Saturday, October 29, 2011

Man City Vs Wolves

|0 comments
Saturday, October 29, 2011

Man City Vs Wolves ပွဲစဉ် ဒုတိယပိုင်း မှာ မန်စီးတီးက (၂) ဂိုး အရင် သွင်းနိုင်ခဲ့ ပြီးနောက် မန်စီးတီးရဲ့ အသင်း ခေါင်းဆောင်ရဲ့ ဘောဖြတ် ကြမ်းတမ်းမှုကြောင့် ဝုဒ် ပင်နတီကန်သွင်းခွင့် ရခဲ့ရာ ဝုဒ်ရဲ့ Hunt မှ ကန်သွင်းနိုင် ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ပြီးနောက် မန်စီးတီးရှေ့တန်း Adam Jhonson မှ တတိယ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင် မန်စီးတီးဟာ ဧည့်သည် ဝုဒ်ကို ၃-၁ နှင့် အနိုင်ရသွားပြီး ပရီးမီးယားလိဒ် ပွဲစဉ်ဇယားရဲ့ ထိပ်ဆုံး ၂၈ မှတ်နှင့် ဦးဆောင်နေပါတယ်..။

Engaland Premier League

|0 comments
Saturday, October 29, 2011

ယခု ကစားပြီးသွားတဲ့ အင်္ဂလန် ပရီးမီးယားလိဒ် ပွဲစဉ်များဖြစ်တဲ့ အဲလ်ဗာတန်နှင့် မန်ယူ တို့ ပွဲမှာ မန်ယူက အိမ်ရှင် အဲလ်ဗာတန် ကို ၁ - ၀ နှင့် အနိုင်ရသွားပါပြီ..။ မန်ယူရဲ့ ချေပ ဂိုးနှင့် အနိုင်ဂိုးကို ရှေ့တန်း ကစားသမား ဟာနန်ဒက်က သွင်းယူနိုင်ခဲ့ပါတယ်။ 

ချဲလ်ဆီး နှင့် အာဆင်နယ် ပွဲစဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးကို ဧည့်သည် အာဆင်နယ် က ၅-၃ ဂိုးဖြင့် အနိုင်ရသွားခဲ့ပြီး အနိုင် (၃) မှတ် နှင့် ပွဲသိမ်းလိုက်ပါတယ်။

Man City နှင့် Wolves တို့ဟာ အခုချိန် (Half time - 47) မိနစ်ထိ ဘယ်သူမှ ဂိုးမသွင်းနိုင်သေးပါဘူး..။ မန်စီးတီးက အိမ်ရှင် ဖြစ်ပါတယ်..။ ဘယ်အသင်းနိုင်သွားမယ် ဆိုတာတော့ စိတ်ဝင် စားစရာ ကောင်းနေ ပါတယ်..။ မန်စီးတီးဘဲ အနိုင်ကန်ပြီး အမှတ် အပြတ်ဖြတ်မှာလား..? သို့မဟုတ် Wolves ဘဲ အနိုင်ကန်သွင်းပြီး (၃) မှတ် ယူနိုင်မလား..သို့မဟုတ် သရေ ကန်ပြီး (၁) မှတ် စီ ယူကြမလား ဆိုတာကို တော့ ပွဲပြီး မှ သိရတော့မှာပါ...။

အင်းသပ်တောင်မှ တိုက်ပွဲ

|0 comments
Saturday, October 29, 2011

အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း နားလုံးရွာနှင့် ခယာရွားကြား ရှိ အင်သပ်ဘွမ် (တောင်) တွင် K.I.A  ပြည်သူ့စစ်များနှင့် စစ်အစိုးရ စစ်သားများ ဒုတိယနေ့ အဖြစ် ပြင်းထန်စွာ လောလော လတ်လတ် တိုက်ခိုက်နေကြောင်း သတင်းရရှိပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်...။

ခဝမ်နှင့် ကိုင်ထွမ့်ချောင်း တိုက်ပွဲ

|0 comments
Saturday, October 29, 2011

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဂါးရာယန်အောက်ဘက် ခ၀မ်ချောင်းနှင့် ကိုင်ထွမ့်ချောင်း ကြားတွင် K.I.A တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) မှ K.I.A မျိုးချစ် စစ်သည်တော်များနှင့် စစ်အစိုးရ စစ်တပ် ခမရ (၃၉၀)၊ (၃၈၉) တို့ ဒီနေ့က စပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။


အင်းသပ်တောင်မှာ တိုက်ပွဲဖြစ်ပွားနေ

|0 comments
Saturday, October 29, 2011

Kachin Independence Army

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့နယ် ဒိန်ဂါ အနီး အင်သပ်တောင်တွင် K.I.A တပ်ရင်း (၂၄) မှ မျိုးချစ်ရဲဘော်များနှင့် စစ်အစိုးရ စစ်တပ်တို့ ဒီမနက် (၇) နာရီလောက်မှ စတင်ပြီး ယခုချိန်အထိ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။ နှစ်ဘက်စလုံးရဲ့ အခြေ အနေများကို ဆက်လက် စုံစမ်းဆဲပါ။

ဆိုင်းမိုင်း ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဆိုင်းမိုင်ကျေးရွာတွင် K.I.A မျိုးချစ်ရဲဘော်များမှ စစ်အစိုးရ စစ်တပ်ကို ၀ိုင်းဝန်းပိတ်ဆို့ထားပြီး ယခုချိန်တွင် ပစ်ခတ်နေကြောင်း သတင်းရရှိပါတယ်။ အခြေ အနေ အသေး စိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

စစ်အစိုးရ စစ်တပ်ရဲ့ စစ်တင့်ကား (၃) စီး ရောက်ရှိပြီ

|0 comments
Saturday, October 29, 2011

မြန်မာ့ တပ်မတော်ရဲ့ တင့်ကား

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေမှု၊ စစ်အစိုးရ ဘက်မှ အကျ အဆုံး များနေ မှုတွေကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ ပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေမှုတွေသာ မက ယခု ချိန်တွင် စစ်အစိုးရ စစ်တပ်တို့မှ စစ်မျက်နှာ တွင် အသုံးပြုနိုင်ရန် အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ သဘောင်္ဆိပ်ကမ်းသို့  စစ်အစိုးရ စစ်တပ်ရဲ့ စစ်သုံး တင့်ကား (၃) စီး (Chain နှင့်) ကို စစ်သဘောင်္ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း မြို့ခံများ ရဲ့ မြင်တွေ့မှု အရ သတင်း ရရှိပါတယ်။

စစ်အစိုး ထောင်ထားသော မိုင်း နင်းမိ

|0 comments
Saturday, October 29, 2011

 တိုက်ပွဲနယ်မြေ တစ်နေရာ

အောက်တိုဘာလ ၂၈ ရက်နေ့ ကချင်ပြည်နယ် မိုးမောက် လွယ်ဂျယ်လမ်း ခ၀မ်ဘန် ကျေးရွာ မှ ဒဂေါ်သွားရာလမ်းဆုံတွင် စစ်အစိုးရ စစ်တပ်မှ ထောင်ထားသော မိုင်းကို နင်းမိ၍ မောင်ဘရန်းဒီမှာ ပွဲချင်းပြီး သေးဆုံးသွားကြောင်းနှင့် မောင်လထော်ဇော်လီမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ ယခုချိန်တွင် မိုးမောက် ဆေးရုံမှာ ဆေးကုသ ခံယူနေကြောင်း သတင်းရရှိပါတယ်။

K.I.A ပြည်သူ့စစ် ဝင်တိုက်

K.I.A ဌာနချုပ် လိုင်ဇာ နှင့် မိုင်ဂျာယန် ကြား ဒွမ်ဘွန်း ဒဘန်ရှိ စစ်အစိုးရ စစ်တပ်စခန်းကို K.I.A ဗိုလ်ကြီး နာပါ ဦးဆောင်သော အရပ်ဘက်စစ်သားများမှ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ သိမ်းပိုက် လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။


Friday, October 28, 2011

ထောင်ချခံရတဲ့ စစ်ဗိုလ်

|0 comments
 Friday, October 28, 2011

အောက်တိုဘာ (၂၇) ရက်နေ့ ၌ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်းတွင် တာဝန်ကျသော စစ်အစိုးရ စစ်ဗိုလ် (၁၀) ဦးကို ဗန်းမော်ထောင်တွင် ဖမ်းဆီး ထားလိုက်ကြောင်း သတင်း ရရှိပါတယ်။ ယခုကဲ့သို့ ရှေ့တန်းမှ စစ်ဗိုလ်များကို ဖမ်းဆီး ရခြင်းမှာ K.I.A ထိန်းချုပ်ရာ စိန်လုံ ဘက်သို့ မထိုးဖောက်နိုင်သောကြောင့် ဖြစ်သည်ဟု စုံစမ်းသိရှိရပါတယ်။

ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ အခြေအနေများ

|1 comments
Friday, October 28, 2011
Kachin IDPs

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲစတင်ခဲ့ရာ အချိန်ကြာလာသည်နဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာသည်နဲ့အညီ မစားရတဲ့ အမဲ သေးနှင့်ပက် ဆိုသလို K.I.A နှင့် စစ်တိုက်တာ အဆင်မပြေတော့ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိန်းကလေးများကို မဒိန်းကျင့်ပြီး သတ်ပစ်ခြင်း၊ ကလေးသူငယ်များကို သတ်ဖြတ်ခြင်း စတဲ့ … စတဲ့… လူ့ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်များကို အမြဲ ပြုလုပ်လျက်ရှိနေပါတယ်။

ယခုချိန်တွင်လည်းဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ ပြည်သူများကို စစ်အစိုးရ စစ်တပ်တို့မှ ပေါ်တာ ဖမ်းဆီး နေကြောင်း ကြားသိနေရပါတယ်။ တစ်ရပ်ကွက်လျှင် စစ်မြေပြင် ရှေ့တန်းသို့ ပို့ရန်အတွက် ပေါ်တာ အယောက် (၁၀၀) … (၅၀) .. စသည်တို့ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနား ဒူကထောင် ရပ်ကွက်တွင် စစ်အစိုးရ စစ်တပ်မှ တောင်းခံထားတဲ့ ပေါ်တာ အယောက် (၅၀) ၊ စီတာပူ ရပ်ကွက်ကို အယောက် (၁၀၀)၊ တပ်ကုန်းရပ်ကွက်ကို အယောက် (၁၀၀) … စသည်ဖြင့် လူဦးရေ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။  ဒါပေမယ့် ဘယ်ရပ်ကွက်မှ မပို့ပေးတဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှာ သူတို့ကိုယ်တိုင် ညပိုင်းများတွင် လိုက်လံ ဖမ်းဆီးပြီး မိတဲ့ သူများကို ရှေ့တန်းသို့ စေလွှတ်နေကြောင်း၊ ယခုချိန်တွင် မြစ်ကြီးနားမြို့အတွင်း ည ၇း၀၀ နာရီ နောက်ပိုင်းတွင် ပြည်သူများ အပြင်ထွက်ခြင်းမပြုတော့ သဖြင့် တမြို့လုံး တိတ်ဆိတ် နေကြောင်း သိရှိရပါတယ်။

စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်များဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာနေကြောင်း သိရှိနေရပါတယ်။ မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ရပ်ကွက်တွင် စစ်ပြေးဒုက္ခသည် (၄၀၀) ကျော် ရောက်ရှိလာကြောင်း မြို့ခံ များမှ သိရှိရပါတယ်။ ယင်း စစ်ပြေးဒုက္ခသည်များကို ခရစ်ယာန် ဘုရားကျောင်းများတွင် နေရာ ချပေးပြီး အသင်းသူ အသင်းသားများနှင့် ရပ်ဖိရပ်ဖ များက တတ်နိုင်သမျှ ကြည့်ရှု စောင့်ရှောက် နေရကြောင်း သိရှိရပါတယ်။


ကချင်ပြည်နယ် လုန်ဇဲပ် တိုက်ပွဲ အခြေအနေ

|0 comments
Friday, October 28, 2011

 ပုံကို ကြည့်ပြီး တွေ့ရင်တော့ ခံစားလို့ ရမှာပါ...

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်း လုံဇဲပ်တောင်တွင် K.I.A  တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြား လာမှုကြောင့် စစ်အစိုးရ စစ်တပ်မှာ ယနေ့တွင် တပ်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဤ စစ်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သား (၂၀) ခန့် ကျရှုံးပြီး (၆၀) ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ထို့အတူ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်း ကျောက်စခန်း တိုက်ပွဲတွင်လည်း စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များလာ၍ ယခုအခါ စစ်အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်း ထားကြောင်း K.I.A ရှေ့တန်း မှ သတင်း ရရှိပါတယ်။

ကချင် ပြည်နယ် နားလုန်ကျေးရွာ မှာ တိုက်ပွဲဖြစ်ပွားနေ

|0 comments
Friday, October 28, 2011
ကင်းစောင့် တာဝန်ယူ နေတဲ့ Kachin Independence Army

အောက်တိုဘာလ ၂၈ ရက် K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ပူးပေါင်းကာ လိုင်ဇာ အနီးရှိ နားလုန်ကျေးရွာ အနီး အင်တပ်တောင်ခြေသို့ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်းနှင့် ဒီမနက် အစောကြီးကနေ ယခုချိန်ထိ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားနေကြာင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းပြီး တင်ပြသွားပါမယ်။
ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

တဆက်တည်းမှာဘဲ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဒေါ့ဖုန်းယာန် နယ်မြေဖြစ်တဲ့ ဒိန်းဂါးကျေးရွာနှင့် အင်ဒုန် ဒဘန်မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) နှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်အစိုးရ စစ်တပ် ဒေါ့ဖုန်းယာန် အခြေစိုက် ခလရ (၁၄၂) တို့ အကြား ယခုချိ လောလောလတ်လတ် တိုက်ပွဲပြင်းထန်နေကြောင်း K.I.A ရှေ့တန်း မှ သတင်းရရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က တိုက်ပွဲဖြစ်ပွားရာသို့ ခန့်မှန်းပြီး ၁၂၀ မမ အမြောက်ကြီးများဖြင့် အဆက်မပြတ် ပစ်တွင်းနေကြောင်း သတင်းရရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းနေပါတယ်။

လူသားချင်း မစာနာတဲ့ စစ်အစိုးရ အာဏာရှင်

|0 comments
Friday, October 28, 2011

 စစ်အစိုးရ စစ်တပ်မှ မဒိန်းကျင့်ပြီး ရက်ရက် စက်စက် သတ်ပစ်ခံထားရတဲ့ ကချင်အမျိုး သမီး

K.I.O မှ ဖွင့်လစ် ထားတဲ့ ကချင် စစ်ပြေးဒုက္ခသည်စခန်း

တောနက် တစ်နေရာမှာ ရောက်ရှိနေတဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည်များ


လူလူချင်း စာနာ ကြရင် အင်မတန်ကောင်းမှာဘဲ

စစ်အစိုးရ စစ်တပ်တို့မှ ပစ်လိုက်လို့ ထိမှန်သွားခဲ့တဲ့ ဗန်းမော် ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးရဲ့ သမ္မာ ကျမ်းစာအုပ် - ကျည်ဆံဟာ အလယ်အထိ ဖောက်ဝင်သွားခဲ့ပြီး ဆာလံ - ၃၇ ရောက်တာနဲ့ ကျည်ဆံ ထိပ်ဖူး ရပ်တန့်သွားခဲ့... ဘုရားသခင်ပေးတဲ့ လက္ခဏာ ဖြစ်ပါတယ်.. ဆာလံ - ၃၇ ကို ဖတ်ရှု ကြပါစို့...



Thursday, October 27, 2011

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား

|0 comments
Thursday, October 27, 2011
ရှေ့တန်း နယ်မြေမှ K.I.A စစ်သည်တော်များ

K.I.A တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဂါးရာယာန် လုန်ဇဲပ် ကုန်းနှင့် ဂန်ဒေါင်ယာန်အနီး ရှိ ဆိုင်းမိုင်ကျေးရွာများတွင် K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A ဌာနချုပ် လိုင်ဇာအနီး K.I.A တပ်ရင်း (၂၄) နယ်မြေဖြစ်တဲ့ အင်ဒုန်ဒဘန် သို့ ရိက္ခာလာပို့တဲ့ စစ်အစိုးရ စစ်ကြောင်းကို K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်း ပြီး တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ အခြေအနေများကို ဆက်လက်စုံစမ်း ဆဲပါ။
အောက်တိုဘာလ ၂၇ ရက် ကချင်ပြည်နယ် ဂလာန်ဂျာပါ မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား (၃) ရက်မြောက်သော တိုက်ပွဲကို ဆက်လက် ဆင်နွဲနေကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဗန်းမော် လော်ဒန်ကရုန် မှာ ဖြင်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ် ခမရ (၆၀၁) ရဲ့ တပ်ရင်းမှူး အပါအဝင် ဒု တပ်ရင်းမှူး၊ တပ်ကြပ်ကြီး နှင့် စစ်သားများ (၃၀) ကျော် ထိခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

တရုတ်ပြည်မှ ကချင်များ စစ်ပြေးဒုက္ခသည်များကို ကူညီ

ကချင်ပြည်နယ် K.I.A ဌာနချုပ် လိုင်ဇာ အနီးရှိ ဂျေယာန်ခ စစ်ပြေးဒုက္ခသည် စခန်းကြီးကို တရုတ်နိုင်ငံ ယင်ဂျန်းမြို့မှ ကချင်ပြည်သူပြည်သားများက ကချင် စစ်ပြေးဒုက္ခသည်များကို လာရောက် ကြည့်ရှုအားပေး သွားပြီး ဆန် (၂၀၀) အိတ်ကိုလည်း လာရောက် ကူညီ ပေးအပ်သွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။



ခလရ (၄၇) တပ်ရင်းမှူးကို ထောင်ချခံထားရ

|0 comments
Thursday, October 27, 2011
စစ်အစိုးရ စစ်ကြောင်း

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ တို့အကြား ဗန်းမော်ဇုံနယ် လော်ဒန်ကရုန်မှာ စစ်အစိုးရ စစ်တပ်ဖြစ်တဲ့ ဗန်းမော်အခြေစိုက် ခလရ (၄၇) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်တို့မှ အကျ အဆုံးနှင့် ထိခိုက်မှုများပြား သဖြင့် အထက်မှ အမိန့်ကို ဖီဆန်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရှေ့တန်းနယ်မြေမှ နောက်ဆုတ်သွား ခဲ့ကြောင်း၊ ယင်းနောက်ဆုတ်သွားမှုကြောင်း တပ်ရင်းမှူးနှင့် ဗိုလ် (၃) ဦးတို့ကို ယခုချိန်တွင် စစ်အစိုးရ စစ်တပ်မှ အကျဉ်းထောင်တွင် အကျဉ်း ချထားကြောင်း စုံစမ်း သိရှိရပါတယ်။

ဂလာန်ဂျာပါမှာ တိုက်ပွဲဖြစ်
 K.I.A ရှေ့တန်းနယ်မြေတစ်နေရာ

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ဂလာန်ဂျာပါသို့ မလိခမြစ်မှ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်း တစ်ကြောင်းကို K.I.A တပ်ရင်းများက ဝင်ရောက် ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ။

စစ်အစိုးရ စစ်တပ်မှ ဆိုင်းမိုင် (Seng Mai) ရွာသားများကို ညှင်းပန်းနှိပ်စက်နေ

မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး အကြားမှာရှိတဲ့ နမ်ဆန်ယာန်ကျေးရွာမှ စစ်အစိုးရ စစ်တပ် ခလရ (၁၂၁) နှင့် (၃၄၈) ပူးပေါင်းတပ်များဟာ နမ်ဆန်ယာန်ကျေးရွာမှ တပ်နောက်ဆုတ်သွားခဲ့ပြီး ဖြစ်ရာ ယခုချိန်တွင် ဂန်ဒေါင်ယာန် အနောက်ဘက် (၁၀) ကျော်တွင် ရှိတဲ့ ဆိုင်းမိုင်ကျေးရွာတွင် ရောက်ရှိလာပြီး ရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်ကာ ရွာသားများရဲ့ ပစ္စည်းများကိုလည်း စိတ်ကြိုက် ဓမြတိုက် အသုံးပြုနေကြောင်း၊ ရွာသားများကိုလည်း ထင်ရာကြေး သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း၊ ဒီလို စစ်အစိုးရ စစ်တပ်တို့မှ ထင်ရာစိုင်း အပြစ်မဲ့ ပြည်သူများကို ပစ်သတ်နေမှုကြောင့် ယင်းရွာသားများမှ ကိုယ်လွတ်ရုံးကာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယင်းထွက်ပြေးရာတွင် ဦး ဆွမ်းလွတ်တူးနှင့် သူ့ရဲ့ ဇနီးလည်းပါဝင်ထွက်ပြေးခဲ့ရာ ဇနီးဖြစ်သူမှာ မပြေးနိုင်တော့သဖြင့် ချန်လျစ်ထားခဲ့ရကြောင်း ဦးဆွမ်းလွတ်တူးမှ ပြေားကြားလာပါတယ်။ ဒီလိုအပြစ်မဲ့ ပစ်သတ်နေမှုကို အထက်အရာရှိ စစ်ဗျူဟာမှူးရဲ့ အမိန့်အရ တွေ့မြင်သူများ အားလုံးကို ပစ်သတ်နိုင်ကြောင်း (Free-Fire-Authority) ပေးထားကြောင်း စုံစမ်း သိရှိရပါတယ်။ ထို့ကြောင့် ကျေးရွာမှာ နေထိုင်ကြကုန်သော ပြည်သူများ ယခုအချိန်တွင် အချိန်ပြည့် သတိဝိရိယနှင့် အမြဲကိုယ့်အသက်ကို စောင့်ထိန်းဖို့ရန် လုံခြုံသောနေရာများတွင် ထွက်ပြေးနိုင်ရန် လိုအပ် ပါတယ်။



Wednesday, October 26, 2011

K.I.A တို့မှ (101) နည်းဗျူဟာဖြင့် တိုက်

|0 comments
Wednesday, October 26, 2011

ကချင်ပြည်နယ် နမ်ဆန်ယာန်ကျေးရွာကို စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးရေစဉ်

အောက်တိုဘာလ ၂၆ ရက်နေ့ K.I.A တပ်မဟာ (၁) လက်အောက်ခံက (101) တပ်တို့မှ မနက် ၈း၀၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းမကြီး ဒရိုခ တံတား စောင့်တဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) ကို ဝင်ရောက်တိုက်ခိုက် အောင်ပွဲခံခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ K.I.A (101) အဖွဲ့တို့က သိမ်းဆီးရမိတဲ့ စစ်ပစ္စည်းများမှာ …
၁။ Keenwood R/T (၃)
၂။ အသံလွှင့် ဆက်သွယ်စက်ကြီး (၁) လုံး
၃။ သေနတ် (၃) လက်
၎။ ကျည်ဆံ (၁၀၀၀) ကျော်
၅။ စစ်သုံ့ပန်း (၁) ဦး နှင့် စစ်အစိုးရ စစ်တပ်ဘက်မှ (၁) ဦး ထိခိုက်ခဲ့ကြောင်း၊ K.I.A (101) ဘက်တော့ ထိခိုက်မှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် မြစ်ကြီးးနား ဗန်းမော်လမ်း ရှိ နမ့်ဆန်ယန် ကျေးရွာတွင် စစ်အစိုးရ စစ်တပ်မှ ပြည်သူများရဲ့ နေအိမ် ၄၊ ၅ လုံးကို ဒီနေ့ညနေ (၈) နာရီခန့်တွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား မှုတွေကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ အထိအခိုက် များပြား မှုတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ် ဆေးရုံများတွင် စစ်သား လူနာများ အပြည့် ဆေးကုသ ခံယူနေသဖြင့် အရာရှိများရဲ့ ဇနီးများဟာ မလိဇွပ်ဆေးရုံတွင် မွေးဖွားနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် စစ်ကြောင်း ဗန်းမော်ဆိပ်ကမ်းမှာ ရောက်

|0 comments
Wednesday, October 26, 2011

Kachin Independence Army

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.O/K.I.A ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် စစ်အစိုးရ စစ်တပ် အောက်ပိုင်းမှ စစ်အင်အား အလုံးအရင်းဖြင့် အောက်တိုဘာလ ၂၅ ရက် ညနေပိုင်း (၅) နာရီ မှာ ဗန်းမော် သင်္ဘော ဆိပ်ကမ်းတွင် ရောက်ရှိခဲ့ပြီး ၎င်းစစ်သားများကို စစ်ကားကြီး (၈) စီးဖြင့် လာရောက် တင်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ကို အမြှစ်ပျက် တိုက်ရန် အတွက် ယခုချိန်တွင် စစ်တိုက်လေယာဉ် (၁၀) စီလည်းဘဲ အဆင်သင့် ပြင်ဆင်ထားကြောင်း စစ်ဘက် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။

လော်ဒန်ကရုန်မှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂၅ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား အင်မောက် လွယ်ဂျေ သွားရာလမ်း ခဝန်ဘန် အထက် လော်ဒန်ကရုန်မှာ မနက်ပိုင်း ၁၀ နာရီကနေ ညနေပိုင်း ၄ နာရီကျော်အထိ တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှုကို မသိရသေးပါ။ စစ်အစိုးရ စစ်တပ်တို့က ခဝန်ဘန်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းပေါ်မှာ ၁၂၀ မမ အမြောက်များကို နေရာချလျက် K.I.A ရှေ့တန်း နယ်မြေများသို့ အဆက်မပျက် နောက်တန်းကနေ ပစ်ကူနေကြောင်း စုံစမ်း သိရှိရပါတယ်။ ဘုရားကျောင်း သစ်တက်ပွဲတောင် မပြုလုပ်ရသေးတဲ့ ခဝန်ဘန် ဘုရားကျောင်းမှာ စစ်အစိုးရ စစ်တပ်တို့မှ စိတ်ကြိုက် နေရာချ စခန်းချပြီး မွှေနှောက် အသုံးပြုနေကြောင်း သိရှိရပါတယ်။

Tuesday, October 25, 2011

ပြည်သူလူထုရဲ့ စည်းစိမ်များကို စစ်အစိုးရ စစ်တပ် အသုံးပြုနေ

|0 comments
Tuesday, October 25, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား နေမှုကြောင့် စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူလူထုပိုင် ပစ္စည်းများကို တရားဝင် သိမ်းပိုက် အသုံးပြုလာ နေပြီဖြစ်ကြောင်း မြင်တွေ့နေရပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ဗန်းမော်မှ လူမပါတဲ့ စစ်အစိုးရ စစ်တပ်ရဲ့ ကားကြီး (၁၀) စီးဟာ အင်မောက် ခဝန်ဘန် သို့ ချီတက်သွားပြီး ပြည်သူ လူထုတွေရဲ့ အိမ်များကို ရိုက်ဖွင့် ဖောက်ခွဲဝင်ကာ ပြည်သူပိုင် ပစ္စည်းများ၊ ကြက်၊ ဝက်၊ စတဲ့ အိမ်မွေး တရိစ္ဆာန်များနှင့် ကျွဲ၊ နွားများကို ကားပေါ်တွင် လာရောက် တင်ယူ သွားကြောင်း မျက်မြင်များမှ သတင်းပေးပို့ လာပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်အစိုးရ စစ်တပ်ရဲ့ ရှေ့တန်း ဗျူဟာမှူးများကိုယ်တိုင် တရားဝန် ခွင့်ပြုထားကြောင်း၊ ဒီလိုခွင့်ပြုရခြင်းမှာ စစ်အစိုးရ စစ်သားများမှာ စစ်တိုက်ချင်စိတ် ပျက်ပြားလာသဖြင့် စစ်ပြန် လည်တိုက်ချင်လာအောင် အခွင့်ပေး ဖြားယောင်းနေခြင်း ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီလို စစ်အစိုးရ စစ်တပ်ရဲ့ မတရား ပြုမူနေမှု တွေကြောင့် ခံနေရတဲ့ ပြည်သူလူထုများမှာ မပြောပြတတ်လောက်အောင် စစ်ဆင်းရဲ ခံစားနေရကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်မှ ဒီလို လုပ်ဆောင်နေ

|0 comments
Tuesday, October 25, 2011

K.I.O နေ့ ပြုလုပ်ကျင်းပ

|0 comments
Tuesday, October 25, 2011

K.I.A

အောက်တိုဘာလ ၂၅ ရက်နေ့ တွင် K.I.O နေ့ အဖြစ် လိုင်ဇာ မုဒ်လွမ် အထက်တန်းကျောင်းနှင့် ဝွယ်ကြိုင် (Woi Chyai) ဆေးပေးခန်းများမှာ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ လိုင်ဇာ အထက် တန်းကျောင်းတွင် ဒီမနက် ၁၀ နာရီကနေ ၁၁း၃၀ နာရီ အထိ အစီအစဉ်များကို ပြုလုပ်ကျင်းပ ခဲ့ရာ K.I.O/K.I.A အရာရှိများ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်း၊ လူအင်အား (၃၀၀) ကျော် လာရောက် ပါဝင်ကျင်းပ သွားကြောင်း စုံစမ်း သိရှိရပါတယ်။

အလားတူဘဲ K.I.A ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင်တောင်မှာလည်း K.I.O နေ့ကို ပြုလုပ်ကျင်းပခဲ့ ကြောင်း၊ ယင်းအထိမ်း အမှတ်နေ့တွင် ပြည်သူ လူထုနှင့် K.I.O/K.I.A အရာရှိများ စုစုပေါင်း (၁၆၉) ဦး လာရောက် ပါဝင်ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ရည်ရွယ်ပြီး မနေ့ညမှာဘဲ ကချင်ပြည်နယ် ဂါးရာယာန် အနီးရှိ လုန်ကောင် လိမ်မော်သီးခြံ များတွင် စစ်အင်အား အလုံး အရင်းဖြင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က ကားလမ်းမကြီးလို မဟုတ်ဘဲ ဒဘတ်ချောင်း ဘက်ကလည်း ချီတက်သွားခဲ့ကြောင်း ယခုချိန်တွင် စစ်အစိုးရ စစ်တပ် စစ်ကြောင်းများအားလုံးမှာ လိုင်ဇာ ဌာနချုပ်ဘက်သို့ ဦးတည် ချီတက်သွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ မနေ့ညကလည်း K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဂါးရာယာန် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

Monday, October 24, 2011

စစ်အစိုးရ စစ်တပ်မှ ပေါ်တာ ဆွဲနေ

|0 comments
Monday, October 24, 2011

Kachin Independence Army


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်အစိုးရ စစ်တပ်မှ တစ်ရပ်ကွက်လျင် အထမ်းသမား (ပေါ်တာ) အယောက် (၂၀) စီ ပေးရန် ရပ်ကွက်လူကြီးများကို ပြောဆိုလာကြောင်း သတင်း ရရှိပါတယ်။ ယခုအခါ ဗန်းမော်မြို့ပေါ်တွင် ပြည်သူလူထုများမှာ  အိမ်ပြင် မထွက်ရဲကြသောကြောင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိကြောင်း မြို့ခံပြည်သူများမှ စုံစမ်း သိရှိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီမှ ည ၁၀ နာရီကျော် အထိ လုန်ဂျာကုန်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၂၀) ကျော် ကျဆုံးသွားပြီး (၄၀) ကျော် ထိခိုက်ခဲ့ကြောင်း ရှေ့တန်း K.I.A သတင်းများ အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကားတစ်စီးကိုလည်း K.I.A တို့မှ ပစ်ဖောက်ခွဲခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား သိန်ဂျန်အထက်ဘက်ရှိ ဖတ်ကြီး ရှမ်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ကျော် ကျဆုံးပြီး (၃၀) နီးပါး ထိခိုက် ခဲ့ကြောင်း၊ K.I.A ဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။



ရှေ့တန်း နယ်မြေမှ K.I.A တပ်မတော်သားများ


Sunday, October 23, 2011

စစ်အစိုးရ စစ်တပ်မှ ပြည်သူများကို ညှင်းပန်း နှိပ်စက်၊ ဖျက်ဆီး နေ

|0 comments
Sunday, October 23, 2011

ဆင်လွမ်တောင်ခြေမှာ တိုက်ပွဲဖြစ်နေ

|0 comments
Sunday, October 23, 2011

အောက်တိုဘာလ ၂၃ ရက် ဒီနေ့မနက်ကနေ ယခုချိန်ထိ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဆင်လွမ်တောင် (Sinlum Bum) ခြေမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် လမ်းပေါ် နမ့်ဆန်ယန်ရွာနှင့် ဂန်ဒေါင်ယန်ရွားကြား အင်ပေါန်ရွာတွင် မနေ့က အောက်တိုဘာလ (၂၂) ရက်တွင် စစ်အစိုးရ စစ်တပ်မှ အမြောက်ကျည်ဆံ အထည့်မှားသောကြောင့် အမြောက်ပေါက်ကွဲ သွားပြီး စစ်သား အမြားအပြား သေဆုံးသွားကြောင်း သတင်း ရရှိပါတယ်။

အောက်တိုဘာ (၂၁) ရက်နေ့ညနေပိုင်း (၇း၃၀) နာရီ အချိန်တွင် မြစ်ကြီးနားမြို့ ဘ၀သစ် ဘိန်းဖြတ် ဆေးရုံနှင့် ကညန ရုံး အနားတွင် စစ်အစိုးရ စစ်သားများမှ ဖြတ်သွားဖြတ်လာ ပြည်သူ (၂၇) ဦးကို ပေါ်တာထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ယင်း အဖမ်း ခံရတဲ့ အထဲမှာ ကျမ်းစာ ကျောင်းသား အချို့လည်း ပါသွား ကြောင်း စုံစမ်း သိရှိရပါတယ်။

ယခုချိန်တွင် စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူလူထုကို ညှင်းပန်း နှိပ်စက် နေရာကနေ ခရစ်ယာန် ဓမ္မ ဆရာများကို အဓိက ထားပြီး ဖမ်းဆီး ညှင်းပန်း နှိပ်စက် သွားရန် နေပြည်တော်မှ အမိန့် ရောက်ရှိလာကြောင်း စုံစမ်း သိရှိရပါတယ်။