Saturday, October 01, 2011

K.I.A တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

Saturday, October 1, 2011
Kachin Independence Army ( K.I.A)

ဒီနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၁၁း၂၅-  အချိန်ဝန်းကျင်တွင် K.I.A တပ်မဟာ (၅) နယ်မြေ၊ ဂျာအိန်ယန် ကျေးရွာတွင် K.I.A တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် အစိုးရစစ်တပ် ခမရ (၁၄၁) တပ်ဖွဲ့ဝင်းများ နံနက် ၁၁း၂၅ နာရီခန့်မှ မွန်းလွဲ ၂း၃၀ နာရီ ခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် အကျအဆုံး စာရင်းနှင့် ဒဏ်ရာ ရရှိမှု စာရင်းကို သိရှိနိုင်ရန် ခက်ခဲကြောင်း ကချင်မြေ သတင်းထောက်မှ ဖုန်းဖြင့် အတည်ပြု ပြောဆိုလာပါတယ်။

ညနေပိုင်း ၃း၀၀- နာရီ ဝန်းကျင်တွင်   K.I.A တပ်မဟာ (၅) နယ်မြေ၊ နမ့်ဆန်ယန် ကျေးရွာမှာ တပ်စွဲထားသော အစိုးရစစ်တပ်အား K.I.A တပ်မဟာ (၅) တပ်ဖွဲ့များမှ ၀င်ရောက် တိုက်ခိုက်ရာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဆွယ်မှူး တပ်ကြပ်ကြီး အောင်လင်း ကျဆုံးသွားကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ညနေ ၄း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဟာ (၅) နယ်မြေ၊ ဂန်ဒေါင်ယန် ကျေးရွာ အနောက်ဖက်၊ ဆိုင်မိုင် ကျေးရွာတွင် K.I.A လှုပ်ရှားတပ်ရင်းများနှင့် အစိုးရစစ်တပ် ခမရ (၁၂၁)၊ ခလရ (၃၈၈) တို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

0 comments: