Saturday, October 01, 2011

အောင်ဂျာယာန် အနီးတဝိုက်မှ တိုက်ပွဲအခြေအနေ

Saturday, October 1, 2011

စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်ခံမှ K.I.A စစ်သည်တော်များနှင့် စစ်အစိုးရတပ် ခလရ (၃၇)၊ ခလရ (၄၃၈) တို့အကြား ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် အောင်ဂျာယာန် တဝိုက်မှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၂၄) ဦး ကျဆုံးသွားပြီး (၄၇) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းထိခိုက်သူထဲမှာ စစ်တပ်ဘက်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး တင်ဝင်း လည်းပါဝင်ကြောင်း K.I.A ရှေ့တန်း သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားသော စစ်တပ်ဘက်မှ စစ်သားများကို ယခုအချိန်တွင် စင်ဘို ဆေးရုံမှာ ကုသမှုများ ပြုလုပ် ပေးနေပြီဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း သိရှိရပါတယ်။ တိုက်ပွဲများဟာ ဆက်တိုက် ဖြစ်ပွားလျက် ရှိနေကြောင်း သိရှိ ရပါတယ်။။

0 comments: