Thursday, January 27, 2011

Internet ကို ဆိုင်မှာသုံးရင် သတိထား...

|0 comments
အင်တာနက် ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူး သတိထားရမယ့် အချက် တစ်ချက်ရှိ ပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါ နှင့်တော့။
အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။

Monday, January 24, 2011

မတရား စီရင်မှု

|0 comments
 မတရား စီရင်မှု