Saturday, November 05, 2011

Sinlumbum Dau Hkawng Wun Doi mat wa sai

|1 comments
De,

Hkungga tsaw ra ai myitrum manang ni hpang de , daini na ga shagawp
ningnan ,"Mangai" hpe shagun dat ai .Daini gaw, K.B.C mungkan hta
gumhkawng ai laika ka sara ( Ga shagawp ninghkring) Sinlumbum Dau
Hkawng ( Nawng Nang K.T.C Rung chyare kaba) a makoi mayang nhtoi
re.3.11.11 shani Myitkyina mare kaba e Sai Ke accident hte wundoi mat wa ai re
lam chye lu ai. Shi hpe anhte grai lahpawt ga ai. K.B.C a "Gamgu kaja" langai daw mat
ai majaw yawn dik ga ai. Rau sha jawm hkam sha ga i.

Majan shi ga gaw "GaRa Yang " , Lung Zep Kawng de Tai hpyen ni n sim n sa, Amyawk kaba ni hte gap sharu bun nga ma ai lam chye lu ai.

Ja Ing Chying

စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ကချင်ပြည်နယ်ရောက်ပြီ

|0 comments
Saturday, November 5, 2011

နိုဝင်ဘာလ ၅ ရက် ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ကနေ တဆင့် ထွက်ခွာသွားတဲ့ စစ်အစိုးရရဲ့ အောက်ပိုင်း စစ်တပ် တပ်မ (၈၈) ဟာ ယခုချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ (၅၈) သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်မ (၈၈) တို့ဟာ ဆက်လက်ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ ယခုချိန်မှာ စစ်အစိုးရ စစ်တပ်ဟာ အင်အားဖြည့်တင်းဖို့ နေ့တိုင်း အောက်ပိုင်းမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ချီတက်ရောက်ရှိနေကြောင်း မျက်မြင်များထံမှ သိရှိရပါတယ်။

Kachin Independence Army

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများမှ K.I.A စစ်သည်တော်များဟာ နိုဝင်ဘာလ ၃ ရက် ၄ ရက် နေ့အတွင်း ကချင်ပြည်နယ် ဂါးရာယာန် ကျေးရွာမှာ အခြေချ စခန်းထိုင်နေတဲ့ စစ်အစိုးရ စစ်တပ်တို့ကို ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၅၀) ကျဆုံးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကျန်စစ်အစိုးရ စစ်သားများမှာ ရှေ့တန်းနယ်မြေမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ဂါးရာ ယာန်ကျေးရွာကို K.I.A တပ်တို့မှ နေရာယူထားလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

K.I.A ရှေ့တန်းနယ်မြေသို့ ခရစ်ယာန် သင်းအုပ် ဆရာတော်များမှ သွားရောက် ဆုတောင်းပေး

|0 comments
Saturday, November 5, 2011



 အတူတကွ ဆုတောင်းနေစဉ်..







Friday, November 04, 2011

K.I.A ရှေ့တန်းနယ်မြေ သို့ ခရစ်ယာန် ဆရာများမှ သွားရောက် ဆုတောင်းပေး

|0 comments
Friday, November 4, 2011

နိုဝင်ဘာလ ၄ ရက် K.I.O/K.I.A ဗဟိုကော် မတီ အရာရှိများနှင့် လိုင်ဇာနှစ်ခြင်း ခရစ်ယာန် သင်းအုပ် ဆရာတော်များ၊ ရပ်မိ ရပ်ဖများတို့မှ K.I.A တပ်ရင်း (၂၃) ရှေ့တန်းနယ်မြေ ဖြစ်တဲ့ အင်းသပ်ဘွမ်သို့ သွားရောက်ပြီး ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ အတွက် ဆုတောင်း ကောင်းချီး ပေးခဲ့ကြောင်းနှင့် လူအပ်တဲ့ ပစ္စည်း များကို ပံ့ပိုးပေး ခဲ့ကြောင်း သိရှိ ရပါတယ်။ လိုင်ဇာမြို့မှ အသင်းသူ အသင်းသားများ ကလည်း ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ စားသုံးဖို့ရန် ဟင်းလျာ များကို ချက်ပြုတ် ယူသွား ပေးခဲ့ကြောင်း သိရှိရပါတယ်။
စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကားကြီးများ

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၄ ရက် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား မန်မော် လွယ်ဂျေလမ်းရှိ ခဝမ်ဘန်နှင့် လော်ဒန်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း (၂) ဦးကို ယခုချိန်တွင် မိုင်ဂျာယာန် ဆေးရုံမှာ ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ မည်မျှ ကျဆုံးပြီး ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ အသိအကျ မသိရှိရသေးပါ။

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၄ ရက် ကချင်ပြည်နယ် ဗန်းမော်မြို့ သဘောင်္ဆိပ်ကမ်းသို့ စစ်အစိုးရ စစ်သဘောင်္ကြီး (၃) စီးရောက်ရှိလာကြောင်း၊ ယင်း သဘောင်္တွင် စစ်အစိုးရ စစ်တပ်ရဲ့ စစ်လက်နက် အပြည့်တင်ဆောင်လာပြီး ယင်းလက်နက်များကို ဒီနေ့ဘဲ ဗန်းမော်မြို့မှ စစ်ကားကြီး (၁၈) စီးဖြင့် လာ ရောက် သယ်ဆောင်သွားပြီ ဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ ယင်း စစ်လက်နက်များကို ခူးလီဘက်ရှိ လိုင်နောင်းခူးသို့ သယ်ဆောင်သွားကြောင်း ဆက်လက်စုံစမ်း သိရှိ ရပါတယ်။ လက်နက် လာရောက်သယ်ဆောင်ချိန်တွင် ဗန်းမော်မြို့ ကားလမ်းများကို တာဝန်ရှိသူများမှ လမ်းများပိတ်ဆို့ထား ကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်ကားကြီး အစီး (၆၀) ကချင်ပြည်နယ် သို့ဦးတည်

|0 comments
Friday, November 4, 2011

နိုဝင်ဘာလ ၄ ရက် ကချင်ပြည်နယ် မန်မော် (ဗန်းမော်) မြို့ကနေ စစ်အစိုးရ စစ်တပ်တို့ရဲ့ စစ်ကားကြီး အစီး (၆၀) ဟာ ကချင် ပြည်နယ် သို့ ဦးတည်ကာ ဗန်းမော်မြို့မှ ဒီနေ့ဘဲ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းစစ်ကားကြီး အစီး (၆၀) ဟာ K.I.A ဌာနချုပ် လိုင်ဇာ သို့စစ်အင်အား ဖြည့်တင်း ဖို့ရန် ဖြစ်ကြောင်း လည်း ဆက်လက် သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ K.I.A ဌာနချုပ် လိုင်ဇာကို ဒီလ (၁၄) ရက် အတွင်း သိမ်းပိုက်နိုင်ဖို့ ကြိုးစား နေကြောင်း သိရှိရပါတယ်။

November 4, 2011  The (60) trucks of Burmese soldier  were going to Kachin state this morning from Manmaw city. Burmese military soldiers are trying to control the Headquarter, Lai Za, of Kachin Independence Army  in these between 14 days.

အစိုးရက K.I.A ကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း

|0 comments
Friday, November 4, 2011

ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး အောက်တိုဘာ ၂၉ ရက်နေ့က တိုင်းရင်းသား​ရေးရာနှင့်​​ ​ပြည်တွင်း ငြိမ်းချမ်းရေး​ဖော်ဆောင်မှု​ ​ကော်မတီ ဥက္ကဋ္ဌ​ ဦးသိန်းဇော်က​ ​ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ရန် ကမ်းလှမ်းခဲ့ပါတယ်။

Kachin Independence Army

အဲဒီကမ်းလှမ်းချက်ထဲမှာ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းနေတဲ့​ အခြေအနေကို တားဆီးဖယ်ရှားနိုင်ရေး​ အတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရန်၊ အခုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် စစ်မက် အပြင်းအထန် ပေါ်ပေါက်လာမယ် ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။

စစ်မက်အပြင်းအထန် မပေါ်ပေါက်မီ ငြိမ်းချမ်းရေးပြုလုပ်ဖို့ ဦးဇောင်းဟရား အနေနဲ့ ဦးသိန်းဇော်နဲ့ လက်တွဲဆောင်ရွက်ဖို့ စာမှာ ကမ်းလှမ်းခဲ့တာလို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

ဒီကမ်းလှမ်းစာအပေါ် ကေအိုင်အိုအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့က ပြန်လည် တုံ့ပြန်ခဲ့ရာမှာ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွနဲ့ အစပြုလို့  ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုကြောင်း စတဲ့အချက်ပါစာကို ဦးသိန်းဇော်ဆီ  ပြန်လည်ပေးပို့ခဲ့တယ်လို့ ဦးလနန်းက အခုလို ပြောပါတယ်။

“သူရေးထားတာက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ရေး ဆိုပြီး ရေးထားတယ်။ အမှန်တကယ် ကျနော်တို့ ဒီအဖွဲ့အစည်းကတော့​ ​ပြည်နယ်အဆင့်တွေနဲ့တွေ့တာ သုံးကြိမ်ရှိသွားပြီ။ ဒါပေမယ့် ဘာမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခုကိုမှ အကောင်အထည် ပေါ်လာတာမျိုး ဆုံးဖြတ်ချက်ချနိုင်တာမျိုး မရှိသေးဘူး။ ဒါက ဦးသိန်းဇော်ရေးလာတဲ့စာပါ။

“အဲ့လို စာရေးလာတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဦးသိန်းဇော်ကို စာပြန်ကြားလိုက်တယ်။ အဲဒီစာကတော့ ကျနော်တို့ ကေအိုင်အိုရဲ့ သဘောထားပါပဲ။ အဲဒီထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား​အရေး​​ ​ဖြေရှင်းနိုင်ဖို့နဲ့ တန်းတူအရေးကို  အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်သင့်တယ်ဆိုတဲ့ဟာကို ကျနော်တို့ အကြံပြုထားတယ်။ နောက်တခုကတော့ အခုနိုင်ငံတော်အစိုးရ အသစ်အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးများကို နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း၊ ခိုင်ခိုင်မာမာ ဖော်ပြပြီးတော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆိုတဲ့အကြောင်း အဲဒါက ကျနော်တို့ အကြံပြုတဲ့​ အချက်တွေပါ။

“ပြည်တွင်းမှာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းတဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ကာလကြာရှည်မယ်၊ ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကလည်း မရဘူး။ ဒါကတော့ နိုင်ငံရေးနဲ့​ မဖြေရှင်းတဲ့​ အတွက်ကြောင့် ဖြစ်တယ်ဆိုတဲ့​ အကြောင်းတွေပါ။ နောက်ဆုံးတခုကတော့ ဒီပြည်ထောင်စုအရေး​ ဆိုတာက တိုင်းရင်းသားအရေး၊ နိုင်ငံသား​ အားလုံးနဲ့ သက်ဆိုင်တဲ့အရေး ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းတရားများကို သေချာစွာ သုံးသပ်ပြီးတော့ နိုင်ငံရေး ​တွေ့ဆုံဆွေးနွေးရေးကို​ ​ပြည်ထောင်စုအဆင့် တပြေးညီ ဆောင်ရွက်သင့်တဲ့ အကြောင်းကို ပြန်ကြားထားတယ်။”

ဦးသိန်းဇော်တို့ ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာ ရှမ်းအထူးဒေသ (၂) ဝအဖွဲ့၊ ရှမ်းပြည် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ စတင်နေကြောင်း၊ အခြားကေအင်ယူ၊ ဒီကေဘီအေ၊ အက်စ်အက်စ်အေ စတဲ့အဖွဲ့တွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ရှိနေကြောင်း ဖော်ပြထားပြီး ကေအိုင်အိုအနေနဲ့လည်း အလားတူလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဦးသိန်းဇော်က ငြိမ်းချမ်းရေး​ဆွေးနွေးဖို့ အခုလို ကမ်းလှမ်းပေမယ့် ကေအိုင်အေ နယ်မြေတွေမှာတော့ တပ်တွေ တိုးချဲ့တာတွေ ရှိနေတဲ့အတွက်​ ​ကေအိုင်အိုနဲ့​​ ​မြန်မာအစိုးရတပ်တွေအကြား နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဦးလနန်းက ပြောပါတယ်။

ကချင်ပြည်နယ်ထဲကို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေချိန်မှာ အခုလို တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းနေတဲ့အပေါ် ဦးလနန်းက အခုလို ဝေဖန်ပါတယ်။

“ဒီ ၂၉ ရက်နဲ့ ဦးသိန်းဇော် ရေးတဲ့ ပေးပို့တဲ့နေ့မှာပဲ ကျနော်တို့ရဲ့ ကချင်ဒေသ ရှေ့တန်းတွေမှာ သူတို့ chemical weapon (ဓာတုလက်နက်) စပြီး အသုံးပြုလာတယ်ခင်ဗျ။ ၂ နေရာ ၃ နေရာလောက် စပြီး အသုံးပြုလာတယ်။ နောက်ပြီးတော့ သူရေးသားပေးပို့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ မကွေးမှာရှိတဲ့ တပ်မ ၈၈ ကို စပြီးတော့ ကချင်ပြည်နယ်ကို လွှတ်နေကြပြီ။ မနေ့ည သန်းခေါင်မှာ အဲဒီ တပ်မ ၈၈ တပ်ဖွဲ့ဝင်တချို့ မြစ်ကြီးနား ရောက်နေကြပြီ။ သူက ရေးတာဘာလဲဆိုတော့ ဒီ နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာရအောင် လုပ်တဲ့ ကိစ္စတခုပါ။ ဘာကြောင့်လဲ ဆိုတော့ အခုအချိန်မှာ သူတို့အတွက် အလွန်ပဲ အရေးကြီးတဲ့ ကိစ္စတခုကတော့ အာဆီယံဥက္ကဋ္ဌ နေရာရယူရေးအတွက် သူတို့ ကြိုးပမ်းနေတဲ့အချိန်လို့ ပြောလို့ ရတယ်။ ဒီအချိန်မှာပဲ အာဆီယံ ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီးတော့ လေ့လာဆုံးဖြတ်မယ့် သံတမန် ပုဂ္ဂိုလ်တွေလည်း ရောက်နေတယ်။ နောက်ပြီးတော့ ယူအန်က အထူးကိုယ်စားလှယ်လည်း ရောက်နေတယ်။ အမေရိကန်ကလည်း ရောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ သံတမန်လောကထဲမှာ သူတို့က ဘာပြချင်လဲဆိုတော့ နိုင်ငံတော်အစိုးရက လက်နက်ကိုင်​ အင်အားစုတွေနဲ့​ဆက်သွယ်ပြီးတော့​ ​ဒေ​သ​တည်ငြိမ်​ ​အေးချမ်းဖို့အတွက် သူတို့ ကြိုးစားနေပါတယ် ဆိုတဲ့အနေနဲ့ ဖော်ပြချင်တဲ့ အပိုင်းတခုပါ။

“ဒါပေမယ့် အဲဒီစာရေးပေမယ့် တဖက်မှာ စစ်ရေးအနေနဲ့ တပ်တွေ၊ တပ်မတွေ လွှတ်နေတာ ရှိတယ်။ အခု တပ်မ ၇၇ လည်း သူတို့ လိုအပ်ရင် လိုအပ်သလို ဒီဘက်တက်လာ အစီအစဉ် အဆင်သင့် လုပ်နေတယ်လို့ အခိုင်အမာ သတင်းရတယ်ခင်ဗျ။ ဒါကြောင့်မို့ သူတို့ လုပ်တဲ့ ကိစ္စက ဘာလဲဆိုတော့ အမှန်တကယ်လည်း နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဆန္ဒလည်း မရှိဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စလည်း သူတို့ အပေါ်ယံပြောနေတာ ဖြစ်တယ်။ တဖက်မှာတော့ စစ်ရေးပြင်ဆင်မှုတွေ နောက် ဓာတုလက်နက်သုံးလာတဲ့ ဟာတွေက အရှိန်မြှင့်လာတယ်ခင်ဗျ။ ဒါကြောင့် သူတို့က သူတို့ရဲ့စာ ပေးပို့တဲ့ အပေါ်မှာ ဘာမှ မျှော်လင့်ချက်ကတော့ မရှိပါဘူး။ မျှော်လင့်စရာလည်း ဘာမှ မရှိပါဘူးခင်ဗျ။ သူတို့ရဲ့တပ်တွေ လှုပ်ရှားမှု ရှိတဲ့အခါတိုင်းမှာ တိုက်ပွဲတွေကတော့ ရှိနေဆဲပါ။ တိုက်ပွဲက လျော့သွားတာမျိုးတော့မရှိဘူး။ သူတို့ရဲ့ တပ်လှုပ်ရှားမှု ရှိတဲ့အလျောက် တိုက်ပွဲကတော့ ရှိတယ်။ သူတို့တပ် လှုပ်ရှားမှုလျော့ရင် အဲဒီနေ့မှာ တိုက်ပွဲအရေအတွက်က လျော့မယ် အဲဒီလိုပါ။ မနေ့ကလည်း ဖြစ်တာပဲ။ နေ့စဉ် ရက်ဆက် တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မဟာ ၄ ဘက်မှာလည်း မနေ့ကစပြီးတော့ တပ်ရင်း ၃၆၊ ၃၈ ဘက်မှာ တိုက်ပွဲတွေက အပြင်းအထန် ရှိတယ်ခင်ဗျ။”

ကေအိုင်အိုနဲ့ အစိုးရတပ်တို့  အပစ်ရပ်စဲရေးလုပ်ခဲ့တဲ့ ၁၇ နှစ်တာကာလအတွင်း ဒေသအတွင်းက မြေပေါ်မြေအောက် သယံဇာတတွေကို တရုတ်ဘက်က ဈေးပေါပေါပေးပြီး သယ်ထုတ်သွားလို့ တရုတ်ဘက်ကသာ အကျိုးရှိသွားတယ်လို့ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

ကေအိုင်အိုနဲ့ မြန်မာအစိုးရ တပ်တွေအကြား အခုနှစ်၊ ဇွန်လဆန်းပိုင်းကစလို့ အပစ်ခတ် ရဲစဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲတွေ ​ ​ဖြစ်နေချိန်မှာပဲ ​ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာအနီးက လဂျားယန်ကျေးရွာမှာ နှစ်ဘက်အကြား အပစ်ခတ်ရပ်စဲရေး အတွက် ဇွန် ၃ဝ ရက်နေ့တကြိမ်၊ ဩဂုတ်လ ၁ ရက်နဲ့​​ ၂ ရက်က တကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

အဲဒီ​ ​ဆွေးနွေးပွဲကနေ သဘောတူညီ ချက်မရရှိဘဲ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဆက်ပြီး ဖြစ်ပွားနေတာပါ။ 

ဒီဗွီဘီ မှ ကူးယူဖော်ပြသည်

Simsa Kasa Jounal Vol.2 Issue . 2

|0 comments
Friday, November 4, 2011

Simsa Kasa Journal Vol. 1 issue 1 ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....

ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၂)

|0 comments
 Friday, November 4, 2011
  ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

ဗိုလ်ချုပ် ခင်ညွှန့် ထောက်လှမ်းရေး လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးရဲ့ ထောက်လှမ်းရေး တစ္ဆေအခြောက်ခံရသူများ အပိုင်း (၂) ကို ဆက်လက် တင်ပြ လိုက်ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ပြုပြင်ပြောင်းလဲရေးသမား ဟု ဆိုဆို၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး သမားလို့ ပြောပြော၊ ဗီလိန်ရုပ်မပေါက်တဲ့ တီဗွီမင်းသားလိုဘဲ သမုတ်သမုတ်၊ နိုင်ငံရေး အင်အားစုများအပေါ် ပါးပါးနပ်နပ် နှိပ်ကွပ်သူအဖြစ် ပုံရိပ် ထင်ထင် အမျိုးမျိုး မှတ်ချက် ပြုကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး စေတမန်ကတော့ ဗိုလ်ချုပ် ခင်ညွှန့်အား အကောင်းမြင် ၀ါဒနဲ့ ရှုမြင် သုံးသပ် တင်ပြပုံတွေကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် က တင်ပြပေးလိုက် ရပါတယ် ခင်ဗျား။
 
နေရာယူခဲ့ခြင်းလား၊ နေရာရခဲ့ခြင်းလား

အကယ်၍သာ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေဖြင့် အာဏာကို မက်မောခဲ့လျှင်ဖြစ်စေ၊ တိုင်းပြည်နှင့် တပ်မတော် အပေါ် ကိုယ်ကျိုးနှင့်ယှဉ်၍ ကြည့်ခဲ့ လျှင်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေး အလှည့် အပြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုကို အမှန်အတိုင်း တွက်ဆနိုင်ခဲ့ လျှင်ဖြစ်စေ ဗိုလ်ချုပ် မှူးကြီးစောမောင် လက်ဝယ်မှ အာဏာကို လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လွှဲပြောင်း လက်ခံနိုင် စရာ အခြေ အနေသည် ၁၉၉၂ ခုနှစ် ၀န်းကျင်ကတည်းက ပျောက်ပျက် သွားနိုင်ပါသည်။
 

အဘယ်ကြောင့်နည်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဆုံးဖြတ်ချက်များ၊ အမိန့်များ ပုံမှန်မဟုတ် တော့သည်ကို ပြီးစွာပထမ ရိပ်စားမိလာသူမှာ ဗိုလ်ချုပ်ခင်ညွန့် သာလျင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပုံမှန် မဟုတ်သော ဆုံးဖြတ်ချက်နှင့် အမိန့်စီးဆင်းမှုကို အခွင့်ကောင်းယူကာ နိုင်ငံတော်အာဏာ တစ်ရပ် လုံးကို ဖြတ်လမ်း နည်းဖြင့် ရယူနိုင်သော အားသာချက်သည် ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်ကို ချောင်ပိတ် မွန်းကျပ် စေခဲ့ဖူးကြောင်း ဗိုလ်ချုပ် ခင်ညွန့်ကိုယ်တိုင်က တစ်နေရာရာတွင် တစ်စုံ တစ်ယောက်ကို ထုတ်ဖော်ဖွင့်ဟ ၀န်ခံ ခဲ့ဖူးပါသည်။

ဗိုလ်ချုပ်ခင်ညွှန့်ကို အရေးယူလိုက်တာ ပေါက်ဖော် တရုတ်ကြီးက မသိလိုက်ရလို့ ရွှေစိတ်တော် ညိုသွားတာမို့ နအဖက (၁၀) ရက် အကြာမှာ အပြေးအလွှား သံတော်ဦး တင်လိုက်ရတဲ့ ဖြစ်စဉ်လေး ရှိခဲ့ကြောင်း ကျွန်တော် ကိုဖိုးတရုတ်ကို စစ်ဖက်နီးစပ်သူများမှ တဆင့် သတင်းပေးပို့ထားရာ တရုတ်သမ္မတ ဟူကျင်တောင် နဲ့ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ဓာတ်ပုံအား ဒီဆောင်းပါးမှာ ဖြည့်စွက် တင်ပြလိုက်ရပါတယ်။
 
ဗိုလ်ချုပ် ခင်ညွန့်နှင့်အတူ နိုင်ငံရေး အကျပ်အတည်း၊ အရှုပ်အရှင်းများကို ဖြေရှင်းပေးခဲ့ရဖူးသူ လက်အောက် ငယ်သား တစ်ယောက်အနေဖြင့် ဗိုလ်ချုပ် ခင်ညွန့်၏ နိုင်ငံရေးသမားများပေါ် အမြင်သည် ၁၉၉၂ နောက်ပိုင်းတွင် စတင်ပျော့ပြောင်း လာကြောင်းကို ရိပ်စား မိလာခဲ့သည့်အပြင် အခြားသော အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ ကွယ်ရာတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသော ဒီလူတွေနိုင်ငံရေး နားမလည်ဘူး ဆိုသော သံဝေဂစကားသည် လည်း မြန်မာ့နိုင်ငံရေး အကျပ် အတည်းကို သူသဘောပေါက် နေကြောင်း နိဒါန်းချီမှုဟု ယူဆစရာဖြစ်လာခဲ့သည်။

Thursday, November 03, 2011

ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၁)

|0 comments
 Thursday, November 3, 2011

ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

တရုတ် - မြန်မာ နယ်စပ်တနေရာမှ ပေးပို့လာတဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးရဲ့  ဆောင်းပါးကို ကျွန်တော် မှ စာဖတ်သူများ အား တင်ပြပေးလိုက်ရပါတယ်။ ဒီနေရာမှာ နအဖက အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို သူတို့ မသိလိုက်ရဘဲ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး သမားများအား လုပ်ချင်သလို လုပ်နေတယ်လို့ စွပ်စွဲထားချက်အပေါ် အကြောင်းသိ အတွင်းသိ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ယောက်က ပြည်သူများထံ အဖြစ်မှန်ကို တင်ပြပေး ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားများ အနေနဲ့ အကြောင်းအရာ စုံစုံလင်လင် သိရှိဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ အခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ထောက်လှမ်းရေး အရာရှိဟောင်း စေတမန်အား ကျွန်တော်  မှ အထူးကျေးဇူး တင်ရှိပါတယ်ခင်ဗျား။

နိဒါန်း
၁၉၈၈ ခုနှစ်မှသည် ၂၀၀၄ခုနှစ်တာ ကာလအထိ စစ်တပ် ကြီးစိုးမင်းမူရေးကို ကျားကန်ပေးခဲ့သော တပ်မတော်ထောက် လှမ်းရေးအဖွဲ့ ဇာတ်သိမ်း မလှခြင်း၏ နောက်ကွယ်မှ ဖြစ်ရပ်ဖြစ်စဉ် များကို နိုင်ငံတကာနှင့် အများပြည်သူ စိတ်ဝင်စားခဲ့ခြင်း၊ ယနေ့ထက်တိုင်အောင် စိတ်ဝင်စားနေခြင်းမှာ လက်ရှိ အာဏာချုပ်ကိုင်ဆဲ စစ်ဗိုလ်ချုပ်ကြီးများ အတွက် မငြင်းနိုင်သော ပြဿနာတစ်ရပ်ဟုဆိုပါလျှင်......။

ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်ချုပ် ခင်ညွန့်

တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်မကျန် မြေလှန်ပစ်ခဲ့သော်လည်း အတွင်းသိများ အနေဖြင့် လက်ရှိ စစ်အုပ်စု ထိပ်သီးပိုင်းများကို ထောက်လှမ်းရေး တစ္ဆေအခြောက်ခံနေရခြင်းဟု ဆိုရခြင်းသည် ၄င်းစစ်အုပ်စု ထိပ်သီးပိုင်း၏ သမိုင်းတွင် ဖျောက်ဖျက်မရသော အမှားများ ကျူးလွန်မှု အတွက် ပေးဆပ်နေရမှု တစ်ခုသာလျှင် ဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။

News Links

|0 comments
Thursday, November 3, 2011

Kachin woman abducted and gang-raped by Burmese troops Click
KIA kills 16 Burmese Army soldiers in Ga Ra Yang Click
မြန်မာအစိုးရတပ်က KIA အယောင်ဆောင်ပြီး မုံပေါ်ပြည်သူ့စစ်ကို ရန်စ Click

စစ်အစိုးရ စစ်ကားကြီးများ ဝိုင်းမော်ဘက်သို့ ဦးတည်သွားပြီ

|0 comments
 Thursday, November 3, 2011

နိုဝင်ဘာလ ၃ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်အစိုးရ စစ်တပ်တို့မှ စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ကားကြီး (၁၁) စီးဟာ ဒီမနက် (၁) နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားကိုဖြတ်၍ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဝိုင်းမော် ဘက်သို့ ဦးတည် သွားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများမှ တဆင့် သိရှိရပါတယ်။ ထို့အတူ ဒီမနက် (၆း၃၀) နာရီခန့် တွင်လည်း စစ်အစိုးရ စစ်တပ်တို့ဟာ မြင်း များ တင်ဆောင်ထားသော စစ်ကားကြီး (၁၉) စီးနှင့် လက်နက် အပြည့် တင်ဆောင်ထားသော စစ်ကားကြီး (၂) စီး သည်လည်း ဗလမင်းထင် တံတားကိုဖြတ်၍ ဝိုင်းမော် ဘက်ခြမ်းသို့ ထွက်ခွါ သွားပြီဖြစ်ကြောင်း မျက်မြင် သက်သေများမှ စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် သို့ စစ်အစိုးရ စစ်အင်အား ဆက်တိုက် ပို့နေ

|0 comments
Thursday, November 3, 2011

ကချင်ပြည်နယ် မြို့ကြီးများသို့ စစ်အစိုးရ စစ်တပ်တို့မှ နေ့တိုင်း ညတိုင်း မီးရထားဖြင့် စစ်အင်အားများကို ပို့လွှတ်နေကြောင်း သိရှိရပါတယ်။ ယခုချိန်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး မလာသည်ကို အခွင့်ကောင်းယူကာ စစ်အင်အား နေ့ည စေလွှတ် အင်အားဖြည့်တင်းနေ ကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ဒီလိုမျိုး စစ်အင်အား ဖြည့်တင်းနေခြင်းဟာ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ကို အမြှစ်ပျက် ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် စစ်အင်အား ဖြည့်တင်း နေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ မြစ်ကြီးနား ဗန်းမော်လမ်း၊ မလိခ အရှေ့ဘက်ခြမ်း ဂျာအိန်ယာန်နှင့် ရှဒန်ပါ ဘက်သို့လည်း စစ်အစိုးရ စစ်တပ်တို့မှ နေ့တိုင်း ရဟတ်ယာဉ် (Helicopter) ဖြင့် စစ်အင်အားများ နှင့် လက်နက်ကြီးနှင့် ခဲယမ်းများကို အင်အားဖြည့်တင်း နေကြောင်း ရှေ့တန်း K.I.A သတင်းများ အရ သိရှိရပါတယ်။

Wednesday, November 02, 2011

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ စစ်မျက်တိုင်းမှာ တိုက်ပွဲပြင်းထန်

|0 comments
Wednesday, November 2, 2011

နိုင်ဝင်ဘာလ ၂ ရက် ဒီနေ့တွင် ရှမ်းပြည်နယ် အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) နှင့် (၃၈) တို့နှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဒီနေ့မှ စတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ နမ်ဖျင်တိုက် ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားပြီး (၃၀) ထိခိုက် ခဲ့ကြောင်း၊ မန်ဂျတ်တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၅) ဦး ကျဆုံးသွားပြီး (၄၀) ဝန်းကျင် ထိခိုက် ခဲ့ကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၂ ရက်နေ့ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) နယ်မြေမှာ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြာ ညနေဆည်းဆာအချိန်တွင် ပြန်လည် တိုက်ပွဲဖြစ် ပွားလာခဲ့ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ် ဒေါ့ဖုန်းယာန် အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ (၁၄၂) တို့က ဟန်ကိုင်တောင်မှ ၁၂၀ မမ ဖြင့် K.I.A ရှေ့တန်းနယ်မြေဘက်သို့ အဆက်မပြတ် ပစ်သွင်းနေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာ ဘဲ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ကချင်ပြည်နယ် ဂါးရာယာန်ကျေးရွာတွင် ဒီနေ့ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီနေ့ တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားခဲ့ပြီး (၁၀) ဦးကျော် ထိခိုက် ခဲ့ကြောင်း ဆက်လက် သိရှိရပါတယ်။




စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ် သို့ စစ်အင်အားတိုးချဲ့

|0 comments
Wednesday, November 2, 2011
Kachin Independence Army

နိုဝင်ဘာလ ၂ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမှ စစ်အစိုးရ စစ်တပ်မှ စစ်သားအပြည့် တင်ဆောင် ထားသော စစ်ကားကြီး (၂) စီးဟာ ဒီန့ ညနေပိုင်း (၅) နာရီခန့်မှာ ကချင်ပြည်နယ် နောင်းနန် အနီးရှိ (၁၀) မိုင်ရွာမှ ဧရာဝတီ အထက် တန်ဖရဲ ဘက်သို့ ဦးတည် ထွက်သွားပြီ ဖြစ်ကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရှိရပါတယ်။

မြန်မာ့ လေတပ်မှ ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း (အပြာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (အနီ)

တဆက်တည်းမှဘဲ မကွေးအခြေစိုက် စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ဟာလည်းဘဲ ကချင်ပြည်နယ် K.I.A စစ်နှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဘက်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၂) ရင်းဟာ ယခုချိန်မှာ ကချင်ပြည်နယ် မိုးညင်းမြို့မှာ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့ဟာ K.I.A နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများသို့ စစ်အင်အား အမျိုးမျိုးဖြင့် ဖြည့်တင်းနေတာ တွေ့နေ ရပါတယ်။ မကြာခင်မှာ တိုက်ပွဲများဟာ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ဘက်လေ့လာ သူများက သုံးသပ်နေကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ K.I.A တပ်မတော်ဟာ ထင်ထားသည် ထက် အင်အား ကြီးမားပြီး စစ်အစိုးရ စစ်တပ်တို့ရဲ့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ စစ်အစိုးရ စစ်တပ်တွင်းမှာလည်း အချင်းချင်း အထင်အမြင်တွေ မတူညီမှုကြောင့် မတည်မငြိမ်ဖြစ်နေတာကို သိရှိရပါတယ်။


လော့ဒန်ဘက်သို့ စစ်အင်အားတိုးချဲ့

|0 comments
 Wednesday, November 2, 2011
ကချင်ပြည်နယ် ဗန်းမော် လွယ်ဂျယ်လမ်းပိုင်း ကျောက်စခန်း အထက် လော့ဒန် ဘက်သို့ နိုဝင်ဘာ (၁) ရက်နေ့က စစ်အစိုးရ စစ်တပ်မှ စစ်ကား (၅) စီးဖြင့် စစ်သား အင်းအား ပြန်လည် ပို့ဆာင် လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။ အပြန်တွင် စစ်ကား (၃) စီးဖြင့် တိုက်ပွဲတွင် ဒဏ်ရာ ရသော စစ်အစိုးရ စစ်သားများကို ပြန်လည် ခေါ်ဆောင် သွားကြောင်းနှင့် ယခုအခါ K.I.A အစိုးရနှင့် တိုက်ခိုက်သော စစ်ပွဲများတွင် စစ်အစိုးရ စစ်သားများ ကျဆုံးသူ၊ ဒဏ်ရာ ရသူ များပြား လာ သောကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သားများ ထွက်ပြေးသူ များပြားလာကြောင်း ထပ်မံ သတင်းရရှိပါတယ်။

သတင်း

|0 comments
KIA kills 10 Burmese soldiers in North Burma Click
Burmese fighter planes fly over near KIA headquarters Click


ကချင်ပြည်နယ် ဂါးရာယာန်မှာ တိုက်ပွဲဆက်ဖြစ်

|0 comments
Wednesday, November 1, 2011

နိုဝင်ဘာလ ၁ ရက် ကချင်ပြည်နယ် ဂါးရာယာန် ကျေးရွာမှာ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။
ကိုယ့် ကိုယ်ကျိုးကိုသာ ကြည့်ကြတဲ့ စစ်အစိုးရ စစ်တပ်မှ အထက်အရာရှိများ

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၃၀ ရက်နေ့ စစ်အစိုးရ စစ်တပ်ရဲ့ ရဟတ်ယာဉ် (Helicopter) တစ်စီးဟာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဆိုင်းမိုင်၊ နမ်ထွန်တောင် ဘက်သို့ မောင်းနင်လာခဲ့ရာ K.I.A တို့မှ ယင်း ရဟတ်ယာဉ်ကို G-4 သေနတ်ဖြင့် ပစ်လိုက်ရာ ယင်း (Helicopter) ကို ထိမှနန် သွားပြီး  ဒယိမ်းဒယိုင်ဖြင့် ရှေ့တန်းနယ်မြေမှ ပြန်လည် မောင်းနင် ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။

တက်ဆက် တည်းမှာဘဲ နိုဝင်ဘာလ ၁ ရက်နေ့ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း များနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဗန်းမော် လိုင်ဇာလမ်း ခဝမ်ဘန် အထက် လော်ဒန်ကုန်း အောက်မှာ ပြန်လည် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရပါတယ်။ စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များပြား လာနေကြောင်းလည်း သိရှိ ရပါတယ်။

ကချင်ပြည်နယ် K.I.A နှင့် စစ်အစိုးရတို့ လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်ကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲအတွင်း စစ်အစိုးရဘက်မှ စစ်သား (၁၄၀၀) ကျော် ကျဆုံး (သေဆုံး) ပြီဖြစ်ကြောင်းနှင့် ဤစာရင်းတွင် စစ်ပွဲ၌ ဒဏ်ရာရရှိပြီး စစ်မြေပြင်သို့ ပြန်လည်း မသွားရောက်နိုင်တော့သော စစ်သားများ မပါရှိကြောင်း စစ်အစိုးရ စစ်ဗိုလ်များမှ အထက်သို့ ပေးပို့သော ကြေးနန်းမှ ဖမ်းယူ ရရှိသော သတင်းဖြစ်ကြောင်း သိရှိရပါတယ်။


Tuesday, November 01, 2011

ကပစ (၁၂) မှ ဓါတုလက်နက် ပိုအဆင့်မြှင့်အောင် ထုတ်ခိုင်း

|0 comments
Tuesday, November 1, 2011

ညွန်ကြားနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဆက်လက် တိုက်ပွဲဝင်ရင် အနိုင်ရမည် မဟုတ်တဲ့အတွက် ဓါတုလက်နက် (Chemical Weapons) များကို ပိုမိုအဆင့်မြှင့်ပြီး များများထုတ်လုပ်ဖို့ စစ်အစိုးရ စစ်လက်နက် နှင့် အခြားစစ်ပစ္စည်းများ ထုတ်လုပ်တဲ့ ကပစ (လက်နက်ထုပ်စက်ရုံ) အမှတ် (၁၂) ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွန်ကြားလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်း ဓါတုလက်နက် ထုတ်လုပ်ခိုင်း တဲ့ ကပစ (၁၂) လက်နက် စက်ရုံ ဟာ သရက်မြို့ အနောက်ဘက် (၁၀) မိုင် အကွာမှာ ရှိပါတယ်။ သရက် -မင်းတုန်း ကားလမ်းမ ဘေးမှာ ဖြစ်ပါတယ်။

Monday, October 31, 2011

K.I.A တပ်များမှ ဝင်တိုက်

|0 comments
Monday, October 31, 2011
K.I.A ကို ထိုးစစ်ဆင်ခိုင်းနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

အောက်တိုဘာလ ၃၀ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများမှ ညနေပိုင်း ၇း၀၀ နာရီ ဝန်းကျင်တွင် ဗန်းမော် အင်းမောက်နှင့် ခဝမ်ဘန် ကျေးရွာ သွားရာလမ်းနှင့် ခဝမ်ဘန်မှာ ရောက်ရှိ အခြေစိုက်နေတဲ့ စစ်အစိုးရ စစ်တပ်တို့ကို K.I.A တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အစိုးရ စစ်တပ် တို့ဟာ ဆင်လွမ်လမ်း၊ လော်ဒန်လမ်း၊ လော်ဒန် ကရုန်ဘက်သို့ စစ်အင်အား အလွန်ချီတက် ထိုးစစ် ဆင်လာ မှုကြောင့် စစ်အစိုးရ စစ်တပ်ရဲ့ နောက်တန်းများကို K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ K.I.A အရာရှိများမှ ပြောကြားချက်အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ ဘယ်နှစ်ယောက် ကျဆုံး သည်ကို မသိရသေးပေမယ့် K.I.A စစ်တပ်ဘက်မှာ တော့ ထိခိုက် ကျဆုံးမှု မရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ဂါးရာယာန်သို့ စစ်အစိုးရ စစ်တပ်အင်အားဖြည့်

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ကချင်ပြည်နယ် အင်းသပ်ဘွမ် (တောင်) မှာ တိုက်ပွဲဖြစ်ပွား နေခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာမှု ကြောင့် စစ်အစိုးရ စစ်တပ်တို့ အင်းသပ်ဘွမ်မှ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါပေမယ့် စစ်အစိုးရ စစ်တပ်တို့ဟာ ဂါးရာယာန်ကျေးရွာတွင် စစ်အင်အား အမြောက်အများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်နက် ကြီးများဖြင့်လည်း ရွာထဲများတွင် ပစ်သွင်းနေကြောင်း စုံစမ်း သိရှိရပါတယ်။

Sunday, October 30, 2011

In K.I.A civil war, Burmese Soldiers are using Chemical Weapons

|0 comments

Sunday, October 30, 2011


စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ

အောက်တိုဘာလ ၃၀ ရက် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား (၆) ရက်ကြာ တိုက်ပွဲဖြစ်ပွားလာတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇဲပ်၊ (Lung Zep) ကုန်း တိုက်ပွဲ နေရာများတွင် စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များလာမှုကြောင့် UN မှ ပိတ်ပင်ထားတဲ့ (Chemical Weapon) ဓာတုလက်နက် များကို ယခု K.I.A နှင့် တိုက်ပွဲမှာ အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ ရှိုမိတဲ့ K.I.A တပ်သား (၁၀) ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အန် ခြင်း၊ ကိုယ်ခန္ဓာ ပျော့ခွင်သွားပြီး ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ ကြောင်း ရှေ့တန်း K.I.A သတင်းမှ သိရှိရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၂၉ ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံးမှု များလာတာနဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ (Chemical Weapon) ဓါတု လက်နက်ဖြင့် K.I.A စစ်တပ်ကို ပစ်ခဲ့ရာ K.I.A စစ်သည်တော် (၄) ဦးဟာ ဆက်လက်တိုက်ပွဲ မဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွင် သွားပြီး အဆက်မပြတ် အန် နေကြောင်း K.I.A ရှေ့တန်းနယ်မြေ တိုက်ပွဲ ဝင်နေတဲ့ K.I.A စစ်သားများမှ သတင်းပေးပို့ လာပါတယ်။

ဘယ်လိုအမျိုးအစား  ဓါတုလက်နက် ဖြစ်တယ်ဆိုတာ အတိအကျ မသိပေမယ် အဆင့်မြင့်တဲ့ ဓါတု လက်နက် ( Chemical Weapon) ဟုတ်တယ် ဆိုတာကို တော့ ငြင်းလို့ မရဘူးလို့ K.I.A ရှေ့တန်း အရာရှိများမှ ပြောကြားလာပါတယ်။ ဒီလိုမျိုး ယခုချိန်မှာ UN က နေပိတ်ပင်ထားတဲ့ ဓါတုလက်နက် ဖြင့် စစ်အစိုးရ စစ်တပ်မှ အသုံးပြု တိုက်ခိုက်နေခြင်းကို UN အပါအဝင် တမ္ဘာလုံးက ဒီတိုင်း ကြည့်နေလို့ မဖြစ် တော့ကြောင်း အသိပေး လိုက်ချင်ပါတယ်။

Now fighting with Kachin Independence Army K.I.A and Burmese Military soldiers are stronger and stronger, the war zone Gara Yang, Shwe Nyong Pin, Lung Zep become 6 days.. so Burmese military soldiers are using Chemical Weapon. When Burmese military soldiers shot Chemical Weapon to K.I.A who touch that gas cannot fight anymore, suddenly they feel headache and the whole body become weak. 

And all so, yesterday in the war zone Intap Bum , Burmese military soldiers used Chemical Weapon . So, after breath that gas K.I.A  (4) soldiers were suddenly  feel headache and the whole body became weak if so they cannot shot anymore, the K.I.A officer confirm this event.