Saturday, October 01, 2011

နေရာ အနံ့မှာ တိုက်ပွဲများ ဖြစ်ပွားနေ

Saturday, October 1, 2011

ရှေ့တန်းထွက်လာသော K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့ ကချင်ပြည်နယ် ဆမားတောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားပြီး ထိခိုက်မှုလည်း ရှိခဲ့ကြောင်း ဆက်လက်သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန်ရှိ စစ်တပ်ရဲ့ စရဖ ရုံးကို K.I.A မှ ဝင်စီးခဲ့ရာတွင် စရဖ ဗိုလ် (၁) ဦး ကျဆုံးသွားပြီး (၃) ဦး ကိုတော့ အရှင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်ယာန် နှင့် သာလောကြီး အကြားရှိ ဂလာန်ဂျာ ကျေးရွာမှာလည်း K.I.A နှင့် စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ယခုချိန်ထိ သေနတ်သံများ ကြားနေရသေးကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ၏ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်…။

K.I.A တပ်မဟာ (၄) တိုက်ပွဲသတင်းများ (စက်တင်ဘာလ ၂၉/၃၀ ရက်၊ ၂၀၁၁)

စက်တင်ဘာလ ၂၉၊ K.I.A တပ်မဟာ (၄) နယ်မြေ၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် တပ်စွဲထားသော အစိုးရစစ်တပ် ခမရ (၅၀၇) ကို K.I.A တပ်မဟာ (၄) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်ကျဆုံးမှု အခြေအနေကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းဆဲပါ။

စက်တင်ဘာလ ၃၀ ရက်  နေ့လည် ၁း၃၀ ခန့်တွင် K.I.A တပ်မဟာ (၄) နယ်မြေ၊ မုန်းကိုးမြို့၊ နမ်ဆူကျေးရွာနှင့် နော့ဂူကျေးရွာကြားတွင် စစ်အစိုးရတို့မှ လက်နက် အပြည့်အစုံဖြင့် တက်လာသော ဖိုးဝှီးကား (၃) စီးအား K.I.A တပ်မဟာ (၄) တပ်ဖွဲ့ဝင်များမှ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်မှ ဒု-ဗိုလ်မှူးကြီး အဆင့်ဖြင့် အနားယူထားသည့် မူဆယ်ခရိုင် လ၀က ဦးစီးမှူး ဦးရဲဝင်း၊ မုန်းကိုး လ၀က ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရတယ်။

0 comments: