Monday, September 26, 2011

K.I.A နှင့် စစ်အစိုးရတို့အကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မရပ်မနား တိုက်ပွဲများဖြစ်ပွားနေ

Monday, September 26, 2011


စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉)၊ (၈)၊ (၂) နယ်မြေမှာ K.I.A နှင့် စစ်အာဏာရှင်အစိုးရတို့ အကြား နေ့ည မပြက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာ ကချင်ပြည်နယ် K.I.A တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ လွယ်ဂျယ် ကျေးရွာနှင့် K.I.A တပ်မဟာ (၂) နယ်မြေများမှာလည်း ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်ဘက်မှ အကျအဆုံး များနေသောကြောင့် မြန်မာနိုင်ငံ အောက်ပြည်များမှ တပ်မ (၉၉)၊ (၆၆)၊ (၇၇) တို့နှင့် တခြားတပ်များလည်း စစ်ကူ အဖြစ် ချီတက်လာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A လွတ်မြောက်ရေး တပ်မတော်တို့မှလည်း ယခုချိန်ကစပြီး ပိုမိုဂရုစိုက် စစ်ပွဲများ ဆင်နွဲသွားမှာ ဖြစ်ကြောင်း K.I.A/ K.I.O အရာရှိများထံမှ စုံစမ်း သိရှိရပါတယ်။ ဒါ့ကြောင့် နိုင်ငံ ရပ်ခြားဒေသများမှာ ရောက်ရှိနေကြကုန်သော ချစ်ခင်လေးစားရသော ကချင် လူမျိုးများ မှလည်း တတ်နိုင်သမျှ အဘက်ဘက်မှ ပါဝင် ကူညီသွားကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်။

ကချင်ပြည်နယ် အောင်ဂျာယာန်မှာ စစ်တပ်ကို K.I.A မှ ဝိုင်းထား

တဆက်တည်းမှာဘဲ စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ အောင်ဂျာယာန်ကျေးရွာမှာ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား တိုက်ပွဲ ဖြစ်ပွား သေးကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်တပ်ဘက်မှ လက်နက်ကြီး မော်တာ များလည်း အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါပေမယ့် ယခုချိန်တွင် ယင်း စစ်တပ်ကို K.I.A အထူးတပ်နှင့် K.I.A ပြည်သူ့စစ်များပူးပေါင်းကာ ဝိုင်းရံပိတ်ဆို့ထားကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

မုန်မူမှာ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ နေ့လည်ဝန်းကျင်တွင် K.I.A နှင့် စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား ရှဒန်ပါ နမ်ငေါင် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးမှ အခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိပါတယ်။

0 comments: