Saturday, October 01, 2011

K.I.A တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

|0 comments
Saturday, October 1, 2011
Kachin Independence Army ( K.I.A)

ဒီနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၁၁း၂၅-  အချိန်ဝန်းကျင်တွင် K.I.A တပ်မဟာ (၅) နယ်မြေ၊ ဂျာအိန်ယန် ကျေးရွာတွင် K.I.A တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် အစိုးရစစ်တပ် ခမရ (၁၄၁) တပ်ဖွဲ့ဝင်းများ နံနက် ၁၁း၂၅ နာရီခန့်မှ မွန်းလွဲ ၂း၃၀ နာရီ ခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် အကျအဆုံး စာရင်းနှင့် ဒဏ်ရာ ရရှိမှု စာရင်းကို သိရှိနိုင်ရန် ခက်ခဲကြောင်း ကချင်မြေ သတင်းထောက်မှ ဖုန်းဖြင့် အတည်ပြု ပြောဆိုလာပါတယ်။

ညနေပိုင်း ၃း၀၀- နာရီ ဝန်းကျင်တွင်   K.I.A တပ်မဟာ (၅) နယ်မြေ၊ နမ့်ဆန်ယန် ကျေးရွာမှာ တပ်စွဲထားသော အစိုးရစစ်တပ်အား K.I.A တပ်မဟာ (၅) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက်ရာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဆွယ်မှူး တပ်ကြပ်ကြီး အောင်လင်း ကျဆုံးသွားကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ညနေ ၄း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဟာ (၅) နယ်မြေ၊ ဂန်ဒေါင်ယန် ကျေးရွာ အနောက်ဖက်၊ ဆိုင်မိုင် ကျေးရွာတွင် K.I.A လှုပ်ရှားတပ်ရင်းများနှင့် အစိုးရစစ်တပ် ခမရ (၁၂၁)၊ ခလရ (၃၈၈) တို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

အောင်ဂျာယာန် အနီးတဝိုက်မှ တိုက်ပွဲအခြေအနေ

|0 comments
Saturday, October 1, 2011

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်ခံမှ K.I.A စစ်သည်တော်များနှင့် စစ်အစိုးရတပ် ခလရ (၃၇)၊ ခလရ (၄၃၈) တို့အကြား ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် အောင်ဂျာယာန် တဝိုက်မှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂၄) ဦး ကျဆုံးသွားပြီး (၄၇) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းထိခိုက်သူထဲမှာ စစ်တပ်ဘက်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး တင်ဝင်း လည်းပါဝင်ကြောင်း K.I.A ရှေ့တန်း သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားသော စစ်တပ်ဘက်မှ စစ်သားများကို ယခုအချိန်တွင် စင်ဘို ဆေးရုံမှာ ကုသမှုများ ပြုလုပ် ပေးနေပြီဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။ တိုက်ပွဲများဟာ ဆက်တိုက် ဖြစ်ပွားလျက် ရှိနေကြောင်း သိရှိ ရပါတယ်။။

နေရာ အနံ့မှာ တိုက်ပွဲများ ဖြစ်ပွားနေ

|0 comments
Saturday, October 1, 2011

ရှေ့တန်းထွက်လာသော K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့ ကချင်ပြည်နယ် ဆမားတောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားပြီး ထိခိုက်မှုလည်း ရှိခဲ့ကြောင်း ဆက်လက်သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန်ရှိ စစ်တပ်ရဲ့ စရဖ ရုံးကို K.I.A မှ ဝင်စီးခဲ့ရာတွင် စရဖ ဗိုလ် (၁) ဦး ကျဆုံးသွားပြီး (၃) ဦး ကိုတော့ အရှင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်ယာန် နှင့် သာလောကြီး အကြားရှိ ဂလာန်ဂျာ ကျေးရွာမှာလည်း K.I.A နှင့် စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ယခုချိန်ထိ သေနတ်သံများ ကြားနေရသေးကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ၏ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်…။

K.I.A တပ်မဟာ (၄) တိုက်ပွဲသတင်းများ (စက်တင်ဘာလ ၂၉/၃၀ ရက်၊ ၂၀၁၁)

စက်တင်ဘာလ ၂၉၊ K.I.A တပ်မဟာ (၄) နယ်မြေ၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် တပ်စွဲထားသော အစိုးရစစ်တပ် ခမရ (၅၀၇) ကို K.I.A တပ်မဟာ (၄) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်ကျဆုံးမှု အခြေအနေကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းဆဲပါ။

စက်တင်ဘာလ ၃၀ ရက်  နေ့လည် ၁း၃၀ ခန့်တွင် K.I.A တပ်မဟာ (၄) နယ်မြေ၊ မုန်းကိုးမြို့၊ နမ်ဆူကျေးရွာနှင့် နော့ဂူကျေးရွာကြားတွင် စစ်အစိုးရတို့မှ လက်နက် အပြည့်အစုံဖြင့် တက်လာသော ဖိုးဝှီးကား (၃) စီးအား K.I.A တပ်မဟာ (၄) တပ်ဖွဲ့ဝင်များမှ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်မှ ဒု-ဗိုလ်မှူးကြီး အဆင့်ဖြင့် အနားယူထားသည့် မူဆယ်ခရိုင် လ၀က ဦးစီးမှူး ဦးရဲဝင်း၊ မုန်းကိုး လ၀က ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရတယ်။

Friday, September 30, 2011

လဝက အဖွဲ့ တိုက်ခိုက်ခံရ

|0 comments
Friday, September 30, 2011

ဒီနေ့ စက်တင်ဘာလ ၃၀ ရက် ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ K.I.A စစ်သည်တော်များက နေ့လည် ၁း၀၀ နာရီ ဝန်းကျင်တွင် ဖောင်ဆိုင်းမှာ မှတ်ပုံတင်ပေးဖို့ တက်လာတဲ့ လဝက အဖွဲ့ကို မုန်ဂို နောက်ဂိုကုန်းတွင် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပစ်ခတ်မှုတွင် လဝက အရာရှိ (၁) ဦး ကျဆုံးပြီး (၃) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီပစ်ခတ်မှု ဖြစ်ပြီး များမကြာမီမှာဘဲ စစ်တပ်ဘက်မှ ကားကြီး (၄) စီး၊ ဗင်ကား (၁) စီး တို့ဖြင့် စစ်သား အပြည့် တင်ဆောင်ကာ အလျင်အမြန် ရောက်ရှိလာကြောင်း မျက်မြင်များမှ စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန်ရှိ စစ်တပ်ရဲ့ စရဖ ရုံးကို K.I.A ပြည်သူ့စစ် (MHH) အဖွဲ့တို့မှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ စရဖ ရုံးမှ (၁) ဦး ကျဆုံးသွားကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။


မဒီယာန်နှင့် ဂျာအိန်ယာန် မှာ တိုက်ပွဲဆက်ဖြစ်

|0 comments
Friday, September 30, 2011


 ရှေ့တန်းထွက်ဖို့ရန် မိန့်ခွန်း နာခံနေသော K.I.A စစ်သည်တော်များ

မဒီယာန်နှင့် ဂျာအိန်ယာန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။ မနေ့ကတည်းက ဖြစ်ပွား ခဲ့တဲ့ ဒီတိုက်ပွဲဟာ အရှိန် မပြက်သေးဘဲ ယခုချိန်ထိ သေနတ်သံများ ကြားနေ ရဆဲပါလို့ တိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် K.I.A အထူး တပ်ရင်းနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား တိုက်ပွဲ ဖြစ်နေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ဂျာအိန်ယာန်မှတိုက်ပွဲတွင် K.I.A ပြည်သူ့စစ် (HMM) တပ်ဖွဲ့ဝင်း (၁၀) ဦးတို့မှ စစ်တပ်အင်အား (၁၅၀) ခန့်ကို ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက် စုံစမ်း တင်ပြသွားပါမယ်။ နှစ်ဘက်စလုံးမှ အထိအခိုက်များကို မသိရှိရသေးပါ။

ကချင်ပြည်နယ် ဂျာအိန်ယာန် တိုက်ပွဲ

|0 comments
Friday, September 30, 2011

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A တပ်မတော်နှင့် (MHH) ပြည်သူ့စစ်တို့ ပူးပေါင်းကာ ကချင်ပြည်နယ် စင်ဘို-သာလောကြီး နယ်မြေတဝိုက် ဂျာအိန်ယာန်မှာ မနေ့ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုချိန်အထိ ဆက်တိုက် ဖြစ်ပွားနေကြောင်း ရွာနှင့် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးမှ တိုက်ပွဲအခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်..။

စစ်တပ်၏ လက်နက်ကြီးတချို့ကျဆုံး

|1 comments
Friday, September 30, 2011
တပ်မဟာ (၄) မှ K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) နယ်မြေများသို့ စစ်တပ်ဘက်မှ ပစ်သွင်းနေသော စစ်အစိုးရရဲ့ လက်နက်ကြီးဖြစ်တဲ့ ၁၂၀ - မမ အမြောက်ဟာ ပေါက်ကွဲသွားခဲ့ရာ ယင်းတဝိုက်မှ စစ်သား (၁၀) ကျော်ကျဆုံးပြီး (၅၀) ကျော် ထိခိုက်ခဲ့ကြောင်း K.I.A များမှ စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၄) မှ K.I.A စစ်သည်တော် (၈) ဦးဟာ ကိုယ်ရဲ့ အသက်ကို ပဓါန မထားဘဲ စစ်တပ်တို့ရဲ့ အမြောက် ၁၂၀ -မမ တစ်ခုကို သွားရောက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် ဘန်ဒေါင်မှာ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်မှ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်တို့အကြား မနက်ပိုင်းတွင် ဘန်ဒေါင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂) ဦးကျဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် K.I.A ဘက်မှာတော့ ကျဆုံးမှုနှင့် ထိခိုက်မှု မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စီးလာသော စက်လှေ အပစ်ခံရ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ နေ့တွင် K.I.A ပြည်သူ့စစ် (MHH) တို့မှ ကချင်ပြည်နယ် စင်ဘိုအနီး မလိခမြစ်မှ စက်လှေဖြင့် ချီတက်လာသော စစ်အစိုးရရဲ့ စက်လှေ တစ်စီးကို ပစ်ခတ် ဖျက်ဆီး ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A နှင့် စစ်အစိုးရအကြား ယခုချိန်တွင် ကချင်ပြည်နယ် နေရာအနံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဆက်မပြက် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားလျက် ရှိနေပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရှေ့တန်းစစ်တပ်မှ နေပြည်တော်သို့ ပို့လိုက်တဲ့ အစီရင်ခံစာတွင် ယခုဖြစ်ပွားနေတဲ့ K.I.A တပ်မဟာ (၄) တိုက်ပွဲများတွင် စစ်တပ်ဘက်မှ (၄၂၇) ဦး ကျဆုံး သွားပြီဖြစ်ကြောင်းနှင့် (၁၀၀၀) ဝန်းကျင် ထိခိုက်သွားပြီဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်ဟု အတည် မပြုနိုင်သေးသော သတင်းများ အရ စုံစမ်း သိရှိရပါတယ်။

.

ကေအိုင်အေ တပ်မဟာ ၄ နှင့်ဆက်စပ်သည့် သတင်းများ

|0 comments
Friday, September 30, 2011
လွယ်ကန်ဒေသ

K.I.A တပ်မဟာ (၄) ကို လေးရက်နှင့် အပြတ်ချေမှုန်းရန် ပြင်ဆင်ကာ အပြင်းအထန် ထိုးစစ်ဆင် နေသည်မှာ (၆) ရက်ကျော်ကြာ ခဲ့ပြီဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့ထိ (၆) ကြာသည့်ုတိုင် အစိုးရစစ်တပ် အနေနှင့် K.I.A တပ်မဟာ (၄) အခြေစိုက်ရာ လွယ်ကန်ဒေသသို့ ချဉ်းကပ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၉၊ ၁၇၊ ၂၉ တို့ စုပေါင်းပြီး တပ်မဟာ (၄) နေရာ လွယ်ကန်ဒေသ တ၀ိုက်တွင် အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။

အစိုးရစစ်တပ်သည် စစ်မျက်နှာ (၃) ဖက် ဖွင့်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ K.I.A တပ်ရင်း (၂) ရှိရာ မန်ဂျယ်သို့ စစ်ကြောင်းထိုးသည့် အစိုးရစစ်တပ်မှ အနည်းဆုံး (၈၀) ကျော် ကျဆုံးပြီး (၁၀၀) ကျော် ဒဏ်ရာရကြောင်း သိရသည်။ အစိုးရစစ်တပ်မှ အတင်းအကျပ် လမ်းပြခိုင်းသဖြင့် မန်ဂျယ်ရွာမှ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစစ်တပ်မှ ဒတ်နိုင်း ကျေးရွာအနီး လွယ်ထန်-ရှောက်ဟော အကြားရှိ K.I.A တပ်မဟာ (၄) နေရာ သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ယင်းနေရာအနီးရှိ အစိုးရစစ်တပ်မှ စစ်သားများ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း သိရသည်။  K.I.A တပ်ရင်း (၉) မှ ဗိုလ်အဆင့် တဦး၊ တပ်သား တဦး ကျဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ မန်ဂျယ်နှင့် နမ်ဆန် အနီးတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ K.I.A တပ်မဟာ (၄) နှင့်  တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အစိုးရစစ်တပ်မှ ရိက္ခာသယ်ကား (၁) စီး၊ စစ်သားများ သယ်ဆောင်လာသည့်ကား (၃) စီး၊ လက်နက်ကြီး တင်သည့်ကား (၁) စီး တို့သည် လားရှိုး-မှုဆယ် ကားလမ်း၊ နမ်အွမ်ကျေးရွာမှ တစ်ဆင့် K.I.A တပ်ရင်း (၉) ရှိရာ ဒတ်နိုင်ကျေးရွာသို့ တက်လာကြောင်း ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရှိရပါတယ်။

တပ်ရင်း (၈) ရှိရာ နေရာသို့ ထိုးစစ်ဆင်လာသည့် အစိုးရ တပ်မ (၉၉)  သည် ထိခိုက် ကျဆုံးမှု များသဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပ် ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းဆုတ်သွားသော တပ်မ (၉၉) နေရာတွင် တပ်မ (၃၃) ပြန်လည် ဝင်ရောက် အစားထိုး ကြောင်း သိရှိရပါတယ်။

မန်ဟိုင်းကျေးရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲ၊ နမ်လက်တောင် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့် အစိုးရစစ်သားများကို ထော်လာဂျီ (၂) စီးနှင့် အပြည့် နမ်တူ-ပန်ဟိုင်း ဆေးရုံသို့ တင်ပို့ ကုသနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါတယ်။ K.I.A ဘက်မှလည်း အနည်းဆုံး (၅) ဦး ကျဆုံးကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်မှ K.I.A တပ်မဟာ (၄) ဒေသသို့ ကျုးကျော် ထိုးစစ် ဆင်နိုင်ရန်အတွက် နမ့်ဖာလုံ (နမ့်ဖလုန်) မှ ဟူးဖျက်ရွာသို့ ရိက္ခာများပို့ဆောင်ပေးခြင်း၊ လမ်းလုံခြုံရေး ယူပေးခြင်းများကို ကွတ်ခိုင် ပြည်သူ့စစ်နှင့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့တို့မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

ကေအိုင်အေ တပ်မဟာ ၅ နေရာတွင် တိုက်ပွဲဖြစ်ပွား 

အောင်ဂျာယန် ၀န်ကျင်း ပြပုံ

စက်တင်ဘာလ ၂၉ ရက်နေ့ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် K.I.A တပ်မဟာ (၅) နေရာဖြစ်သော နမ်ဆန်ယန်၊ ဘန်တောင် ကျေးရွာအနီး နမ်ဖတ်ခ အနီးတွင် လည်း K.I.A တပ်မဟာ (၅) မှ မပခ လက်အောက်ခံ ဆင်ဘိုအခြေစိုက် ခလရ (၁၄၁) ကို နံနက် (၇) နာရီမှ စတင်ကာ အချိန် (၂) နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ အနည်းဆုံး (၂) ဦးကျဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ နမ်ဆန်ယန်၊ အောင်ဂျာယန်ကျေးရွာ အနီး လဇိန်ကုန်းတွင်လည်း နေ့လည် (၁) နာရီခွဲမှ ည (၇) နာရီ ၀န်းကျင်ထိ K.I.A တပ်မဟာ (၅) နှင့် မပက လက်အောက်ခံ မြစ်ကြီးနား အခြေစိုက် ခလရ (၃၇) တို့ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

Thursday, September 29, 2011

K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်တပ်အင်အား တိုးချဲ့

|0 comments
Thursday, September 29, 2011
K.I.A အထက်အရာရှိများမှ ကျေးလက်နေ ပြည်သူ/သား များကို စစ်ပွဲအကြောင်း တင်ပြဆွေးနွေး ရှင်းလင်းနေစဉ်

ဒီနေ့ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီး တဝိုက်တွင် စစ်တပ်အင်အား (၁၅၀၀) တစ်ထောင့်ငါးရာ ဝန်းကျင် ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ တဆက်တည်းမှာဘဲ ကချင်ပြည်နယ်ရှိ မြို့၊ ကျေးရွာ အနံ့တွင်လည်း စစ်အစိုးရတို့မှ K.I.A တို့ကို အပြီး ချေမှုန်း သွားမယ်ဖြစ်ကြောင်း၊ ဌာနချုပ် လိုင်ဇာကိုလည်း ဒီအတောအတွင်း ချေမှုန်း သိမ်းပိုက် သွားမယ် ဖြစ်ကြောင်း များကို သတင်းဖြန့် ကြေငြာနေကြောင်း ကချင်ပြည်နယ် မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

 ဆက်လက် စုံစမ်းသိရှိသည်မှာ ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနား စစ်တပ် လေယာဉ်ကွင်းတွင် တိုက်လေယာဉ် အနည်းဆုံး (၈) စီးကို အဆင်သင့် Standby ပြင်ဆင် ထားရှိနေပြီ ဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ပြည်သူပြည်သားများကို သတင်း ဖြန့်နေတယ်လို့ မြစ်ကြီးနားမြို့ခံ တစ်ဦးမှ ပြောကြား လာပါတယ်။ K.I.A ဘက်မှလည်း စစ်ပွဲများကို ဆင်နွဲသွားဖို့ အဆင်သင့်ဖြစ်ရန် အထူးပြင်ဆင် နေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

ဒီလိုစစ်တပ်တို့ရဲ့ သတင်းများကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူပြည်သားများမှာ အထူး စိုးရိမ်နေကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဓါတ်ပုံများ

|0 comments
Thursday, September 29, 2011


ဆက်လက်ကြည့်ရှုရန်...

K.I.A တပ်ရင်း (၈) နယ်မြေ တိုက်ပွဲပြင်းထန်

|0 comments
Thursday, September 29, 2011
တပ်မဟာ (၄) လက်အောက်ခံ K.I.A စစ်သည်များ

ဒီနေ့ စက်တင်ဘာ ၂၉ ရက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ မန်တုန်မှာ K.I.A နှင့် စစ်တပ်တို့အကြား ယခုအချိန်ထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ K.I.A ဘက်တွင် ရှမ်းတပ်မတော် SSA/ SSPP တို့မှ ပါဝင်ကူညီ တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ K.I.A တပ်ရင်း (၉) နယ်မြေမှာလည်း စစ်တပ်ကို K.I.A နှင့် SSA/SSPP တို့ပူးပေါင်းပြီး တိုက်ပွဲဆင်နွဲနေရာ စစ်တပ်ဘက်မှ အကျအဆုံး အထိအခိုက်များပြား နေကြောင်းနှင့် စစ်တပ်တို့ ပိတ်မိနေကြောင်း သိရှိရပါတယ်။

SIMSA MUNGKAN (ငြိမ်းချမ်း ကမ္ဘာ)

|0 comments
Yubak mungkan pinra, n tsawm dik la maka
Hkaleng mawru kaba, wan hkru nnang wam nga,
Shinggyim mungkan chyam hkra, tsin-yam wulu pyau ra
Kaja hpa lam n nga, awu asin pri hkra,
Mani, daini, ya wa, Madu tsaw myit kata
Tara rap-ra n nga, adip kamyet hkrum sha,
N wai myiprwi si ra, Mungchying Myu sha yawng hkra
Sin dai pala gaw mya, ten tup myit hki pu ba,
Mungkan labau lungpa, malap n lu mai hkra
N htum hkayan zawn hpa, Munghpawm Myanmar gam maka.

Ngang grin hpa lam n nga, hten run mungkan pinra
Katsi kahtet hpyen wa, Chyurum Wunpawng Myu sha,
Shawng lam chyinghka kaba, htingkrang lakang dawm da
Wunpawng Mungdan chyam hkra, sai hka panglai nammukdara,
Chyu pala amyawk mawta, sai tawng sai pa lamun latsa
Ka-ak Kahka Langda, hkrap ngu madai aka,
Shingtai jahkrai gaida, gumgai dingla mung masha
Machyi hkrum sha sumhpa, du daw sai hkaw lai wa,
Share shagan ali ama, baw gum hkungga shagrau sha-a
Myu tsaw mung tsaw myit kaba, Wunpawng shing-ra gam maka.

Moi lai Jiwoi prat na, wudi Manau Htawngka
Majoi bum dung kaw na, Mungding ginma htumpa,
Tsit tsawm shagawng bum ga, rudi htingbut hting-ra
Katsi katsang hkrit hpa, lupwa kawng zawn she nga,
Wan hkat shadaw chyu hkra, nam u dusat hkring shara
Wunpawng sutgan yawng hkra, tsawm htap mungkan shing-ra,
Ahkaw ahkang yawng hkra, ginlut tat kau ra nga
Sai chyup ayai hpya sha, tinggyeng marin lawhpa,
Kraw dung salum kata, wan hkat ningwu chyu mya
Plastic prat hta grau hpa, Wunpawng Myu sha prat masa.

Oh… goi e…..
Rudi daidaw buga, dinghku majan sumhpa
Mungkan nan gara, yawng myit shang sha,
Sutgan yamnga, hkra rap kau da
Zing-ri hkrit kahpra, asak lawt hkra,
Majan tsin-yam , hprawng yen mun kaba
Kraw sung gindai, nyep myiprwi hkrai,
Pu gang sin mya, salum kapaw hkra
Kraw dung sai ga, Sai rum  yawng hkra,
Sin dun lahkrip ra, hkum yup mau nga
Wunpawng shawng lam, nang ngai lit kaba.

Aga… bai ya daini…
Amyu sha yawng hpe tsawra, shingbyi lunghkrung Karai Wa…..
Daini annau ni wa, magup sumhpa yawng hkra,
Gyit hkang hpri sing-yu na, galoi hpyan lawt awng na
Wunpawng labau gam maka, kabrim htoi tu tsawm hkra,
Mungkan Wunpawng gu ra, lamu hpungtang kadu hkra
Kyuhpyi jahtau hkrap nga, kraw madai ningsen na ya,
Matsan dum pawn ba dun la, Padang ninghtoi chyinghka
Hkristu tsaw myit masa, mungkan shinggyim yawng hkra,
Shinggyim ahkaw ahkang rap-ra, Simsa Mungkan byin hkra
Myit mada ala kamhpa, galai shai ya rit Wa… Wa… Wa e…..

Bumwa Hkri Ma ( a ) Myu tsaw Hkri Ma
Fuji Majoi / Japan.
29.9.2011 ( Bat Mali ya ).

ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်ခဲ့တဲ့ အစိုးရ စစ်တပ်စပိုင် ကျောင်းဆရာတဦး

|0 comments
Thursday, 29 September 2011 00:47
K.I.O အထက်တန်းကျောင်း

K.I.O ထိန်းချုပ်ရာနေရာဖြစ်တဲ့ တပ်မဟာ(၄) တပ်ရင်း (၂) တည်ရှိရာ တာမုန်းညဲမြို့နယ် မန်ဂျယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ရမည်းသင်းသား  (ကျောင်းအုပ်) ဟာအစိုးရ စစ်တပ် စပိုင် တဦးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာစဉ် ကျောင်းသားများအား ဘေးလွတ်ရာသို့ ကယ်ထွက်ရမည့်အစား ပစ်ကွင်းထဲမှာပင် ဇွတ်အတင်းနေခိုင်းသူ တဦးဖြစ်နေကြောင်း မန်ဂျယ်ကျေးရွာများနဲ့ နီးစပ်သူများက  ခိုင်လုံစွာ သတင်းပေးပို့ လာပါတယ်။ သူဟာ ၂၂/၉/၂၀၁၁ ရက်နေ့ ကျောင်းမှ ပျောက်သွားပြီး ၂၄/၉/၂၀၁၁ ရက်နေ့မှာတော့ ကျောင်းကို ပြန်ရောက် လာခဲ့ပါတယ်။ သူနဲ့အတူ အစိုးရ စစ်ကြောင်းပါ ရောက်လာပြီး K.I.O တပ်မဟာ (၄) တပ်ရင်း (၂) ကို ဝင်ရောက် ထိုးစစ် ဆင်နေချိန် ဖြစ်နေပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် သံများကြားမှ ကျောင်းအုပ် ဆရာကြီးဟာ ကျောင်းသား အားလုံးကို စာမေးပွဲစစ်ရန် အမိန့်ပေးလာ ပါတော့တယ်။ သဘာဝမကျတဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုဖြစ်ပါတယ်။ မိဘများ သေနတ်သံကြား ရသောကြောင့် မိမိသားသမီးများကို လာရောက်ခေါ်သော်လည်း မလွတ်သည့်ပြင်၊ ကျောင်းသားများ ထွက်ပြေးသော် တုတ်နဲ့ ခြိမ်းချောက် ကျိန်းမောင်း၊ အခန်း တံခါးပိတ် ထည့်ထားပါတယ်။ ဒါ့အပြင် သေးနတ်သံ မကြားအောင် DVD စက်သွားယူပြီး သီချင်းများ ဖွင့်ထားကာ စာမေးပွဲ ဇွတ်အတင်း ဖြေခိုင်း ထားပါတယ်။ ကျောင်းပတ်ဝန်းကျင်တွင် အမြောက် ကျည်များ ကျလာမည် စိုးလို့ ဆရာမတွေက ကျောင်းသားများ အားလုံးကို ခေါ်ကာ ထွက်ပြေး သွားခဲ့ပါတယ်။ ပျောက်သွားတဲ့ ရက်များနှင့် ပြန်လာတဲ့ ရက်များအတွင်း ၎င်းအနေနဲ့ မည်သူ တဦး တယောက်ကိုမှ သတင်းပို့ခြင်းမျိုး မရှိဘဲ ပျောက်သွားရခြင်းမှာ ထူးဆန်းနေပြီး ပြန်လာတဲ့ရက်တွင် အစိုးရ စစ်တပ် ကပ်ပါလာခြင်းမှာ အစိုးရစစ်တပ် စပိုင်အဖြစ် အငြင်းပွားစရာ မလိုကြောင်း၊ ယခုလို ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်တာဟာ ဆရာတဦးရဲ့ အင်္ဂါရပ်နှင့် မညီကြောင်း ရွာသူရွာသားများက မှတ်ချက်ပြု သတင်းပေးပို့ လာပါတယ်။

Wednesday, September 28, 2011

ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) သတင်း

|0 comments
Wednesday, September 28, 2011

ဒီနေ့ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) ဌာနချုပ်ဟောင်းကို K.I.A ဘက်မှ ခေတ္တခဏ ဖယ်ပေးထားကြောင်း စုံစမ်းသိရှိရပါတယ်။ ဖယ်ပေး ထားရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အာဏာရှင် အစိုးရဘက်မှ လက်နက်ကြီး အမြောက် များဖြင့် အဆက်မပြက် မိုးရွာသလို ပစ်သွင်းနေသောကြောင့် ဖြစ်တယ်လို့ K.I.A အရာရှိများက ပြောပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် အစိုးရတို့မှ တပ်မဟာ (၄) ဌာနချုပ်ဟောင်းသို့ ဝင်ရောက် မလာနိုင်သေးကြောင်း စုံစမ်း သိရှိ ရပါတယ်။ စစ်အာဏာရှင် အစိုးရတို့မှ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနှင့် တိုက်ပွဲဖြစ်ရာတွင် လက်နက်ကြီး ၈၁ -မမ နှင့် ပစ်ခတ်မှုဖြင့်သာ မကြေနပ်၍ အခုချိန်မှာ လက်နက်ကြီး ၁၂၀ - မမ တို့အမြောက်အများ ရှေ့တန်းသို့ ပို့ဆောင် နေပြီဖြစ်ကြောင်း သိရှိ ရပါတယ်။ နှစ်ဖက်ကြားတိုက်ပွဲများမှာ မရပ်မနား ဖြစ်လျက် ရှိနေကြောင်း စုံစမ်း သိရှိရပါတယ်။ ဒီရက်အတော အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂၀၀) ကျော် အသက်ပေး ကျဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူမှာ အလွန် များပြားနေကြောင်း သိရှိရပါတယ်။ စစ်တပ်တို့ မသယ်ဆောင်နိုင်ဘဲ ချန်ထားသော စစ်တပ်ဘက်မှ အလောင်း (၆၀) ကျော်ကိုလည်း တွေ့ရှိကြောင်း၊ တွေ့ရတဲ့ အလောင်း (၆၀) ကျော်ထဲမှာ အသက်နုနယ်သော ကလေး စစ်သား များဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။

ဒီရက်အတွင်း စစ်ပွဲမှာ K.I.A ဘက်မှ ကျဆုံးသူမှာ အနည်းဆုံး (၆) ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူမှာ (၃) ဦးထက်မနည်းကြောင်း K.I.A တပ်မဟာ (၄) တာဝန်ရှိသူများမှ စုံစမ်း သိရှိရပါတယ်။

စစ်အာဏရှင် အစိုးရရဲ့ စပိုင် (Spy) ကျောင်းဆရာ

|0 comments
Wednesday, September 28, 2011

တပ်မ ၉၉ အကျအရှုံး များစွာဖြင်. တပ်ဆုတ်

|0 comments
Wednesday, September 28, 2011

တပ်မ (၉၉)

ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို ထိုးစစ် ဆင်ရန်လာသည့် စစ်အာဏာရှင် အစိုးရရဲ့ တပ်မ (၉၉) တို့ ဟာ မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွား ခဲ့သည့် နေရာတွင် မြုပ်နှံခြင်း မပြုဘဲ ချန်ထားခဲ့သည့် အလောင်း (၆၀) ကျော်ရှိပြီး အလောင်း အများစုမှာ ငယ်ရွယ်နုနယ်သည့် မျက်နှာများနှင့် ကလေး စစ်သားများ ဖြစ်ကြောင်း မျက်မြင် များထံမှ စုံစမ်းသိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရဟာ ကလေးစစ်သား မရှိဘူးလို့ ပြောဆိုနေပေမယ့် ယခုဖြစ်ပျက်နေသော K.I.A နှင့် တိုက်ပွဲများမှာ ကလေားစစ်သားများ ပိုမို များပြားနေကြောင်း သိရှိနေ ရပါတယ်။ ဒီအရာတွေဟာ အင်မတန် ဝမ်းနည်းကြေကွဲစရာ ဖြစ်စဉ် တစ်ခုပါ..။

စစ်အာဏာရှင် အစိုးရစစ်တပ်သည် ယင်းတိုက်ပွဲများတွင် ၎င်းကျေားရွာမှ ရွာသူ ရွာသား များကိုလည်း ပေါ်တာအဖြစ် အများအပြား အသုံးပြုနေကြောင်း ကိုယ်တိုင်ပေါ်တာ ဆွဲခံရသူ တဦးမှ စုံစမ်း သိရှိ ရပါတယ်။

တပ်ဆုတ်သွားသည့် တပ်မ (၉၉) နေရာတွင်  တပ်မ (၃၃) ဖြင့် ပြန်လည် အစား ထိုးထားကြောင်း စုံစမ်း သိရှိရပါတယ်။

ကလေး စစ်သားများကို မစုဆောင်းရ ဆိုတဲ့ နိုင်ငံတကာ ဥပဒေကို စစ်အာဏာရှင် အစိုး၊ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မျက်ကွယ်ပြုနေခြင်းဟာ မြန်မာ နိုင်ငံအတွက် အင်မတန်မှ ကြေကွဲဝမ်းနည်း ဖွယ်ရာ ဖြစ်နေပါတယ်။

K.I.O မှ ကုလ သမဂ္ဂသို့စာပို့

|0 comments
Wednesday, September 28, 2011
UNHCR ထံသို့

လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ် အခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ကူညီပေးရန်  K.I.O မှ စာတစ်စောင်ကို ကုလသမဂ္ဂသို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပေးပို့ ခဲ့ကြောင်း သိရသည်။

ယင်းစာတွင်  ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ၁၂၊ ၂၊ ၁၉၄၇ ပင်လုံ စာချုပ် စတင်ချုပ်ဆိုခဲ့ပုံ၊  တိုင်းရင်းသား လူမျိုးစုတိုင်းသည် မိမိ နယ်မြေဒေသ အလိုက် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများ အပြည့်အ၀ ရရှိရန်၊ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးများကို တန်းတူညီမျှ ရရှိကာ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အတူတကွ တည်ဆောက်ကြရန် ဟူသော အချက် အလက်များပါသည့် ပင်လုံ စာချုပ်ကို မြန်မာ အစိုးရ အဆက်ဆက်မှ လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ယနေ့ကဲ့သို့ နှစ်ပေါင်း (၆၀) ကျော် ကြာသည့် ပြည်တွင်းစစ် ဖြစ်နေရပုံ၊ အစိုးရက တိုင်းရင်းသား လူမျိုးစုများကို နည်းလမ်း မျိုးစုံနှင့် စနစ်တကျ ဖိနိပ်ပုံ၊ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနှင့် ဖြေရှင်းရန် မကြိုးပမ်းပဲ စစ်ရေးဖြင့်သာ ဖြေရှင်းနေခြင်း၊ K.I.O မှ ပြည်တွင်း ငြိမ်းချမ်းရေးကို UNFC နှင့် အစိုးရ အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ဖော်ဆောင်သွားရန် ကြိုးပမ်းချက်များကို ယင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား ပြဿနာသည် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေး စေနိုင် သည်ကို အားလုံး သိပြီးဖြစ်၍ အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ၀ိုင်းဝန်း ကူညီကြရန် မေတ္တာ ရပ်ခံချက်များ ပါဝင်သည်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်နေသည့် အချိန်ဖြစ်သဖြင့် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကို ၄င်းတို့မှ သိရှိနားလည်ကာ ၀ိုင်းဝန်း ဖြေရှင်းရန် အတွက် အကြံပေးနိုင်ရန် ဖြစ်သည်။

K.I.O အနေနှင့် ကုလသမဂ္ဂသို့ ဇွန်လ (၉) ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပက်သတ်ပြီး ပထမဆုံအကြိမ် စာပေးပို့ခြင်းဖြစ်သည်။

ယင်းစာ မိတ္တူကို အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ အန္ဒိယ၊ ထိုင်း၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် အာဖရိက သမဂ္ဂသို့လည်း ပေးပို့ထားကြောင်းသိရသည်။

ကချင်ပြည်နယ် နေရာအနံ့ စစ်အာဏာရှင်အစိုးရ စစ်အင်အား တိုးချဲ့ပြီ

|0 comments
Wednesday, September 28, 2011

စစ်အာဏာရှင် အစိုးရရဲ့ စစ်သားများ

စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ကချင်ပြည်နယ် ဗန်းမော် (မန်မော်) မြို့ သင်္ဘောဆိပ်ကမ်းတွင် ညနေပိုင်း ၅း ၃၀ နာရီ ဝန်းကျင်တွင် အောက်ပိုင်းမှ စစ်တပ်အင်အား စစ်သားများ အပြည့် တင်ဆောင်လာတဲ့ သဘောင်္ကြီး (၂) စီး ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ၎င်း စစ်သားများကို ညနေ ၇း ၃၀ နာရီ ကျော်အထိ စစ်ကားအစီး (၂၀) ကျော်ဖြင့် မရပ်မနား ပို့ဆောင် သွားပြီဖြစ်ကြောင်း၊ စစ်သားအားလုံးမှာ (၈၀၀) ကျော် ရှိနိုင်ကြောင်း မျက်မြင် များထံမှ စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် ရွှေဂို၊ ကသာ နှင့် ဆင်ခန် ကျေးရှာများတွင်လည်း မလိခ မြစ်ကြီး တလျှောက် စက်လှေများဖြင့် ငှက်ပျော်တောနှင့် စင်ဘိုဘက်သို့ စစ်အာဏာရှင်အစိုးရရဲ့ စစ်သားများ (၄၀၀) ကျော် အရင်ရောက်ရှိ နေပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် လိုင်ဇာ အနီးရှိ ရှဒန်ပါမှာလည်း စစ်တပ်အင်အား (၂၀၀) ကျော် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ ဒီလိုစစ်အင်အား တိုးချဲ့နေတဲ့ အတွက် စစ်ကြီးဖြစ်ပွားလာမှာကို ကြိုသိမြင်နေသော ယင်းကျေးရွာဝန်းကျင်မှ ရွာသူ ရွာသားများဟာ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာသို့ အဆက်မပြတ် ခိုဝင်လာနေကြကြောင်း စုံစမ်း သိရှိရပါတယ်။

ဒီလိုအခြေ အနေရောက်နေပြီဆိုရင်တော့ K.I.A အထက်အရာရှိများရဲ့ ပြောဆိုချက်အရ ပြည်တွင်းစစ် အကြီးအကြယ် ဖြစ်လာတော့မယ်လို့ ပြောဆိုနေကြပါတယ်။ “ ပြည်တွင်းစစ်တော့ အကြီးအကြယ် ဖြစ်လာတော့မှာပါ..။ ကျနော်တို့လည်း K.I.A တပ်မဟာ၊ တပ်ရင်းအားလုံးကို အဆင့်မြင့် သတိ ပေးထားပြီးပါပြီ..။ ကျနော်တို့ K.I.A ဘက်တော့ လက်နက်ချမှာ မဟုတ်ဘူး..။ ကျနော်တို့ ဘူးဘေး ခေတ်ကလည်း ဘယ်စစ်ပွဲမှာမှ လက်နက်ချ၊ အပ်ပြီး နွားလှည်းဖြင့် ထွက်ပြေးတယ်ဆိုတာ မရှိခဲ့ဘူး..။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်မှာလည်း ပါဝင်ဆင်နွဲခဲ့တယ်။ ပြီးတော့ စစ်ပွဲ အများ အပြားကိုလည်း ပါဝင်ဆင်နွဲခဲ့ပြီးပါပြီ..။ ဘယ်စစ်ပွဲမှာမှ လက်နက်မချခဲ့ဖိုးဘူး..။ ဒါကြောင့် အခုချိန်မှာတော့ ကျနော်တို့ အချိန်ပြန်ဖြစ်နေပြီ…။ K.I.A ကချင် အမျိုးမှာ လက်နက်ချတယ်ဆိုတာ ရာဇဝင်မရှိရဘူး…။ ” ဟု K.I.A အထက်အရာရှိမှ ပြောဆိုချက်ဖြစ်ပါတယ်။

K.I.A တပ်မဟာ (၄) သိမ်းပိုက်ခံရ သတင်းမမှန်

ရှမ်းပြည်နယ် အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) ဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ သိမ်းပိုက် ခံလိုက်ရပြီ ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း K.I.A ဌာနချုပ်နှင့် မူဆယ် K.I.A ဆက်ဆံရေးရုံးမှ K.I.A အရာရှိများမှ ငြင်းဆို လိုက်ကြောင်း စုံစမ်း သိရှိရပါတယ်။

Tuesday, September 27, 2011

K.I.A တပ်ရင်း (၉) ၊ (၂) တို့ကို ပြန်လည်သိမ်းပိုက်နိုင်

|0 comments
Tuesday, September 27, 2011
The Kachin Independence Army

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို K.I.A တို့မှ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီး ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရတို့မှ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့် လွန်ခဲ့တဲ့ရက်က ခေတ္တခဏ ခွာစစ်နည်းဗျူဟာဖြင့် နောက်ဆုတ်ပေးခဲ့ရသော K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို ဒီနေ့ ပြန်လည်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ ဒီရက်အတောအတွင်း ဖြစ်ပွားနေတဲ့ K.I.A နှင့် စစ်အာဏာရှင် အစိုးရတို့ အကြားမှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား (၁၀၀) ကျော် ဟာ အထက် လူကြီးများ၏ မတရား စေခိုင်း၊ အကျိုးမရှိသော လုပ်ရပ်၊ စစ်အာဏာကို တည်မြဲစေဖို့၊ ကိုယ်ကျိုး စီးပွားကိုသာကြည့်၊ တိုင်းသူပြည်သားများကို လိမ်လည် လှည့်ဖြားနေသော စစ်အာဏာရှင် အထက် လူကြီးများ၏ လူမဆန် စေခိုင်းမှုများကြောင့် ရှေ့တန်းထွက်ရသော စစ်သည်တို့မှာ ကိုယ့် အသက်ကို အကျိုးမရှိဘဲ အသက်ပေး ကျဆုံးလိုက်ရပြီဖြစ်ကြောင်း ရင်နာစရာ အလွန်ကောင်းစွာဖြင့် စုံစမ်း ဖေါ်ပြ လိုက်ရပါတယ်။ K.I.A ဘက်မှလည်း အနည်းဆုံး (၅) ဦး ဟာ တိုင်းပြည် အတွက်နှင့် ကိုယ့် လူမျိုးအတွက် ကိုယ့်အသက်ကို မနှမျောဘဲ အသက်ပေး ကျဆုံးသွားပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲများဟာ ဆက်လက် ဖြစ်ပွားလေ့ရှိပါတယ်။ 
 The Kachin Independence Army

လေးစားရပါသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ခင်ဗျာ… အသက်ကျဆုံးနေကြသော ရဲဘော်များနှင့် သူတို့၏ အိမ်သူအိမ်သားများကိုလည်း နဲနဲဘဲ ဖြစ်ဖြစ် ကိုယ်ချင်းစာကြည့်ပါလို့ ပြောချင်ပါတယ်။ ကိုယ်ရဲ့ ဇနီး၊ သားသမီး၊ ဆွေမျိုးများကို ထိခိုက်လာတဲ့အခါမှာ ကောင်းကောင်း ကာကွယ်နိုင်ဖို့ဘဲ အဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ..။ များမကြာမီမှာ စစ်တပ်ဘက်မှ ရှေ့တန်း ရောက်နေ သူများလည်း မှန်ကန်သော အသိတရားတွေကို သိလာပြီး အမှန်တရားကို ရပ်တည်ဖို့ရန် အဆင်သင့် ဖြစ်လာ ပါတော့မယ်…။

အောင်ဂျာယာန်ကျေးရွာမှာ တိုက်ပွဲဆက်ဖြစ်

တဆက်တည်းမှာဘဲ ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ K.I.A တပ်များနှင့် စစ်အာဏာရှင် အစိုးရတပ်တို့အကြား တိုက်ပွဲအဆက်မပြတ် ဖြစ်ပွားနေကြောင်း ရွားသားများထံမှ စုံစမ်းသိရှိရပါတယ်။ ယခုချိန်မှာ စင်ဘိုကျေးရွာဘက်တွင် စစ်အာဏာရှင် အစိုးရတပ်မှ စစ်အင်အား (၄၀၀) ကျော် စစ်ကူအဖြစ် ချီတက် လာနေပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

မြန်မာအစိုးရစစ်တပ်ထိုး စစ်ကြောင့် ဒေသခံများ ကစဥ့်ကလျား ထွက်ပြေး

|0 comments
Tuesday, September 27, 2011
လောလော လတ်လတ် စစ်ပြေးဒုက္ခသည်များ

K.I.A တပ်မဟာ (၄) နေရာသို့ စစ်အာဏာရှင် အစိုးရ စစ်တပ် အင်အား အလုံးအရင်းနှင့် ထိုးစစ် ဆင်မှုကြောင့် ယင်းနေရာ အနီးတွင် နေထိုင်သည့် ဒေသခံ ရွသူရွာသားများ ကစဥ့်ကလျားနှင့် စစ်ဒဏ်မှ လွတ်ကင်းရန် ထွက်ပြေး တိမ်းရှောင် နေရကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်ပြေ ဒုက္ခသည်များသည် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ရှိ ဘုရား ကျောင်းသို့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် (၁၁) နာရီတွင် စစ်ပြေး ဒုက္ခသည် (၅၀) ကျော် ခိုလှုံရန် ရောက်ရှိ လာကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်ပြေး ဒုက္ခသည် (၅၀) ကျော် ပန်ဆိုင်းသို့ ရောက်ရှိ လာသော်လည်း ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ပြေး ဒုက္ခသည် အများအပြားသည် ပန်ဆိုင်းသို့ ရောက်ရန် လမ်းခရီးတွင် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရဆဲ ဖြစ်နေကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

K.I.A တပ်ရင်း (၈) နေရာသို့ စစ်အာဏာရှင် အစိုးရမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်သည်အင်အား ထပ်မံ တိုးချဲ့ ထိုးစစ်ဆင်လာသဖြင့် နမ်ဆွမ်ကျေးရွာနှင့် အနား ပတ်ဝန်းကျင်ရွာမှ ရွာသူရွာသားများ အနေနှင့် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင် လိုသော်လည်း ကားလမ်း မပေါက်ခြင်း၊ ခြေလျင် ခရီးဖြင့် ပြေးပါကလည်း စစ်အာဏာရှင် အစိုးရ စစ်တပ် စစ်ကြောင်းထိုးရာ လမ်းပေါ်တွင် ရှိနေသဖြင့် ပြေးရန် နေရာမရှိဘဲ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ပိတ်မိကာ အခက် အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရှိရပါတယ်။

ပန်ဆိုင်း ဘုရားရှိခိုးကျောင်းနှင့် နမ်အွမ် ဘုရား ရှိခိုးကျောင်းတို့တွင် ရောက်ရှိနေသည့် စစ်ပြေး ဒုက္ခသည်များကို စစ်အာဏာရှင် အစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ကာ ၄င်းတို့၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက် သွားလာခွင့် မပြုကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

SIMSA KASA SHI GA (Journal)

|0 comments
Tuesday, September 27, 2011

K.I.A တပ်ရင်း (၉) မှာ တိုက်ပွဲပြင်းထန်

|0 comments
Tuesday, September 27, 2011

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နယ်မြေမှာ K.I.A တပ်ရင်း (၉) နှင့် စစ်အာဏာရှင် အစိုးရတို့ အကြား ဒီမနက် (၉) နာရီကနေ စတင်ပြီး ပြန်လည် တိုက်ပွဲ ဖြစ်ပွား နေပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ အခြေအနေ များကို ဆက်လက် စုံစမ်းပြီး တင်ပြသွားပါမယ်…။

တဆက်တည်းမှာဘဲ မနေ့က စက်တင်ဘာ ၂၆ ရက် ကျိန်းနမ့်တိုက်ပွဲတွင် K.I.A နှင့် စစ်အာဏာရှင်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ K.I.A ဘက်မှ တပ်ကြပ်ကြီး လဂျာ ဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေးသွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

တိုက်ပွဲများပြင်းထန်ဆဲ ကျဆုံးမှုများ

|0 comments
Tuesday, September 27, 2011
ရှေ့တန်းထွက်ရန် ပြင်ဆင်နေသော K.I.A စစ်သည်တော်များ

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ရှမ်းပြည်နယ်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အာဏာရှင် အစိုးရတို့အကြား (၃) ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲမှာ စစ်အစိုးရ ဘက်မှ (၁၀၀) ကျော် ကျဆုံး သွားပြီဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ ဦးရေမှာလည်း အလွန် များပြားကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A ဘက်မှာလည်း အနည်းဆုံး (၄) ဦး ကျဆုံး သွားပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲမှာ ရပ်နားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွား နေကြောင်း သေနတ်သံများ မဆဲသေးကြောင်း နီးစပ် သူများထံမှ စုံစမ်း သိရှိ ရပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲ အခြေ အနေများကို ဆက်လက် စုံစမ်း တင်ပြ သွားမှာ ဖြစ်ပါတယ်။

ရှမ်းတပ်မတော်မှ (၄) ဦးကျ

|0 comments
Tuesday, September 27, 2011
K.I.A တပ်မဟာ (၄) ဌာန ချုပ်

မနေ့က စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) နယ်မြေများမှာ ဖြစ်ပွားနေတဲ့ K.I.A နှင့် စစ်အာဏာရှင် အစိုးရတို့၏ တိုက်ပွဲမှာ K.I.A ဘက်မှ လာရောက် တိုက်ကူတဲ့ မျိုးချစ် ရှမ်းတပ်မတော်မှ စစ်သည် (၄) ဦး တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်အာဏာရှင်ဘက်မှာလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုဟာ များပြားလွန်းပြီး မြို့နယ် ကျေးရွာများမှ ဆေးခန်းများတွင် လူနာ အပြည့် ဖြစ်နေပြီး နေရာတွေတောင် မဆန့် တော့ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲများမှာ ဆက်တိုက် ဖြစ်ပွား လျက်ရှိကြောင်း စုံစမ်း သိရှိ ရပါတယ်။ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်….။

အပြစ်မဲ့ ပြည်သူပြည်သားများကို စစ်တပ်မှ ပစ်ခတ်နေ

|0 comments
Tuesday, September 27, 2011
စစ်အာဏာရှင် အစိုး၏ လဂျားယန် ရှေ့တန်းစခန်း (ဓါတ်ပုံ-ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား - လိုင်ဇာသွားရာ ကားလမ်း၊ လိုင်ဇာမုဒ်လုမ်မှ (၇) မိုင် ကွာဝေးသော လဂျားယာန် ကျေးရွာတွင် အခြေစိုက်တဲ့ စစ်အာဏာရှင် အစိုးရ စစ်တပ် ခလရ (၃၇) တို့ဟာ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ နေ့လည် ၁၂း ၃၀ နာရီ ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာ လုပ်တဲ့ အပြစ်မဲ့ ရွာသူရွာသားများကို သေနတ်ဖြင့် ပစ်ခတ်နေကြောင်း ယင်းကျေးရွာမှ စုံစမ်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ နမ်ဆန်ယာန် ကျေးရွာမှ မောင်ကျောင်ဖါ ထွယ်ဆန်အောင် (အသက် - ၁၅ နှစ်) နှင့် သူ့ရဲ့ သူငယ်ချင်း တို့ဟာ ဆိုင်ကယ်ဖြင့် ဖြတ်သွားခဲ့ရာ လဂျားယာန် ဘုန်းကြီး ကျောင်းအတွင်းမှာ နေရာယူထားတဲ့ စစ်အစိုးရတပ်ရဲ့ စစ်သားတို့မှ သေနတ်ဖြင့် (၁၀) ချက်ကျော် ပစ်ခတ်ခဲ့ရာ မောင်ထွယ်ဆန်အောင်ကို ဗိုက်မှာ ထိမှန်သွားပြီး သူ့သူငယ်ချင်း ဆိုင်ကယ်မောင်းသူ ကိုတော့ ခြေထောက်မှာ ထိမှန်သွားကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ယင်းနှစ်ဦးကို ယခုအချိန်တွင် K.I.A ဌာနချုပ် လိုင်ဇာ K.I.O မှ ဖွင့်လှစ်ထားသော ပြည်သူ့ ဆေးရုံတွင် ဆေးကုသ ခံယူ နေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင် အစိုးရ စစ်တပ် လဂျားယာန် စခန်းအတွင်းမှာ ရွာသား တစ်ဦးကိုလည်း ညှင်းပန်း နှိပ်စက်ပြီး သတ်ပစ် ထားကြောင်း အတည် မပြုနိုင်သေးတဲ့ သတင်းအရ စုံစမ်း သိရှိရပါတယ်။ ယင်းကျေး ရွာတွင် နေ့လည်ပိုင်း ၁း ၃၀ နာရီ ဝန်းကျင် မှာလည်းဘဲ ဖြတ်သွား ဖြတ်လာ ပြည်သူ ပြည်သား များကို စစ်တပ်တို့မှ သေနတ်ဖြင့် အပြစ်မဲ့ လိုက်လံ ပစ်သတ် နေသေးကြောင်း ရွားသား များထံမှ စုံစမ်း သိရှိရပါတယ်။ ဒီလိုမျိုး စစ်အာဏာရှင် အစိုးရတပ်မှ လူမဆန်စွာပြုမူ ကျင့်သုံးနေသော အပြစ်မဲ့ ပြည်သူပြည်သား များကို သေနတ်ဖြင့် လိုက်လံ ပစ်သတ် နေမှု တွေကြောင့် လဂျားယာန် ကျေးရွာမှ ရွာသူ ရွာသားများမှာ လိုင်ဇာ မုဒ်လုမ် ဘက်သို့ ခိုဝင် တိမ်းရှောင် လာနေ ကြကြောင်း မျက်မြင်များထံမှ ဆက်လက် စုံစမ်း သိရှိရပါတယ်။

ဒီလိုမျိုး စစ်အာဏာရှင် အစိုးရရဲ့ လူမဆန်သော လုပ်ရပ်တွေကို ကမ္ဘာက သိရှိဖို့ရန် အလွန် ကောင်းပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမဆို ကိုယ်အကျိုး မရရှိဘဲနဲ့တော့ အလကား ဝင်ဖြေရှင်း လာမှာ မဟုတ်တာတော့ အင်မတန် ဝမ်းနည်း စရာကောင်းပါတယ်။ တရုတ်၊ အိန္ဒိယ မပြောနဲ့ အင်အား အကြီးဆုံး၊ လူ့အခွင့်အရေးကို အလေးစားဆုံး ဆိုပြီး ကမ္ဘာပေါ်မှာ ကြွေးကြော်နေတဲ့ အမေရိကန် နိုင်ငံကြီးတောင် သူ့ရဲ့ အကျိုးစီးပွား မရရှိဘဲနဲ့ လေကုန်ခံ အချိန်ကုန်ခံပြီး ဘယ်တော့မှ ပါဝင်လာမှာ မဟုတ်ဘူးဆိုတာကို စစ်အာဏာရှင် အစိုးရတို့က ကောင်းကောင်းကြီး သိနေလို့ ဘယ်နိုင်ငံကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး..။ ဒီအချက် အလက်တွေကို ပြည်သူလူထုများက နားလည် သိရှိထားဖို့ အင်မတန် အရေးကြီးပါတယ်။

Monday, September 26, 2011

K.I.A နှင့် မြန်မာအစိုးရ စစ်တပ်တို့ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွား

|0 comments
Monday,September 26, 2011
 ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ခဲ့သော K.I.A တပ်ရင်း (၉)၊ တပ်ရင်း (၂) နေရာတွင် ဖြစ်ပွားသည့် တိုက်ပွဲများသည်  စက်တင်ဘာ ၂၆ ရက်နေ့ထိ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

စစ်အာဏာရှင် အစိုးရစစ်တပ်မှ ဒီမားကျေးရွာနှင့် ဒတ်နိုင်ကျေးရွာ တို့တွင် တပ်စွဲကာ လက်နက် ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ရုံသာမက စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် K.I.A တပ်ရင်း (၉) တို့ ယခင်နေရာ ယူထားသည့် နေရာထက် ပိုမြင့်သည့် တောင်ပေါ်သို့ ပြောင်းရွေ့ နေရာ ယူထားကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦးဟာ တိုင်းပြည်အတွက် အသက်ပေးသွား ခဲ့ပြီဖြစ်ကြောင်းနှင့် မြန်မာအစိုးရစစ်တပ်မှ အနည်းဆုံး (၁၀၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A တပ်ရင်း (၂)၊ တပ်ရင်း (၉) နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ ဦးရေ စုစုပေါင်း (၁၆၀) ကျော်ပြီ ဖြစ်ပြီး အသေအပျောက် နှုန်းကိုတော့ အတိအကျ ကြားသိရခြင်း မရှိသေးပါ။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်  စစ်ပြေးဒုက္ခသည် (၇၀) ကျော်ဟာ မှုဆယ်မြို့နယ်၊ နမ်တောင်း ကျေးရွာသို့ လာရောက် တိမ်းရှောင်နေပြီး အချို့မှာ  တောလမ်း ခရီးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်းစုံစမ်းသိရှိရပါတယ်။ မန်ဂျယ်ကျေးရွာ၊ ဒတ်နိုင်ကျေးရွာ၊ ဒီမား ကျေးရွာတို့မှ ရွာသူရွာသား များသည်လည်း ထွက်ပြေး တိမ်းရှောင် လိုသော်လည်း စစ်အာဏာရှင် အစိုးရစစ်တပ်မှ စစ်ဖြစ်ပွားနေသည့် ကျေးရွာမှာဘဲ အတင်းအဓ္ဓမ နေခိုင်းမှုကြောင့် အခက်အခဲ တွေ့နေကြကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင် အစိုးရမှ အသုံးပြု ပစ်ခတ်နေသော လက်နက်ကြီး ကျည်ဆံ

K.I.A တပ်မဟာ (၄) နေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် အလွန်ပြင်းထန်သဖြင့် ပြည်ထောင်စု အတွင်းဖြစ်ပွားသည့် တိုက်ပွဲများနှင့်မတူပဲ ကျူးကျော် လာသူ တိုင်းတပါးသားများနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအလား ထင်မှတ်မိကြောင်း ဒေသခံတဦးမှ ရင်ဖွင့်ပြောဆိုလာပါတယ်။

အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၇)၊ ခမရ (၅၂၂)၊ ခမရ (၅၆၇)၊ ခလရ (၂၄၃) တို့မှ စစ်သည်အင်အား အလုံးအရင်း (၅၀၀) ကျော် ဖြင့် K.I.A တပ်ရင်း (၂) သို့ ထိုးစစ် ဆင်လာကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။

လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့်  ကေအိုင်အေ တပ်ရင်း (၂) တို့မှာ ပိုမိုလ လုံခြုံသည့် နေရာသို့ ပြောင်းရွေ့နေရာ ယူထားကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ (၆၀) ကျော်ရှိပြီး မန်ဂျယ် ပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက် ဒဏ်ရာရရှိသည့် သတင်း ကြားသိရခြင်း မရှိသေးးကြောင်း ၊ အခြေအနေအရပ်ရပ်တို့ကို ဆက်လက် စုံစမ်းနေပါတယ်။

K.I.A တပ်မဟာ (၄)၊ တပ်ရင်း (၈) နေရာတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၂၄ ရက်၊ နံနက် ၈ နာရီခွဲ ၀န်းကျင်မှ စတင်ခဲ့သည့် တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် အစိုးရစစ်တပ် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၃၀)၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၂)၊ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခလရ (၆၉) နှင့် တပ်မ (၉၉) တို့နှင့် K.I.A တပ်ရင်း (၈) တို့အကြား မန်တုံမြို့နယ်၊ နမ်လတ် တောင်ပေါ်တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း စုံစမ်းသရှိရပါတယ်။

ယင်းတိုက်ပွဲတွင် ကေအိုင်အေဘက်မှ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်အာဏာရှင် အစိုးရ စစ်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ များသောကြောင့် နမ်တူမြို့နယ် ဆေးရုံသို့ ကားဖြင့် သယ်ဆောင် ကုသ ပေးနေ ရကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မတော်နှင့် စစ်အာဏာရှင်အစိုးရတို့၏ တိုက်ပွဲများမှာ နေရာ အနံ့အပြားတွင် ပြင်းပြင်းထန်ထန် စစ်အင်အား အလုံးအရင်းအသုံးပြုကာ စစ်ပွဲများဖြစ်ပွားနေရပါတယ်။ K.I.A တို့က အဓိကအားဖြင့် ပျောက်ကျား စနစ်ကို ဦးစားပေး အသုံးပြုကာ စစ်ပွဲများကို ဆင်နွဲသွားမှာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ “စစ်ပွဲဆိုတာ ဘယ်စစ်ပွဲမှ မကောင်းမှန်း သိပေမယ့် ယခုဖြစ်ပွားနေသော စစ်ပွဲဟာ မြန်မာ တနိုင်ငံလုံး အတိုင်းအသာ စစ်မှန်သော ဒီမိုကရေစီကို ရရှိဖို့ရန်နှင့် စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကင်းလွှတ်နိုင်ရန် နှင့် လွတ်လွတ်လပ်လပ် အသက်ရှင် သွားလာနိုင်ဖို့ရန် စသည်တို့ကို အဓိက ထားပြီး K.I.A တပ်မတော်တို့မှ တိုက်ပွဲ ဆင်နွဲနေရတာ ဖြစ်ပါတယ်။” ဟု K.I.A အထက်အရာရှိမှ ပြောကြားချက်ဖြစ်ပါတယ်။

K.I.A စစ်သည် (၁) ဦးကျဆုံး၊ (၁) ဦး ဒဏ်ရာရရှိ

|0 comments
Monday, September 26, 2011

ဒီနေ့ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ K.I.A စစ်တပ်တချို့ဟာ မြစ်ကြီးနား ဗန်းမော်လမ်း လဂျားယာန်ကျေးရွာကနေ မော်တော်ကားဖြင့် ဖြတ်လာခဲ့ရာ လဂျားယာန် အခြေစိုက်တဲ့ စစ်အာဏာရှင် အစိုးရတို့မှ ပစ်ခတ်ခဲ့ရာ K.I.A မျိုးချစ်စစ်သည် (၁) ဦးဟာ လူမျိုးနှင့် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရပြီဖြစ်ကြောင်း၊ နောက် (၁) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ကျဆုံးသွားသူကို ဦးခေါင်း၌ ထိမှန် သွားပြီး သူ့ရဲ့ အမည်ကိုတော့ မသိရှိရသေးပေမယ့် ဒဏ်ရာရှိသွားသော K.I.A မျိုးချစ်စစ်သည်မှာ ဗိုလ်လဖိုင်နော်အောင် ဖြစ်ကြောင်းနှင့် ခြေထောက်တွင် ထိမှန်သွားကြောင်းစုံစမ်း သိရှိရပါတယ်။ ယခုချိန်မှာ ဗိုလ်လဖိုင်နော်အောင်အား K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ K.I.A ဆေးရုံတွင် ကုသပေးနေကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

K.I.A တပ်ရင်း (၈) နယ်မြေမှာ တိုက်ပွဲဖြစ်ပွား

|0 comments
Monday, September 26, 2011
 
K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နှင့် စစ်တပ်တို့အကြား စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ မနက် ၈း၃၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ နေ့တွင်လည်း K.I.A နှင့် စစ်အာဏာရှင်အစိုးရ၏ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ( NE-RMC) လက်အောက်ခံ ခလရ (၁၃၀) ၊ (MOC – 1) လက်အောက်ခံ ခမရ (၅၀၂) ၊ MOC – 16 လက်အောက်ခံ ခလရ (၆၉) စစ်ကြောင်းများနှင့် K.I.A တပ်ရင်း (၈) တို့အကြား  မန်ဒုန်နယ်မြေ နမ်လေ့ တောင်မှာ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ အနည်းဆုံး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် စစ်တပ် ဘက်မှလည်း အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ကျဆုံးသောသူများလည်း ပါရှိကြောင်း၊ အခြေအနေ အသေး စိတ်ကိုတော့ မသိရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မဟာ (၅) နယ်မြေတဝိုက်မှာ တိုက်ပွဲပြင်းထန်

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၃) နယ်မြေမှာ K.I.A တပ်နှင့် စစ်အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရတပ် (N-RMC) အမှတ် (၁) စစ်ဦးစီးချုပ် ခင်မောင်ချိုကို ပို့ဆောင်တဲ့ စစ်တပ် (MOC – 21) လက်အောက်ခံ ဒေါ့ဖုန်းယာန်၊ နုမ်လန်ကျေးရွား အခြေစိုက် LIR (438) နှင့် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၃) တို့အကြား မနက် ၁၀း၄၀ နာရီ ဝန်းကျင်မှာ မဒီယန်အလွန် ကျနမ့်ဇွပ် တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းဗိုလ်မှူးချုပ် ခင်မောင်ချို ကိုလာကြိုတဲ့ စစ်တပ် မုန်မြစ်မုဒ်လွမ် အခြေစိုက် LIR (348) နှင့် နယ်မြေ လုံခြုံရေး ယူနေတဲ့ K.I.A တပ်ရင်း (၂၃) ရှေ့တန်း တို့အကြား နေ့လည်ပိုင်း ၁း၃၀ နာရီ ဝန်းကျင်မှာ နားလုန်ကျေးရွာ အနီးရှိ မုန်ဝူနယ်မြေတွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီစစ်ပွဲမှ နှစ်ဖက်စလုံးရဲ့ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းဆေးရှိနေပါတယ်။

ကျိန်းနမ့်ဇွပ်မှာ တိုက်ပွဲဖြစ်

|0 comments
Monday, September 26, 2011

ဒီနေ့ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ K.I.A အထူးကာကွယရေး တပ်ရင်းနှင့် K.I.A ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းပြီး စစ်အာဏာရှင် အစိုးရ စစ်တပ်ဖြစ်တဲ့ ခလရ (၃၇) ကို ဝိုင်းဝန်း တိုက်ခိုက်နေကြောင်း၊ ယခုချိန်ထိ သေနတ်သံတွေ မဆဲသေးကြောင်း ရွာသားများထံမှ စုံစမ်း သိရှိရပါတယ်။ နှစ်ဘက် စလုံးရဲ့ အခြေ အနေကို ဆက်လက် စုံစမ်းပြီး ဖော်ပြသွားပါမည်…။

ရှဒန်ပါမှာ တိုက်ပွဲဆက်ဖြစ်

|0 comments
Monday, September 26, 2011
ရှေ့တန်းနယ်မြေတစ်ခုမှာ K.I.A စစ်သည်နှစ်ဦး အခြေအနေကို အကဲခတ်ကြည့်ရှုနေစဉ်

ဒီနေ့ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ K.I.A နယ်မြေဖြစ်တဲ့ ရှဒန်ပါ မန်နောင်ကျေးရွာ ဘက်တွင် စစ် အာဏာရှင် အစိုးရဘက်မှ စစ်အင်အား တိုးများ လာနေကြောင်း၊ ယခုချိန်တွင် K.I.A တို့နှင့် တိုက်ပွဲ များစတင် ပစ်ခတ်နေ ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။ ချစ်ခင်လေး စားရပါ သော နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြကုန်သော ကချင်ပြည်သူပြည်သားများ အားလုံး အထူး ဆုတောင်း ကူညီနေဖို့ရန် အင်မတန် အရေးကြီးပါတယ်။

K.I.A တပ်မဟာ (၄) မှာ အဆက်မပြက် တိုက်ခတ်နေ

ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) နယ်မြေတွင် အခု ချိန်ထိ မရပ်မနားဘဲ တိုက်ပွဲဖြစ် ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ K.I.A တပ်ရင်း (၉) နှင့် (၂) တို့ကို လက်လွှတ် လိုက်တာမဟုတ်ဘဲ K.I.A စစ်ဌာနချုပ်ရဲ့ ညွန်းကြား ချက်အရ ခေတ္တ ခွာပေး လိုက် တာသာ ဖြစ်ပြီး ခွာစစ်အနေနဲ့ စစ်ဆင် လိုက်ခြင်း ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲ၏ အခြေအနေကို အဆက်မပြက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲများဟာ ပိုမိုပြင်းထန်လာမှာ သာဖြစ်တယ်လို့ K.I.A တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရပါတယ်။ K.I.A တို့အနေဖြင့် ပြောက်ကျား စစ်ဆင်ရေးကို ပိုမိုဦးစားပေး ခုခံတိုက်ခိုက်သွားမှာဖြစ်ကြောင်း ကိုလည်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

မြို့သစ်မှာတိုက်ပွဲဖြစ်

|0 comments
Monday, September 26, 2011

အင်မောက်ဇုံနယ် မြို့သစ်ကျေးရွာ အနီးမှ စစ်အာဏာရှင်အစိုးရရဲ့ Microwave တိုင်စိုက် ထူထားတဲ့ တောင်ကို မနေ့က စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ မှာ K.I.A တို့မှ သိမ်းပိုက်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ ဒါပေမယ် ယခုချိန်မှာတော့ စစ်တပ်ဘက်မှ စစ်အင်အား အမြောက်အများဖြင့် ယင်း နယ်မြေ တဝိုက်မှာ ရောက်ရှိနေ ပြီဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ဒီလို အခြေ အနေကို ကြည့်ခြင်း အားဖြင့် K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း ပြောနေကြပါတယ်။

စစ်အာဏာရှင်တို့မှာ စစ်အင်အား လက်နက်အင်အားများ အဆမတန်တိုးချဲ့လာနေ

ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို စစ်တပ်တို့မှ သိမ်းပိုက်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့မှ လူအင်အား လက်နက်အင်အား အဆ မတန် တိုးများ လာတဲ့အတွက် K.I.A စစ်ဌာနချုပ်ရဲ့ ညွန်ကြားချက်အရ နောက်ဆုတ်ပေးလိုက်တာဖြစ်ကြောင်း၊ ဒီတိုက်ပွဲတွင် K.I.A ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားပြီး K.I.A မျိုးချစ်စစ်သား (၂) ဦးကျဆုံး သွားပြီဖြစ်ကြောင်း ရှေ့တန်းနယ်မြေ K.I.A သတင်းအရစုံစမ်းသိရှိရပါတယ်။

ဒီစစ်ပွဲဟာ ပိုမိုပြင်းထန်လာမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင် တို့ဘက်မှာလည်း စစ်အာင်အား၊ လက်နက် အင်အား အဆမတန် အဆက်မပြက် ပို့လွှတ်နေကြောင်း စုံစမ်း သိရှိရပါတယ်။


K.I.A နှင့် စစ်အစိုးရတို့အကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မရပ်မနား တိုက်ပွဲများဖြစ်ပွားနေ

|0 comments
Monday, September 26, 2011


စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉)၊ (၈)၊ (၂) နယ်မြေမှာ K.I.A နှင့် စစ်အာဏာရှင်အစိုးရတို့ အကြား နေ့ည မပြက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာ ကချင်ပြည်နယ် K.I.A တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ လွယ်ဂျယ် ကျေးရွာနှင့် K.I.A တပ်မဟာ (၂) နယ်မြေများမှာလည်း ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်ဘက်မှ အကျအဆုံး များနေသောကြောင့် မြန်မာနိုင်ငံ အောက်ပြည်များမှ တပ်မ (၉၉)၊ (၆၆)၊ (၇၇) တို့နှင့် တခြားတပ်များလည်း စစ်ကူ အဖြစ် ချီတက်လာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A လွတ်မြောက်ရေး တပ်မတော်တို့မှလည်း ယခုချိန်ကစပြီး ပိုမိုဂရုစိုက် စစ်ပွဲများ ဆင်နွဲသွားမှာ ဖြစ်ကြောင်း K.I.A/ K.I.O အရာရှိများထံမှ စုံစမ်း သိရှိရပါတယ်။ ဒါ့ကြောင့် နိုင်ငံ ရပ်ခြားဒေသများမှာ ရောက်ရှိနေကြကုန်သော ချစ်ခင်လေးစားရသော ကချင် လူမျိုးများ မှလည်း တတ်နိုင်သမျှ အဘက်ဘက်မှ ပါဝင် ကူညီသွားကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်။

ကချင်ပြည်နယ် အောင်ဂျာယာန်မှာ စစ်တပ်ကို K.I.A မှ ဝိုင်းထား

တဆက်တည်းမှာဘဲ စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ အောင်ဂျာယာန်ကျေးရွာမှာ K.I.A အထူးတပ်ရင်းနှင့် စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား တိုက်ပွဲ ဖြစ်ပွား သေးကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်တပ်ဘက်မှ လက်နက်ကြီး မော်တာ များလည်း အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါပေမယ့် ယခုချိန်တွင် ယင်း စစ်တပ်ကို K.I.A အထူးတပ်နှင့် K.I.A ပြည်သူ့စစ်များပူးပေါင်းကာ ဝိုင်းရံပိတ်ဆို့ထားကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

မုန်မူမှာ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ နေ့လည်ဝန်းကျင်တွင် K.I.A နှင့် စစ်တပ်ဘက်မှ ခလရ (၃၇) တို့အကြား ရှဒန်ပါ နမ်ငေါင် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးမှ အခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိပါတယ်။

Sunday, September 25, 2011

K.I.A တပ်ရင်း (၉) နေရာသို့ မြန်မာအစိုးရ စစ်အင်အား အလုံးအရင်းဖြင့် ကျူးကျော်ထိုးစစ်ဆင်

|0 comments
Sunday, September 25, 2011
 
 စစ်ဖြစ်ပွားရာ နေရာ ဒေသ

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကေအိုင်အေ တပ်ရင်း (၉) နေရာဖြစ်သော ရှမ်းပြည်မြောက် ပိုင်းတွင် မြန်မာအစိုးရ စစ်တပ်မှ သတ်မှတ်ထားသည့် နေရာကို ကျူးကျော်ကာ စစ်သည် အင်အား ၂၀၀ ကျော်ဖြင့် ကျူးကျော်ထိုးစစ် ဆင်လာကြောင်းသိရသည်။

 အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ  ခလရ (၄၅)၊ ခလရ (၁၄၄)၊ ခလရ (၁၂၃)၊  နှင့် သိန္ဒီမြို့အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ  ခလရ (၆၈)၊ ခလရ (၆၉)၊ ခမရ (၅၀၇)၊ ခမရ (၅၂၂)၊ ခလရ (၂၄၂)၊ ခမရ (၅၆၇) နှင့် လားရှိုး အခြေစိုက် မစခ (၉၀၂) (အမြောက်တပ်ရင်း)  (၁) ရင်း  စုစုပေါင်း တပ်ရင်း (၁၀) ရင်းပေါင်းပြီး စစ်မျက်နှာသုံးခု ဖွင့်ကာ ထိုးစစ် ဆင်နေကြောင်း ရှေ့တန်း K.I.A အရာရှိများထံမှ စုံစမ်းသိရှိရတယ်။ စစ်မျက်နှာ (၂) ခုသည် K.I.A တပ်ရင်း (၉) သို့ ထိုးစစ်ဆင်ပြီး၊ စစ်မျက်နှာ (၁) ခုသည် ကေအိုင်အေ တပ်ရင်း (၂) ရှိရာသို့ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း စုံစမ်းသိရှိရပါတယ်။

မြန်မာအစိုးရစစ်တပ်များသည် မူဆယ်မြို့နယ် ဒီမားကျေးရွာနှင့် ကွတ်ခိုင်မြို့နယ် ဟိုဖျက် ကျေးရွာထဲတွင် တပ်စွဲကာ K.I.A တပ်ရင်း (၉) ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း ရှေ့တန်း K.I.A သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ကွတ်ခိုင်မြို့နယ် ဒတ်နိုင်ကျေးရွာတွင် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တွင် ထမင်းချက်နေသူ ပလောင်တိုင်းရင်းသူ တစ်ဦးသေဆုံးသွားကြောင်း ကျေးရွာရှိ သူ့အိမ်နီးနားချင်း ထံမှ စုံစမ်းသိရှိရပါတယ်။

ကေအိုင်အေ တပ်ရင်း (၂) နေရာဖြစ်သော ကွတ်ခိုင်မြို့နယ်၊ မန်ဂျယ်ကျေးရွာတွင် မြန်မာအစိုးရ စစ်တပ်မှ နေရာယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း စုံစမ်း သိရှိရပါတယ်။ ကျေးရွာသားများအား လူသား “ဒိုင်း” အဖြစ် အသုံးချခံရမည်ကို စိုးရိမ်သဖြင့် K.I.A မှ ပစ်ခတ်ခြင်းမပြုပဲ၊ ဘေးကင်းရာသို့ စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ (၃) နာရီခွဲ နောက်ဆုံးထားပြီး ပြောင်းရွေ့ပေးကြရန် အကြောင်းကြားခဲ့သည်။ သို့သော်လည်း ကျေးရွာအတွင်း ၀င်ရောက် နေရာယူထားသည့် မြန်မာအစိုးရ စစ်တပ်မှ ရွာသားများအား ရွာပြင်ထွက်ရန် အခွင့် မပေးကြောင်း၊ ရွာပြင်ထွက်ရန် ကြိုးစားသူကို ပစ်ခတ်သွားမည်ဟု  ပြန်လည် ခြိမ်းခြောက်ထားကြောင်း စုံစမ်း သိရှိရပါတယ်။ ထို့အပြင် မှုဆယ်မြို့နယ် ဒီမားကျေးရွာတွင်လည်း မြန်မာအစိုးရစစ်တပ်မှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်း စသည့် အရပ်ဖက် အဆောက်အဦများတွင် တပ်စွဲ ထားကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။

ယခုချိန်မှာ K.I.A နှင့် စစ်အာဏာရှင် အစိုးရတို့ အကြား ပြင်းပြင်းထန်ထန် အင်အားသုံးပြီး တိုက်ပွဲများ အဆက်မပြက် ဖြစ်ပွားလေ့ ရှိနေပါတယ်။ ယခုဖြစ်ပွားနေသော တိုက်ပွဲများမှာ စစ်အစိုးရတို့ က ရွာသူရွာသားများကို အကာအကွယ်ယူကာ အပြစ်မဲ့တဲ့ ပြည်သူလူထုကို စာနာစိတ်မရှိဘဲ ရွာထဲတွင် လက်နက်ကြီးများဖြင့် စည်းကမ်းမဲ့စွာ ပစ်သွင်းနေကာ ရွာသားများမှာ ကြောက်လန့်တုန်လှုပ် နေကြပါတယ်။ စစ်အာဏာရှင် အစိုးရ၏ သမ္မတ ဦးသိန်းစိန်ခင်ဗျာ.. ဒီလိုမျိုးလုပ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖေါက်ခြင်းဖြစ်တယ် ဆိုတာကို မသိယောင်ဆောင်နေတာဟာ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်ဖို့ဟာ မကောင်းပါဘူးဗျာ…။ နဲနဲလေးဘဲ ဖြစ်ဖြစ် လူစိတ်ကို မွေးထုတ်ပါလို့ ပြောချင်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းနှင့် လွယ်ဂျယ်တို့တွင် တိုက်ပွဲဖြစ်ပွား

|0 comments
Sunday, September 25, 2011
ရှ့တန်းထွက်သွားသော K.I.A စစ်သည်များ

စက်တင်ဘာလ ၂၄ ရက်နေ့မှာ K.I.A တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၈) နေရာဖြစ်သော  မန်တုံမြို့နယ်၊ နန်ဟိုင်းကျေးရွာအထက်ရှိ၊ ဒတ်လက်- လွိုင်ဆိုင် ကျေးရွာတွင် နံနက် ၈ နာရီခွဲတွင် K.I.A တပ်ဖွဲ့များနှင့် ကျောက်မဲမြို့နယ် အခြေစိုက် မြန်မာအစိုးရ စစ်တပ် အမှတ် (၁) စစ်ဆင်ရေး   ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၅၀၂) တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရ စစ်တပ်မှ (၇) ဦး ကျဆုံး သွားကြောင်း သိရသည်။  K.I.A စစ်တပ်တွင် အထိအခိုက်မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မဟာ (၃) လက်အောက်ခံ၊ လွယ်ဂျယ်မြို့အနီးတွင်လည်း K.I.A တပ်ရင်း (၁၆) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ၀ိုင်းမော်မြို့နယ်၊ ရွေညောင်ပင် အခြေစိုက် ခမရ (၃၂၁) တို့ ညနေ ၃ နာရီဝန်းကျင်တွင် မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။