Monday, January 16, 2012

ဇန်နဝါရီ ၁၃ ရက်မှာပျော်.. ကချင်နယ်မြေနဲ့ တိုက်ပွဲဖြစ်တဲ့ နယ်မြေများတွေ မျက်ရည်ကျ

Monday, January 16, 2012

W.P Moses
ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်...


မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အားလုံး မျှော်နေခဲ့တဲ့ နေ့ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အပျော်ဆုံး ရက်လို့ အင်တာနက် စာမျက်နှာ တွေမှာ ဖော်ပြကြပါတယ်။  လွတ်ငြိမ်းချမ်းသာခွင့်  နိုင်ငံရေး အကျဉ်းသားတွေ အများဆုံး လွတ်လာတော့ မျက်ရည်ကျလောက်အောင် ပျော်နေပေမဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေမှာတော့ မြန်မာစစ်တပ်က လူမဆန်ဘဲ ရက်ရက် စက်စက် ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာကြောင့်  မျက်ရည် တွေနဲ့ ခံစားနေကြရပါတယ်။
ဇခုန်းလ အသက် ၃၃ နှစ်၊ ကချင်ပြည်နယ် ဂျာထကျေးရွာ 
ဂန်ဒေါင်ယာန်အနီး စစ်တပ်မှ သတ်ပစ်ခဲ့ခြင်း ခံရ

တိုက်ပွဲကတော့ ...လူထုအတွက်ဆိုတဲ့ မြန်မာ စစ်တပ်ကတော့ ကချင်လူမျိုးကို ဒိလို ..... ဦးတည်လျက်..

 စစ်အစိုးရ စစ်တပ်တို့မှ K.I.A နှင့် တိုက်ပွဲမှာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး UN နှင့် နိုင်ငံတကာမှ ပိတ်ပင်တားဆီး ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတု (Chemical Weapons) လက်နက်များကို စတင် အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

ဓါတု လက်နက် (Chemical Weapons) ဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ လက်နက် ဖြစ်လို့ UN နှင့် နိုင်ငံတကာမှ တရားဝင် ပိတ်ပင် တားဆီးထားခဲ့ တာဖြစ်ပါတယ်။ ဒီလက်နက်ဟာ လူမျိုးတုံး စေနိုင်တဲ့ လက်နက် ပစ္စည်းတစ်မျိုးလည်း ဖြစ်ကြောင်း နိုင်ငံတကာမှ အသိပေးကြေငြာ ထားပါတယ်။ ဒါကြောင့် ဓါတုလက်နက် အသုံးပြုတဲ့ နယ်မြေတွေမှာ နိုင်ငံတကာမှ လာရောက်စစ်ဆေးခွင့် ရှိပါတယ်။

 
ဘာမှ မသိတဲ့ ကလေးငယ်များဟာ ဆိုးကျိုးများကို ခံစားရကြပါတယ်..

စစ်အစိုးရ စစ်တပ်မှ ယခုလို ဓါတုလက်နက် (Chemical Weapons) အသုံးပြုလာတာဟာ K.I.A ကိုသာမက ပြည်သူလူထု၊ တရိစ္ဆာန် သတ္တဝါ နှင့် တောတောင် ရေ မြေ စသည်.. စသည်များကို ထိခိုက် ပျက်ဆီး နိုင်ပါတယ်။ ယင်း ဓါတု ဓါတ်ငွေ့ ကို ရှိုရှိုက်မိတဲ့သူတိုင်းဟာ မိမိရဲ့ အသက်၊ ဦးနှောက်၊ အသဲ၊ အဆုတ်၊ အသိညာဏ် ထိုင်းမိုင်းလာမှု၊ ကြောက်စရာကောင်းတဲ့ ရောဂါအမျိုးမျိုး စတဲ့ ဆိုးကျိုးတို့ကို ရရှိ လာမှာဖြစ်ပါတယ်။ ဓါတု ဓါတ်ငွေ့ကို ရှိုရှိုက်မိတဲ့ အမျိုးသမီး လေးတွေဟာ ဆိုရင် ကလေး မမွေးနိုင်တော့ဘဲ မြုံ သွားခြင်း စသည့် ဆိုးကျိုး မြောက်များစွာကို ရရှိခံစားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကလေးမွေးဖွား လာခဲ့ရင်လည်း အဂါင်္ချွတ်ယွင်းခြင်း၊ ခြေလက်မစုံခြင်း၊ ညာဏ်ရည်မမီခြင်း စသည့် မကောင်းတဲ့ ဆိုးကျိုး များသာ ခံစားလာမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်များဟာ ပိုမိုများပြားလာပြီး အကူအညီများ အမြန်လိုအပ်နေကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဟာ နေရာတိုင်းမှာ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲများလည်း နေ့တိုင်း ဖြစ်ပွားလျက်ရှိပါတယ်။

မှတ်ချက်။
အပေါ်က ပုံ ၂ ပုံဟာ ယခုဖြစ်ပျက်နေတဲ့ ကချင်ပြည်နယ်နှင့် စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသများမှ ဖြစ်ပေါ်နေသော ပုံတွေမဟုတ်ပါ။ ဓါတုလက်နက် (Chemical Weapons) အသုံးပြုခြင်းအားဖြင့် ဖြစ်လာမယ့်၊ ခံစားရမယ့်၊ ပြည်သူလူထုနှင့် သဘာဝ တရား၊ တောတောင်နယ်မြေများအတွက် ဆိုးကျိုးများ ဖြစ်လာမယ် ဆိုတာကို အသိပေးခြင်းဖြစ်တယ်။ အပေါ်ကပုံ ၂ ပုံဟာ ဓါတုလက်နက် အသုံးပြုခြင်းအားဖြင့် တကယ် တခြားနိုင်ငံမှာ ဖြစ်နေတဲ့ ခံစားနေရတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုးမဖြစ်လာအောင် ဝိုင်းဝန်း ကာကွယ် တားဆီးဖို့ လိုအပ်ပါတယ်။

9 comments:

  • Anonymous says:
    January 17, 2012 at 8:35 AM

    http://translate.google.com/translate?hl=en&sl=ar&u=http%3A%2F%2Fwww.islammemo.cc%2Fakhbar%2Farab%2F2010%2F05%2F04%2F99411.html&ei=O1sUT_btA8r3rQfUu-jgAQ&sa=X&oi=translate&ct=result&resnum=8&ved=0CE8Q7gEwBw&prev=%2Fsearch%3Fq%3Dnew_tashawoh%26hl%3Den%26biw%3D1440%26bih%3D761%26prmd%3Dimvns

    အရမ်းတူလွန်းတယ်နော် ဓာတုလက်နက်တွေက
    ပုံကအစတူတယ်ဗျာ...

  • Anonymous says:
    January 17, 2012 at 8:48 AM

    သတင်းလိမ်မယ်ဆို၇င်လည်း ပိပိ၇ိ၇ိ လိမ်ဗျာ။ အခုခေတ်က အင်တာနက်ခေတ်ဗျ။ လူတိုင်း ခင်ဗျာတို့ေ၇းတာ မဟုတ်မှန်းသိတယ်။ အ၇င်တုန်းကသာ ညာလို့၇မယ်။ အခုတော့ ကန်တော့ဆွမ်းပဲ။

  • Anonymous says:
    January 17, 2012 at 10:20 AM

    ကိုယ့်ပြည်သူကို ကာကွယ်ချင်ရင်လည်း ပီပီပြင်ပြင်တိုက်ကြ။ ပြည်သူကရေ ပြောက်ကြားကငါးလုပ်နေသရွေ့ ပြည်သူတွေလဲ မြေဇာပင်ဖြစ်မည်။ နိုင်ငံရေး ပြသနာလို့လက်ခံရင် လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် လှုံဆော်မှုတွေ မလုပ်ကြပါနဲ့။ နိုင်ငံရေးညှိမရလို့ စစ်တိုက်ကြတ...ာကလက်ခံလို့ရသည်။ ဂလိုဘယ်ခေတ်ကြီးထဲ လူမျိုးရေးစစ်ပွဲ ဖြစ်အောင် မဖန်တီးကြပါနဲ့။

  • Anonymous says:
    January 17, 2012 at 9:40 PM

    အပေါ်ကကောင်တွေ..နင်တို့ က ခွေးမို့ လို့ လူတွေ ကို မစာနာတတ် တာလား..... သည်လောက် IT ထွန်းကားနေတဲ့ ခေတ်မှာ စောက်ဆင့် မရှိတဲ့ စစ်အစိုးရတွေ က Chemical Weapon ကိုင်တယ်ဆိုတာကို သတင်းမရတဲ့ နင်တို့ လို လူတွေကို ... တိရိစ္ဆာန် နဲ့ တောင် မနိုင်းချင်ဘူး... ခွေးက လူကို ပြောင်းပြန်ဟစ်နေတယ်ဟ..နင်တို့ ပြောတဲ့ ပုံစံက... တယ်လဲ ရယ်ရတယ်... ပိပိရိရိလိမ် ဟုတ်လား..နင်တို့ ပထွေးတွေ ပါတဲ့ စစ် အစိုးရကို ပဲ သွားသင်ပေးလိုက်.... လိမ်ကလိမ်ချင်သေး... လိမ်လဲ မလိမ်တတ်... နင်တို့ လို လူမျိုးတွေ ရှိသေးလို့ ..မြန်မာနိုင်ငံက သည် အဆင့်က နေကို မတက်တာ... နင်တို့လို လူကိုတော့လေ... ကတော့ဆွမ်းမပြောနဲ့ ... လက်ပေါ် စတွေးဆွတ်ပြီး... နရင်းအုပ်ပေးချင်တယ်... သတင်းအမှန်ရအောင်လုပ်... လေ့လာ.... ပထွေး အကြောင်းတွေ ပဲမစဉ်းစာနဲ့ .... တိုင်းပြည် အကြောင်းပါ ထည့် စဉ်းစား....

  • Anonymous says:
    January 18, 2012 at 5:44 AM

    သတင်းမှားနေလို့ Photos တွေက ကချင်မှာ အမှန်ဖြစ်တဲ့ ပုံတွေ မဟုတ်လို့ ဝင်ပြောနေတာလေ.။ အင်တာနက်မှာ အဲဒီပုံတွေက လွယ်လွယ်ကူကူ၇တဲ့ပုံတွေလေ။ စစ်တပ်က Chemical weapons နဲ့ တိုက်တယ်ဆို၇င်လည်း ချက်ခြင်းကြီးတော့ အခုလိုဖြစ်မှာ မဟုတ်ပါဘူး.။ အနည်းငယ်လောက်တော့ ဖြစ်နိုင်ခြေ ၇ှိမ၇ှိ စဉ်းစားလို့၇ပါတယ်.။ အခု Chemical weapons နဲ့တိုက် အခု ဒီလိုဖြစ် ဆိုတာ ယုတ်တိ၇ှိမ၇ှိ စဉ်းစားကြည့်ပေါ.။ သတင်းက မှန်သာလား မှားသလားဆိုတာ။ ဘာကိုမှ ၇ိုင်း၇ိုင်းစိုင်းစိုင်း ပြောစ၇ာမလိုပါဘူး။ အခုပြောနေတာ စစ်တပ်ဘက်ကိုလဲ လိုက်ပြောနေတာ မဟုတ်သလို။ ကေအိုင်အေကိုလည်း ချိုးနှိမ်ပြီး ပြောနေတာ မဟုတ်ပါဘူး။ သိထားဖို့က ငါဘက်မလိုက်၇င် ငါ၇န်သူဆိုတဲ့ အတွေးက အလွန်အောက်တန်းကျပါတယ်။ ဒါကိုနားလည်တတ်ပါစေ

  • Anonymous says:
    January 19, 2012 at 11:33 AM

    ခင်ဗျားက မှတ်ချက် ကို မဖတ်ဘူးထင်တယ်.... မှတ်ချက်ကိုလဲ သေချာဖတ်ကြည့် ဦး.... ဇွတ်ဖင် ပိတ်ငြင်းမနေနဲ့ .... ကျနော် ရိုင်းရိုင်းစိုင်းစိုင်း ရေးတာက အပေါရံ ကြည့် ရင်.. ရိုင်ပါတယ်.... အပေါက ရေးထားတဲ့ ...လူသားမဆန်တဲ့ စကားကျ ဘယ်လို ပြောမလဲ... ရိုင်းစိုင်းတဲ့ စကားလုံးသာမပါတာ... အေးထက်မိုက်ရိုင်း တဲ့ အဓ္ဒိယ် ပါတယ်ဆိုတာ..ခင်ဗျား လူ လို ခံစားတတ် ရင် သိပါတယ်...အောက်တန်ကျတယ်ဆိုတာက ... ခင်ဗျားတို့ လို လူမျိုးကို ပြောတာ...လူတကာကို .. stereotype လုပ်ပြီး ကို ဖြစ်ချင်တဲ့ အရာဘက်ဆွဲ တွေးတတ်တဲ့ အောက်တန်းကျလူမျိုးထဲ မှာ ကျနော် မပါဘူး.... အဖြစ်အပျက် ကို သေချာမသိပဲ ... တွေးချင်တဲ့ အရာကို ဆွဲ မတွေးပါနဲ့ ...သည်လောက်ပြောရင်ခင်ဗျား နားလည်မယ်လို့ ထင်တာပဲ....

  • Anonymous says:
    April 4, 2012 at 11:11 AM

    သူတို့က မမြင်ဘူးတဲ့ လက်နက်ဆို ဓါတုလက်နက်ပဲ ထင်နေကြတာ.. အမြောက်ဆံထဲ ပေါင်ဒါမှုန့်ထည့်ပစ်ရင်တောင် ဓါတုလက်နက်လို့ပြောမယ့်သဘောမှာရှိတယ်..
    ဘာလို့လဲဆို ကြောက်ချီးပန်းနေပီလေ...
    ဟို KIO ကပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ဆိုလား ဦးလနန် ဆိုတဲ့သူကလဲ ဘာတွေဘယ်လောက် များနားလည်လို့လဲမသိဘူး..ပြောလိုက်ရင် အားပါးတရပဲ.. ပီးရင် ဟုတ်တာတစ်ခုမှမပါဘူး... တလွဲတွေချည်းပဲ.. နေတော့ ထိုင်းမှာ သူ့လောက်သိတာ သူပဲရှိတယ်.. ကျွန်တော်တို့ မြို့က ရေဒီယိုနားထောင်တဲ့သူတွေက တော်ပါတော့ ဦးလနန်ရယ် လို့တောင်ပြောလောက်အောင်အထိ လွဲနိုင်လွန်းတဲ့ ဦးလနန်ပါ.. တကယ်ပါ

  • Anonymous says:
    April 4, 2012 at 11:35 AM

    KIA ရယ် ဆန်မရှိပဲ အစားမကြီးချင်ပါနဲ့.. ဂျန်မိုင်ကောင်တောင်ကုန်းတိုက်ပွဲမှတ်တမ်းလဲ အကုန်ကြည့်ပြီးပြီ တိုက်တဲ့ အင်အားကလဲ ၂၀၀ လောက်ရှိတယ်.. ဘာတွေများ သိမ်းမိလဲ. အခွံကြီးပဲရတာမလား.. ဂုဏ်ယူစွာနဲ့ တင်ထားသေးတယ်... ဗမာစစ်တပ်ကသာ အဲ့လို တင်ရရင် KIA ရေ .. မင်းတို့ ရစရာတောင် ရှိမှာမဟုတ်ဘူး... ငါလဲ စစ်တပ်ကို ချစ်လွန်းလို့မဟုတ်ပါဘူး.. ဒီဘလော့က တစ်ဖက်စောင်းနင်း နိုင်လွန်းတယ်.. လွဲတာတွေသိပ်များနေရင်တော့ မကောင်းဘူးပေါ့.. လျှော့ပါဦးလို့တော့ပြောချင်တယ်..

  • greenlover says:
    May 8, 2012 at 2:37 PM

    KIA ကိုကြာက်လို့ရှေ့တန်းမသွားရဲတဲ့တပ်ရင်းမှုး ၄ ယောက်ကိုလည်းထောင်ချပြီးပြီ၊ဗျုဟာမှုးတွေလဲ သုံးလေးယောက်သေပြီ အင်အားသောင်းဂဏာန်းဘဲရှိတဲ့ KIA ကိုမြန်မာပြည်မှာရှိရှိသမျှတပ်ရင်းတပ်မတွေနဲ့ထိုးစစ်ဆင်နေတာတောင်လိုင်ဇာမပြောနဲ့လီးဇာတောင်မကပ်နိုင်တဲ့ဗမာတွေ စောက်ရှက်လဲမရှိ ပြောတော့ KIA ကို ၁၀ ရက်နဲ့အပြီးတိုက်မယ်ဆိုပြီးအခု တစ်နှစ်တောင်ပြည့်တော့မယ် ဘယ်လိုလဲ ရဲဘော် စစ်အသုံးစရိတ်မတတ်နိုင်တော့လို့ကချင်ပြည်နယ်မှာအင်အားလာလျှော့တာကောင်းပါတယ် အခုတစ်သောင်းကြော်သေပြီဆိုတော့အသုံးစရိတ်နည်းနည်းလျှော့သွားတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးပိုလုပ်နိုင်တာဝမ်းသာပါတယ်