Tuesday, January 11, 2011

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄၂)

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄၂) 

ဆောင်းပါးရှင် - ကိုကျော်ထင် အပိုင်း

(၄၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာဖတ်ရှုနိုင်ပါတယ်။ 
 
နီကွာရာဂွာတွင် ဆန်ဒီနစ္စတာ တပ်မတော် (Sandinista army) သည် ၄င်း၏အမျိုးသား တပ်မတော် အဖြစ်သို့ အသွင်ကူးပြောင်းမှုကို ၄င်း၏သစ္စာရှိမှုအား နိုင်ငံရေးပါတီ တစ်ရပ်သို့ဆိုသည်ထက် နိုင်ငံတော်သို့ ဆိုသည်ကိုဖြစ်စေလျက် ကြီးကြီးမားမားပင် ဆောင်ရွက်ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။ (၁၉၉၁) ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကျမှုကို ရင်ဆိုင်ကြုံတွေ့လိုက်ရသော ကျူးဘားသည် နိုင်ငံတကာ ကွန်မြူနစ် ၀ါဒ၏ နိုင်ငံရပ်ခြားတွင် စစ်ဆင်ရန်အတွက် စေလွှတ်သော တပ်ဖွဲ့ဆိုသည့် ၄င်း၏ကာလရှည် ကြာတည်ရှိလာခဲ့သည့် အခန်းကဏ္ဍကို စွန့်လွှတ်ခဲ့လိုက်ရပေသည်။ 

အမှန်တကယ်အားဖြင့်လည်း ၄င်း၏တပ်ဖွဲ့များသည် အသုံးစရိတ် ဖြတ်တောက်မှုနှင့် စစ်အသုံးအဆောင် ပစ္စည်းများ၊ လောင်စာများနှင့် အပိုစပယ်ယာ ပစ္စည်းများ လျော့နည်းလာမှုများကြောင့် နောက်ဆုံး (၁၉၉၅) ခုနှစ်ခန့်တွင် တကယ်ပင် သွက်ခြာပါဒလိုက်ခြင်းကို ခံစားလိုက်ရပေသည်။ တချိန်တည်းမှာပင် လက်တင် အမေရိက ဒေသတလျှောက်လုံးမှ စစ်ဘက်ထူထောင်မှုများသည် သူတို့၏ ပြည်တွင်းအာဏာများမှ အားလုံး မဟုတ်သည့်တိုင်အောင် အတော်များများကို ဆုံးရှုံးစွန့်လွှတ်ခဲ့ပေသည်။ သူတို့သည် တမျိုးသားလုံးဆိုင်ရာ အကြပ်အတည်း အချိန်ကာလများမှလွဲ၍ နဘေးမှသာ ရပ်တည်နေခဲ့ပေသည်။ အာဂျင်တီးနားစစ်ဦးစီးချုပ် မာတင်ဘာလ်ဇာ (Martin Balza)

အာဂျင်တီးနားစစ်ဦးစီးချုပ် မာတင်ဘာလ်ဇာ (Martin Balza)

ပို၍ကြီးမားသော နိုင်ငံရေးအရ မြင်သာထင်သာ ဖြစ်မှုများထဲမှ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များတွင် (၁၉၉၅) နှစ်အစောပိုင်းကာလက ဖြစ်ပျက်ခဲ့သော အီကွေဒေါ - ပီရူးနယ်စပ်ပဋိပက္ခ၊ (၁၉၇၀) ခုလွန်နှောင်းပိုင်းနှစ် ကာလများတွင် ဖြစ်ပျက်ခဲ့သော ‘ညစ်ပတ်သောစစ်ပွဲ’ ‘dirty war’ အတွင်း ဖြစ်ပျက်ခဲ့သည့် အာဂျင်တီးနား တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် ပတ်သက်၍ အာဂျင်တီးနား စစ်ဦးစီးချုပ် မာတင်ဘာလ်ဇာ (Martin Balza) ၏ အများပြည်သူအသိဝန်ခံချက်နှင့် ဗိုလ်ချုပ်ကြီး အော်ဂတ်စ်တို ပီနိုချေး (General Augusto Pinochet) ၏ ချီလီအဆင့်မြင့် စစ်ဘက်အရာရှိများအပေါ် ၄င်း၏စစ်အစိုးရကာလ (၁၉၇၃-၈၉) တွင် ကျူးလွန်ခဲ့သော အလားတူ လူ့အခွင့်အရေး ချိုးဖေါက်မှုများကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုမှုများအား ပြင်းထန်သောဆန့် ကျင်တုံ့ပြန်မှုတို့ ဖြစ်ပေသည်။

လက်တင်အမေရိကဒေသမှ မကြာသေးမီက ကြုံတွေ့ရသော စစ်ဘက်အုပ်ချုပ်မှုနှင့်အတူ စီးပွားရေး ကြပ်တည်းမှု၊ နိုင်ငံတကာ ပြစ်တင်ကဲ့ရဲ့ရှုတ်ချမှုနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဂုဏ်သိက္ခာအား ထိခိုက်စေခဲ့မှုများ၏ အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များက စစ်ဘက်ထူထောင်မှုများအား အာဏာဆီသို့ ကြီးကြီးမားမားပင် မလာချင်တော့အောင် ချန်ထားခဲ့ပေသည်။ 

စစ်အေးတိုက်ပွဲ အဆုံးသတ် မှုသည်အစောပိုင်း ဆယ်စုနှစ်များနှင့် မတူသော  လက်တင်အမေရိက ဒေသတွင် လုံခြံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ် ပေါ်ပေါက်လာမှုကို သက်သေပြဆိုခဲ့ပြီး ဖြစ်ပေသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်လာမှုအရ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အနာဂါတ် လုပ်ငန်းမစ်ရှင်သည် အလွန်အမင်း ဖြစ်သော လူမှုစီးပွားရေး မဖွံ့ဖြိုးမတိုးတက်မှု၊ အနှံ့အပြား ဖြစ်ပေါ်နေသော ပြည်တွင်း ရာဇ၀တ်မှုများမှသည် နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်ကူးမှုများ အဆုံးဖြစ်ပေါ်နေသော  ခြိမ်းခြောက်မှု အသစ်ကို ရင်ဆိုင် အောင်နိုင်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် ဆက်စပ်နေသည့်  အစဉ်အလာဖြစ်သော နယ်စပ်ဒေသ ကာကွယ်ရေး လုပ်ငန်းများကို ပို၍  အာရုံစိုက်နိုင်ဖွယ် ရှိပေသည်။ 

ယင်းထက် အကြမ်းဖက်သောင်းကျန်းမှုများအား တန်ပြန်သည့် စစ်ဆင်ရေးများနှင့် အရပ်ဘက်နိုင်ငံရေး ပဋိပက္ခများကို အလွန်အကျွံမဖြစ်အောင် လုပ်ပေးသော လုပ်ငန်းများကို နည်းပါးစွာ အာရုံစိုက်နိုင် ဖွယ်ရှိပေသည်။ အစိုးရ၏ အရည်အသွေးများနှင့် ဒီမိုကရက်တစ် စည်းလုံးညီညွတ်မှုများကို မပျက်စီးစေသော နည်းလမ်းများဖြင့် အထက်ပါ လုပ်ငန်းမစ်ရှင်များအား ဆောင်ရွက်မည့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အရည်အသွေးသည် တရားဝင်သော အရပ်သားအစိုးရအပေါ်တွင် ထိုလက်နက်ကိုင် တပ်ဖွဲ့များ၏ အောင်မြင်စွာ ဆောင်ရွက်ပေးသော နာခံမှုအပေါ်တွင် မူတည်လိမ့်မည် ဖြစ်ပေသည်။

0 comments: