Monday, September 26, 2011

K.I.A တပ်ရင်း (၈) နယ်မြေမှာ တိုက်ပွဲဖြစ်ပွား

Monday, September 26, 2011
 
K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နှင့် စစ်တပ်တို့အကြား စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ မနက် ၈း၃၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ နေ့တွင်လည်း K.I.A နှင့် စစ်အာဏာရှင်အစိုးရ၏ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ( NE-RMC) လက်အောက်ခံ ခလရ (၁၃၀) ၊ (MOC – 1) လက်အောက်ခံ ခမရ (၅၀၂) ၊ MOC – 16 လက်အောက်ခံ ခလရ (၆၉) စစ်ကြောင်းများနှင့် K.I.A တပ်ရင်း (၈) တို့အကြား  မန်ဒုန်နယ်မြေ နမ်လေ့ တောင်မှာ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ အနည်းဆုံး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် စစ်တပ် ဘက်မှလည်း အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ကျဆုံးသောသူများလည်း ပါရှိကြောင်း၊ အခြေအနေ အသေး စိတ်ကိုတော့ မသိရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်မဟာ (၅) နယ်မြေတဝိုက်မှာ တိုက်ပွဲပြင်းထန်

စက်တင်ဘာလ ၂၅ ရက် ၂၀၁၁ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၃) နယ်မြေမှာ K.I.A တပ်နှင့် စစ်အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရတပ် (N-RMC) အမှတ် (၁) စစ်ဦးစီးချုပ် ခင်မောင်ချိုကို ပို့ဆောင်တဲ့ စစ်တပ် (MOC – 21) လက်အောက်ခံ ဒေါ့ဖုန်းယာန်၊ နုမ်လန်ကျေးရွား အခြေစိုက် LIR (438) နှင့် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၃) တို့အကြား မနက် ၁၀း၄၀ နာရီ ဝန်းကျင်မှာ မဒီယန်အလွန် ကျနမ့်ဇွပ် တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းဗိုလ်မှူးချုပ် ခင်မောင်ချို ကိုလာကြိုတဲ့ စစ်တပ် မုန်မြစ်မုဒ်လွမ် အခြေစိုက် LIR (348) နှင့် နယ်မြေ လုံခြုံရေး ယူနေတဲ့ K.I.A တပ်ရင်း (၂၃) ရှေ့တန်း တို့အကြား နေ့လည်ပိုင်း ၁း၃၀ နာရီ ဝန်းကျင်မှာ နားလုန်ကျေးရွာ အနီးရှိ မုန်ဝူနယ်မြေတွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီစစ်ပွဲမှ နှစ်ဖက်စလုံးရဲ့ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းဆေးရှိနေပါတယ်။

0 comments: