Tuesday, September 27, 2011

အပြစ်မဲ့ ပြည်သူပြည်သားများကို စစ်တပ်မှ ပစ်ခတ်နေ

Tuesday, September 27, 2011
စစ်အာဏာရှင် အစိုး၏ လဂျားယန် ရှေ့တန်းစခန်း (ဓါတ်ပုံ-ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား - လိုင်ဇာသွားရာ ကားလမ်း၊ လိုင်ဇာမုဒ်လုမ်မှ (၇) မိုင် ကွာဝေးသော လဂျားယာန် ကျေးရွာတွင် အခြေစိုက်တဲ့ စစ်အာဏာရှင် အစိုးရ စစ်တပ် ခလရ (၃၇) တို့ဟာ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ နေ့လည် ၁၂း ၃၀ နာရီ ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာ လုပ်တဲ့ အပြစ်မဲ့ ရွာသူရွာသားများကို သေနတ်ဖြင့် ပစ်ခတ်နေကြောင်း ယင်းကျေးရွာမှ စုံစမ်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ နမ်ဆန်ယာန် ကျေးရွာမှ မောင်ကျောင်ဖါ ထွယ်ဆန်အောင် (အသက် - ၁၅ နှစ်) နှင့် သူ့ရဲ့ သူငယ်ချင်း တို့ဟာ ဆိုင်ကယ်ဖြင့် ဖြတ်သွားခဲ့ရာ လဂျားယာန် ဘုန်းကြီး ကျောင်းအတွင်းမှာ နေရာယူထားတဲ့ စစ်အစိုးရတပ်ရဲ့ စစ်သားတို့မှ သေနတ်ဖြင့် (၁၀) ချက်ကျော် ပစ်ခတ်ခဲ့ရာ မောင်ထွယ်ဆန်အောင်ကို ဗိုက်မှာ ထိမှန်သွားပြီး သူ့သူငယ်ချင်း ဆိုင်ကယ်မောင်းသူ ကိုတော့ ခြေထောက်မှာ ထိမှန်သွားကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ယင်းနှစ်ဦးကို ယခုအချိန်တွင် K.I.A ဌာနချုပ် လိုင်ဇာ K.I.O မှ ဖွင့်လှစ်ထားသော ပြည်သူ့ ဆေးရုံတွင် ဆေးကုသ ခံယူ နေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင် အစိုးရ စစ်တပ် လဂျားယာန် စခန်းအတွင်းမှာ ရွာသား တစ်ဦးကိုလည်း ညှင်းပန်း နှိပ်စက်ပြီး သတ်ပစ် ထားကြောင်း အတည် မပြုနိုင်သေးတဲ့ သတင်းအရ စုံစမ်း သိရှိရပါတယ်။ ယင်းကျေး ရွာတွင် နေ့လည်ပိုင်း ၁း ၃၀ နာရီ ဝန်းကျင် မှာလည်းဘဲ ဖြတ်သွား ဖြတ်လာ ပြည်သူ ပြည်သား များကို စစ်တပ်တို့မှ သေနတ်ဖြင့် အပြစ်မဲ့ လိုက်လံ ပစ်သတ် နေသေးကြောင်း ရွားသား များထံမှ စုံစမ်း သိရှိရပါတယ်။ ဒီလိုမျိုး စစ်အာဏာရှင် အစိုးရတပ်မှ လူမဆန်စွာပြုမူ ကျင့်သုံးနေသော အပြစ်မဲ့ ပြည်သူပြည်သား များကို သေနတ်ဖြင့် လိုက်လံ ပစ်သတ် နေမှု တွေကြောင့် လဂျားယာန် ကျေးရွာမှ ရွာသူ ရွာသားများမှာ လိုင်ဇာ မုဒ်လုမ် ဘက်သို့ ခိုဝင် တိမ်းရှောင် လာနေ ကြကြောင်း မျက်မြင်များထံမှ ဆက်လက် စုံစမ်း သိရှိရပါတယ်။

ဒီလိုမျိုး စစ်အာဏာရှင် အစိုးရရဲ့ လူမဆန်သော လုပ်ရပ်တွေကို ကမ္ဘာက သိရှိဖို့ရန် အလွန် ကောင်းပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမဆို ကိုယ်အကျိုး မရရှိဘဲနဲ့တော့ အလကား ဝင်ဖြေရှင်း လာမှာ မဟုတ်တာတော့ အင်မတန် ဝမ်းနည်း စရာကောင်းပါတယ်။ တရုတ်၊ အိန္ဒိယ မပြောနဲ့ အင်အား အကြီးဆုံး၊ လူ့အခွင့်အရေးကို အလေးစားဆုံး ဆိုပြီး ကမ္ဘာပေါ်မှာ ကြွေးကြော်နေတဲ့ အမေရိကန် နိုင်ငံကြီးတောင် သူ့ရဲ့ အကျိုးစီးပွား မရရှိဘဲနဲ့ လေကုန်ခံ အချိန်ကုန်ခံပြီး ဘယ်တော့မှ ပါဝင်လာမှာ မဟုတ်ဘူးဆိုတာကို စစ်အာဏာရှင် အစိုးရတို့က ကောင်းကောင်းကြီး သိနေလို့ ဘယ်နိုင်ငံကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး..။ ဒီအချက် အလက်တွေကို ပြည်သူလူထုများက နားလည် သိရှိထားဖို့ အင်မတန် အရေးကြီးပါတယ်။

0 comments: