Friday, September 30, 2011

စစ်တပ်၏ လက်နက်ကြီးတချို့ကျဆုံး

Friday, September 30, 2011
တပ်မဟာ (၄) မှ K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) နယ်မြေများသို့ စစ်တပ်ဘက်မှ ပစ်သွင်းနေသော စစ်အစိုးရရဲ့ လက်နက်ကြီးဖြစ်တဲ့ ၁၂၀ - မမ အမြောက်ဟာ ပေါက်ကွဲသွားခဲ့ရာ ယင်းတဝိုက်မှ စစ်သား (၁၀) ကျော်ကျဆုံးပြီး (၅၀) ကျော် ထိခိုက်ခဲ့ကြောင်း K.I.A များမှ စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၄) မှ K.I.A စစ်သည်တော် (၈) ဦးဟာ ကိုယ်ရဲ့ အသက်ကို ပဓါန မထားဘဲ စစ်တပ်တို့ရဲ့ အမြောက် ၁၂၀ -မမ တစ်ခုကို သွားရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်မှာ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်မှ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့အကြား မနက်ပိုင်းတွင် ဘန်ဒေါင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂) ဦးကျဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် K.I.A ဘက်မှာတော့ ကျဆုံးမှုနှင့် ထိခိုက်မှု မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စီးလာသော စက်လှေ အပစ်ခံရ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ နေ့တွင် K.I.A ပြည်သူ့စစ် (MHH) တို့မှ ကချင်ပြည်နယ် စင်ဘိုအနီး မလိခမြစ်မှ စက်လှေဖြင့် ချီတက်လာသော စစ်အစိုးရရဲ့ စက်လှေ တစ်စီးကို ပစ်ခတ် ဖျက်ဆီး ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရအကြား ယခုချိန်တွင် ကချင်ပြည်နယ် နေရာအနံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဆက်မပြက် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားလျက် ရှိနေပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရှေ့တန်းစစ်တပ်မှ နေပြည်တော်သို့ ပို့လိုက်တဲ့ အစီရင်ခံစာတွင် ယခုဖြစ်ပွားနေတဲ့ K.I.A တပ်မဟာ (၄) တိုက်ပွဲများတွင် စစ်တပ်ဘက်မှ (၄၂၇) ဦး ကျဆုံး သွားပြီဖြစ်ကြောင်းနှင့် (၁၀၀၀) ဝန်းကျင် ထိခိုက်သွားပြီဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်ဟု အတည် မပြုနိုင်သေးသော သတင်းများ အရ စုံစမ်း သိရှိရပါတယ်။

.

1 comments:

  • Anonymous says:
    January 19, 2012 at 10:03 AM

    joke..:P