Monday, September 26, 2011

ရှဒန်ပါမှာ တိုက်ပွဲဆက်ဖြစ်

Monday, September 26, 2011
ရှေ့တန်းနယ်မြေတစ်ခုမှာ K.I.A စစ်သည်နှစ်ဦး အခြေအနေကို အကဲခတ်ကြည့်ရှုနေစဉ်

ဒီနေ့ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ K.I.A နယ်မြေဖြစ်တဲ့ ရှဒန်ပါ မန်နောင်ကျေးရွာ ဘက်တွင် စစ် အာဏာရှင် အစိုးရဘက်မှ စစ်အင်အား တိုးများ လာနေကြောင်း၊ ယခုချိန်တွင် K.I.A တို့နှင့် တိုက်ပွဲ များစတင် ပစ်ခတ်နေ ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။ ချစ်ခင်လေး စားရပါ သော နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြကုန်သော ကချင်ပြည်သူပြည်သားများ အားလုံး အထူး ဆုတောင်း ကူညီနေဖို့ရန် အင်မတန် အရေးကြီးပါတယ်။

K.I.A တပ်မဟာ (၄) မှာ အဆက်မပြက် တိုက်ခတ်နေ

ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် (၂) နယ်မြေတွင် အခု ချိန်ထိ မရပ်မနားဘဲ တိုက်ပွဲဖြစ် ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ K.I.A တပ်ရင်း (၉) နှင့် (၂) တို့ကို လက်လွှတ် လိုက်တာမဟုတ်ဘဲ K.I.A စစ်ဌာနချုပ်ရဲ့ ညွန်းကြား ချက်အရ ခေတ္တ ခွာပေး လိုက် တာသာ ဖြစ်ပြီး ခွာစစ်အနေနဲ့ စစ်ဆင် လိုက်ခြင်း ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲ၏ အခြေအနေကို အဆက်မပြက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲများဟာ ပိုမိုပြင်းထန်လာမှာ သာဖြစ်တယ်လို့ K.I.A တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရပါတယ်။ K.I.A တို့အနေဖြင့် ပြောက်ကျား စစ်ဆင်ရေးကို ပိုမိုဦးစားပေး ခုခံတိုက်ခိုက်သွားမှာဖြစ်ကြောင်း ကိုလည်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

0 comments: