစ်အစိုးရ စစ်တပ် (တပ်အမည်မသိ) တို့မှ ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ထွက်ပြေး လွတ်မြောက်လာတဲ့ မြစ်ကြီးနားမြို့ခံ မောင်ဘရန်အောင် (အသက် ၁၇ နှစ်) ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ဖမ်းဆီးခံရတဲ့ ကချင်လူနယ် (၂၀) ဦးတွင် ကချင် မိန်းကလေး (၂) ဦးလည်း ပါဝင်ကြောင်း၊ ယင်း မိန်းကလေး (၂) ဦးကိုတော့ သိန်းစိန်အစိုးရ စစ်သားများမှ နေ့ည မဒိန်းကျင့်နေကြောင်း “အဲ့ဒီ မိန်းကလေး နှစ်ယောက်ဟာ နေ့တိုင်း ညတိုင်း စစ်သားများရဲ့ မဒိန်းကျင့်ခြင်းကို ခံနေရတယ်။ ကျနော်တို့က စိတ်အရမ်း နာကြည်းပေမယ့် ဘာမှ လုပ်လို့ မရဘူး.. ပါးစပ်တောင် ဟလို့ မရဘူး.. ဗမာစစ်သားတွေက ကျနော်တို့ကို ရိုက်တယ်၊ ကန်တယ်၊ သေနတ်နဲ့ ထုတယ်..။ မိန်းကလေးနှစ်ယောက်က သနားစရာ ခံစား နေရပါတယ်.. ဖြစ်နိုင်ရင် သူတို့ (သိန်းစိန် သားတို့) ထံမှ အမြန်ဆုံး ကယ်ထုတ်နိုင်ရင် ကောင်းတယ်..” ဟု ပြောကြား လာပါတယ်။
ဒီလိုမျိုး အဖြစ်အပျက်တွေက မြစ်ကြီးနား၊ မန်မော် (ဗန်းမော်)၊ ဝိုင်းမော် နယ်မြေတွေနှင့် ကျေးရွာ တော်တော် များများမှာ ဖြစ်ပျက်နေကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ သန့်ရှင်းသော အစိုး ဖြစ်စေရမယ်လို့ ကြွေးကြော်နေတဲ့ သိန်းစိနအစိုးရဟာ တိုင်းရင်းသား နယ်မြေတိုင်းမှာ လူ့အခွင့်အရေးများကို အချိန်ပြည့် ချိုးဖောက်နေတာကို တွေ့မြင်နေရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း စုံစမ်း ကူညီကြရအောင်... ဝိုင်းဝန်းစုံစမ်းပြီး သတင်းများကိုလည်း ပေးပို့ကြပါ...
W.P Moses
4 comments:
  • maungmin says:
    April 29, 2012 at 10:53 AM
    KIA ကဖမ်းတဲ့ လူတွေကိုလဲထည့်ရေးဦးလေဗျာ. မြန်မာစစ်တပ်က ဖမ်းတာဆိုပြီး အခြေအမြစ်မရှိတဲ့သတင်းတွေ ရေးနေတော့ ပို့စ်တွေဖတ်ရတာပျင်းလာပီဗျ..
    KIA ဖမ်းတဲ့သူတွေမသိရင် .. သတင်းက ခြေခြေမြစ်မြစ်လေးရှိအောင် နာမည်စာရင်းနဲ့သေချာ ပို့ပေးပါ့မယ်..
    KIA က ဘယ်လိုပဲ အသံကောင်းဟစ်နေ ဟစ်နေ ဂမ်ရှောင်တို့က သူတို့သေခါနီးတော့မယ် ဆိုရင်တော့
    ငြိမ်းချမ်းရေးပြန်ယူဦးမှာပါပဲ....
    စစ်သားလေးတွေကတော့ စတေးခံနယ်ရုပ်လေးတွေပေါ့...
  • greenlover says:
    May 7, 2012 at 3:50 PM
    မိန်းမတွေ့ရင်ခွေးတောင်အရှုံးပေးလောက်တဲ့ ဗမာစစ်သားတွေ... ထွေး....
  • Unknown says:
    December 19, 2012 at 6:52 PM
    စောက်ရူး KIA
  • Anonymous says:
    March 2, 2013 at 10:43 PM
    စောက်ကြီးစောက်ကျယ်နဲ့ ဗျာ ခင်ဗျားတို့ KIA တွေ ပတ်တောင်းစားထားတဲ့ ကျပ်ငွေ ထရီလီရမ် ၃၀၀၀ ကျော်က ဘယ်နားသွားထားလဲ . . . ကချင်အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် တန်းတူအခွင့်အရေးအတွက်တဲ့ ဟုတ်လား . . . ထွီ ရွံလိုက်တာဗျာ . . . တန်းတူ အခွင့်အရေးပေးပြီး အဲ့ငွေတွေ ကချင်လူမျိုးပြည်သူတွေကို ခွဲပေးလိုက်လေဗျာ . . . အများကြီးတိုးတက်သွားမှာ
    အစိုးရတပ်ကို ပြန်ပစ်ဖို့ ကြည်ဆံတွေ လက်နက်တွေဝယ်မယ့်အစား ကျောင်းတွေ ဆေးရုံတွေ ပညာသင်ထောက်ပံ့ကြေးတွေ ပေးလိုက်လေ . . . စောက်ကြီးစောက်ကျယ်မပြောပါနဲက ခင်ဗျားတို့ လက်တစ်ဆုပ်ကောင်းစားဖို့ လုပ်နေတာကို ကချင်ပြည်သူတွေ အတွက်လို့မပြောပါနဲ့ ပြောချင်ရင် ကျွန်တော်ပြောသလိုလုပ်နိုင်မှပြော
    ခင်ဗျားတို့ မကောင်းမှန်း ကချင်ပြည်သူတိုင်းသိတယ် ခင်ဗျားတို့ နဲ့ အတူတူ အရိုးကိုက်နေတဲ့ သူတွေကလွဲလို့ပေါ့