Tuesday, September 27, 2011

K.I.A တပ်ရင်း (၉) ၊ (၂) တို့ကို ပြန်လည်သိမ်းပိုက်နိုင်

Tuesday, September 27, 2011
The Kachin Independence Army

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို K.I.A တို့မှ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီး ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရတို့မှ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့် လွန်ခဲ့တဲ့ရက်က ခေတ္တခဏ ခွာစစ်နည်းဗျူဟာဖြင့် နောက်ဆုတ်ပေးခဲ့ရသော K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) တို့ကို ဒီနေ့ ပြန်လည်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ ဒီရက်အတောအတွင်း ဖြစ်ပွားနေတဲ့ K.I.A နှင့် စစ်အာဏာရှင် အစိုးရတို့ အကြားမှ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား (၁၀၀) ကျော် ဟာ အထက် လူကြီးများ၏ မတရား စေခိုင်း၊ အကျိုးမရှိသော လုပ်ရပ်၊ စစ်အာဏာကို တည်မြဲစေဖို့၊ ကိုယ်ကျိုး စီးပွားကိုသာကြည့်၊ တိုင်းသူပြည်သားများကို လိမ်လည် လှည့်ဖြားနေသော စစ်အာဏာရှင် အထက် လူကြီးများ၏ လူမဆန် စေခိုင်းမှုများကြောင့် ရှေ့တန်းထွက်ရသော စစ်သည်တို့မှာ ကိုယ့် အသက်ကို အကျိုးမရှိဘဲ အသက်ပေး ကျဆုံးလိုက်ရပြီဖြစ်ကြောင်း ရင်နာစရာ အလွန်ကောင်းစွာဖြင့် စုံစမ်း ဖေါ်ပြ လိုက်ရပါတယ်။ K.I.A ဘက်မှလည်း အနည်းဆုံး (၅) ဦး ဟာ တိုင်းပြည် အတွက်နှင့် ကိုယ့် လူမျိုးအတွက် ကိုယ့်အသက်ကို မနှမျောဘဲ အသက်ပေး ကျဆုံးသွားပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲများဟာ ဆက်လက် ဖြစ်ပွားလေ့ရှိပါတယ်။ 
 The Kachin Independence Army

လေးစားရပါသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ခင်ဗျာ… အသက်ကျဆုံးနေကြသော ရဲဘော်များနှင့် သူတို့၏ အိမ်သူအိမ်သားများကိုလည်း နဲနဲဘဲ ဖြစ်ဖြစ် ကိုယ်ချင်းစာကြည့်ပါလို့ ပြောချင်ပါတယ်။ ကိုယ်ရဲ့ ဇနီး၊ သားသမီး၊ ဆွေမျိုးများကို ထိခိုက်လာတဲ့အခါမှာ ကောင်းကောင်း ကာကွယ်နိုင်ဖို့ဘဲ အဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ..။ များမကြာမီမှာ စစ်တပ်ဘက်မှ ရှေ့တန်း ရောက်နေ သူများလည်း မှန်ကန်သော အသိတရားတွေကို သိလာပြီး အမှန်တရားကို ရပ်တည်ဖို့ရန် အဆင်သင့် ဖြစ်လာ ပါတော့မယ်…။

အောင်ဂျာယာန်ကျေးရွာမှာ တိုက်ပွဲဆက်ဖြစ်

တဆက်တည်းမှာဘဲ ဒီနေ့ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ K.I.A တပ်များနှင့် စစ်အာဏာရှင် အစိုးရတပ်တို့အကြား တိုက်ပွဲအဆက်မပြတ် ဖြစ်ပွားနေကြောင်း ရွားသားများထံမှ စုံစမ်းသိရှိရပါတယ်။ ယခုချိန်မှာ စင်ဘိုကျေးရွာဘက်တွင် စစ်အာဏာရှင် အစိုးရတပ်မှ စစ်အင်အား (၄၀၀) ကျော် စစ်ကူအဖြစ် ချီတက် လာနေပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

0 comments: