Wednesday, September 28, 2011

ကချင်ပြည်နယ် နေရာအနံ့ စစ်အာဏာရှင်အစိုးရ စစ်အင်အား တိုးချဲ့ပြီ

Wednesday, September 28, 2011

စစ်အာဏာရှင် အစိုးရရဲ့ စစ်သားများ

စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ကချင်ပြည်နယ် ဗန်းမော် (မန်မော်) မြို့ သင်္ဘောဆိပ်ကမ်းတွင် ညနေပိုင်း ၅း ၃၀ နာရီ ဝန်းကျင်တွင် အောက်ပိုင်းမှ စစ်တပ်အင်အား စစ်သားများ အပြည့် တင်ဆောင်လာတဲ့ သဘောင်္ကြီး (၂) စီး ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ၎င်း စစ်သားများကို ညနေ ၇း ၃၀ နာရီ ကျော်အထိ စစ်ကားအစီး (၂၀) ကျော်ဖြင့် မရပ်မနား ပို့ဆောင် သွားပြီဖြစ်ကြောင်း၊ စစ်သားအားလုံးမှာ (၈၀၀) ကျော် ရှိနိုင်ကြောင်း မျက်မြင် များထံမှ စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် ရွှေဂို၊ ကသာ နှင့် ဆင်ခန် ကျေးရှာများတွင်လည်း မလိခ မြစ်ကြီး တလျှောက် စက်လှေများဖြင့် ငှက်ပျော်တောနှင့် စင်ဘိုဘက်သို့ စစ်အာဏာရှင်အစိုးရရဲ့ စစ်သားများ (၄၀၀) ကျော် အရင်ရောက်ရှိ နေပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် လိုင်ဇာ အနီးရှိ ရှဒန်ပါမှာလည်း စစ်တပ်အင်အား (၂၀၀) ကျော် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ ဒီလိုစစ်အင်အား တိုးချဲ့နေတဲ့ အတွက် စစ်ကြီးဖြစ်ပွားလာမှာကို ကြိုသိမြင်နေသော ယင်းကျေးရွာဝန်းကျင်မှ ရွာသူ ရွာသားများဟာ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာသို့ အဆက်မပြတ် ခိုဝင်လာနေကြကြောင်း စုံစမ်း သိရှိရပါတယ်။

ဒီလိုအခြေ အနေရောက်နေပြီဆိုရင်တော့ K.I.A အထက်အရာရှိများရဲ့ ပြောဆိုချက်အရ ပြည်တွင်းစစ် အကြီးအကြယ် ဖြစ်လာတော့မယ်လို့ ပြောဆိုနေကြပါတယ်။ “ ပြည်တွင်းစစ်တော့ အကြီးအကြယ် ဖြစ်လာတော့မှာပါ..။ ကျနော်တို့လည်း K.I.A တပ်မဟာ၊ တပ်ရင်းအားလုံးကို အဆင့်မြင့် သတိ ပေးထားပြီးပါပြီ..။ ကျနော်တို့ K.I.A ဘက်တော့ လက်နက်ချမှာ မဟုတ်ဘူး..။ ကျနော်တို့ ဘူးဘေး ခေတ်ကလည်း ဘယ်စစ်ပွဲမှာမှ လက်နက်ချ၊ အပ်ပြီး နွားလှည်းဖြင့် ထွက်ပြေးတယ်ဆိုတာ မရှိခဲ့ဘူး..။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်မှာလည်း ပါဝင်ဆင်နွဲခဲ့တယ်။ ပြီးတော့ စစ်ပွဲ အများ အပြားကိုလည်း ပါဝင်ဆင်နွဲခဲ့ပြီးပါပြီ..။ ဘယ်စစ်ပွဲမှာမှ လက်နက်မချခဲ့ဖိုးဘူး..။ ဒါကြောင့် အခုချိန်မှာတော့ ကျနော်တို့ အချိန်ပြန်ဖြစ်နေပြီ…။ K.I.A ကချင် အမျိုးမှာ လက်နက်ချတယ်ဆိုတာ ရာဇဝင်မရှိရဘူး…။ ” ဟု K.I.A အထက်အရာရှိမှ ပြောဆိုချက်ဖြစ်ပါတယ်။

K.I.A တပ်မဟာ (၄) သိမ်းပိုက်ခံရ သတင်းမမှန်

ရှမ်းပြည်နယ် အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ သိမ်းပိုက် ခံလိုက်ရပြီ ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း K.I.A ဌာနချုပ်နှင့် မူဆယ် K.I.A ဆက်ဆံရေးရုံးမှ K.I.A အရာရှိများမှ ငြင်းဆို လိုက်ကြောင်း စုံစမ်း သိရှိရပါတယ်။

0 comments: