ဆောင်းပါး



ဝိတ်နဲ့ဖိတဲ့စစ်အာဏာရှင်တွေရဲ့စရိုက် 

၂၉-၁-၂၀၁၀ နေ့က လေတပ်အရာရှိ တစ်ဦးဖြစ်သော ဗိုလ်ဆန်းမော်ဟာ ၀၇:၀၀ နာရီတွင် မိတ္ထီလာ (၁/၅၀၀) စစ်ဆေးရုံသို့ ဦးခေါင်းထဲတွင် သွေးယိုစီးသော အနေအထားဖြင့် ရောက်ရှိလာပြီး ၁၃:၀၀ နာရီတွင် ချက်ချင်း သေဆုံးသွားခဲ့ ပါတယ်။ သေဆုံးသူ၏ မိသားစုမှာ ပခုက္ကူမှ တောင်သူများ ဖြစ်ကြပြီး ဖြစ်စဉ်အမှန် မသိရပဲ ဖြစ်နေရပါတယ်။ ဗိုလ်ဆန်းမော်အား ၃၁-၁-၂၀၁၀ တွင် မြေမြှုပ် သဂြုင်္ိလ်လိုက် ကြကြောင်း လေတပ် အသိုင်းအ၀ိုင်းမှ သတင်းပေးပို့ လာပါတယ်။ အဲဒီဖြစ်စဉ်အရ အချင်းချင်း ရန်ဖြစ်ခြင်း၊ တစ်ဦးဦးမှ လုပ်ကြံခြင်းဟု ထင်မြင်ယူဆရကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ထပ်မံ စုံစမ်းသိရှိ ရပါတယ်။ 

 ဘာဏ်တာရေး ကိုအလွှဲသုံးစားလုပ်သူများ...

နောက်ထပ် ၀င်လာတဲ့ သတင်းတစ်ပုဒ်ကတော့ မိတ္ထီလာ မြေပြင်အတတ်သင် လေတပ်စခန်းမှ လေ ၃၇၈၀ ဗိုလ်မင်းရဲထွန်းဟာ ၃၀-၁-၂၀၁၀ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြည်သာယာ (၁) လမ်း နေ အသက် ၅၃ နှစ် ခန့်ရှိ အမျိုးသမီး တစ်ဦးအား လိုင်စင်မဲ့ ဆိုင်ကယ်ဖြင့် တိုက်မိရာ ထိုအမျိုးသမီးကြီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဗိုလ်မင်းရဲထွန်းကို လူသေမှုဖြင့် အမှုမဖွင့်ခိုင်းဘဲ တပ်ထဲသို့ ပြန်ခေါ်သွားခဲ့ ပါတယ်။ အကြောင်းရင်းကို ထပ်မံ စုံစမ်းသိရှိရာတွင် နောက်ခံ Background ကောင်းတဲ့ ဗိုလ်မင်းရဲထွန်း ဟာ စစ်ဦးစီး အရာရှိချုပ် (လေ) ရဲ့ သားနှင့် ရင်းနှီးသော သူငယ်ချင်း ဖြစ်နေသဖြင့် လွတ်လပ်စွာ ထားကြပြီး ၎င်းဆိုင်ကယ်တိုက်မှုကိုလည်း အရေးမယူကြခြင်း ဖြစ်ကြောင်း ။

 ကောင်းလိုက်တဲ့ ဟာတွေ...

လေတပ်က အရာရှိ ဗိုလ်မင်းရဲထွန်း ဆိုင်ကယ်တိုက်တဲ့ ဖြစ်စဉ်ကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ သတင်းတင်ပြပြီး ဖြစ်ပါတယ်။ နောက်ဆက်တွဲ လေတပ်အသိုင်း အ၀ိုင်းမှ သတင်းပေးပို့ လာချက်အရ ဆိုင်ကယ်တိုက်လိုက်သော (လမသ) မိတ္ထီလာ မှ ဗိုလ်မင်းရဲထွန်းက ဆိုင်ကယ်တိုက်ခံရင်္ပြီး သေဆုံးသွားသူရဲ့ မိသားစုအား ငွေကျပ် သိန်း ၂၀ ပေးကာ အမှုမဖြစ်အောင် ကျေအေးကြောင်း လက်မှတ်ရေးထိုးခိုင်း ပါတယ်။ အမှတ် - ၂ ရဲစခန်းမှ ထိုဆိုင်ကယ်တိုက်မှု Media မှာ သတင်းပါလာမှုကြောင့် ဗိုလ်မင်းရဲထွန်းအား ၃၀၄ - က ဖြင့် အမှုဖွင့်သော်လည်း ခရိုင်ရဲမှ ပြန်ပိတ်ခိုင်းလိုက် ပါတယ်။ ၁၆-၂-၂၀၁၀ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် (လေ) ရုံးမှ စစ်ဦးစီး အရာရှိချုပ် (လေ) ကိုယ်တိုင် လမသ သို့ ဆင်းလာပြီး လေချုပ်က အရာရှိငယ်ကို အမှုကြီးအောင် ဒ်ီတိုင်းလုပ်ထားရလား၊ ရသေးယင် ပိတ် ဆိုပြီး ဆူလိုက်တယ်ဟု ဆိုသဖြင့် တပ်မှူးများ စိတ်ပျက်နေကြရပါတယ်၊ EO ပေါက်စများ ဆူပူမည်ကို ကြောက်ကာ လွတ်လပ်စွာ ထားနေရပါတယ်။ ၁၇-၂-၂၀၁၀ ရက်နေ့ကလည်း ကာရာအိုကေ KTV မှ မူးပြီးပြန်လာသော လမသမှ ဗိုလ် ၂ ဦး စီးလာတဲ့ ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ပါတယ်။ ထိုဆိုင်ကယ် မှောက်မှုကို အမှတ်(၁) ရဲစခန်း မှ အမှု မဖွင့်ရဲပဲ လေတပ်သို့ ပြန်လွှတ်ပေးလိုက် ပါတယ်။ လေချုပ်ဟာ အရာရှိငယ်များ ဆူပူမည်ကို စိုးရိမ်ကာ တပ်တွင်းတွင်လည်း အရေးမယူရဲဘဲ ဖြစ်နေရပါတယ်။

လေတပ်အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်ခင်ဗျား။

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

အမေရိကန်နှင့် အနောက်နိုင်ငံ အချို့သို့ တရားမ၀င် ဒုက္ခသည် အယောင် အဆောင်များကို ဒုက္ခသည် များ အဖြစ်ဖန် တီးပေးပြီး လူကုန်ကူးမှု ဆောင်ရွက်ရာတွင် UNHCR, IOM နှင့်ဒုက္ခသည်စခန်းမှ တာဝန်ရှိ သူအချို့ပူးပေါင်း လုပ်ဆောင် နေကြသည်မှာ အချိန်ကာလ အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှုထမ်းဖူးသူ တစ်ဦး၏ မြန်မာ ၀ီကီလိခ် ထံပေးစာတွင် ဖော်ပြထားသည်။ အစစ်အမှန် ပြည်တွင်း စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများ နေရာတွင် လူအစားထိုး ဆောင်ရွက်ကြခြင်း ဖြစ်သည်။ လူတဦး အစားထိုးခမှာ ဘတ်ငွေ၁သိန်း ၅ သောင်းမှ ၂ သိန်း ထိပေါက်ဈေး ရှိသည်။ အစားထိုးမှုများတွင် ကရင် ဒုက္ခသည်များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသားများ နှင့် အကျဉ်းသား ဟောင်းများ၏ နာမည်များကိုပါ အစားထိုးဖော် ပြသည် ။ အချို့ နိုင်ငံရေး အကျဉ်းသားများမှာ ထပ်မံထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော်လည်း ၎င်းတို့၏ နာမည်များနှင့် အစားထိုး လူစားများမှာ အမေရိကန်နှင့် ဥရောပ နိုင်ငံများ တို့ရောက် နှင့်နေပြီး ဖြစ်သည်။ မိသားစုဝင် ၆ ဦး ၇ ဦးထိ လူစားထိုးမှုများ ရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင် မိသားစုမှာ တဦးလျင်ဘတ်ငွေ ၁ သောင်း ၅ ထောင်မှ ၂ သောင်းထိသာ ရကြပြီး UNHCR,IOM ၀န်ထမ်းများနှင့် ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ ခွဲဝေယူ ကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာမြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ်သည်။ မြန်ပြည်ရှိ သူဌေးများသည် အမေရိကန်ပြည်ဝင်ခွင့် ရရန်ခက်ခဲ သောကြောင့် ဒုက္ခသည် ယောင်ဆောင်ပြီး အမေရိကန်သို့ ထွက်ခွာသွား ကြသည်မှာ ထောင်နှင်ချီရှိနေပြီ ဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည်စခန်းတွင် တညတောင် မအိပ်ဘူးသူများ ဖြစ်ကြသည်။ လုပ်ငန်းစဉ် အဆင့်ဆင့် စစ်ဆေးမှုများတွင် ရန်ကုန်မှ လေယာဉ်ဖြင့် မနက်ထွက်လာ ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး ထိုမှတဆင့် ဒုက္ခသည် စခန်းတွင် သွားရောက် အစစ်ဆေးခံပြီး ညနေတွင် ဘန်ကောက်သို့ပြန်ပြီး မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်ကြကြောင်း သိရသည်။ အချို့မှာ နောက်ဆုံး ထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့် ဘန်ကောက်လေဆိပ်မှ စောင့်ဆိုင်းပြီး အမေရိကား သို့ထွက်ခွာကြသည်။ နောက်တမျိုးလူစားထိုးခြင်းမှာ ကာယခံရှင်မှာ ငွေကြေး တပြား တချပ်မှမရဘဲ စခန်း အာဏာပိုင်နှင့် UNHCR,IOM ၀န်ထမ်းများ ပူးပေါင်းလုပ်ဆောင် ကြခြင်း ဖြစ်သည်။ ဒုက္ခသည် စခန်းတွေ နေထိုင်သော ဒုက္ခသည် မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာ မလောက်ငှ သောကြောင့် အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ် နေကြသူများ ဖြစ်ကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး လူးစားထိုးကြခြင်း ဖြစ်သည်။ တနှစ်စောင့် အမေရိကန်က မခေါ်၊ ၂ နှစ်စောင့် မခေါ်လို့ အမေရိကန် သံရုံးက ခိုင်းစေထားသော OPE (Oversea Processing Entity) (IRC) ရုံးကိုသွားမေးသော အခါမှာ မိမိ မိသားစုအားလုံး နာမည်ဖြင့် အမေရိကန် ရောက်နေကြာင်း သိကြရသည်။ တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။ လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည်စခန်းမှ နိုင်ငံခြားသို့ ထွက်ခွာအသင့် ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦး မှာ နာမည် နှင့် လူအစား ထိုးပြီး ၀င်ရောက်လာခြင်းကို ၎င်းတို့ထွက် ခွာမည့် သက်ဆိုင်ရာ နိုင်ငံမှ စစ်ဆေး တွေ့ရှိသဖြင့် အရေးယူ စီစစ်ရာ ထိုလင်မယားနှစ်ဦးမှာ မဲဆောက် ထောင်ထဲတွင် ထောင်ဒဏ် အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့အား ပွဲစားလုပ်ပေး ခဲ့သည့် စခန်းမှ တာဝန် ရှိသူများ၊ ထိုင်းလူမျိုးအချို့နှင့် ဒုက္ခသည်များ ပြည်ပထွက်ခွာရေး ဧဂျင်စီ အချို့မှ ၀န်ထမ်းများ မှာမူ အရေးယူခြင်း မခံရဟု ပေးစာတွင် ဖော်ပြ ထားသည်။