Saturday, November 12, 2011

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်

|0 comments

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင် Click
" ၁၁၊ ၁၁၊ ၁၁” အခမ်းအနားများ ကျင်းပခဲ့တဲ့ နိုင်ငံတကာနဲ့ မြန်မာ Click

ဆဒုံးလဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များ ရောက်ရှိလာ

|0 comments
Saturday, November 12, 2011
ဆဒုံး - လဖိုင် သို့ ချီတက်နေတဲ့ စစ်အစိုးရ စစ်သားများ..

နိုဝင်ဘာလ ၁၂ ရက် ဒီမနက် အစောကြီးမှာဘဲ ကချင်ပြည်နယ် ဝိုင်းမော် - ကန်ပိုင်တီး လမ်းမကြီး ဆဒုံး - လဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များဟာ အင်အား အပြည့်နဲ့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း မျက်မြင်များမှ ပြောကြားလာပါတယ်။ “ဟုတ်တယ်..စစ်သားတွေက အများကြီးဘဲ… လက်နက် အပြည့်.. မြင်း တွေရောပါတယ်.. ကျနော် တွေ့တာတောင် အရောက် (၁၀၀) ကျော်မယ် ထင်တယ်.. စစ်တန်းက အရှည်ကြီးဘဲ.. ကျနော်တို့ အရမ်း စိုးရိမ်ပါတယ်.. စစ်အစိုးရမှ ရွာသားများကို ဖမ်းဆီးနှိပ်စက်မှာ နှင့် အမျိုးသမီးများကို အဓိမ္မကျင့်မှာကို စိုးရိမ်ပူပန်မိတယ်.. ကျနော်တို့ ကြားနေ ရပါတယ်.. တခြား ကချင်ရွာတွေမှာ ဒီမျိုးလုပ်ခံနေရတယ် ဆိုတာကို… ဒီအတိုင်း ဆိုရင်တော့ ဒီ လဖိုင်နှင့် အနီး တဝိုက် ကျေးရွာတွေမှာ စစ်ပွဲများ ပြင်းထန် လာမယ်ထင်တယ်.. ဒီနေရာတွေက K.I.A အတွက်လည်း အရေးပါတဲ့ နေရာဖြစ်လို့ပါ..” ဟုပြောကြားလာပါတယ်။ 
 ဝိုင်းမော် - ကန်ပိုင်တီ ကားလမ်းမကြီး အတိုင်း စစ်အင်အား တိုးချဲ့နေတဲ့ စစ်အစိုးရ စစ်တပ်

 ကချင် စစ်ပြေးဒုက္ခသည်များ Kachin Internally Displace People (Kachin IDPs)

စစ်အစိုးရ စစ်တပ်မှ စစ်အင်အားတိုးချဲ့လာမှုကြောင့် ဆဒုံးဘက်မှ ရွာသားများဟာ တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ဖို့ စီစဉ်နေကြသလို.. တချို့တော့ တရုတ်နယ်စပ်သို့ ရောက်ရှိနေပြီလို့ သိရှိ ရပါတယ်။ “ ကျနော်တို့ ထွက်ပြေးဖို့က တရုတ်နယ်စပ်ဘဲ ရှိတာဆိုတော့ အဲ့ဒီဘက်ဘဲ သွားရမှာပါ.. ဒါပေမယ့် အခက်အခဲကတော့ရှိပါတယ်… တရုတ်အာဏာပိုင်တွေက သိပ်လက်မခံ ချင်ကြဘူး.. အများကြီးလည်း.. တခါတည်း ဝင်လို့မရဘူး.. တအိမ်ထောင် နှစ်အိမ်ထောင်… ဒီလိုဘဲ ဝင်ခွင့် ပြုနေတယ်.. ကျနော်တို့ ရွာသူရွာသားများ အင်မတန် ဒုက္ခရောက်နေပါတယ်… ” ဟု ရွာသားတစ်ဦးမှ ပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲ များကို ရင်ဖွင့်လာပါတယ်။

W.P Moses

စစ်အစိုးရ စစ်တပ်က ဓာတုလက်နက်တွေ ပိုမို သုံးစွဲ

|0 comments
Saturday, November 12, 2011

မိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြုလာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
Kachin Independence Army (K.I.A)

အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို အသုံးပြုလာကြောင်း ကေအိုင်အိုက စွတ်စွဲထားပြီး စစ်အတွင်း ဓာတ်ငွေ့ကာ မျက်နှာဖုံးသုံးရန် တပ်သားများကို ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။

“တပ်ဖွဲ့တွေကတော့ ခလရ ၂၃၇ နဲ့ ခမရ ၃၂၀။ မနက် ၉နာရီခွဲလောက်မှာ တိုက်ပွဲက စတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတိုင်းမှာ တော်တော် များများ အဲလို လက်နက်တွေ သုံးကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေက အခါတိုင်း ရိုးရိုးပုံစံ ဖြစ်နေတော့ မာ့စ်က်တွေ တပ်မသွားဘူး။

ဗိုလ်ကလေး တစ်ယောက်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်တော့ နောက်တန်းကို ပြန်ပို့ထားတာ ရှိတယ်။ အခုတော့ ဖြစ်တဲ့ဖြစ်စဉ် သက်သေ ပစ္စည်းတွေကိုတော့ စုတော့ စုခိုင်းထားတယ်”

ဖကွန်းကျေးရွာဟာ ကေအိုင်အို တပ်မဟာ ၃ ဆန်ဂန် တပ်စခန်းရဲ့ အထက်ဘက်မှာ ရှိပါတယ်။

နှစ်ဘက်ရင်ဆိုင် တိုက်ပွဲမှာ ကေအိုင်အေ တပ်တွေ ရှိတဲ့ဘက်ကို ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေထဲမှာ အဲဒီ ဓာတုလက်နက်တွေ ပါလာတာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ကျည်ဆံ ကျတဲ့အခါ တခြား လက်နက်တွေလို အသံမြည်တာ မတူတဲ့ အပြင် မီးခိုးထွက်တာလည်း မတူဘူးလို့ သိရပါတယ်။ ဗိုလ်တစ်ယောက် အပါအ၀င် ရဲဘော် လေးငါးယောက်လောက်ဟာ မူးမေ့ အော့အန်ပြီး လမ်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီဓာတု အငွေ့တွေ ဒဏ်ခံနိုင်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကေအိုင်အိုက ရှေ့တန်း စခန်းတွေကို ဖြန့်ဝေထားတယ်လို့ ဦးလနန်က ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ၀ိုင်းမော် မြို့နယ် ဂါးရာယန်ကျေးရွာ အနီးမှာ ရှိတဲ့ လုံဇက်ကောင် ဆိုတဲ့ ခံစစ်ကုန်းကို အစိုးရတပ်က လက်နက်ကြီး အများအပြား ပစ်တဲ့ အထဲမှာ အလားတူ ဓာတုလက်နက်တွေ အသုံးပြုခဲ့တာကြောင့် အဲဒီတောင်ကုန်းကို ကေအိုင်အိုက ဖယ်ပေးလိုက်ရတယ် လို့လည်း သိရပါတယ်။

အခုလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် အစိုးရတပ်ဟာ ဓာတုလက်နက်တွေကို အရေးကြီးတဲ့နေရာကို ရွေးပြီးသုံးတာမဟုတ်ဘဲ ရှင်းလင်းရေးလုပ်တဲ့အခါမှာ သုံးချင်သလို သုံးနေတာဖြစ်တယ်လို့လည်း ဦးလနန်ကပြောပါတယ်။

အစိုးရတပ်က ဓာတုလက်နက် သုံးစွဲတဲ့ အဆင့် အထိ သူတို့ကို တိုက်ခိုက်လာတဲ့ အပေါ် ကေအိုင်အိုက ခုခံစစ်နဲ့ပဲ ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြောဆိုသင့်နေပြီလို့ ဦးလနန်က ဆက်ပြောပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်က လူအင်အား လက်နက် အင်အား အများအပြားနဲ့ ထိုးစစ်ဆင် နေရာမှာ ကား၊ ရထား စတဲ့ ထောက်ပံ့ရေးယာဉ်တွေနဲ့ တပ်တွေကို ကေအိုင်အိုက လမ်းကနေ ပျောက်ကြားနည်းနဲ့ ပိတ်ဆို့ တိုက်ခိုက် ခုခံနေတာ ဖြစ်ပါတယ်။

ဇော်ရှန်(wunpawng)

စစ်အစိုးရ စစ်တပ်မှ အလွန်အန္တရယ်များတဲ့ ဓါတုလက်နက် အသုံးပြုနေ

|0 comments
Saturday, November 12, 2011
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်ပြီး ဘာတွေပြန် အကြံထုတ်နေပြီလဲ...?

စစ်အစိုးရ စစ်တပ်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲနှင့် အင်တပ်ဘွမ် တိုက်ပွဲ ရှေ့တန်းနယ်မြေများတွင် နိုင်ငံတကာမှ တားမြစ်ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) ကို အသုံး ပြုခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက် ကနေ ယနေ့ထိ ဆန်ဂန့်အထက်မှာ ရှိတဲ့ ဖကောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်မှ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) များကို အသုံးပြုနေပါတယ်။ ယခု အသုံးပြုနေတဲ့ ဓါတုလက်နက် ဟာ အနံ့များ ထူးခြားတယ်လို့ ရှိုရှိုက်မိတဲ့ K.I.A စစ်သည်များမှ သိရှိ ရပါတယ်။ “အမြောက်ကျည်ဆံ ပေါက်ကွဲပြီးတာနှင့် အဲ့ဒီအငွေ့များဟာ တခြားနဲ့မတူဘူး.. တမူကိုထူးခြားတယ်.. ကျနော်တို့ အဲ့ဒီအငွေ့ကို ရှိုရှိုက်မိလိုက်တယ်..မကြာပါဘူး.. ခေါင်းတွေ မူးလာတယ်.. အော့အန် ချင်လာတယ်.. တကိုယ်လုံးလည်း ယားယောင်လာတယ်..လုံးဝကို မခံနိုင်ဘူး..” ဟု ပြောလာပါတယ်။

ဓါတုလက်နက် ဟာ အင်မတန်မှ အန္တရယ်များလွန်းပါတယ်..။ လူသာ မကပါဘူး..။ အဲ့ဒီဓါတ်ငွေ့များ အထိခံရတဲ့ အရာအားလုံးဟာ ပျက်ဆီးသွားနိုင်တဲ့ အဆိပ် ဓါတ်ငွေ့ ရှိပါတယ်။ ဒီဓါတုလက်နက် အသုံးပြုနေတာကို တားဆီးနိုင်ဖို့ဟာ ကျနော်တို့ ပြည်သူ ပြည်သားများသာ ဖြစ်ပါတယ်။ အားလုံး ဝိုင်းဝန်းပြီး ကာကွယ်တားဆီးကြပါစို့ လို့တိုက်တွန်း ချင်ပါတယ်။ ဓါတုလက်နက်ရဲ့ အန္တရာယ် ကြီးမား ပုံကို ဒီမှာ ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 W.P Moses

Friday, November 11, 2011

KIA soldiers wear cloth masks for protection against poison gas

|0 comments
 Friday, November 11, 2011

Troops of the Kachin Independence Army (KIA) are using cloth masks to cover their nose and eyes (not medical masks) for protection from the poisonous fumes of the chemical weapons being used by the Burmese Army in the ongoing civil war in the country’s northern Kachin State, said KIA.

It is meant to protect them from soft chemical weapons being used regularly by Burmese troops, who have launched a major military offensive against the KIA in Kachin State and Northern Shan State since June 9, said KIA officers of the 3rdBrigade, unwilling to be named.

Now after three days of fighting from November 9 in the areas between Nam Hpak Hka stream and Hpakawn Village near Taping (Dapein) dam in N’Mawk (Momauk) Township in Bhamo (Manmaw) district, Burmese Army troops have been firing mortar shells daily loaded with an unidentified poison gas, according to local villagers and KIA soldiers in the war zone.

When the KIA soldiers breathe in the red and white coloured smoke from the Burmese Army’s mortar, they fall unconscious and suffer continuous vomiting. Their vision is also being affected, said villagers and KIA soldiers, who were victims of the gas attack.

There were over 100 casualties among government troops in the three-day fighting with KIA troops of the 3rd Brigade, said KIA officers on the frontline.

No KIA soldier was killed in the fighting though over 10 KIA soldiers are sick after inhaling poison gas, said a KIA officer in the 3rd Brigade, who did not want to be named.

According to local people and KIA soldiers, government troops attacked the KIA with poison gas in war zones in Kachin State such as Ga Ra Yang, Lung Zep Kawng, Ntap Bum, Sang Gang, Shwe Nyaung Pyin and Hka Wan Bang.

Chemical weapons were also used in Northern Shan State when the Burmese Army launched an offensive on the KIA’s 4th Brigade in October, said KIA brigade officers.

From:KNG

A dozen Burmese Army soldiers killed in Northern Shan State

|0 comments
Friday, November 11, 2011
 
A KIA soldier who serves under Brigade 4 in Northern Shan State.

Over 12 Burmese Army soldiers were killed in clashes with the Kachin Independence Army (KIA) in Northern Shan State, said KIA officers.

The fighting occurred in areas of KIA’s Battalion 2 under the 4th Brigade in Kutkai Township, said KIA’s 4th Brigade officers.

A KIA officer was also killed in the fighting, confirmed a brigade officer to Kachin News Group.

Skirmishes are occurring daily between KIA and the Burmese Army in Northern Shan State after government troops captured Loikang, the KIA’s 4th Brigade headquarters in Kutkai Township on September 27.

From: KNG

ပြည်တွင်း စစ်ကြောင့် ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူလူထု

|0 comments
Friday, November 11, 2011

မြန်မာနိုင်ငံ ပြည်တွင်း စစ်ကြောင့် ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေကြရတဲ့ ကချင်စစ်ပြေးဒုက္ခသည်များ..


နေရာ ထိုင်ခင်းများလည်း ခက်ခဲ နေပါသေးတယ်...

အသက်နုနယ် ငယ်ရွယ်သေးတဲ့ ကျောင်းသား/သူ များနှင့် ကလေးငယ်များလည်း ဒုက္ခပင်လယ်များနဲ့ မကင်းလွတ်ရပါလား...


ကချင် စစ်ပြေးဒုက္ခသည်များ.. Kachin IDPs


စစ်အစိုးရ စစ်တပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ မီးရထား တိုက်ခိုက်ခံရ

|0 comments
Friday, November 11. 2011



နိုဝင်ဘာ ၁၀ ရက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊ ကချင်ပြည်နယ် နမ္မတီးနှင့် မရန့်အကြားမှာ စစ်အစိုးရ စစ်တပ်တို့ဟာ ယခုစစ်ဖြစ်နေတဲ့ နယ်မြေများနှင့် ကျေးရွာနေ ပြည်သူ လူထုများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ စစ်သုံး ပစ္စည်းများဖြစ်သော  လက်နက် ခဲယမ်းများနှင့် ဓါတုလက်နက်များပင် ပါဝင်နိုင်တဲ့ ပစ္စည်းများကို  မီးရထား တစ်စီးဖြင့် တင်ဆောင်လာခဲ့ရာ ယင်းမီးရထားကို K.I.A တပ်ရင်း (၁၁) တပ်ဖွဲ့တို့မှ ညသန်းခေါင်ယံ အလွန် အချိန်မှာ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ ယင်းနယ်မြေ တဝိုက် အနီးအနား များမှာလည်း တိုက်ပွဲငယ် အချိန်ပိုင်း ဖြစ်ပွားခဲ့သေးကြောင်း သိရှိ ရပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ နိုင်ငံတကာမှ တရားဝင် ပိပင်တားဆီးထားတဲ့ အဆိပ်ငွေ့ဖြစ်တဲ့ ဓါတုလက်နက် (Chemical Weapons) များကို အသုံးပြုနေ ပါတယ်။ ဓါတုလက်နက်ဟာ လူသားတွေအတွက် အင်မတန်မှ အန္တရယ် များလွန်းပါတယ်။

တာခေါရေအားလျှပ်စစ်အနီးမှာ တိုက်ပွဲဖြစ်

နိုဝင်ဘာလ ၉ ရက်နေ့ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နယ်မြေဖြစ်တဲ့ ဒွမ်ဘန်ကရုန်၊ ဆန်ဂန့်ကျေးရွာမှာ K.I.A တပ်များက ဗန်းမော်သို့ စစ်ကြောင်း ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းနယ်မြေဟာ စစ်စိုးရ စစ်တပ်တို့မှ K.I.A ကို လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ ယင်း တာခေါခ ရေအားလျှပ်စစ်နှင့် ဒွမ်ဘန်ကရုန် အားလုံးကို မရ ရအောင် လူအင်အား အသုံးပြုပြီး ယခုတဖန် ထူးစစ် ပြန်ဆင်လာတာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံး မှုရှိခဲ့ကြောင်း သိရှိရပါတယ်။

Burmese Army using Chemical Weapons

|0 comments
 Friday, November 11, 2011

 KIA soldiers unconscious after poison gas attack
 
 KIA troops paraded at Laiza headquarters on Revolution Day on February 5. Three Kachin Independence Army (KIA) soldiers were unconscious for half-a-day on Thursday after being attacked with chemical weapons by Burmese Army troops, said eyewitnesses.
Effects of Chemical Weapons

The KIA soldiers were unconscious till 10 p.m. from 10 a.m. Burma Standard Time after they were attacked by an unidentified poison gas by government troops, said KIA officers.

There was heavy fighting between the two sides on the KIA frontline post near Hpawmi Sa Ra from about 10 a.m. to 2 p.m. in N’Mawk (Momauk) Township in Manmaw (Bhamo) district in Kachin State, said local people.

Villagers in the KIA-controlled area of Law Dan in the fighting zone said, over 50 Burmese soldiers were killed and many were injured during the clashes with the KIA. The Burmese soldiers attacked the KIA with chemical weapons.

There were no casualties among KIA soldiers. The unconscious KIA soldiers were brought from the frontline after the fighting ended, said a KIA officer, not willing to be named.

The KIA post fell to the Burmese Army after they attacked it and their positions with heavy artillery, said villagers of Law Dan.

According to KIA soldiers on the frontline, the red and white coloured smoke billowed after mortar shells loaded with poison gas exploded.

Similarly, Burmese troops attacked the KIA’s Battalion 15 troops with chemical weapons in Hpakawn in Sang Gang near Taping (Dapein) Dam, where the government has started a new war with the KIA on June 9, said KIA frontline sources.

Many KIA soldiers on the frontline became unconsciousness, suffered from continuous vomiting and extreme weakness, added KIA frontline sources.

KIA leaders in Laiza headquarters said Burmese soldiers are using chemical weapons because the ground troops cannot overrun KIA’s strong defense.

from : Kachin News Group

India နိုင်ငံမှာ နေထိုင်သည့် ကချင်များ

|0 comments
Friday, November 11, 2011

အိန္ဒိယမှာ နေထိုင်ကြတဲ့ ကချင် အိမ်များဖြစ်ပါတယ်..


အိန္ဒိယနိုင်ငံမှ ကချင်ရွာလေးဖြစ်ပါတယ်..





ကချင်အိမ်လေးပါ..



 အိန္ဒိယ နိုင်ငံ ကချင်ရွာမှာ ကချင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု မနောပွဲတော်ကြီး ပြုလုပ်ကျင်းပဖို့ ပြင်ဆင်နေစဉ်..



 ကချင်လူမျိုးများရဲ့ ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ ယက်ကန်းလုပ်ငန်း



ဒီပုံလေးကတော့ အိန္ဒိယ နိုင်ငံ အင်းနော် (Innaw Ga) ဘက်က မနောတိုင်ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း ကချင်လူမျိုးများရဲ့  ပျော်ရွေ စွာ နဲ့ ကိုယ့်မြေ ကိုယ့်ဒေသ ဖြစ်တဲ့ ကချင်ပြည်နယ်မှာ မနောပွဲ ပြုလုပ် နိုင်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မြန်မာ စစ်အစိုးရရဲ့ မတရား ထိုးစစ်ဆင်မူ၊ လူ့အခွင့်ရေး ချိုးဖောက်မူ ၊ ဓာဓုလက်နက် အသုံးပြုနေမူများ .ဖြစ်ပွားနေပါတယ် ။ ...ကချင်ပြည်နယ် မှာ မနောပွဲ ပြု လုပ်နိုင်မှာ မဟုတ်တော့တဲ့ အတွက် အိန္ဒိယ နိုင်ငံ ကချင် ရွာလေးမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် ။

ခမ်းခမ်းနားနား ပြုလုပ်သွားမဲ့ ကျေးရွာရဲ့ နာမည်ဟာ တဲန်ခေါင်ဂါး (Teng Hkawng Ga) လို့ ခေါ်ကြ ပါတယ်။ ဒီရွာလေးဟာ အိန္ဒိယနိုင်ငံ အာရိုနာချာပြည်နယ် က ကချင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ အိန္ဒိယ ကချင် လူမျိုးများနေထိုင်တဲ့ ရွာလေးပါ ။

အဲ့ဒီကျေးရွာမှာတော့ ကချင်လူမျိုးဖြစ်တဲ့ လထော် (Lahtaw) အိမ်ထောင်မိသားစု အများဆုံး နေထိုင်တဲ့ အတွက် လထော်ရွာလို့ ခေါ်ရင်လည်း မမှားပါဘူး..။

ဇော်ရှန် (wunpawng)







တရုတ်-ကချင်ပြည်နယ် နယ်စပ်အခြေအနေ

|0 comments
Friday, November 11, 2011
တရုတ်နယ်စပ်တနေရာ

စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်တို့အကြား တိုက်ပွဲများ နေရာအနံ့မှာ ဖြစ်ပွားလျက် ရှိနေပါတယ်။ တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုများမှာ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ခံစားနေရပါတယ်။ တရုတ်ပြည်သို့ ခိုလုံဖို့ရန် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်များကို အာဏာပိုင် တရုတ်ရဲများမှ ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရတဲ့ ဒုက္ခ သည်များမှာ ပိုက်ဆံဖြင့် ပြန်လည် ရွေးယူနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့ အရှေ့ဘက် တရုတ်ဘက်ခြမ်း အင်ခွမ်ယာန် (Nhkum Yang) ကျေးရွာမှာ တရုတ် အစိုးရ စစ်ကားကြီး (၂) စီးဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်သားမပါဘဲ စစ်လက်နက်ပစ္စည်း အပြည့်တင်ကာ ရောက်ရှိနေကြောင်း ယင်းကျေးရွာ မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ဘာရည်ရွယ် ချက်ဖြင့် ရောက်ရှိနေသည် ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။ တရုတ်-ကချင်ပြည်နယ် နယ်စပ် လုံခြုံရေး အတွက် ဖြစ်နိုင်သလို၊ စစ်ရေး လေ့လာသူများက စစ်အစိုးရ စစ်တပ်ကို သွယ်ဝိုက်သော နည်းဖြင့် အကူ အညီ ပေးဖို့ ရန်လည်း ဖြစ်နိုင်ကြောင်း၊ အမျိုးမျိုး သုံးသပ် နေကြပါတယ်။ ဒီလိုဖြစ် လာမှုကြောင့် ပြည်သူ လူထုများမှာ ပိုမို စိုးရိမ်မကင်းမှုများနှင့် ကြုံတွေ့ ခံစားနေ ရပါတယ်။

W.P Moses
.

Thursday, November 10, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပတဲ့ ထိုင်းအခေါ် လွယ်ကထုံ ပွဲတော်

|0 comments
Thursday, November 10, 2011





ဆက်လက်ကြည့်ရှုရန်...

ဇခုန်းတိန်ယိန်း နှင့် လဆန်အောင်ဝါ ဦးဆောင် ပြီး နိုင်ဝင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လူထုရှင်းလင်းပွဲမှာ ဖတ်ပြသွားတဲ့ မူများထဲမှ ပြည်သူများရဲ့ အမြင်များ

|0 comments
Thursday, November 10, 2011

အချက်အလက် တချို့ကို ပြန်လည်တုန့်ပြန်တာ ဖြစ်ပါတယ်…

ဒီနေ့ ရောက်ရှိလာတဲ့ “မင်းတို့” ရပ်မိရပ်ဖ မျာနှင့် တွေ့စုံဖို့ လဆန်အောင်ဝါ ဟာ ငြိမ်းချမ်းရေးအဖွဲ့ တစ်ခုဖြစ်ပါတယ်။

    “လဆန်အောင်ဝါ ဟာ ငြိမ်းချမ်းရေး အဖွဲ့ ဆိုတာ ဘယ်ကငြိမ်းချမ်းရေး အဖွဲ့လဲ..? ကျနော်တို့ သိတာကတော့ လဆန်အောင်ဝါဟာ အာဏာလိုချင်၊ ကိုယ်ကျိုးကိုဘဲ ကြည့်ပြီး K.I.O/K.I.A မှ ခွဲထွက် သွားတဲ့ သစ္စာဖေါက် တစ်ယောက်သာဖြစ်ပါတယ်။ K.I.O ကို သစ္စာ ဖေါက်တယ်ဆိုရင် ဘာမှ မပြောချင်ဘာဘူး.. အခုတော့ ကချင်ပြည် သူလူထုကိုပါ သစ္စာဖေါက်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ကျိုး လောဘ တွေကြောင့် သူနေထိုင် အုပ်ချုပ်ခွင့်ရတဲ့ ကျေးရွာ နယ်မြေများမှ ကျေးရွာသူ ရွာသား များဟာ မျက်ရည်ကို ဒူးနှင့်သုတ်ပြီး ဖြတ်သန်းနေခဲ့ရပါတယ်။ ရိုးသားလွန်းတဲ့ ရွာသားများကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့် ငွေတောင်း အနုနည်း အကြမ်းနည်း နည်းမျိုးစုံဖြင့် နှိပ်စက် သွေးစုပ်နေတဲ့ အကောင်ဘဲ ဖြစ်တယ် ဆိုတာကို ခံစားခဲ့နေကြတဲ့ ပြည်သူများ အသိဆုံးဖြစ်မှာပါ။ ယခုလို ငြိမ်းချမ်းရေး အဖွဲ့လို့ သူ့ကိုယ်သူ ပြောနေတာဟာ နားရှိလို့သာ ကြားနေရပါတယ်။ ချစ်ခင်လေးစား အပ်ပါသော ပြည်သူများခင်ဗျား.. ရန်သူ ဆိုရင်တောင်မှ ကိုယ်ရဲ့ အနီးဆုံးမှာ ရှိတဲ့ ရန်သူဟာ အကြောက် ရဆုံး ဖြစ်ပါတယ်။ မိဘ ပြည်သူများ မှ ဆုံးဖြတ်ဖို့ ရန် အချိန်ရောက် ပါပြီ…”

ဒူဝါ ဆွမ်းလွတ်ဂမ်ဆိုင်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ဝိုင်းမော်..

    “ဂမ်ဆိုင်း ခင်ဗျား.. ကချင်ပြည်သူပြည်သားများမှ ရွေးကောက်တင်မြောက်လိုက်တဲ့ သူမဟုတ်ဘူး ဆိုတာကို ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်မှာပါ…။ ယခုလို ကချင်ပြည်နယ် လို့ အမည် သပ်လိုက်တာတောင် လွန်လွန်းပါပြီ..။ နင် တို့လို မျိုးချစ်စိတ်မရှိဘဲ ကိုယ်ကျိုးကိုသာ ကြည့်တဲ့သူတွေကို ဘယ်က ကချင်မှ မလက် ခံနိုင်ပါဘူး..။ တကယ်လို့ ကချင်သွေးစစ်ပြီး မှန်ကန်တဲ့ မျိုးချစ်စိတ် ရှိတယ်ဆိုရင် ဒီလိုမျိုး ပြည်သူလူထု မနှစ်သက်၊ မကြိုက်တဲ့ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်မှာ မဟုတ်ပါဘူး..။ အရင် တုန်းကတော့ တကယ် လေးစားမိခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားလမ်းကို မရပ်ဝံ့တော့တဲ့ အခုချိန်မှာတော့ အလွန်ကို ရွံမုန်းမိပါတယ် ခင်ဗျား…”

ဇခုန်းတိန်ယိန်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ တသီးပုဂ္ဂလ။

    “ဇခုန်းတိန်ယိန်းခင်ဗျား.. မင်းရဲ့ သမိုင်းအားလုံးကို ပြည်သူလူထု အားလုံး သိပါတယ်။ K.I.O/K.I.A မှ ခွဲထွက်သွားပြီး ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်ဖို့ အတွက် လက်နက်ကိုင် NDAK ဆိုပြီး ဖွဲ့ခဲ့တဲ့သူပါ။ ပထမတော့ ကွန်မြူနစ်ဆိုပြီး စတင်ဖွဲ့ခဲ့သူပါ..။ အဲဒီအချိန်တုန်းက ဆိုရင် ကွန်မြူနစ် နိုင်ငံတော်ကြီးဖြစ်တဲ့ တရုတ်မှ လိုလေသေး မရှိအောင် ကူညီထောက်ပံ့မှုများကို ခံစားရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ NDAK ကို သူတို့ရဲ့ လက်အောက်ခံ အဖြစ် အပြီး သိမ်းသွင်းလာမှုတွေကြောင့် ဇခုန်းတိန်ယိန်း ဦးဆောင်တဲ့ NDAK ဟာ ကွန်မြူနစ် ဆိုတဲ့ အသုံးအနှုန်းများ ပြန်လည် ပြောင်းလဲ ခဲ့တာဖြစ်ပါတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် ဇခုန်းတိန်ယိန်းဟာ ပြည်သူလူထု အတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာ တခုမှ မရှိပါဘူး..။ ဒီလိုမျိုး ပုဂ္ဂိုလ်ဟာ ပြည်သူကို ချစ်တယ်လို့ ပြောနေတာဟာ ဘယ်ပြည်သူတွေမှ အယုံအကြည်မရှိပါဘူး..။ ဘယ် သူတောင်းစားတောင်မှ မယုံကြည်ပါဘူး..။ ကိုယ်တိုင် ခံစားခဲ့နေရတဲ့ ပြည်သူပြည်သားများ အသိဆုံးဖြစ်မှာပါ…။ ဇခုန်းတိန်ယိန်း.. မင်းရဲ့ လုပ်ရပ်တွေကို ရပ်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ..။ မင်းလို လူမျိုး ရှိတာ ကျနော်တို့ ကချင်လူမျိုး၊ ကချင်ပြည် (နယ်) အရမ်း နစ်နာ နေတာတော့ မြေကြီး လက်ခတ် မလွဲပါဘူး ခင်ဗျား..”

လက်နက်ကိုင် စစ်ပွဲများကြောင့် ပြည်သူလူထု အကျိုး၊ နိုင်ငံတော် အကျိုး လုံးဝမရနိုင်.၊ လက်နက်ကိုင် စစ်ပွဲများကြောင့် ဆုံးရှုံး ပျက်ဆီးသွားမှုဟာ ရည်တွက်လို့ မကုန်နိုင်တော့ပါ.. ဒါကြောင့် လက်နက်ကိုင် စစ်ပွဲများကို ဝိုင်းဝန်း ရပ်နားကြပါစို့.

    “ဒီစစ်ပွဲကို ဘယ်သူက အရင်စမွေးခဲ့တာလဲ..ဆိုတာကို မင်းတို့ (ဇခုန်တိန်ယိန်း အဖွဲ့ နှင့် နယ်ခြားစောင့် လက်ခံထားတဲ့ အဖွဲ့အားလုံး) မသိကြဘူးလား..။ ညံ့လိုက်တဲ့ကောင်တွေ..။ နိုင်ငံရေး ဖြင့် ဆွေးနွေးမှု မရှိဘဲ ဒီစစ်ပွဲကို ရပ်ပြီး ဘာလုပ်မှာလဲ..? စစ်ပွဲဆိုတာ မကောင်းမှန်း ကလေးက အစ သိတယ်…။ မင်းတို့ ပြောစရာမလိုဘူး..။ လက်နက်ကိုင် စစ်ပွဲကြောင့် နိုင်ငံ အကျိုး၊ ပြည်သူ လူထုအကျိုး မရနိုင်ဆိုတာ ဘယ်လို သက်သေပြမလဲ..? လစ်ဗျားနိုင်ငံကို ကြည့်… လက်နက်ကိုင် တိုက်ပွဲကြောင့် ယခုဆိုရင် စစ်အာဏာရှင် မူမာကဒါဖီ လက်အောက်မှ တိုက်ခိုက်အနိုင်ယူလိုက်ပြီး ယခုအချိန်ဆိုရင် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံ တနိုင်ငံ မကြာခင်မှာ ဖြစ်လာတော့မှာပါ..။ အဲ့ဒါကို ဘယ်လိုပြောမှာလဲ..? ဇခုန်းတိန်ယိန်းရဲ့..။ ဦးသိန်းစိန် အစိုးရကို ယုံရင် အမှားကြီး မှားသွားမှာပေါ့…။ ဦးသိန်းစိန်ဟာ သူ ဝန်ကြီး ဘဝမှာ ကတည်းက K.I.A နှင့် ကချင်ကို အမြစ်ဖြတ် ချေမှုန်းရန် အမြဲပြောနေတဲ့ သူဖြစ်ပါတယ်။ ဒီလို စိတ်ရှိတဲ့ အကောင်တွေရဲ့ စကားကို နားထောင်ပြီး ဘာလုပ်မှာလဲ.. အကျိုးမရှိဘူး.. ယခု K.I.A ဝင်နေတဲ့ တိုက်ပွဲဟာ အမှန်ကန်ဆုံး လမ်းစဉ်ဘဲ.. ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် လုပ်ဆောင်နေတာပါ.. မကြာခင်မှာ ကျနော်တို့ နိုင်ငံ ရလာတော့မှာ ဖြစ်ပါတယ်.. အဲ့ဒီ အချိန် ကျမှ လေးစား ရပါသော ပြည်သူလူထုလည်း မဆုံးနိုင်တဲ့ တကယ့် ပျော်ရွှင် ခြင်းကို ထာဝရ ပိုင်ဆိုင် သွားမှာ ဖြစ်ပါတယ်..... ”

ချစ်ခင်လေးစားအပ်ပါသော.. ပြည်သူပြည်သားများခင်ဗျား… K.I.O/K.I.A ဟာ ပြည်သူလူထုရဲ့ ချစ်ခြင်း မေတ္တာကို လေးစားပြီး၊ ပြည်သူလူထု ဆင်းရဲ ဒုက္ခရောက်မှာကို မကြည့်ဝံ့တဲ့ အတွက်ကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ် တိုင်တိုင် စစ်အာဏာရှင် အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ထူးခြားလာမှု မရှိခဲ့တာကို ပြည်သူလူထု မျက်မြင် ကိုယ်တွေ့ဖြစ်ပါတယ်။ ကချင်ပြည်သူပြည်သားများ ပိုမို ဆင်းရဲ ဒုက္ခနှင့်သာ အသက်ရှင်လာ ခဲ့တာဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုရတို့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်း အမျိုးမျိုး၊ အမျိုးသမီးတွေ ဆိုရင် မဒိန်းကျင့်ခြင်း မြောက်များစွားကို လက်တွေ့ ခံစားခဲ့ကြ ရပါတယ်။ ဒါကြောင့် ယခု ချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။ အားလုံး ဝိုင်းဝန်းပြီး ကျနော် တို့ မျှော်လင့် တောင့်သ နေခဲ့တဲ့ ပန်းတိုင်ကြီး သို့ လျှောက်လမ်းကြပါစို့ လို့တိုက်တွန်း နိုးစော်လိုက်ပါတယ်..။

W.P Moses

အိန္ဒိယ အာဏာရ ကွန်ကရက်စ် ပါတီ၏ ဥက္ကဌ ဖြစ်လာမည့် ရာဟူးဂန်္ဒီ

|0 comments
Thursday, November 10, 2011

             အိန္ဒိယ နိုင်ငံရေး လောကမှာ အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့တဲ့ နေရူး-ဂန်္ဒီမျိုးဆက် ရာဟူး ဂန်္ဒီ ဟာ အာဏာရ ကွန်ဂရက်စ် ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက စနေနေ့မှာ ပြောကြားခဲ့ ပါတယ်။ သူဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း မိခင်ဖြစ်သူ ဆိုနီယာဂန်္ဒီ ရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

မိခင် ဆိုနီယာဟာ ကွန်ဂရက်စ် ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် (၁၉၉၈) ခုနှစ် ကတည်းက တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ အသက် (၄၁ ) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရာဟူး ကို ပါတီဥက္ကဋ္ဌ အဖြစ် လွှဲပြောင်းပေး ခြင်းဟာ ရက်သတ္တပတ် အားဖြင့် (၄) ပတ်ကနေ (၈) ပတ်ခန့်အထိ အချိန် ကြာမြင့် နိုင်ပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌ ဆိုနီယာကတော့ ပါတီကို လမ်းညွှန်မှုတွေသာ ပေးသွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရာဟူးလ် ဟာ ကွန်ဂရက်စ် ပါတီရဲ့ လက်ရှိဥက္ကဋ္ဌ ဆိုနီယာဂန်္ဒီနဲ့ (၁၉၈၄) ခုနှစ်မှ (၁၉၈၉) ခုနှစ်အထိ ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး (၁၉၉၁) ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန်္ဒီ တို့ရဲ့ သားပဲ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်နိုင်ငံ ကန်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဒဿနိကဗေဒ ဘာသာရပ် အထူးပြုနဲ့ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။

သူဟာ အိန်္ဒိယ နိုင်ငံကို (၂၀၀၂) ခုနှစ်အတွင်းက ပြန်လည်ရောက်ရှိ လာခဲ့ပြီး အဲ့ဒီ မတိုင် ခင်တုန်းက လန်ဒန်ရှိ စီမံခန့်ခွဲ မှုဆိုင်ရာ အကြံေ ပးအဖွဲ့ မော်နီတာ ဂရု(ပ်) မှာ ၀င်ရောက် လုပ်ကိုင်ခဲ့ ဖူးပါတယ်။ ရာဟူးဂန်္ဒီဟာ အိန္ဒိယနိုင်ငံရေး လောကကို (၂၀၀၄) ခုနှစ် အတွင်း မှာ ၀င်ရောက်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ် ကိုယ်စားပြု ပါလီမန် အဖွဲ့ဝင် တစ်ဦး အဖြစ်ရော ၊ ကွန်ဂရက်စ် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ်ပါ တာဝန်ယူထားသူ ဖြစ်ပါတယ်။

ရာဟူးဂနီ်္ဒ အခုလို ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အိန်္ဒိယ အစိုးရအတွင်း အပြောင်း အလဲတွေ ရှိနိုင်တယ်လို့ ကောလ ဟာလတွေ ထွက်ပေါ်နေ ပေ မယ့်လည်း လွှတ်တော် ခေါင်းဆောင် တွေကတော့ အစိုးရပိုင်းမှာ အပြောင်းအလဲ ရှိမှာ မဟုတ် ဘူးလို့ ပြောကြား ထားကြောင်း သိရပါတယ်။

ဇော်ရှန် (wunpawng)

စစ်အစိုးရ စစ်သားများ စိတ်ကြွဆေး တစ်မျိုးဖြစ်တဲ့ ယာမ မူးယစ်ဆေး အသုံးပြုနေ

|0 comments
Thursday, November 10, 2011
Kachin Independence Army

နိုဝင် ဘာလ ၉ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဗန်းမော် လွယ်ဂျယ် ကားလမ်း ခဝမ်ဘန်၊ လော်ဒန် အောက်မှာ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ 

ပါးစပ်က ဘုရား..ဘုရား..လက်က ကားယား..ကားယား ..ဘဲ ထင်ပါရဲ့..

စစ်အစိုးရ စစ်တပ်မှ အထက်လူကြီးမျးဟာ မိမိ စစ်သားများ တိုက်ပွဲကို ရဲရဲဝင့်ဝင့် တိုက်ခိုက်နိုင်ဖို့ အတွက် စိတ်ကြွှဆေး တစ်မျိုးဖြစ်တဲ့ ယာမကို စားစေပြီး စစ်ပွဲများကို ဝင်ခိုင်းနေကြောင်း သိရှိ ရပါတယ်။ ဒီစိတ်ကြွဆေး ယာမ ဟာ ကမ္ဘာက လိုက်လံ တိုက်ဖျက်နေတဲ့ မူးယစ်ဆေးဝါး တစ်မျိုး ဖြစ်သော်ငြားလည်း စစ်အစိုးရတို့ဟာ ယခုလို တရားဝင်အဖြစ် အသုံးပြုနေတာကို တွေ့မြင် နေရပါတယ်။


ကချင်ပြည်နယ် ရွှေညောင်ပင် ဂါးရာယာန် ဘက်မှာ K.I.A တပ်များနှင့် တိုက်ပွဲဝင်နေတဲ့ စစ်အစိုးရ စစ်သား များလည်း စိတ်ကြွဆေး တစ်မျိုးဖြစ်တဲ့ ယာမ ကို အသုံးပြုနေကြောင်း ယခုလို… “ဟုတ်တယ်..သူတို့ (စစ်အစိုးရ စစ်သားများ) ကို ကြည့်ရတာ တမျိုး ထူးခြားနေ သလိုဘဲ.. ပိုပြီးမှ ရဲတင်း လာ သလိုမျိုး တွေ့ရတယ်.. ဒါပေမယ့် တချို့ စစ်သားတွေ ကြတော့ ကြောင် သလိုလိုမျိုး ဖြစ်နေတယ်.. စိတ်ကြွဆေး ယာမ အနိတင် ပြေသွားတဲ့ အချိန်ထင်တယ်..” လို့ မြင်တွေ့ ခဲ့တဲ့ ဒေသခံမှ ပြောကြားလာပါတယ်။

တဘက်မှာ ဘာဘဲဖြစ်နေ ဖြစ်နေ တစ်ဖက်မှာလည်း နယ်ခြားစောင့်တပ်များလက်ခံ ထားတဲ့ ဇခုန်တိန်ယိန်း (NDAK) ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) နှင့် နယ်ခြားစောင့်တပ် လဆန်အောင်ဝါ (K.I.O ခွဲထွက် လဝါးယာန်) တို့ဦးဆောင်ကာ နိုဝင်ဘာလ ၉ ရက်နေ့ ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ  ဆရာဂွန်ရှောင် ပိုင်တဲ့ YMCA ခန်းမတွင် ပြည်သူ လူထု များကို တွေ့စုံ ဆွေးနွေးပွဲ တစ်ခုပြုလုပ် ခဲ့ပါတယ်။

W.P Moses

Wednesday, November 09, 2011

မြန်မာပြည်မှ အငြိမ်းစားများ လ စာ ထုတ်နေစဉ်...

|0 comments
Wednesday, November 9, 2011
မြန်မာပြည်မှ အငြိမ်းစားများ ပင်စင်ထုတ်နေစဉ် ။

ဇော်ရှန် (wunpawng)




Heavy battles raging on Waing Maw-Kampaiti road as Burmese Army prepares for a major offense  Click
ကချင်ပြည်သို့ တက်လာသည့် စစ်ကူ ယာဉ်တန်းအား ကေအိုင်အေ မှ တိုက်ခိုက်  Click





ဈေးဆိုင်များ မီးရှို့ဖျက်ဆီးနေခြင်း

|0 comments
Wednesday, November 9, 2011

ကဇူးကျေးရွာ..အဝင်တံတား

နိုဝင်ဘာလ ၈ ရက် မနေ့ညမှာ ကချင်ပြည်နယ် ဝါးရှောင်ကျေးရွာရှိ ပြည်သူလူထုရဲ့ ဈေးဆိုင် တချို့ကို ဆဒုံးဘက်သို့ စစ်ကြောင်း ဦးတည်နေတဲ့ စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ ဝူယန်ကျေးရွာမှာလည်း စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်ရင်းများ တိုက်ပွဲဖြစ် ပွားနေကြောင်း၊ ယင်းတိုက်ပွဲများတွင် လက်နက်ကြီးများ အသုံး ပြုနေကြောင်း မြစ်ကြီးနား မြို့ခံတစ်ဦးက အခုလို “ ဟုတ်တယ် တိုက်ပွဲတော့ ပြင်းတယ် ထင်တယ်.. ကျနော်တို့ မြစ်ကြီးနားမြို့ ကတာင် လက်နက်အသံတွေ ကြားနေရတယ် .. လက်နက်ကြီးဘဲ ထင်တယ်.. အကျယ်ကြီး ကြား ရတယ်..မနေ့ည ကပေါ့…” ဟု ပြောပြလာပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တနေရာ

လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စတင်ပြီး ၁၇ နှစ်တိုင် စစ်အစိုးရ စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့တာ ယခုဆိုရင် ၅ လ ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။  လစ်ဗျားနိုင်ငံကို ကြည့်ရင် လစ်ဗျား အာဏာရှင် ခေါင်းဆောင် မူမာကဒါဖီ ကို ဖြုတ်ချ ခဲ့တာ ၇ လ ကျော်ဘဲ တိုက်ပွဲ ဝင်ခဲ့ရပြီး အခုဆိုရင် ပြည်သူက ရွေးမြောက်မယ့် အစိုးရ အသစ် ပေါ်ထွက် လာတော့မှာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ နိုင်ငံလည်း အားလုံး စည်းလုံး ညီညွတ်မှု ရှိရင်တော့ ပြည်သူများ မျော်လင့်နေခဲ့တဲ့ လွတ်လပ်ပြီး  တရား မျှတတဲ့ နိုင်ငံတော် ဖြစ်လာမှာ သေချာပါတယ်။

W.P Moses

အလွန် အန္တရာယ်ရှိတဲ့ ဓါတုလက်နက်

|1 comments
Wednesday, November 9, 2011
 ဓါတုဓါတ်ငွေ့ ကြောင့် အပြစ်မဲ့တဲ့ ကလေးများ အတွက် အန္တရာယ်များလွန်းလှပါတယ်... 


စစ်အစိုးရ စစ်တပ်တို့မှ K.I.A နှင့် တိုက်ပွဲမှာ အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး UN နှင့် နိုင်ငံတကာမှ ပိတ်ပင်တားဆီး ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတု (Chemical Weapons) လက်နက်များကို စတင် အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

ဓါတု လက်နက် (Chemical Weapons) ဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ လက်နက် ဖြစ်လို့ UN နှင့် နိုင်ငံတကာမှ တရားဝင် ပိတ်ပင် တားဆီးထားခဲ့ တာဖြစ်ပါတယ်။ ဒီလက်နက်ဟာ လူမျိုးတုံး စေနိုင်တဲ့ လက်နက် ပစ္စည်းတစ်မျိုးလည်း ဖြစ်ကြောင်း နိုင်ငံတကာမှ အသိပေးကြေငြာ ထားပါတယ်။ ဒါကြောင့် ဓါတုလက်နက် အသုံးပြုတဲ့ နယ်မြေတွေမှာ နိုင်ငံတကာမှ လာရောက်စစ်ဆေးခွင့် ရှိပါတယ်။
ဘာမှ မသိတဲ့ ကလေးငယ်များဟာ ဆိုးကျိုးများကို ခံစားရကြပါတယ်..

စစ်အစိုးရ စစ်တပ်မှ ယခုလို ဓါတုလက်နက် (Chemical Weapons) အသုံးပြုလာတာဟာ K.I.A ကိုသာမက ပြည်သူလူထု၊ တရိစ္ဆာန် သတ္တဝါ နှင့် တောတောင် ရေ မြေ စသည်.. စသည်များကို ထိခိုက် ပျက်ဆီး နိုင်ပါတယ်။ ယင်း ဓါတု ဓါတ်ငွေ့ ကို ရှိုရှိုက်မိတဲ့သူတိုင်းဟာ မိမိရဲ့ အသက်၊ ဦးနှောက်၊ အသဲ၊ အဆုတ်၊ အသိညာဏ် ထိုင်းမိုင်းလာမှု၊ ကြောက်စရာကောင်းတဲ့ ရောဂါအမျိုးမျိုး စတဲ့ ဆိုးကျိုးတို့ကို ရရှိ လာမှာဖြစ်ပါတယ်။ ဓါတု ဓါတ်ငွေ့ကို ရှိုရှိုက်မိတဲ့ အမျိုးသမီး လေးတွေဟာ ဆိုရင် ကလေး မမွေးနိုင်တော့ဘဲ မြုံ သွားခြင်း စသည့် ဆိုးကျိုး မြောက်များစွာကို ရရှိခံစားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကလေးမွေးဖွား လာခဲ့ရင်လည်း အဂါင်္ချွတ်ယွင်းခြင်း၊ ခြေလက်မစုံခြင်း၊ ညာဏ်ရည်မမီခြင်း စသည့် မကောင်းတဲ့ ဆိုးကျိုး များသာ ခံစားလာမှာ ဖြစ်ပါတယ်။

 K.I.A နှင့် စစ်အစိုးရ စစ်တပ် တို့အကြား နေရာ အနံ့မှာ တိုက် ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့က စပြီး ဝိုင်းမော် ကန်ပိုင်တီ ကားလမ်း မကြီး အတိုင်း ဆဒုံးလဖိုင် ဘက်သို့ စစ်အစိုးရ စစ်တပ်တို့ဟာ စစ်အင်အား အပြည့်ဖြင့် ချီတက် သွားခဲ့ ကြပြီ ဖြစ်ပါတယ်။ ယခု ချိန်တွင် ဆဒုံး ကန်ပိုင်တီ လမ်းပေါ်ရှိ ဘွမ်တောင် နယ်မြေများမှာ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြင်းပြင်း ထန်ထန် တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ တရုတ်ပြည်ဘက်ကနေ ဝင်ပြီး ကန်ပိုင်တီ ဘက်ကနေ လဖိုင်ဆဒုံး သို့ရောက် ရှိလာမှာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ စစ်အင်အား တိုးချဲ့နေမှုကြောင့် ကျေးရွာနေ ရွာသားများမှာ အချိန်ပြည့် စိုးရိမ်မှုနဲ့ အသက် ရှင်သန်နေ ရပါတယ်။ ပြည်သူပြည်သားများမှာ စစ်အစိုးရ တွေရဲ့ ပေါ်တာဆွဲမှာကို တဖန်၊ ညှင်းပန်းနှိပ်စက် လာမှာကို တဖုံ၊ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်လာမှာကို တကျော့၊ အလွန် အန္တရာယ် များတဲ့ ဓါတုလက်နက် အသုံးပြုမှာကို တပြန် စသည် ..စသည် မြောက်များစွာသော စိုးရိမ် စရာများဖြင့် အသက် ရှင်သတ် နေကြရပါတယ်။

ယခုလို တိုက်ပွဲ ပြင်းထန်လာမှုကြောင့် အောက်တိုဘာလမှာ စစ်အစိုးရ စစ်တပ်တို့မှ အသုံးပြုခဲ့တဲ့ ဓါတု လက်နက်များ အသုံးမပြုနိုင်ဟု ဘယ်သူမှ ပြောလို့ မရပါဘူး..။ ဓါတုလက်နက်ရဲ့ အန္တရာယ် အလွန် များပြား မှုကြောက့် ဓါတုလက်နက် အသုံးပြုမှာကို ပြည်သူပြည်သားများမှာ ကြောက်လန့် စိုးရိမ် နေကြပါတယ်။

ဆက်လက်ဖော်ပြသွားပါမယ်…

W.P Moses





News Links

|0 comments
 Wednesday, November 9, 2011

Burmese Army-KIA clash for seven hours near Man Win Click
Burmese Army moves 120mm mortars closer to KIA key positions Click
ဝိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး Click
Myen dap ni Muk Chyik nawku jawng jahten, sara hpe rim Click






အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးကို လာမည့် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဆုံးဖြတ်မည်

|0 comments
 Wednesday, November 9, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးကို လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

'မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးကို ဒီလနိုဝင်ဘာ ၁၈ ရက်မှာ ဗဟို ဦးစီး အဖွဲ့ အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မှာပါ' ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီထိ နှစ်နာရီကြာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အစည်းအဝေးအပြီး ဦးအုန်းကြိုင် ကဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဦးစီးအဖွဲ့ ၁၂ဝ ကို လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ခေါ်ယူကာ အစည်းအဝေးလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီ ဗဟိုအလုပ် အမှုဆောင်များ ဖြစ်သည့်…

ဦးတင်ဦး -  ဒု-ဥက္ကဌ

ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှုး

ဦးဝင်းတင် - ဗဟိုအလုပ်အမှုဆောင်

ဦးသန်းထွန်း - ဗဟိုအလုပ်အမှုဆောင်

ဦးလှဖေ - ဗဟိုအလုပ်အမှုဆောင်

ဦးဟံသာမြင့် - ဗဟိုအလုပ်အမှုဆောင်

ဦးဝင်းမြင့် -  ဗဟိုအလုပ်အမှုဆောင်

ဦးအုန်းကြိုင် - ဗဟိုအလုပ်အမှုဆောင်

ဦးဥာဏ်ဝင်း - ဗဟိုအလုပ်အမှုဆောင်

ဒေါက်တာမေဝင်းမြင့် - ဗဟိုအလုပ်အမှုဆောင်

တို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်ရှန် (Wunpawng)
 
NLD Pati hpung ni ra lata poi lak mat tang shawn na hte ra lata poi shang n shang du na ra ai November shata praw 18 ya shani daw dan sana.

NLD hpung hku nna Ra Lata poi lak mat tang shawn na hte Ra Lata poi shang na lam hte seng nna du na ra ai November shata praw 18 ya shani daw dan sa wa na re lam NLD tsun ahkaw ahkang nga ai wa U Ong Kyai (ဦး အုန်းကြိုင်) kaw na tsun wa sai.

“Ra Lata poi shang lak mat tang shawn na lam hte Ra Lata poi shang na lam hte seng nna ndai shata November 18 ya shani NLD rung daju woi awn hpung zup hpawng galaw nna daw dan mat wa na re” nga nna lai mat wa sai November 8 ya shani jahpawt hkying 10 kaw na shani ka-ang 12 du hkra hkying hkum lahkawng na hkra Daw Aung San Su Kyi dum nta hta hpawng mat wa sai NLD ning gawn daju ni hpawng ai zup hpawn ngut ai hpang U Ong Kyai kaw na tsun wa sai.

Myen mung ting hta nga ai NLD daju rung lahta ning baw hpung 120 ni the rau du na ra ai November 18 ya shani shaga la nna ahkyak ai zup hpawng hpe galaw nna daw dan mat wa na lam hpe chye lu ai.

Lahta na zup hpawng hpe NLD ning gawn daju lahta salang ni rai nga ai…

ဦးတင်ဦး -  ဒု-ဥက္ကဌ

ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှုး

ဦးဝင်းတင် - ဗဟိုအလုပ်အမှုဆောင်

ဦးသန်းထွန်း - ဗဟိုအလုပ်အမှုဆောင်

ဦးလှဖေ - ဗဟိုအလုပ်အမှုဆောင်

ဦးဟံသာမြင့် - ဗဟိုအလုပ်အမှုဆောင်

ဦးဝင်းမြင့် -  ဗဟိုအလုပ်အမှုဆောင်

ဦးအုန်းကြိုင် - ဗဟိုအလုပ်အမှုဆောင်

ဦးဥာဏ်ဝင်း - ဗဟိုအလုပ်အမှုဆောင်

ဒေါက်တာမေဝင်းမြင့် - ဗဟိုအလုပ်အမှုဆောင်

Ndai ni shang lawm woi awn mat wa na re lam hpe sagawn chye lu ai.

Zau Shan (Wunpawng)




Tuesday, November 08, 2011

NLD မှတ်ပုံတင်/မတင် တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များ အစည်းအဝေးဖြင့် ၁၈ ရက်နေ့တွင် ဆုံးဖြတ်ချက်ယူမည်

|0 comments
Tuesday, November 8, 2011
ဇော်ရှန်(wunpawng)


ယနေ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ရာ အစည်း အဝေးတွင် ပါတီဒု ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးညဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့် ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဝင်းမြင့် တို့ တက်ရောက် ခဲ့ကြသည်။

ဆုံးဖြတ်ချက်အရ NLD ဗဟိုကော်မတီဝင်များ အစည်းအဝေးကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပါတီဗဟို ဦးစီး အဖွဲ့ဝင် (၁၀၆) ဦးနှင့် နိုဝင်ဘာလ ၁၈ ရက် အင်္ဂါနေ့ မနက်ပိုင်းတွင် အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက် ယူမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့  ရန်ကုန်မြို့ ရွှေတဂုံတိုင် လမ်းရှိ ရုံးချုပ်အစည်းအဝေးခန်းမတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
 
WPN

မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေး

|0 comments
Tuesday, November 8, 2011

ဇော်ရှန် (wunpawng)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန်

အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ် စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ် တို့သည် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ- အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိ ရပါသည်။

မြန်မာနိုင်ငံမှ ကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန် အဆင့်မြင့် အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခု တစ်ကြိမ်သည် ပထမဆုံး အနေဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ Eleven Mwdia Group တွင်ဖေါ်ပြခဲ့သည်။

ဆွေးနွေး မှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေး လုပ်ငန်းများ အပြင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

၇ ရက် ၁၁ လ ၂၀၁၁ ခုနေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သမ္မတ စီးပွားရေး အကြံပေး ဦးမြင့်နှင့် ချက်နိုင်ငံ အီးယူ ကိုယ်စားလှယ် Mr.David Lipman ဒေးဗစ် လစ်မန် တို့ ငွေကြေးဆိုင်ရာဖွံ့ ဖြိုးရေး အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

လူထုအော်သံ
WPN

စစ်အစိုးရ စစ်တပ်၊ K.I.A တိုက်ပွဲနှင့် ပြည်သူလူထု များရဲ့ အခြေအနေများ

|0 comments
 Tuesday, November 8, 2011

နိုဝင်ဘာ ၂ ရက်
အောက်တိုဘာ (၃၁) ရှမ်းပြည်မြောက်ပိုင်း မုံပေါ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား အချင်းချင်း ပစ်ခတ်လာရန်အတွက် စစ်အစိုးရတပ်မှ KIA ၀တ်စုံ ၀တ်ဆင်ထားတဲ့ စစ်အစိုးရ စစ်သား ၁၀ ဦးခန့်တို့ဟာ  ပြည်သူ့စစ်တပ် စခန်းအနီး ဟန်ပြ ချဉ်းကပ် လာသည်ဟု သိရသည်။

“အချင်းချင်းပစ်ခတ်ကြဖို့အတွက် လမ်းစဖော်ပေးနေတာ” ဟု မုံပေါ်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ လက်ခံတဲ့ ကချင်ခေါင်းဆောင်တချို့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ KIO ကို စာပို့

ကချင်အမျိုးသား အချင်းချင်း သတ်ဖြတ်ပြီး သမိုင်းမှာ အကျည်းတန်တဲ့ ကိစ္စတွေ ကျန်ရစ်မှာကို မလိုလားကြောင်း နယ်ခြားစောင့် တပ်ဖွဲ့၊ ပြည်သူ့စစ်အဖြစ် လက်ခံလိုက်တဲ့ ကချင်အဖွဲ့ ခေါင်းဆောင် ၉ ဦး က KIO ဗဟိုကော်မတီကို အောက်တိုဘာလ ၂၈ ရက် ရက်စွဲနဲ့ စာတစ်စောင် ပို့လိုက်ပါတယ်။

ဒီစာကို ဦးစခုန်တိန်ယိန်း၊ ဦးရခွီဖုန်၊ ဦးလဆန်အောင်ဝါ၊ ဦးတီခွန်မြတ်စတဲ့ KIO က ခွဲထွက် ခေါင်းဆောင်တွေ အပါအဝင် ၉ ဦးက လက်မှတ်ရေးထိုး ပေးပို့လိုက်တာပါ။

KIO က တန်းတူရေး ဆွေးနွေးလိုချိန် အစိုးရက အပစ်ရပ်လို

"ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုတဲ့နေရာမှာ အစိုးရဘက်က အပစ်အခတ် ရပ်ဆိုင်းရေးကိုပဲ ဆွေးနွေးတယ်။ ဒီအပစ်အခတ် ရပ်ဆိုင်းရေးလုပ်မယ်ဆိုရင် လွန်ခဲ့တဲ့ (၁၇) နှစ်ကာလ ပုံစံအတိုင်းပဲ ဆက်သွားမှာပဲ။ ဒါကြောင့် ကျနော်တို့ အမြဲတမ်း နိုင်ငံရေး ဆွေးနွေးမှု ဆိုတာကို ပြောဆိုနေတဲ့အဖွဲ့ဖြစ်တယ်။" ဟု ဦးလနန်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က တတိယ အကြိမ်မြောက် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပြီးနောက် သဘော တူညီမှုမရဘဲ ရပ်ဆိုင်းသွားခဲ့သည်။

“နိုင်ငံရေးဆွေးနွေးမှုဆိုတဲ့နေရာမှာ ပြည်ထောင်စုအရေးပါ။ တိုင်းရင်းသား အရေး၊ ဒီမိုကရေစီရေး၊ တန်းတူ အခွင့်အရေး ဆိုတာလည်းပါမယ်။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်တွေ အားလုံးပါမယ်။
ဒါကြောင့် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို ကျနော်တို့ လိုချင်တာပါ၊ နိုင်ငံရေး အနစ်သာရ ရှိရှိ ဆွေးနွေးတာ ဖြစ်စေချင်တယ်”ဟု ဦးလနန်က ပြောသည်။

သြဂုတ် ၁၈ ရက်နေ့ကက သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းအလိုက် ပြည်နယ် အစိုးရ အဖွဲ့နှင့် ဆွေးနွေးနိုင်သည်ဟု ထုတ်ပြန်ကြေညာလိုက်ပြီးနောက် “ဝ”  ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မိုင်းလား အဖွဲ့တို့နှင့် ဗဟိုအစိုးရတို့ ပမာဏ သဘောတူညီချက် ရခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်၊ မွန်ပြည်သစ်၊ ကရင်အမျိုးသား အစည်းအရုံးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံးတို့နှင့် အောက်ခြေ အဆင့် ဆွေးနွေးခြင်းနှင့် ဆွေးနွေးရန် ကြိုးပမ်းနေမှုများ ရှိလာခဲ့သည်။

“တခြားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာကတော့ အပစ်အခတ် ရပ်ဆိုင်းရေးဆိုတဲ့ လက်မှတ်တခု ရေးထိုးနိုင်ဖို့ သူတို့ ကြိုးစားတာပါ။ ဒါဟာ အမှန်တကယ် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မဟုတ်ပါဘူး၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုကို ဘယ်လို စလုပ်မယ်ဆိုတာသာ ပိုပြီးအရေးကြီးတယ်”ဟု ဦးလနန်က မဇ္စျိမကို ပြောတယ်။

အင်္ဂါနေ့က  မြစ်ကြီးနား-ဗန်မော်လမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့များနှင့် KIO တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ လေး နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။ အလားတူ ဗန်မော်ခရိုင် မိုးမောက်မြို့နယ် ခဝန်ဘန်ကျေးရွာ အနီးတွင်လည်း ငါးနာရီခန့်ကြာ တိုက်ခိုက်ကြသေးသည်။

နိုဝင်ဘာလ ၃ ရက်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားလိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းမှ စတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူ တဦးက ပြောသည်။

“လိုင်းကြိုးတခု ပြတ်သွားတယ်။ ဒီနေ့သွားပြင်တာ မရသေးဘူး။ တပတ်လည်း ကြာသွားနိုင်တယ်”ဟု ဘူးဂါးကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။

   “ မီးကြိုးကို ကျည်နဲ့ ပစ်ဖြတ်ခဲ့တယ်။ နောက်မီးကြိုး ပျက်တာကလည်း အစိုးရထိန်းချုပ်တဲ့ လုန်ဇက်ကုန်းပေါ်မှာ ပျက်သွားတာ။ ဒါကြောင့် မနေ့ညက တပ်မတွေကို ရှေ့တန်းကို ပို့တယ်။ အချိန်အတိုအတွင်းမှာ သူတို့ တပ်တွေ တိုးချဲ့တယ်” ဟု ဦးလနန်က ပြောသည်။

၂ဝဝ၆ ခုနှစ်မှစတင်၍ KIO ပိုင် ဘူးဂါးကုမ္ပဏီက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ နှစ်ခုတွင် လျှပ်စစ် ဓါတ် အားပေးနေပြီး ဒဘတ်ချောင်း ရေအားလျှပ်စစ်ရုံမှ လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ်ကို ဖြန့်ဖြူး ပေးနေခဲ့သည်။


အစိုးရ နိုင်ငံရေးအမြတ်ထုတ်ဟု KIO စွပ်စွဲ

“နိုင်ငံတကာက သံတမန်ကိစ္စတွေ၊ ပုဂ္ဂိုလ်တွေ ရောက်နေကြတယ်။ ဒီလိုမျိုး စောင့်ကြည့်နေတဲ့ အချိန်မှာ သူတို့က လက်နက်ကိုင် အင်အားစုတွေ အားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် ဆိုတဲ့ အနေနဲ့ ဟန်ရေးပြပေါ့ဗျ။ သံတမန်ရေး မှာ အမြတ်ထုတ်ဖို့ လုပ်တဲ့ကိစ္စလို့ပဲ လုံးဝခိုင်ခိုင်မာမာ သုံးသပ်တယ်ခင်ဗျ။”  ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

KIO ထံ စာမပေးပို့မီ တရက်အလိုကပင် မြစ်ကြီးနားမြို့တွင် စစ်ဘက်လုံခြုံရေး-စရဖ က ကြိုတင် သတင်းဖြန့်ထားခဲ့ သည်ဟု ဆိုသည်။

ကချင်ဒေသ ရှေ့တန်း နယ်မြေထဲသို့ အစိုးရတပ် စစ်ကူများ ထပ်လွှတ်ရာ ဗုဒ္ဓဟူးနေ့ ညသန်း ခေါင်က မြစ်ကြီးနားသို့ ရောက်ရှိလာပြီး တိုက်ပွဲကြီးများဖြစ် လာနိုင် သည်ဟု ဦးလနန်က မျှော်လင့်နေသည်။

၁၉၉၄ ခု KIO အပစ်ရပ်စဉ်က နယ်မြေအတွင်းမှ ထွက်ခွာ သွားရသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF နှင့် KIO က ပြန်လည် ပူးတွဲ လှုပ်ရှားမည် ဖြစ်သည်ဟု ဆိုသည်။

KIO အဖွဲ့ ဥက္ကဌ၏ နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်ကြားစာ၌မူ အပစ်ခတ် ရပ်ဆဲရေး မပြောတော့ဘဲ “ပြည်တွင်း စစ်နှင့် တိုင်းရင်းသား အရေးဖြေရှင်း နိုင်ရန် တန်းတူရေး ကို အခြေ ခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု များဖြင့် အစပြုသင့် ပါသည်။” ဟု ရေးထားသည်။

ဦးလနန်က “ပစ်ခတ်ရင်းနဲ့လည်း ဆွေးနွေးကြမယ်။ အပစ်ရပ်ဆိုင်းရေးလုပ်ပြီးမှပဲ ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် အာမခံချက် မရှိတဲ့ ကိစ္စလို့ ကျနော်တို့ ပြန်သုံးသပ်မိတယ်လေ။” ဟုဆိုသည်။

“ကျနော်တို့ရဲ့ တွေ့ဆုံမှုကိစ္စတွေကြောင့် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ABSDF အပေါ်မှာ အရင်တုန်းက လို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုး ပေါ်လာစရာ အကြောင်းမရှိဘူး။” ဟု ဦးလနန်က ပြောသည်။


အောက်တိုဘာလအတွင်းက KIO ထိန်းချုပ်နယ်မြေအနှံ့ တိုက်ပွဲပေါင်း ၁၆၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗဟိုဌာနချုပ် စိုက်သည့် တပ်မဟာ-၅၊ တပ်မဟာ-၃ မိုးမောက်မြို့နယ်၊ တပ်မဟာ-၄ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင် တို့တွင် တိုက်ပွဲများ အဖြစ်များသည်ဟု သိရသည်။

အစိုးရက ကေအိုင်အိုကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း

စစ်မက်အပြင်းအထန် မပေါ်ပေါက်မီ ငြိမ်းချမ်းရေးပြုလုပ်ဖို့ ဦးဇောင်းဟရား အနေနဲ့ ဦးသိန်းဇော်နဲ့ လက်တွဲဆောင်ရွက်ဖို့ စာမှာ ကမ်းလှမ်းခဲ့တာလို့ K.I.A ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

 “သူရေးထားတာက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ရေး ဆိုပြီး ရေးထားတယ်။ အမှန်တကယ် ကျနော်တို့ ဒီအဖွဲ့အစည်းကတော့ ပြည်နယ်အဆင့်တွေနဲ့တွေ့တာ သုံးကြိမ်ရှိသွားပြီ။ ဒါပေမယ့် ဘာမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခုကိုမှ အကောင်အထည် ပေါ်လာတာမျိုး ဆုံးဖြတ်ချက် ချနိုင်တာမျိုး မရှိသေးဘူး။ ဒါက ဦးသိန်းဇော်ရေးလာတဲ့စာပါ။

“အဲ့လို စာရေးလာတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဦးသိန်းဇော်ကို စာပြန်ကြားလိုက်တယ်။ အဲဒီစာကတော့ ကျနော်တို့ ကေအိုင်အိုရဲ့ သဘောထားပါပဲ။ အဲဒီထဲမှာပါတဲ့ အကြောင်း အရာတွေကတော့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့နဲ့ တန်းတူအရေးကို  အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်သင့်တယ် ဆိုတဲ့ဟာကို ကျနော်တို့ အကြံပြုထားတယ်။ နောက်တခုကတော့ အခုနိုင်ငံတော်အစိုးရ အသစ်အနေနဲ့ လက်ရှိဖြစ် ပွားနေတဲ့ ပြည်ထောင်စု အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးများကို နိုင်ငံရေး အရ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း၊ ခိုင်ခိုင်မာမာ ဖော်ပြပြီးတော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆို တဲ့အကြောင်း အဲဒါက ကျနော်တို့ အကြံပြုတဲ့ အချက်တွေပါ။

 “ပြည်တွင်းမှာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ကာလကြာရှည်မယ်၊ ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကလည်း မရဘူး။ ဒါကတော့ နိုင်ငံရေးနဲ့ မဖြေရှင်းတဲ့ အတွက်ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေပါ။ နောက်ဆုံးတခုကတော့ ဒီပြည်ထောင်စု အရေး ဆိုတာက တိုင်းရင်းသားအရေး၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့အရေး ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်း တရားများကို သေချာစွာ သုံးသပ်ပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကို ပြည်ထောင်စုအဆင့် တပြေးညီ ဆောင်ရွက်သင့်တဲ့ အကြောင်းကို ပြန်ကြားထားတယ်။”

အောက်တိုဘာလ “ ၂၉ ရက်နဲ့ ဦးသိန်းဇော် ရေးတဲ့ ပေးပို့တဲ့နေ့မှာပဲ ကျနော်တို့ရဲ့ ကချင်ဒေသ ရှေ့တန်းတွေမှာ သူတို့ chemical weapon (ဓာတုလက်နက်) စပြီး အသုံးပြုလာတယ်ခင်ဗျ။ ၂ နေရာ ၃ နေရာလောက် စပြီး အသုံးပြုလာတယ်။ နောက်ပြီးတော့ သူရေးသားပေးပို့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ မကွေးမှာရှိတဲ့ တပ်မ ၈၈ ကို စပြီးတော့ ကချင်ပြည်နယ်ကို လွှတ်နေကြပြီ။

“ဒါပေမယ့် အဲဒီစာရေးပေမယ့် တဖက်မှာ စစ်ရေးအနေနဲ့ တပ်တွေ၊ တပ်မတွေ လွှတ်နေတာ ရှိတယ်။ အခု တပ်မ ၇၇ လည်း သူတို့ လိုအပ်ရင် လိုအပ်သလို ဒီဘက်တက်လာ အစီအစဉ် အဆင်သင့် လုပ်နေတယ်လို့ အခိုင်အမာ သတင်း ရတယ်ခင်ဗျ။ ဒါကြောင့်မို့ သူတို့ လုပ်တဲ့ ကိစ္စက ဘာလဲဆိုတော့ အမှန်တကယ်လည်း နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဆန္ဒလည်း မရှိဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စလည်း သူတို့ အပေါ် ယံပြောနေတာ ဖြစ်တယ်။ တဖက်မှာတော့ စစ်ရေးပြင်ဆင်မှုတွေ နောက် ဓာတုလက်နက်သုံးလာတဲ့ ဟာတွေက အရှိန်မြှင့်လာ တယ်ခင်ဗျ။ ဒါကြောင့် သူတို့က သူတို့ရဲ့စာ ပေးပို့တဲ့ အပေါ်မှာ ဘာမှ မျှော်လင့်ချက်ကတော့ မရှိပါဘူး။ မျှော်လင့်စရာလည်း ဘာမှ မရှိပါဘူးခင်ဗျ။ သူတို့ရဲ့တပ်တွေ လှုပ်ရှားမှု ရှိတဲ့အခါတိုင်းမှာ တိုက်ပွဲတွေကတော့ ရှိနေဆဲပါ။ တိုက်ပွဲက လျော့သွားတာမျိုးတော့မရှိဘူး။ သူတို့ရဲ့ တပ်လှုပ်ရှားမှု ရှိတဲ့အလျောက် တိုက်ပွဲကတော့ ရှိတယ်။ သူတို့တပ် လှုပ်ရှားမှုလျော့ရင် အဲဒီနေ့မှာ တိုက်ပွဲအရေအတွက်က လျော့မယ် အဲဒီလိုပါ။ မနေ့ကလည်း ဖြစ်တာပဲ။ နေ့စဉ် ရက်ဆက် တိုက်ပွဲ ကတော့ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မဟာ ၄ ဘက်မှာလည်း မနေ့ကစပြီးတော့ တပ်ရင်း ၃၆၊ ၃၈ ဘက်မှာ တိုက်ပွဲတွေက အပြင်းအထန် ရှိတယ်ခင်ဗျ။”

 “ငြိမ်းချမ်းမှု ဆိုတာထက် နိုင်ငံရေး ဆွေးနွေးမှုကို လိုချင်တဲ့ သဘောဆန္ဒတွေကို စာနဲ့ ရေးပြီတော့ အကြောင်းပြန်လိုက်တယ်၊ ဘယ်လိုတွေ့ရအောင်၊ ဆုံရအောင်၊ ပြောဆိုရအောင် ဘာမှ မပါဘူး”ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြော သည်။

ယင်းစာပေးပို့မှုသည် လတ်တလော မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်တို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“ဒီလိုမျိုး ပုဂ္ဂိုလ်တွေ လာတဲ့အချိန်မှာ သူကတော့ ဒီလက်နက်ကိုင် အင်အားစုတွေနဲ့ အဆက် အသွယ် လုပ်ပြီးတော့ ငြိမ်းချမ်းရေးရ အောင် ပြုလုပ်နေကြပါတယ်ဆိုတဲ့ ဟာမျိုးကို လုပ်တယ်လို့ပဲ မြင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။

ဤအတောအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် အစိုးရ ခြေလျင်တပ်ရင်း (ခမရ) အမှတ် ၃၂၁ တပ်ဖွဲ့က နယ်မြေရှင်းလင်း ရေး ပြုလုပ်ခဲ့ရာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ် ဓာတ်အားများ ပြတ်တောက် သွားပြီး ဓာတ်ဆီ နှင့် မီးစက်များ ဈေးတက် သွားကြောင်း ဒေသခံများက ပြောသည်။

KIO ခေါင်းဆောင်များက ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် နောက်ပိုင်း ထိုလျှပ်စစ်ဓာတ်အားကို မလိချောင်း ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့ပြီး၂၀၀၅ – ၂၀၀၆ ခုနှစ်က ကချင်ဒေသရှိ ပြည်သူများကို လျှပ်စစ်ဓာတ်အား စတင် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

ဦးလနန်က“သက်ဆိုင်ရာကလည်း ဒီကစ္စကို အမြန်ဖြေရှင်ပေးပြီးတော့ လုပ်တော့လုပ်မယ် ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဌာနဆိုင်ရာတွေရော ဒီမီးကိုပဲ အားကိုးပြီးတော့ သုံးနေကြတယ်၊ ဒီမီးကို အကြာကြီး အပျက်ခံလိမ့်မယ်လို့ မထင်ဘူး”ဟု ဆို သည်။

နိုင်ဝင်ဘာလ ၄ ရက် သတင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ တရုတ်နယ်စပ်အနီး ခိုင်ဘန်ရွာမှ ကချင်အမျိုးသမီး ဆွမ်းလွတ်ရွယ်ဂျား အသက် ၂၈ နှစ်ရှိပြီး အသက် ၁၄ လ အရွယ် နို့စို့သမီးတစ်ဦး၏ မိခင် အား အောက်တိုဘာ ၂၈ ရက်တွင် လွယ်ဂျေ မြို့နယ်ခွဲ မို့ဘွမ် (Mu Bum) တွင် လက်ရှိ တပ်ချနေတဲ့ ရွှေညောင်ပင် (၀ိုင်းမော်) နယ်မြေခံ ခမရ (၃၂၁) မှ စစ်သားများက ဖမ်းဆီးထားကာ လိင်ကျွန်အဖြစ် စေခိုင်း နေကြောင်း ၊ သူမကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့ ထိ ပြန်လွတ်လာ ခြင်းမရှိသေးဟု ဆွေမျိုးများ ပြောသည်။

ရွယ်ဂျားအတွက် စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT က သောကြာနေ့က ပြောဆိုလိုက်ပြီး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်ဆွမ်လွတ်ရွယ်ကို ထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်နေသည်ဟု KWAT က စွပ်စွဲထားသည်။

“ကျမတို့ သွားကြည့်တဲ့ ၃၁ ရက်နေ့မှာ သူ့အရင် အင်္ကျီမဝတ်တော့ဘူး။ ညနေ ၄ နာရီလောက်မှာ စစ်သား လေးဦး က သူ့ကို စခန်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းပေါက်ထဲကို တွဲခေါ်သွားတယ်။ နောက်နေ့ ၁ ရက်နေ့မှာ သူ့ကို မတွေ့ ရတော့ဘူး၊။” ဟု KWAT ၏ မိုင်ဂျာယန် အဖွဲ့ခွဲမှ ဒေါ်မိုင်းဂျာက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ဂါးရာယန်ကျေးရွာ နှစ်နေရာတွင် ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အစိုးရ စစ်တပ် ခလရ (၅၈)၊ နမ္မတီး အခြေစိုက် ခမရ (၃၉၀) နှင့် တိုက်ပွဲမှာ အစိုးရဘက်မှ အနည်းဆုံး ၁၆ ဦး သေဆုံးကြောင်း ဒေသခံများပြောသည်။

လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်  ၁၀ ဦးကျဆုံးပြီး ဂါးရာယန် ကျေးရွာတွင် ၆ ဦး ကျဆုံး ခဲ့သည်။

ယခုအချိန်ထိ ယင်း အစိုးရစစ်ကြောင်း ထိုးစစ်အား KIA တပ်ရင်း (၃) စစ်သားများနှင့် အရပ်သား တပ်ဖွဲ့များမှ အခိုင်အမာ ခုခံနေကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ၂၉ ရက်က စတင်ပြီး စစ်အစိုးရဘက်မှ ဓါတုလက်နက် (အဆိပ်ငွေ့) များဖြင့် KIA ကို အနည်းဆုံး (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။

စစ်တပ်မှ အမျိုးသမီးငယ် ၃ ဦးကို အဓမ္မကျင့်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဖဲပါရွာမှ အမျိုးသမီးငယ် ၃ ဦးအား ခလရ (၂၉၀) တပ်ရင်မှူး လက်အောက်ခံ တပ်များမှ ပြီးခဲ့သည့်အပတ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“ရွာက တရုတ်ရွာဗျ။ အသတ်ခံရတာကလည်း တရုတ်အမျိုးသမီးလေးတွေပါ။ မုဒိမ်းကျင့်ထားတဲ့ လက္ခဏာလည်း တွေ့ရ တယ်လေ။ ရွာကလူတွေက ဖြစ်ဖြစ်ချင်း ရဲစခန်းတိုင်ဖို့ လုပ်ကြသေးတယ်။ တိုင်ရင် စစ်တပ်က လာနှိပ်စက်ဦးမယ်ဆိုပြီး မတိုင် ဖြစ်တော့ဘူး။” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အသတ်ခံရသော အမျိုးသမီးလေးများမှာ အသက် ၁၇နှစ်အရွယ်သာ ရှိသေးကြောင်းလည်း သိရသည်။
၎င်းစစ်တပ်သည် ၂၅ရက်နေ့က ထိုနမ့်ဖဲရွာ မရောက်မှီ စစ်ကြောင်းချီရာ လမ်းပေါ်ရှိ နမ့်တောင်နှင့် မုန်းပေါ်ရွာကြားရှိ ကောင်း ခါးရွာကိုလည်း ၀င်ရောက်ကာ ရွာထဲရှိ ကြက်များကို ယူဆောင်သွားကြောင်း သိရသည်။

“အိမ်တိုင်းကိုဝင်ပြီး မွေးထားတဲ့အကောင်တွေ ယူတာ။ အိမ်တအိမ်ကတော့ မီးဖွားပြီးစ အမျိုး သမီး တစ်ယောက်ထဲနေတာ။ ကြက်မွေးထားတာ မရှိဘူးလို့ပြောတော့ တံခါးအတင်းဖွင့်ပြီး အိမ်ထဲက ပစ္စည်းတွေယူ သွားတာပဲလေ။” ဟု ရွာခံတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းအနောက်ဖက်ခြမ်း ရှဒပါရွာတွင် တရုတ်အမျိုးသမီး ၃ ဦးအား အစိုးရစစ်သားများက အဓမ္မပြုကျင့်ခဲ့ကြသည်။

နိုဝင်ဘာလ ၅ ရက် သတင်း

ယမန်နေ့ည ၃ နာရီက မြစ်ကြီး နားမြို့နယ် တာလောကြီး နှင့် ၁၅ မိုင်ဝေးသည့် နဆိုင်းခထုံ ကျေးရွာမှ အမျိုး သမီးကြီး ၄ ဦးကို စစ်အစိုးရ စစ်တပ်က ဒေါ်အင်ဗွေး၊ ဒေါ်ကော့ရှောင်၊ ဒေါ်လဖိုင်ထူနှင့် ဒေါ်မရန်လု တို့အား ခေါ်ဆောင်သွားရာမှာ ယနေ့ ညနေထိ မည်သည့် ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်သွားပြီး မည်သည့်နေရာမှာ ထားရှိတယ်ဆိုတာ မသိ ရသေး ဘူးလို့ ဒေသခံနဲ့ အဆက်အသွယ်ရသူ တဦးက မိုးမခသို့ပြောသည်။

တာလောကြီးတွင် အခြေချသည့် ခလရ ၁၄၁ နှင့် ခလရ ၂၁၂ မြန်မာအစိုးရတပ်ရင်း ၂ ရင်းရှိ၍ ယင်းရွာသို့ လာရောက် ခေါ်ဆောင်သွားသည့် အစိုးရတပ်မှာ မည်သည့် တပ်ရင်းမှ ဖြစ်သည်ကို တိကျစွာ မသိရှိဟု ပြောသည်။

ကချင်ပြည်နယ် အထက်ပိုင်းဖြစ်တဲ့ ဆဒုံး လဖိုင်သို့ စစ်အစိုးရ စစ်ကြောင်းများချီတက်

|0 comments
Tuesday, November 8, 2011
စစ်အစိုးရ စစ်ကြောင်း ... ဆဒုံး ကန်ပိုင်တီး ကားလမ်းမကြီး

ဝါးရှောင်ကျေးရွာကနေ စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ဟာ တနင်္ဂနွေနေ့ ည (၈) နာရီကျော်တွင် ဝိုင်းမော် ကန်ပိုင်တီ ကားလမ်းမကြီး အတိုင်း စစ်အင်အား (၂၀၀-၃၀၀) လောက် ညအမောင်ကိုကျော် ဖြတ်ကာ ဆဒုံး လဖိုင်ဘက်သို့ ချီတက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ မနက်မိုးလင်း ပြီးတော့လည်း စစ်အင်အား (၃၀၀-၄၀၀) ဝန်းကျင် စစ်အစိုးရ စစ်တပ်ဟာ လက်နက်မျိုးစုံ၊ မြင်း၊ စစ်ကားကြီး (တုန်ဖုန်း) တို့ဖြင့် ပြန်လည် ချီတက်သွားကြောင်း၊ မြင်း  အကောင် (၄၀) ကျော် မှာတော့ စစ်အသုံး ပစ္စည်းများ၊ စားနပ်ရိက္ခာများ သယ်ဆောင်သွားကြောင်း ဆက်လက်သိရှိရပါတယ်။ ယင်းတို့ဖြင့် ညနေပိုင်း ကနေ စတင်ပြီး ဝါးရှောင် ဂေါ်ဆက်ယာန် အထက်မှာရှိတဲ့ ဘွမ်တောင်တွင် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ စတင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဝိုင်းမော် ကန်ပိုင်တီ ကားလမ်းမ ကြီးကိုတော့ တနင်္ဂနွေနေ့ ကတည်းက ပြည်သူများ သွားလာလို့ မရအောင် စစ်အစိုးရ စစ်တပ်တို့မှ ပိတ်ထားလိုက်ကြောင်း သိရှိရပါတယ်။ ဝိုင်းမော် မုတ်ကျိတ်မှာ လည်း စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား တိုက်ပွဲကျယ်ပြန့်လာမှု ကြောင့် ကျေးရွာနေ ပြည်သူလူထုမှာ စိုးရိမ်နေကြရကြောင်း သိရှိ ရပါတယ်။
 ဝိုင်းမော် ကန်ပိုင်တီ လမ်းမကြီး အတိုင်း ဆဒုံး လဖိုင်သို့ ချီတက်သွားနေတဲ့ စစ်အစိုးရ စစ်ကြောင်း

စစ်အစိုးရ စစ်ကြောင်း
W.P Moses

ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်း တောင်ဖြစ်ပါတယ်.. ပြည်သူမချမ်းသာ .. သူစိမ်း ချမ်းသာ..

|0 comments
Monday, November 8, 2011

ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းတောင်ကို ကြည့်ပြီး ဆုံးဖြတ် ကြပါစို့... သနားစရာ ဖြစ်နေပါပြီ... ဝန်ပေါင် တို့ရယ်.. ဘယ်သူ့တာဝန်လဲ...?
ဆက်လက်ကြည့်ရှုရန်...

Monday, November 07, 2011

သတင်း

|0 comments

အစိုးရပြည်သူ့စစ်များ KIOနှင့် ပူးပေါင်းရန် ပြည်ပ ကချင်များ တောင်းဆို Click
မြန်မာအစိုးရတပ်က ကချင် ခရစ်ယာန်သင်းအုပ်ဆရာအား ဖမ်းဆီး Click
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား Click






စစ်အစိုးရ စစ်တပ်နှင့် K.I.A အကြား တိုက်ပွဲကြောင့် ပြည်သူများ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရ

|0 comments
Monday, November 7, 2011

 Kachin IDP

စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ အကြားမှာ နိုဝင်ဘာလ ၆ ရက်နေ့ မှာ စစ်အစိုးရ စစ်တပ်မှ ဝိုင်းမော်မြို့နယ် ဝူယာန် ကျေးရွာနှင့် မုတ်ကျိတ် ကျေးရွာ အကြား ဦး လောင်ခူးလ (Lauhku La) ကို ဖမ်းဆီး ညှင်းပန်း နှိပ်စက်ပြီး သတ်ပစ်လိုက်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ် ကိုလည်း တစစီ ဖျက်ဆီးထားကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ ပြည်သူ (၆၀) လောက်ဟာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကျန်ရှိနေတဲ့ အိမ်သူအိမ်သား များမှာ ဘယ်လို လုပ်ရမှန်း မသိသဖြင့် စိုးရိမ် ပူပန်နေကြရပါတယ်။

W.P Moses