Saturday, December 03, 2011

ကချင်နယ်မြေ၊ သိန်းစိန်အစိုးရ၊ ကလင်တန်၊ ပြည်သူလူထု

|0 comments
Saturday, December 3, 2011

Kachin Independence Army

ကချင်ပြည်နယ် မိုးကောင်း - ဖါးကန့်သွားတဲ့လမ်း နမ့်ယားနှင့် မအူပင်ရွာကြားတွင် ဒီဇင်ဘာ (၂) နေ့ မနက် (၈) နာရီ ဝန်းကျင်တွင် သိန်းစိန်အစိုးရ စစ်ကား (၃) စီးဟာ ရှေ့တန်းတွင် စစ်ကူပေး၊ အခြေချဖို့ရန် ချီတက်လာတဲ့  ခလရ (၃၈၆) အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ  ခြုံခို တားဆီး တိုက်ခိုက်ခဲ့ရာ စစ်ကား (၂) စီး ပျက်ဆီးသွားပြီး တစ်စီးမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်း ရရှိပါတယ်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ စစ်သား (၅) ဦးသေဆုံးပြီး၊ (၅) ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ဗမာစစ်တပ်၏ ပစ္စတို တစ်လက်၊ အမ်အေ-၄ သေနတ် (၇) လက်၊ လက်နက်ကြီးတစ်လက်နှင့် ကျည်များကို ကေအိုင်အေဘက်မှ သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

ယခုချိန်တွင် ကချင်ပြည်နယ် အနောက်ဘက်သို့လည်း သိန်းစိန်အစိုးရ စစ်တပ်အင်အားများ ပိုမိုတိုးချဲ့နေပြီး နေ့တိုင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၂၉ ၊ ၃၀ ရက်တွင် ကေအိုင်အိုနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရေရာတဲ့ အဖြေမရရှိဘဲ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး သိန်းစိန်အစိုးရ စစ်တပ် တပ်မများလည်း ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အား ဖြည့်တင်းလျက် ရှိနေပါတယ်။

ကေအိုင်အိုရဲ့ ဆွေးနွေးတင်ပြမှုဟာ ဒီပြဿနာသည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အတွက် နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းသွားမယ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တင်ပြသွားပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူလူထုများမှာ ဆင်းရဲ့ဒုက္ခမျိုးစုံနှင့် ခံစားနေရပါတယ်။ ယခုချိန်တွင် စစ်ပြေး ဒုက္ခသည်ဟာ ငါးသောင်း (၅၀၀၀၀) ကျော်ရှိလာပြီဖြစ်တယ်လို့ စစ်ပြေး ဒုက္ခသည် ကူညီ စောင့်ရှောက်ရေး အဖွဲ့များရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာ အဝတ်၊ အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားအစာ စသည်.. စသည် များစွာ လိုအပ်နေကြောင်း သိရှိ ရပါတယ်။

ရှေ့တန်းနယ်မြေ၊ ကျေးရွားများမှ ကချင် အမျိုးသမီးများမှာ သိန်းစိန်အစိုးရ စစ်တပ်ရဲ့ မဒိန်း ကျင့်ခြင်းများကို ခံစားနေရကြောင်း သိရပါတယ်။ ဆွမ်းလွတ်ရွယ်ဂျားလည်း ယနေ့ထိ မလွတ် လာသေးကြောင်း၊ သတ်လိုက်ပြီလား၊ အသက်ရှင်နေသေးသည်လား အတိအကျ မသိရသေးသဖြင့် တာဝန်ရှိတဲ့သူ အားလုံး ဝိုင်းဝန်း ကူညီဖို့ လိုအပ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး သိန်းစိန်အစိုးရနှင့် တခြား နိုင်ငံရေး အဖွဲ့အစည်းများကို တွေ့စုံနေပေမယ့် တိုင်းရင်းသားအရေး၊ အထိုးသဖြင့် ယခု ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို မသိရသေးပါ။

W.P Moses

(သန်း) ရွှေဂက်စ် (ဓါတ်ငွေ့) စီမံကိန်း - တိုင်းပြည်ပျောက်သွားစရာ အကြောင်း - အပိုင်း (၂)

|0 comments
Saturday, December 3, 2011

ဆောင်းပါးရှင်-ဒေါက်တာ ဦးဝင်း ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

ကြည့်ကြပါဦး..

လက်ရှိမြန်မာစစ်တပ်များက ကချင်ပြည်နယ်ရှိ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များသာမက လက်နက်မဲ့ ကချင်ပြည်သူများကို လူမျိုးရေး “စစ်ဖွင့်” နေသည်မှာ ဤ (သန်း) ရွှေဂက်စ်အတွက် တရုတ်ပြည်ကို မျက်နှာချိုသွေးနေမှန်း လူတိုင်းသိနေကြသည်။ ယခုဝင်ရောက်တိုက်ခိုက်နေသော မြန်မာ စစ်တပ်မှ စစ်ဗိုလ်စစ်သားများ အလွန်တရာ ရှက်ရွံ့ဖွယ်ရာ ဖြစ်သည်။ ကချင်လူမျိုး များကိုထိုနေရာမှာ အမြစ်ပြုတ်ရန် စစ်သူကြီး သန်းရွှေ၏ အမိန့်အာဏာတော်မှာ တရုတ်ကြီးအတွက် ရေနံ ပိုက်လိုင်း ချထားရရန်သာဖြစ်သည်။ မည်သည့် အခြားရည်ရွယ်ချက်ဖြင့် ကချင်သူ ကချင်သားများကို သတ်ရန် အကြောင်းမရှိပါ။

ရခိုင်မှာ အစိုးမှ နောက်ခံအားပေးပြီး တရုတ်ပေါက်ဖေါ်တို့ အဓမ္မ မြေသိမ်းနေကြသည်မှာ ကို (သန်း) ရွှေ့ဂက်စ်အတွက် ဖြစ်ကြပါသည်။ တရုတ်က ကျောက်ဖြူတွင် လိုအပ်သမျှ ဓါတ်ငွေ့ ရနိုင်ရေး အန်းတောင်ကြား တလျှောက် ရွှေဂက်စ်နေနံ ဓါတ်ပိုက်လိုင်း ဖောက်လုပ်တည်ဆောက်ရေး အတွက် စစ်တပ်က K.I.A  ကို မဖြစ်ဖြစ်သည့်နည်းဖြင့် စစ်အင်အားကို အသုံးပြုရန် အဆင်သင့် ပင်ဖြစ်သည်။


ယနေ့ ဖြစ်ပွားလျက်ရှိသော ကချင်တောင်တန်းများ၌ မြန်မာစစ်တပ်မှ သတ်ဖြတ်မှုများ၊ ရခိုင်တွင်မြေသိမ်းမှုများကို မြန်မာနိုင်ငံလုံးရှိ ရဟန်းရှင်လူအင်အားက ဒေသဆိုင်ရာ ပြဿနာငယ်လေးအဖြစ် သတ်မှတ်ထား၍ မဖြစ်ပါ။ ဤအရေးသည် “မြစ်ဆုံဆည်နှင့် ဧရာဝတီမြစ်” ကိစ္စ၌ လူတိုင်း မြန်မာပြည်ရှေ့ရေးအတွက် စိုးရိမ်ပူပန် ကြရသကဲ့သို့ ဤ (သန်း) ရွှေဂက်စ် ကိစ္စမှာ တိုင်းပြည်ပျောက်သွားစရာ အကြောင်းဖြစ်သည်မို့ နိုင်ငံတော်အရေးကိစ္စဖြစ်ပါသည်။

အမြန်ဆုံး ဤ (သန်း) ရွှေဂက်စ် စီမံကိန်းကို ရပ်တန့် ဖျက်သိမ်းရန် လိုနေပြီ ဖြစ်ပါသည်။

အကယ်၍..
ဤ လက်ရှိအစိုးရက တရုတ်ကြီး၏ သန်းရွှေအမိန့်တော် အတိုင်း ဆက်လက်  ခံယူနေကြဆဲဖြစ်ပြီး တရုတ်၏ (သန်း) ရွှေဂက်စ် စီမံကိန်းကို ဆောင်ရွက် ခွင့်ရခဲ့ပါက..
မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ပေါက်ဖေါ်လေးများသာ ဖြစ်လာပေတော့မည်။

မြန်မာပြည်ရှိဗုဒ္ဓသာသနာဦးဆောင်ဆရာတော်များလည်း တိဘက်နိုင်ငံမှ ဒလိုင်းလားမားကဲ့သို့ ပြည်ပြေးအဖြစ် အဝေးသို့ ပြေးကြရပေတော့မည်။
မြန်မာပြည်သည်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ “မြန်မာပြည်နယ်” လေးတခု ဖြစ်လာပေတော့မည်။

တရုတ်မြန်မာ ကာပြားပေါက်ဖေါ်ကလေးများသည် တချိန်တွင် တရုတ်ပြည် (ဘေဂျင်း) ပီကင်းမြို့တော်ရှိတာ ယင်နန်မန်ဥယျာဉ်တော်ကြီးတွင် တရုတ် သစ္စာတော်ခံ စစ်သူကြီး သန်းရွှေ၏ ရုပ်ထုကို သွားရောက် ပန်းခွေချအလေးပြုလျက် ရှိနေကြပေတော့မည်။

(သန်း) ရွှေဂက်စ် စီမံကိန်းကို ပြည်သူနှင့် “မြန်မာ့” တပ်မတော်သူ တပ်မတော်သားများ တူညီလက်တွဲကာ အမြန်ဆုံး ဖျက်သိမ်းကြပါစို့။

(Dr. U Win… Former instructor at Ragoon Arts Science University, Burma. Earned a Ph.D. at Penn State University, USA. Currently, an Adjunct Faculty with San Diego State University at Visualization Center (Viz- Center), Califonia.)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကျစ်လစ်အောင် ပြန်လည်ဖွဲ့စည်း

|0 comments
 Saturday, December 3, 2011


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာမှမကြာမီရက် ပိုင်းအတွင်းကျင်းပပြီးခဲ့သည့် ဗဟိုကော်တီအစည်းအဝေးတွင် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

“အရင်က အခြေခံအဖွဲ့ရယ် ဆက်စပ်အဖွဲ့ရယ်ဆိုပြီးတော့ ရှိတယ်လေ အဲဒါကို ပြန်ပြင်လိုက်တယ် အားလုံးက UNFC ရဲ့ အခြေခံအဖွဲ့ဝင်တွေအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီ” ဟု UNFC ဒုဥက္ကဌ အေဘယ်တွီက ပြောသည်။

ယခုအခါ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)ကချင်ပြည်လွတ်လပ် ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင်အမျိုးသားအစည်းအရုံး (KNO) ဟူ၍ အဖွဲ့ ၁၂ ဖွဲ့ပါဝင်လျှက်ရှိ သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် UNFC ကို ပြန်လည် ဖွဲ့စည်းခြင်းအပြင် မကြာမီက အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့ကြသည်ကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်တင်ပြခဲ့ကြသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အဓိကကတော့ မကြာခင်တုန်းက တဖွဲ့ချင်း အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာတွေကို တဖွဲ့ချင်း သူတို့ရဲ့ ဆွေးနွေးမှုအခြေအနေကို တိုင်ပင်ကြတယ် အချင်းချင်းဆွေးနွေးကြတယ်၊ သဘောကတော့ အစိုးရက UNFC အနေနဲ့ မတွေ့ဘူး တဖွဲ့ချင်းစီပဲ တွေ့မယ်ဆိုတော့ ကျနော်တို့ကလည်း တဖွဲ့ချင်း တွေ့မယ် ဒါပေမယ့် တွေ့ထားကြတဲ့အခြေအနေကို ရှင်းပြခဲ့ကြတယ်” ဟု ပြောသည်။

UNFC အဖွဲ့ဝင်များသည် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ပြီး တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို UNFC မူအတိုင်းသာ လက်ခံထားကြသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် နောက်ပိုင်းများတွင်လည်း အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွးနွေးသွားနိုင်ကြောင်း သို့သော် တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုအတွက် UNFC မူနှင့်သာ ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

သို့ရာတွင် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း UNFC အဖွဲ့၏ အခြေခံအဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့ကြသော်လည်း ဆက်စပ်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံးဝတွေ့ဆုံမှုမရှိသေးပါ။

ယခု ပြန်လည် ဖွဲ့စည်းလိုက်သည့် UNFC တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လ KIO၊ ဒုဥက္ကဋ္ဌ (၁) အေဘယ်တွီ KNPP၊ ဒုဥက္ကဋ္ဌ (၂) ပဒိုစောဒေးဗစ်သကဘော KNU၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ NMSP နှင့် တွဲဘက်အတွင်းရေးမှူး (၁) စောဒေါလေးမူ (KNU)၊ တွဲဘက်အတွင်းရေမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ BNLO တို့ ဦးဆောင်ပါဝင်သည်။

Friday, December 02, 2011

တပ်မ တပ်များ တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်ပြင်ဆင် လျက်ရှိ

|0 comments
 Friday, December 2, 2011
 တိုက်ပွဲဝင် မွမ်းမံသင်တန်းတစ်ခုတွင် တပ်များလေ့ကျင့်နေပုံမြင်ကွင်း

တပ်မတော် လက်အောက်ရှိ တပ်မ တပ်များဟာ တပ်မအဆင့် တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်လျက် စစ်ရေးအတွက် လိုအပ်က ထိုးစစ်မှာ အသုံးပြုရန် အသင့်ပြင်ဆင်လျက် ရှိနေကြောင်း ပြည်တွင်းရှိ စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်မတော်ရဲ့ (ကြည်း) တပ် W.E ဖွဲ့စည်းပုံအရ တပ်မ တပ်များနဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များဆိုပြီး နှစ်မျိုး ရှိပါတယ်။ တပ်မ တပ်များဟာ ကက(ကြည်း)ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး နယ်မြေဂွင်ပိုင်မရှိဘဲ စစ်ဆင်ရေးအရ အရေးကြီးလိုအပ်တဲ့ စခန်းသိမ်း တိုက်ပွဲတွေမှာ အသုံးပြုတာ ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များဟာဆိုရင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်း နယ်မြေ ထိန်းသိမ်းရေးနှင့် ရန်သူစခန်းများရှိပါက နယ်မြေရှင်းလင်းအရေးအတွက် အသုံးပြုတာ များပါတယ်။ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအပြင် (ဒကစ) လို့ခေါ်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ တပ်များ ဆိုပြီး ရှိနေသေးရာ အဲဒီတပ်ရင်းများရဲ့ သဘောသဘာဝဟာလည်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်များနဲ့ အတူတူဖြစ်ပါတယ်။  (ဒကစ) တပ်များဟာ တိုင်းမှူးရဲ့လက်အောက်ခံ ကွပ်ကဲမှုအတွင်းမှာ ရှိပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်း ကက(ကြည်း)မှ တပ်မအဆင့် တိုက်ပွဲဝင် မွမ်းမံသင်တန်းများ လေ့ကျင့်ပြုလုပ်သွားရန် အောက်ပါတပ်များအား ညွှန်ကြားခဲ့တယ်လို့သိရှိရပါတယ်….
တပ်မ(၄၄) နည်းဗျူဟာ သုံးခုနဲ့ တပ်ရင်း (၁၀) ရင်း ကျိုက်ထိုမှ အုတ်တွင်းသို့၎င်း၊
တပ်မ (၅၅) နည်းဗျူဟာသုံးခုနှင့် တပ်ရင်း (၁၀) ရင်းဟာ ကလောမှ မိုးစွေသို့၎င်း၊
စကခ (၁၄)  တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ တစ်ခုနှင့် တပ်ရင်း (၅) ရင်းဟာ မိုင်းဆတ်မှ ကျိုင်းတုံသို့ ၎င်း၊
စကခ (၁၉) တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ နှစ်ခု တပ်ရင်း (၈) ရင်းဟာ ရေးမှ ဝဲကလိသို့၎င်း၊
စကခ (၂၀) တပ်မဌာနချုပ်နဲ့ နည်းဗျူဟာ သုံးခု တပ်ရင်း (၁၀) ရင်းဟာ ခမောက်ကြီးမှ ပုလဲ၊ ပလောက်သို့၎င်း အသီးသီး လေ့ကျင့်ဖို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။


၁၉၉၆/ ၁၉၉၇ ခုနှစ်တုံးက တပ်မတော် (ကြည်း/ ရေ/လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ပုသိမ်မြို့နယ် သာပေါင်းမြို့ လှေကြီးတက်မှာ တပ်မ ၅ ခု လေ့ကျင့်ခန်း လုပ်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းလုပ်ခဲ့ပြီးနောက် အဲဒီတပ်မများဟာ မိခင်ဒေသနောက်တန်း တပ်မဌာနချုပ်များသို့ ပြန်ခွင့်မပြုတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေး ရုတ်တရက်ထိုးလိုက်လို့ K.N.U အငိုက်မိကာ အခိုင်အမာ စခန်းကြီးများ ကျရှုံးခဲ့ရပါတယ်။ တပ်မ (၄၄) နှင့် ပတ်သက်ပြီး ပြည်တွင်းမှ တပ်မတော် အရာရှိတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်။


“ တပ်မ (၄၄) ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ တပ်မမှူးဘဝဖြစ်ခဲ့တုံးက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မဖြစ်ခဲ့လို့ ကရင်ပြည်နယ် စစ်ဆင်ရေးအတွင်းမှ ဆွဲထုတ်တာ အံ့သြတယ်ဗျာ။ အုတ်တွင်းဆိုတာဟာ မြန်မာပြည်ရဲ့ အလယ်ဗဟိုကျကျ တောင်ငူမြို့အနီးမှာ ရှိနေတာမို့ K.I.A နဲ့ စစ်ဆင်ရေး ဆင်နွဲခဲ့ရင် အချိန်မရွေး ဆွဲတင်လို့ရအောင် အပေါ်ကို ဆွဲကပ်ထားတာဖြစ်တယ်။ ဒါပေမဲ့ ကေအန်ယူနဲ့ ဆွေးနွေးပွဲအဆင်မပြေခဲ့ရင်တော့ အောက်မြန်မာပြည်ပိုင်းကို ပြန်သုံးလို့ရအောင်လည်း  စိတ်ကူထားတဲ့ပုံဘဲဗျ။ လေ့ကျင့်ခန်းလုပ်တဲ့နေရာက အောက်မြန်မာပြည်မှာ ဖေါင်ကြီးလိုနေရာမျိုး လေ့ကျင့်ခိုင်းလို့ ရရဲ့သားနဲ့ မြန်မာပြည်အလယ်ပိုင်း အုတ်တွင်းသို့ ဆွဲတင်သွားတာ K.I.A ကို ရည်ရွယ်တာဟုတ်တယ်။ ”


တပ်မတော်ရဲ့ ဗိုလ်ချုပ်များ လုပ်လေ့လုပ်ထရှိတဲ့ မဟာဗျူဟာ နည်းဗျူဟာ ဓလေ့စရိုက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြိုတင်သိရှိလေ့လာ ပြင်ဆင်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

http://photayokeking.org/hot-news/825-tapmatapmya

ထိုး​စစ်ရပ်​ရေး​ အစိုး​ရကို ဖိအား​ပေး​ရန် ကချင်အဖွဲ့​များ​ ကလင်တန်ကို ​တောင်း​ဆို

|0 comments
 Friday, December 2, 2011


ကချင်ပြည်နယ်တွင်း​ အစိုး​ရတပ်​တွေရဲ့​ ထိုး​စစ်ဆင်မှု ရပ်ဖို့​အတွက် အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ကချင်အဖွဲ့​ ၈ ဖွဲ့က ​တောင်း​ဆိုလိုက်ပါတယ်။

ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ကို ကချင်အမျိုး​သမီး​၊​ လူငယ်၊​ သဘာဝ ပတ်ဝန်း​ကျင်နဲ့​ မီဒီယာ စတဲ့​ ကချင်လူထုအ​ခြေပြု အဖွဲ့​ ၈ ဖွဲ့​ ပူး​ပေါင်း​ပြီး​ ​တောင်း​ဆိုလိုက်တာပါ။

ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​ကြောင့်​ ​ဒေသခံ ၅ ​သောင်း​ခန့်​ ထွက်​ပြေး​တိမ်း​ရှောင် ​နေကြရပြီး​ ရွာ​တွေအိမ်​တွေ မီး​ရှို့​ဖျက်ဆီး​ခံ​နေရသလို အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ၊​ ကချင်ပြည်သူ​တွေကို ဖမ်း​ဆီး​ချုပ်​နှောင် သတ်ဖြတ်မှု​တွေ စတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဖြစ်​ပေါ်​နေတယ်လို့​ ဒီအဖွဲ့​တွေရဲ့​တောင်း​ဆိုချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ ကချင်ပြည်နယ်တွင်း​ စစ်ပွဲ​တွေရပ်ဖို့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ​တောင်း​တာလို့​ ကချင်သတင်း​သတင်း​ဌာန အယ်ဒီတာ ကို​နော်ဒင်း​က ​ပြောပါတယ်။

“အစိုး​ရဘက်က ၁၇ နှစ်ကြာ ငြိမ်း​ချမ်း​ရေး​ အပစ်ခတ်ရပ်စဲ​ရေး​ကို သူတို့​ဘက်ကပဲ စတင်ချိုး​ဖောက်တယ်။ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​လည်း​ သူတို့​မလုပ်ဘူး​။ ပြည်တွင်း​စစ်ကို စတယ်။ ​နောက်ပြီး​တော့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒုက္ခသည်ပြဿနာ​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒါကိုလည်း​ စစ်အစိုး​ရဘက်က​တော့​ ဒုက္ခသည်ပြဿနာ​တွေ ရှိ​နေတာကိုလည်း​ လက်ခံဖို့​ မရှိဘူး​။ ဒီလိုမျိုး​ အ​ခြေအ​နေ​တွေရှိတယ်။ ဒါ မှန်ကန်​သော ဒီမိုက​ရေစီ အ​ပြောင်း​အလဲ​တော့​ မဟုတ်ဘူး​။ မှန်ကန်​သော ဒီမိုက​ရေစီအ​ပြောင်း​အလဲကို လုပ်ချင်ရင် ပြည်တွင်း​စစ်ကို ကချင်မှာပဲ ရပ်တာမဟုတ်ဘဲနဲ့​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​လုပ်ရမယ်။ ​စေ့​စပ်​ဆွေး​နွေး​ရမယ်။ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ဒုက္ခသည်ပြဿနာ​တွေကိုလည်း​ ​ဖြေရှင်း​ကြမယ်ဆိုတဲ့​ အပိုင်း​ကို အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ အ​နေနဲ့​ ဒါကို​ထောက်ပြပြီး​ အစိုး​ရကို ဖိအား​ပေး​ဖို့​အတွက် အဓိကဖြစ်တာပါ။”

အ​မေရိကန်အ​နေနဲ့​ မြန်မာနိုင်ငံတွင်း​ တကယ်ပဲ ဒီမိုက​ရေစီဖြစ်ထွန်း​ထိုး​တက်မှု ဖြစ်​စေချင်ရင် ပြည်တွင်း​စစ်ရပ်စဲ​ရေး​ကို ဖိအား​ပေး​ရမှာဖြစ်သလို တိုက်ပွဲ​တွေမရပ်မချင်း​လည်း​ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ မရုပ်သိမ်း​ဘဲ ဆက်ထား​ဖို့​ကိုလည်း​ ကချင်အဖွဲ့​တွေက တိုက်တွန်း​ထား​ပါတယ်။

မြန်မာအစိုး​ရနဲ့​ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲ​ရေး​ ယူခဲ့​တဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်ကို နယ်ခြား​စောင့်​တပ်အသွင် ​ပြောင်း​ခိုင်း​ရာက​နေ လက်မခံခဲ့​အတွက် အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစပြီး​ အစိုး​ရတပ်က ကချင်တပ်ဖွဲ့​တွေကို ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​ပါတယ်။

စစ်ပြေးဒုက္ခသည်များအတွက် လူမှုရေးအဖွဲ့များ ကူညီ

|0 comments
 Friday, December 2, 2011

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်​ ​ထောင်ပေါင်းများစွာကို အကူအညီပေးဖို့ ရန်ကုန်၊ မန္တလေးက လူမှုရေးအဖွဲ့တွေ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ သွားရောက်မယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်​ ​ကျောင်းသားများအဖွဲ့၊ မန္တလေးက ဘ၀အလင်း ပရဟိတအသင်း၊ ကလေးချစ်သူများ ကွန်ရက်တို့က မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဒေသတ၀ိုက်က ဒုက္ခသည်တွေဆီ အဓိကသွားရောက်ဖို့ ပြင်ဆင်နေတာပါ။

လာမယ့် စနေနေ့မှာပဲ မန္တလေးမြို့ကနေ မြစ်ကြီးနားကို သွားရောက်မယ့် အဖွဲ့ကို ဦးဆောင်တဲ့ မန္တလေးမြို့က ဘ၀အလင်း ပရဟိတအသင်းရဲ့ ဦးဆောင်ဆရာတော် ဦးဥတ္တမ သာရက အခုလို မိန့်ကြားပါတယ်။

“ရန်ကုန်က နာရေးကူညီမှုရယ်၊  ဦးဇင်းတို့ရယ်၊ နောက်ပြီးကျတော့ ၈၈ ကျောင်းသား​ အဖွဲ့ရယ်ပေါ့ သူတို့နဲ့ ဦးဇင်းတို့အားလုံး ၃ ဖွဲ့ ပေါင်းပြီးတော့ သွားတာပေါ့။ ရန်ကုန်နာရေးကတော့ သိန်း ၂၀၀ မတည်တာပေါ့။ ဦးဇင်းတို့ ငွေသား ၇၀ လောက်တော့ပါမယ်။ ပစ္စည်းက ဆပ်ပြာ၊ ကျောင်းသုံးစာအုပ်၊ ကလေးတွေအတွက် မုန့်၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်တွေနဲ့ ပါမယ်။ ပိုက်ဆံပေါ့ အဓိက ကတော့။ ဟိုကျမှ စောင်တို့ အနွေးထည်တို့ ထပ်ဝယ်မယ်။”

မြစ်ကြီးနားနဲ့ ၀ိုင်းမော်တ၀ိုက်က ခရစ်ယာဉ်ဘုရားကျောင်းတွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၁ သောင်းဝန်းကျင်ဆီကို သွားရောက်ဖို့​ ရည်ရွယ်တယ်လို့ ဦးဥတ္တမ သာရက မိန့်ကြားပါတယ်။

စနေနေ့အဖွဲ့မှာ လိုက်ပါသွားမယ့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူကလည်း အခုလို ပြောပါတယ်။

“မြန်မာဘက်က ပြည်သူတွေလည်း အလှမ်းဝေးနေတော့လေ သူတို့လည်း အာရုံစိုက်လာအောင် ဒီ ကချင်ပြည်သူတွေအပေါ်မှာ လူသားချင်း ကူညီတဲ့ဟာတွေကို ပေးပြီးတော့မှ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေဘက်က နေပြီးတော့မှ ရပ်တည်တဲ့ဟာကိုလည်း နည်းနည်း ပြတာပေါ့။ ကချင်ပြည်သူတွေ ဘက်က ကျနော်တို့ ရပ်တည်ပြပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ် ရပ်စဲရေးအတွက်ကို ကျနော်တို့က သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းဆိုတဲ့သဘောပါပဲ ခင်ဗျ။”

အလားတူ မန္တလေးမြို့ လူမှုရေးအဖွဲ့ငယ် ၁၀ နဲ့ဖွဲ့ထားတဲ့ ကလေးချစ်သူများ ကွန်ရက်ကလည်း လာမယ့် တနင်္ဂနွေနေ့မှာ မြစ်ကြီးနားကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြစ်ကြီးနားကို ရောက်မှပဲ။ အဲဒီကနေ ဒေသခံတွေရဲ့ သူတို့ရဲ့ နယ်မြေနဲ့ ကျနော်တို့ သွားလို့ရမယ့် နေရာအထိတော့ သွားမယ်ပေါ့။ သူတို့ခွင့်ပြုနိုင်တဲ့ နေရာမျိုးထိတော့ ကျနော်တို့ ရောက်အောင်သွားမယ်။ အနွေးထည်တို့၊ စောင်တို့ လက်ရှိ ကျနော်တို့ ကွန်ရက်အနေနဲ့ ရထားတာ သိန်း ၂၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ”

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေနဲ့ ကချင်လူမှုအဖွဲ့တွေက ဆိုပါတယ်။

Thursday, December 01, 2011

Dap Ba-2 Ginra Gasat Gala shiga ni.

|0 comments
Thursday, December 1, 2011

Kachin Independence Army

1.    Masat 2 Dapba kata na  Dung -5 ni hte Myen  Dap Hka.M.Ya (309) Major Awng Myat Soe hpung ni November 30 jahpawt hkying 9  ten ram hta laja lana gasat hkat lai wa sai lam chye lu ai. Myen maga si sum ai lam law nna dum su leng hte hkala ai masha htaw mat ai lam mung chye lu ai.

2.    November 30 shana maga daw hkying 3:30 daram hta Myen Dap Hka.L.Ya (141) ဒုမှူးကြီး စိုးသူရ Hpyen n-gun 100 daram gaw  ပေါ်တာ (50) ram lahkawn la nna wa ai lam hta Man kin mare lahta Masum Rum lam kaw wunpawng mungdan shang lawt hpyen dap dung -5 ni kawn hkap gap ai lam hpe mung chye lu ga ai. Lahkawng maga na hkala ai lam shiga gaw n chye lu shi ai.

3.    November 30 jahpawt hkying 7 : 30 ten hta gaw Dung-11 ni kawn Hka.M.Ya (385) ni hpe Da Law Mare hkran de poter lahkawn na matu rap wa hkyen n’na Mali Hka zai Bru jang kaw majaw mahkawng taw nga ai saq wa hpyen hpung ni hpe Bawm gap kapaw bun dat ai hta myen ni  4 si nna , 3 hkala ai lam chye lo ai. Myen ni kaya n na  Dalaw mare hkran de sinat kaba bai gap bang wa ai. Dalaw Mare Hpung gyi jawng kaw hkrat nna , Hpunggyi jawng yawng wan hku mat ai lam chye lu ai . sinat kaba hkra ai  majaw Mare masha 1 si nna , 6 Hkala ai lam mung na lu ga ai.

4.       Dai hpawt hkying 6:30 ram hta mung  Tai dap Hka.L.Ya 141 ni hpe Dung-5 ni kawn Jahkya Hka kaw hkap gap ai lam nga ai, dai 141 dap ni hpe ya mung naw wang gasat nga ai lam na lu ai.


W.P Moses  (ပေးပို့လာတဲ့ ကို Lahtaw Lat ကို ကျေးဇူးတင်ပါတယ်)

သိန်းစိန်အစိုးရတပ် ကချင်နယ်မြေများမှ အိမ်များကိုမီးရှို့ဖျက်ဆီးနေ

|0 comments

Thursday, December 1, 2011

ဆဒုံး-လဖိုင်မှာရောက်ရှိနေတဲ့ သိန်းစိန် အစိုးရ စစ်တပ်ဟာ ရွာများကို ဖျက်ဆီး နေတယ်လို့ ဒေသခံများမှ သိရှိ ရပါတယ်။ ကန်ပိုင်တီ ကားလမ်းမှာရှိတဲ့ ဘွမ်တောင် ကျေးရွာ ပြည်သူ လူထုများ၏ အိမ်ခြေများ အားလုံးကို သိန်းစိန် အစိုးရ တပ်မှ မီးရှို့ဖျက်ဆီး လိုက်ကြောင်း၊ အိမ်တိုင်များသာ ကျန်တော့ကြောင်း ဆဒုံး ဒေသခံမှ ပြောကြား လာပါတယ်။


အလားတူဘဲ လဖိုင်ကျေးရွာမှ အိမ်များ ကိုလည်း ဖျက်ဆီး နေကြောင်း သိရှိရပါတယ်။

“ဟုတ်တယ်… ကားလမ်းမကြီးဘေးမှာ ဆောက်ထားတဲ့ အိမ်အသစ်ဘဲ ရှိသေးတယ်… တစ်အိမ်က ရွာသားများကို ဆေးကုသ ပေးနေတဲ့ ဆေး ဆရာမရဲ့အိမ်… နောက်တစ်အိမ်က ကျနော့် သူငယ်ချင်းအိမ် အဲ့ဒီ နှစ်အိမ်ဟာ ရစရာ မရှိတော့ဘူး.. ကျနော်တို့ လဖိုင် ရွာသားတွေ အားလုံးဟာ ဆင်းရဲပါတယ်.. အိမ်တစ်လုံး ဆောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်..။

ဒီလို ဖျက်ဆီးတာတော့ ကျနော်တောင်မှ စိတ်အရမ်း ထိခိုက်တယ်..။ ရွာထဲမှ ကျန်အိမ်များ ကိုလည်း ရိုက်ထု ဖျက်ဆီးနေပါတယ်..။ သူတို့ ကြိုက်သလို လုပ်နေတာပါ..” လို့ လဖိုင်ဒေသခံ တစ်ဦးမှ WPN သို့ ပြောကြား လာပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ်စစ် ဟီလာရီ ကလင်တန်ဟာ ယခုချိန်တွင် မြန်မာ နိုင်ငံမှာ ရောက်ရှိနေတဲ့ အားလျော်စွာ .. တိုင်းရင်းသား အရေး.. ယခုလို လူ့အခွင့် အရေး ချိုးဖောက် ခံနေရတဲ့ ကချင် နယ်မြေများရဲ့ အခြေ အနေ များကို ဆွေးနွေး ပြောကြား စေချင်ပါတယ်။ တိုင်းရင်းသား အရေး မပါရင်တော့ မြန်မာနိုင်ငံရေးဟာ ပြီးဆုံးမှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသူ များက သုံးသပ် နေကြ ပါတယ်။

အထူး သဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ အဖွဲ့ဟာ နိုင်ငံရေး ဖြင့်သာ ရှေ့ဆက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကို အသိ အလင်းပြောကြားပြီး ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကေအိုင်အေကို တိုက်မယ်ဆိုရင် တစ်ရက်ထဲနဲ့

အပြီး တိုက်နိုင်တယ်လို့ ပြောခြင်းဟာ နိုင်ငံတော် သမ္မတ တစ်ယောက် အနေနဲ့ မပြောသင့်တဲ့ အရာဖြစ်တယ်လို့ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

W.P Moses (WPN)

ကလင်တန်ရဲ့ စကား

|0 comments
 Thursday, December 1, 2011


“အမေရိကန်အနေနဲ့ အားလုံး အကျိုးဖြစ်ထွန်းတာ မြင်ချင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုတယ်။ ဒီ ပြုပြင်ပြောင်းလဲမှုတွေက အမှန်တကယ် ဖြစ်ဖို့လိုပါတယ်။ ကျမတို့အနေနဲ့ အစိုးရ အပါအ၀င် တိုင်းရင်းသားတွေ၊ လူမှုရေး အဖွဲ့ အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ ဆွေးနွေး နေပါတယ်။ အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ စဉ်းစားတဲ့အထိ မရောက် သေးပါဘူး။ အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ် ဆိုရင် ကျမတို့ အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ချက်ချင်း စဉ်းစားပါ့မယ်။ နောက်ပြန် မသွားဖို့လိုတယ်။ ပြုပြင်ပြောင်းလဲမှုက အစစ်အမှန် ဖြစ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ဟီလာရီ နှင့် သိန်းစိန် တွေ့ဆုံ

|0 comments
 Thursday, December 1, 2011


 ဓါတ်ပုံ  //  လူထုအသံ  ၊ wunpawng news

၁-၁၂-၂၀၁၁


မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်မြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့  ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ
 ဒီကနေ့ နေ့လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့
ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့် နိုင်ငံရေး အကျဉ်းအာလုံး လွတ်ပေးရန် ကချင်ဒေသ ထိုးစစ်များ ရပ်တန့်ရန်နှင့် နိုင်ငံရေးတွင် ပြည်သူအားလုံး ပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီ ပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေး ပိတ်ဆို့ မှုများ ဖွင့်ပေးရန် တောင်းဆိုသည်ဟု
သိရှိရသည်။

မနက်ဖြန် ၂ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။


ဇော်ရှန် (wunpawng )

ကိုကြီးမြ ကျေးဇူးတင်ပါသည် ။

နေပြည်တော်သို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton (ဓာတ်ပုံများ)

|0 comments
Thursday, December 1, 2011








ဓာတ်ပုံ  nzaushan(wunpawng)  ၊  DM



ကိုကြီးဒီမို ကျေးဇူးတင်ပါသည် ။ 

Kachin Flag

|0 comments
Thursday, December 1, 2011



Kachin Flag from wpmoses on Vimeo.

Happy Sweet December & Merry X'mas

|0 comments
Thursday, December 1, 2011


Happy Sweet December & Merry X'mas 
တစ်နှစ်လုံးမှ အပျော်ရွှင်ဆုံး ဒီဇင်ဘာလ ရောက်ရှိလာပါပြီ... အင်မတန်ပျော်ရွှင်ဖွယ်ရာ ကောင်းသော သခင်ယေရှုဖွားမြင်လာတဲ့ လ ဒီဇင်ဘာလဖြစ်ပါတယ်။ ဒီလို ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါမျိုးမှာ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် မပျော်ရွှင်ဖွယ်ရာများနဲ့ ရင်ဆိုင်နေရပါတယ်..။ သိန်းစိန် အစိုးရ ရဲ့ ထိုးစစ်၊ စစ်မီးတွေကြောင့် ပြည်သူလူထုများဟာ ဆင်းရဲ ဒုက္ခတွေနဲ့ ရင်ဆိုင် အသက်ရှင်နေရပါတယ်။


“ကောက်သော လမ်းကို ဖြောင့်ကြလော့... ကြီးမားမြင့်မားတဲ့ တောင်ကုန်းတောင်တန်းများကို ဖြိုကြလော့... အမုန်းတရားတွေကို ငြိမ်းကြလော့...” တာဟာ ခရစ်မတ်ရဲ့ အနှစ်သာရဖြစ်ပါတယ်..။

ကချင်နယ်မြေများတွင် Sweet December ကို စောင့်ကြိုဖို့ရန် လွတ်လွတ် လပ်လပ် မရှိခဲ့ဘူးလို့ သိရှိ ရပါတယ်။


W.P Moses


Wednesday, November 30, 2011

သိန်းစိန်အစိုးရ စစ်တပ် ရွာတွေကို မီးရှို့ဖျက်ဆီးနေ၊ ပြည်သူတွေ ဒုက္ခရောက်နေ

|0 comments
Wednesday, November 30, 2011

သိန်းစိန်အစိုးရ စစ်တပ် အင်အား (၃၀၀) ဝန်းကျင်ရှိ စစ်ကြောင်း တစ်ကြောင်းဟာ ကချင်ပြည်နယ် ဒေါ့ဖုန်းယာန်မြို့နယ်ခွဲ အတွင်းရှိ နန်ဝိုင်း ရွာနှင့် ဖါဂီ ရွာသို့ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂) နာရီခန့်က မီးတင်ရှို့ ခဲ့ကြောင်း၊ ဒေသခံများရဲ့ အဆိုအရ သိရပါတယ်။


အိမ်ခြေ (၆၀) ဝန်းကျင်ရှိရွာဟာ (၁၀) အိမ်ခန့်ဘဲ ကျန်ခဲ့သလို၊ အိမ်ခြေ (၂၀) ကျော်ရှိ ဖါဂီ ရွာ ဟာလည်း ရွာလုံးကျွတ် ပြာကျ သွားခဲ့ရပြီး၊ ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာ ကေအိုင်အေ ထိန်းချုပ် နယ်မြေ (ခါလား) ရွာဘက်သို့ ထွက်ပြေးနေကြ ရကြောင်း သိရှိရပါတယ်။

ယခုတလောဖြစ်ပွားနေတဲ့ ကေအိုင်အေနှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲအတွင်း နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရပေမယ့်၊ အရေအတွက်ဘယ်လောက်ရှိသလဲ ဆိုတာ အခုချိန်ထိတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

W.P Moses

ကချင်ပြည်သူလူထု ကိုယ်စားပြု ကေအိုင်အေရဲ့ သဘောထား

|0 comments
Wednesday, November 30, 2011

ပြန်ကြားချက် စာတစောင် ဒီကနေ့ ရောက်ရှိလာပါတယ် ။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ကေအိုင်အေ အဖွဲ့ ပြောဆိုတာကတော့။ မိမိတို့ တောင်းဆိုထားတာကတော့ တချက်မှ အဖြေပေးတာ မရှိသလို ငြိမ်းချမ်းရေး ဆောင်ရွက်မယ် ဆိုရင် အချိန်ယူရမယ်လို့ ရေးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အပစ်ရပ် ဆွေးနွေး မှုတွေကို ဦးဆောင်နေတဲ့ ကေအိုင်အေ ဒုကာကွယ်ရေးမှူး ဂွမ်မော်ကို တွေ့ဆုံ မေးမြန်း ထားပါတယ်။

သူက တော့ လက်ရှိ အခြေ အနေထက် ငြိမ်းချမ်း စကားထက် ပထမဆုံး ယာယီ အပစ်ခတ် ရပ်ဆဲရေး တွေ မပြီး ပျက်သေးဘူးလို့ ပြောပါတယ်။


အပစ်ရပ်ကြမလား မရပ်ဘူးလို့ဆိုတာထက် အဓိကတော့ အဲ့ဒီကိစ္စပါ။ တကယ်လို့ အပစ်ရပ်မယ် ဆိုရင် ခိုင်ခိုင် မာမာ အစိုးရဘက်ကကော ကျန်ာတို့ဘက်ကကော တရားဝင် လက်မှတ်တွေ ထိုးမယ်။ ပြီးတော့ ယာယီအပစ်ရပ် လုပ်မယ်။ အပစ်ရပ် လုပ်ပြီးမှ နောက်က နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ရည်ရွယ်ချက်ပါ  ဆွေးေးနွးခဲ့တယ်။ ပြန်အကြောင်းကြားမယ်လို့ အခုထိ ကျန်ာတို့ စောင့်နေတယ်။
အစိုးရဘက်က ရေရာတဲ့ အဖြေ မပေးဘူးလို့ သိရပါတယ်။ ဒီကိစ္စက အစိုးရအဖွဲ့တွင်း အရပ်ဘက်နဲ့ အစိုးရကြားမှာ တိတိကျကျ ဆုံးဖြတ်ချက် မရှိသေးဘူးလို့ ယူဆတယ်။


အထက်ပိုင်းနဲ့ သူတို့ ညိနေတာ မပြီးသေးဘူးလို့ မြင်ပါတယ် ။ ကျနော်တို့ ပြောတာက စစ်တပ်ကနေ ဖြစ်ဖြစ် တပ်ကနေ ဟုတ်ရင်လည်း အားလုံးရဲ့ ကိုယ်စားပြု ခိုင်ခိုင်မာမာ သက်သေပြုနိုင်တဲ့  တယောက်ယောက် လက်မှတ်ထိုးပါလို့ တောင်းဆို ထားပါတယ်။ ဒီကိစ္စက အစိုးရပိုင်း ကလည်း ကိုယ်စား မပြုဘူး တပ်ကလည်း ကိုယ်စားမပြုဘူး ဆိုတာထက် အစိုးရနဲ့ တပ်ဖက်က ညှိနိုင်းမှုတွေ မပြီးသေးဘူးလို့ မြင်ပါတယ်။
အစိုးရကတော့ ငြိမ်းချမ်းရေးအတွက်ဆိုရင် အချိန်ယူရမယ်လို့ ပြောပါတယ်။

အစိုးရဘက် ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ အနေအထားကိုလဲ သာမှန် ကြည့်ရင်တော့ ရှင်းနေတယ်လို့ ထင်ရပေမယ့် ဒီစကား အသုံးအနုန်းပေါ်မှာ ကေအိုင်အေ အနေနဲ့က သတိထား စောင့်ကြည့်နေတယ်လို့ သိပါတယ်။

နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ် ဆိုရင် နှစ်မျိုးရှိတယ် ။ အရင်ကပြောသလိုဘဲ ဥပဒေ ဘောင်ထဲကို လာခဲ့ပါ။ နယ်ခြားစောင့် (BGF) လက်ခံပါ၊ ပြည်သူ့လွှတ်တော်ကို လာခဲ့ပါ ပြောတဲ့နည်းက တနည်းပေါ့။ ဒါဆိုရင် ကျန်ာတို့ဘယ်လို ဆွေးနွေးကြမလဲ။ ဘယ်လိုလုပ်ရင် ပြေလည်မလဲ ဆိုတဲ့ နည်းနှစ်နည်းပေါ့ ။

အစိုးရသစ်က ဘယ်နည်းကိုသူတို့ သွားပြီး ရွေးချယ်မလဲ ဆိုတဲ့ သူတို့ သဘောထား မူတည်မှာပါ။ ကေအိုင်အေ အဖွဲ့ ကတော့ တကယ်ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာ တွေကို စားပွဲ ၀ိုင်း ထိုင်ပြီး ဖြေရှင်းဖို့ အသိအလင်း ကြေငြာခဲ့ပြီးပါပြီ။

K,I.A and Burmese Army Fighting

|0 comments
Wednesday, November 30, 2011

Crimes In Nothern Burma

|0 comments
Wednesday,November 30, 2011

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုများ

|0 comments
Wednesday, November 30, 2011


K.I.O ဘက်မှ သဘောထားများ

|0 comments
Wednesday, November 30, 2011

 









ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဘာကြောင့် တရုတ်နိုင်ငံသွားရတာလဲ

|0 comments

 Wednesday, November 30, 2011

 
ဗမာ့ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တရုတ်ကာကွယ်ရေး ဦးစီးချုပ်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံစဉ်...


ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် သွားရောက်တာနဲ့ စပ်လျဉ်းပြီး စစ်ဘက်နီးစပ်သူများက သုံးသပ်ချက်များ သတင်းပေးပို့လာပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဟိုတလောတုံးက ဗီယက်နမ် နိုင်ငံကို  သွားရောက်ခဲ့ပြီးနောက် ယခု ဒုတိယ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်နေတယ် ဆိုတာက ထူးခြားနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်းရှိ တပ်မတော်အရာရှိကြီး တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

“မင်းအောင်လှိုင် တရုတ်ကို သွားရတာဟာ အဓိက ရည်ရွယ်ချက် နှစ်ခု ရှိတယ်ဗျ။ တစ်ခုက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ကလင်တန် မလာခင် တရုတ်အစိုးရရဲ့ အတွင်း စိတ်နေသဘောထားနဲ့ မြန်မာ့တပ်မတော်ကို တရုတ်က ထောက်ပံ့နေမှု အခြေအနေ ဆက်လက်ပေး မပေး ပြတ်ပြတ်သားသား သိချင်လို့ဖြစ်တယ်။ နောက်တစ်ခုက K.I.A နှင့် စပ်လျဉ်းပြီး တရုတ်နယ်မြေမှာ ဆွေးနွေးပွဲ ရလဒ် အကောင်အထည် ဖေါ်နိုင်စွမ်းမရှိဘူးဆိုရင် အစိုးရလုပ်ချင်တဲ့ မဟာဗျူဟာကို ချပြကာ တရုတ်အစိုးရရဲ့ သဘောထားကို တီးခေါက်ကြည့်ချင်လို့ ဖြစ်တယ်ဗျ”

အလားတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်လည်ပတ်ခိုင်းတာ တွေ့ရပါတယ်။ တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး နိုင်ငံတကာသို့ ခြေဆန့်ခိုင်းနေတာဟာ အရပ်သားအသွင်ပြောင်း ယူနီဖောင်းချွတ် ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ရဲ့အရေးပါမှုကဏ္ဍကို ဂရုတစိုက် လုပ်ပေးနေရကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။ တပ်မှ အငြိမ်းစားယူသွားတဲ့ အရာရှိတစ်ဦးရဲ့ ဦးသိန်းစိန်အစိုးရ ဝေဖန်ချက်ကို   တပါးတည်း တင်ပြပေးလိုက်ပါတယ်။

“ ကျနော်တို့ ဗိုလ်ချုပ်တွေက အရပ်ဘက် အုပ်ချုပ်ရေးအာဏာ ရယူသွားပြီဆိုရင် မဆလ ခေတ်ကလို တပ်မတော်သားတွေအား ပစ်ပယ်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ဘူးတယ်ဗျ။ ယခုတလော တိုင်းမှူးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များအကြား ဆက်ဆံရေး အဆင်မပြေမှုတွေကို ထိပ်ပိုင်းတပ်မတော် ခေါင်းဆောင်နှစ်ဦးက သိနေတာကိုးဗျ။ ဒါကြောင့် ဦးသိန်းစိန်တို့က တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်နှစ်ဦးကို ချွေးသိပ်တဲ့အနေနဲ့ ဂေါက်ရိုက်၊ ယာမကာသောက် စိတ်လက်ပေါ့ပါးသွားအောင် နိုင်ငံတကာမှာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တွန်းလွတ်သွားတာ ဖြစ်နိုင်တယ်”

အရေးကြီးဆုံး အချက်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလာရင် မြောက်ကိုရီယားနဲ့ မြန်မာ လျှို့ဝှက်ဆက်ဆံနေတာနဲ့ စပ်လျဉ်းပြီး အမေရိကန်က အထောက်အထားတွေနဲ့ မေးခွန်းတွေ ဆက်တိုက်မေးကာ ဖိအားပေးလာဖို့ရှိပါတယ်။ မြန်မာ အစိုးရက ဂတိခံဝန်ချက် ပေးရမှာ ဖြစ်ပြီး လက်ရှိလုပ်ထားတဲ့ အဆက်အသွယ်တွေကို ဖြတ်တောက်ပစ်ရမှာ သေချာတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိကြီးတစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ကို သူ့ရဲ့ ပုဂ္ဂလိက ထင်မြင်ယူဆချက်အား သုံးသပ်ပြောဆိုလာပါတယ်။

 ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျင်ဆစ်တို့ (၂၀၀၈) ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးa

 “ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ မြောက်ကိုရီးယားနဲ့ ညှိနှိုင်းသဘောတူထားတာရှိခဲ့ရင် စစ်လက်နက်ပစ္စည်း၊ ဒုံးပျံတွေအား တရုတ်ကို အကူအညီတောင်းပြီး  လေကြောင်းမှ ပို့ရင်ဖြစ်ဖြစ် ဒါမှ မဟုတ် တရုတ်နိုင်ငံမှ တဆင့် (ကုန်းကြောင်းမှ တဆင့်) နယ်စပ်ဖြတ်ကျော်ကာ သယ်ပေးလို့ရမရ ညှိနှိုင်းနိုင်တယ်။ ရေကြောင်းကဆိုရင် အမေရိကန်က ဟိုတခါလို ဖျက်သင်္ဘောနဲ့ ဟန့်တားခဲ့ဘူးတာကိုး၊ တရုတ်ကတော့ ကူညီဘို့ဆိုတာဟာ အမေရိကန်က စောင့်ကြည့်နေမှာဖြစ်လို့ သိပ်မဖြစ်နိုင်ဘူးဗျ။ ကြားခံပွဲစားနိုင်ငံ  စင်္ကာပူလို အသုံးချပြီးမှ ပို့လို့ရနိုင်တယ်။ အဲဒီသတင်း သေချာမှုရှိမရှိကတော့ အတည်ပြုဖို့ တော်တော်ခက်တယ်ဗျ။ သူတို့က အစည်းအဝေး မှတ်တမ်းတောင် မသက်ဆိုင်သူတွေကို မပေးတော့ဘဲ ကိုရွှေမန်း မြောက်ကိုရီးယားကို သွားရောက်တဲ့သတင်း ပေါက်ကြားကတည်းက တော်တော် လုံခြုံရေး တင်းကြပ်တယ်။ ”


စစ်ဘက်လေ့လာသူများက သုံးသပ်ရာမှာ တောင်ကိုရီယားနိုင်ငံက ဒေဝူး ကုမ္ပဏီကို အသုံးချပြီး တပ်မတော် စစ်လက်နက်ပစ္စည်းတွေ ပို့ခဲ့တာ အစဉ်အလာရှိခဲ့တာမို့ ဒီတခါလဲ သုံးနိုင်တယ်လို့ ဆိုပါတယ်။


“ ရခိုင်ပြည်နယ် ရွှေဂက်စ်တွေကို တရုတ်က ရထားတာမို့ စီမံကိန်း အထောက်အကူပစ္စည်းများ တွေနဲ့ ရောပြီး ပို့ခဲ့ရင်ရတာမို့ မြောက်ကိုရီယား စစ်လက်နက် ပစ္စည်းတွေကို တောင်ကိုရီယား  ကုမ္ပဏီလို တရုတ်ကုမ္ပဏီတွေအား လုပ်ခိုင်းနိုင်တယ်ဗျ”


တရုတ်နဲ့ အမေရိကန်အကြား သြဇာအာဏာ အားပြိုင်မှုအထဲမှာ မြန်မာနိုင်ငံအဖို့ ဘယ်လို ဆက်လက် စခန်းသွားမလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ကေအိုင်အေနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ

|0 comments
Wednesday, November 30, 2011
ကေအိုင်အိုအဖွဲ့

ကေအိုင်အိုဘက်မှ ပါဝင်ဆွေးနွေးသူများ
    ၁။ ကေအိုင်အို ဥက္ကဌ လညော်ဇောင်းခရား
    ၂။ လမာဂွမ်ဖန်
    ၃။ ဆရာကြီး ဆွမ်းလွတ်ဂမ်
    ၄။ ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်
    ၅။ ဗိုလ်မှူးကြီး လဇိန်ဂျီးနောင်
    ၆။ ဗိုလ်မှူးကြီး မရန် ဇော်တောင် တို့ဖြစ်ပါတယ်။

သိန်းစိန်အစိုးရအဖွဲ့
သိန်းစိန်အစိုးရမှ ပါဝင်ဆွေးနွေးသူများ
    ၁။ ဦးအောင်သောင်း
    ၂။ သိန်းဇော်
    ၃။ အောင်မင်း
    ၄။ ခရက်ထိန်နန် တို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
ဒီလိုတွေ့ဆုံလာနိုင်ဖို့ ကြားကနေပါဝင်ဆောင်ရွက်ပေးသူများမှာ ယွပ်ဇော်ခေါင်၊ လမိုင်ဂွမ်ဂျာ၊ ခဘရား ခွန်းအောင်နှင့် အင်ချန်ဆန်အောင်တို့ ကြားဝင်ဆောင်ရွက်ပေးကြောင်း သိရပါတယ်။


ဆွေးနွေးခဲ့တဲ့ အကြောင်းကို ဆက်လက်ဖော်ပြသွားပါမယ်...

သတင်းများ၊ ဓါတ်ပုံများ ပေးပို့နိုင်ပါတယ်..
W.P Moses


Tuesday, November 29, 2011

မြစ်ကြီးနားမြို့ ဗုံး ပြန်ပေါက်ပြီး အနည်း ဆုံး (၂) ဦး သေ..

|0 comments
 Tuesday, November 29, 2011


 နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ် ၀န်းကျင်တွင် မြစ်ကြီးနားမြို့ပေါ်တွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြာင်း သိရသည်။ မိုင်းကွဲသည့် အသံဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနား သီတာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်ထက် ပိုမိုကျယ်လောင်ကြောင်း ဒေသခံများက ဆိုသည်။ မနောကွင်းရှေ့ရှိ နတ်ကွန်း ရှိသည့် နေရာတွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး နှစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။ ကွယ်လွန်သူ တဦးမှာ ကျား/မ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားရန်ပင် ခက်ပြီး ကျန်တဦးမှာ အသက် ၃ နှစ် အရွယ် ကလေးငယ် တဦး ဖြစ်ကြောင်း သိရသည်။

ဘယ်အဖွဲ့အစည်းမှ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ တိတိကျကျ မသိရှိပေမယ့် ပြည်သူများဟာ သိန်းစိန်အစိုးရနှင့် အပေါင်းအပါတွေဖြစ်တယ်လို့ ယသိပြတ် ယုံကြည်နေကြပြီး စိုးရိမ်စိတ်လည်း တနေ့ထက်တနေ့ ပိုမိုများလာကြောင်း သိရှိရပါတယ်။

W.P Moses

ကချင် နယ်မြေမှာ ရွာတဲ့ အဝါရောင် ခေါ် (အဆိပ်၊ အက်စစ်) မိုး ဓါတ်ပုံ - Yellow rain or Acid rain

|0 comments
Tuesday, November 29, 2011


တရုတ်မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့မည် – China, Burma to enhance military ties

|0 comments


Tuesday, November 29, 2011

ပီကင်းတွင် ယနေ့ တွေ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တရုတ်ဒုသမ္မတ (ဓာတ်ပုံ – Xinhua/Li Tao)

မြန်မာနိုင်ငံနှင့် စစ်ရေး ဆက်နွယ်ပူးပေါင်းမှု တိုးမြှင့်ဖွယ်ရှိသည်ဟု တရုတ် ထိပ်တန်း စစ်အရာရှိတဦးက ယနေ့ ပြောလိုက်သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံအပြီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာသည်ဟု စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ပြောသည်။

တပ်မတော် ၂ ခုသည် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ လည်ပတ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း၊ နယ်စပ်လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း ပြောသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တာကြောင့် တရုတ် မြန်မာ ၂ နိုင်ငံစလုံးက တည်ငြိမ် ငြိမ်းချမ်းတဲ့ အနေအထား လိုအပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

သူက ပိုမို နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုတို့ကို နှစ်ဘက်စစ်တပ်များ တည်ဆောက်ရန်လည်း ကမ်းလှမ်း အဆိုပြုလိုက်သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တနိုင်ငံတည်း ဟူသော မူဝါဒကို ဆက်လက် ကိုင်စွဲမည်ဟု ပြောလိုက်သည်။ မြန်မာ့တပ်မတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၏ အထောက်အပံ့ပေးအပ်ခြင်းကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗျူဟာမြောက်မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်လိုကြောင်း ပြောဆိုလိုက်သည်။

Xinhua သတင်းဌာန
နိုဝင်ဘာ ၂၈၊ ၂၀၁၁

တိုက်ပွဲပိုမို ပြင်းထန်လာနိုင်၊ ကချင်စစ်ပြေးဒုက္ခသည်များ ဒုက္ခပေါင်းစုံ ခံစားနေရ

|0 comments
Tuesday, November 29, 2011
Kachin Internally Displace Persons (IDPs)

သိန်းစိန်အစိုးရဟာ ဒီရက်ပိုင်းအတွင်း ကေအိုင်အေရှေ့တန်းနယ်မြေများတွင် ရဟတ်ယာဉ်များ အသုံးပြုနေပါတယ်။ ကေအိုင်အေက ဒီအတောအတွင်း စစ်ပွဲ ပိုမို ပြင်းထန်လာမှာ ဖြစ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် တဝိုက်ရှိ စာသင်ကျောင်း (၁၀) ကျော်ကိုလည်း ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ မိုင်ဂျာယာန်ဟာ ကေအိုင်အေ တပ်မဟာ (၃) နယ်မြေဖြစ်ရာ ဒီအတောအတွင်းမှာ သိန်းစိန်တပ် တပ်မ (၈၈) နှင့် ကေအိုင်အေ တပ်မဟာ (၃) များမှ တပ်ရင်းများ လှုပ်ရှားနေကြပါတယ်။

ကေအိုင်အေနှင့် သိန်းစိန်အစိုးရတပ် လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေပြီး ငြိမ်းချမ်းရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လ နီးပါးရှိလာပြီဖြစ်ရာ စစ်ပြေးဒုက္ခသည်များလည်း ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေများနှင့် တရုတ်နယ်စပ် တလျှောက်တွင် ထွက်ပြေး ခိုလုံနေကြရာ သုံးသောင်းကျော် ရှိနေပြီဟု ဒုက္ခသည် ကူညီရေးများရဲ့ ဖေါ်ပြချက်အရ သိရှိရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူငယ် အဖွဲ့အစည်းများရဲ့ ခန့်မှန်းပြေဆိုချက်အရ တောတောင်တွေနှင့် တခြားနေရာ (ဒုက္ခသည်စခန်းမဟုန်) များ အပါအဝင်ဆိုရင် စစ်ပြေးဒုက္ခသည် ငါးသောင်း ဝန်းကျင်ရှိနေပြီဟု သိရပါတယ်။


ကချင် စစ်ပြေးဒုက္ခသည် စခန်း

ဆဒုံး-ကန်ပိုင်တီဘက်ရှိကချင် စစ်ပြေးဒုက္ခသည်များမှာ ယခုချိန်တွင် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံစားနေရပါတယ်။ “အခုဒီမှာတော့ အရမ်းအေးတယ် မနက်ဆိုရင် နှင်း တွေက တစ်ထွာကျော်ကျော် နှင်း ကျတယ်.. ကျနော်တို့ အားလုံးဟာ အဝတ်အစားများ၊ စောင်များ မရှိပါဘူး.. မီးမွေးပြီးမှ အအေးဒဏ်ကို ကာကွယ်နေကြပါတယ်.. ဒီဘက်မှာ နေထိုင်ဖူးတဲ့ သူတွေကတော့ သိမှာပါ.. ဆောင်းရာသီဆိုရင် တောင်တွေ အားလုံးဟာ ရေခဲတောင်ဖြစ်သွားပါတယ်.. နွေဦးရောက်မှ အဲ့ဒီ ရေခဲတွေပျော်သွားတယ်.. ရေခဲပျော်သွားတော့ သစ်ပင်တွေဆိုရင် အဝါရောင်ဖြစ်သွားတယ်.. မိုးရာသီရောက်မှ ပြန်လည်စိမ်းလန်းလာတယ်.. အခုချိန်မှာ ချမ်းတာတော့ မပြောနဲ့တော့ .. ” ဟု စစ်ပြေးဒုက္ခသည် တစ်ဦးမှ ပြောကြားလာပါတယ်။


ကချင်စစ်ပြေး ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ဆေးဝါး၊ အဝတ်အစားများ၊ စောင်များ၊ စသည်စသည် များစွာလိုအပ်လျက်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများ ၊ ပြည်သူလူထုများရဲ့ ခံစားချက်၊ အမြင်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုများ mungkanbrang@gmail.com  နှင့် wunpawngnews@gmail.com သို့ အမြန်ဆုံး ၂၄ နာရီ ပေးပို့နိုင်ပါသည်..


W.P Moses

K.I.A နှင့် သိန်းစိန် အစိုးရ တရုတ်နိုင်ငံမှာတွေ့

|0 comments
Tuesday, November 29, 2011


ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ K.I.O/K.I.A နှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့စုံ မှာဖြစ်တယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာကို ဆက်လက်တင်ပြသွားပါမယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၉၊ ၂၀ မှာလည်း ထိုင်းနိုင်ငံ တနေရာမှာ အပေါ်ယံ တွေ့စုံခဲ့ပြီး ဖြစ်ပါတယ်။


သိန်းစိန် အစိုးရဟာ ဆွေးနွေးမှု ပြုလုပ်နေပေမယ့် ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေများတွေ စစ်တပ်အင်အား ပိုမို တိုးချဲ့လျက်ရှိကြောင်း ကေအိုင်အေ အရာရှိများမှ ပြောပါတယ်။


သတင်းဓါတ်ပုံများ ၊ ပြည်သူလူထုများရဲ့ ခံစားချက်၊ အမြင်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုများ mungkanbrang@gmail.com  နှင့် wunpawngnews@gmail.com သို့ အမြန်ဆုံး ၂၄ နာရီ ပေးပို့နိုင်ပါသည်..


W.P Moses

Thousands of Kachin Villagers Displaced in Kachin State

|0 comments
Tuesday, November 29, 2011

Monday, November 28, 2011

စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...

|0 comments
Monday, November 28, 2011

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100
(ဓာတ်ပုံ ဒီမိုဝေယံ)

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း ၅၇၀ တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး (၂၀) အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။


မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့ အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည် ၂၂၆ ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ ပေရှိပြီး ပေါင် (24,250 lb) သာရှိတဲ့ MiG-29 ၃ စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။





အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...
ရုရှားနိုင်ငံဟာ ၂၀၀၉ ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10 နဲ့ FC 1 တိုက်လေယာဉ်တွေအစား MIG 29 ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှား MIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။

အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ် F-7 နဲ့ Q-5 တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29 ဖြစ်ပါတယ်..

ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁ သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂ စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂ မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။


မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..

အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)


ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ ခုနှစ်မှာတော့ ၁၆ စီးပေးပို့ခဲ့ပါတယ်..။

မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး (၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ

 နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။


တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ ကျော်တဲ့ Q-5 attack aircraft နဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း..

(http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)

စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက်

သမ္မတ ဦးသိန်းစိန်ရဲ့သား

ရုရှား ၊ တရုတ် ၊ india မှ လူထုကိုသတ်ဖို့ ဝယ်ထားသည့်  လက်နက်ကြီး

စစ်ပြေး

ဗမာ စစ်သားများမှ ကချင် အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်

ကချင်နယ်မြေမှ မိဘမဲ့ ကလေး သူငယ်များ

 
လမ်းပေါ်မှ စီးပွားရေး သမားများ၊ တေဇ သားများ

India ရုရှားတရုတ် မှ ပြည်သူလူထုငွေဖြင့် ၀ယ်ယူထားသည့် လက်နက်ကြီး အဖြေ

 ဗုံး ရဲ့ သားကောင်ဖြစ်သွားတဲ့ အပြစ်မဲ့ ကလေးငယ်များ...

လိပ်စာပြောက်သွားသည့် စစ်ပြေးဒုက္ခသည်များ ...

ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက  အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။


 ဒီမိုဝေယံ ၊ ဇော်ရှန် (wunpawng)