Wednesday, January 12, 2011

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

The article of Mr. Benedict Rogers 

စာဖတ်သူများခင်ဗျား

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက်ထုတ် 'နာဂစ်အလွန် မြန်မာပြည်—ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာကို အင်္ဂလန်နိုင်ငံမှ Mr. Benedict Rogers က အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ်ထုတ် ဂါးဒီးယန်းသတင်းစာမှာ ချေပရေးသားထားပါတယ်။ Mr. Benedict Rogers ဟာ အင်္ဂလန်နိုင်ငံ The Conservative Party Human Rights Commission မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့အပြင် ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့မှ Research & Advocacy Officer, South Asia တာဝန်ခံ အနေနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူရဲ့  ချေပထားချက်အား ပင်တိုင်ဆောင်းပါးရှင် ဆရာဂါမဏိက ဘာသာပြန်ပြီး ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့တဲ့အတွက် Mr. Benedict Rogers နဲ့ ဆရာဂါမဏိကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ စာဖတ်သူများ လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ I really thank Mr. Benedict Rogers who wrote this feature and Gamanii who translate this feature to Burmese. 

မြန်မာနိုင်ငံ ကိုကမ္ဘာပေါ်တွင် အရက်စက် အကြမ်းကြုတ် ဆုံးစစ်အစိုးရတစ်ခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရသည် ဒီမိုကရေစီကို ချိုးနှိမ်ထားရုံ သာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာ ရေးအကျပ်အတည်းကို ဖန်တီးပေါ် ပေါက်စေ သည့်ပြစ်မှုပါ ကျူးလွန် ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံ ဇာတ်ကြောင်းကို မေ့လျော့သွေဖီ သွားခဲ့လေသည်။ 


ယခုနှစ် အစောပိုင်းကနာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝ ကပ်ဘေးကို တုံ့ပြန်ရာတွင် အခြားမည်သည့် အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှ ကူညီရေး ကြိုးပမ်း ချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့ပြီး လမ်းလွှဲ အလွဲသုံးစား လုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့သည်။ အကူအညီဖြန့်ဝေ ပေးရန် ကြိုးစားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင် ဖြန့်ဖြူးသည့် အကူအညီ အနည်းအကျဉ်း မှာလည်း ဝါဒဖြန့်ချီရေး အတွက်သာဖြစ်ပြီး ဓာတ်ပုံနှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူ သွားသည်။ စစ်အစိုးရ၏ တမင်တကာ ဥပေက္ခာ ပြုမှုနောက် ကွယ်တွင်အနည်းဆုံးလူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ်သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မုန်တိုင်းပြီး သည့်အခါ နောက်ထပ် လူသားချင်း စာနာရေးအကျပ်အတည်းတခု ပေါ်ထွက်လာ ပြန်ပါသည်။ ယခု တကြိမ်မှာ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါးသုဉ်းမှုကြောင့် ကြွက်ထရာမှ အငတ်ဘေးဆိုက်ခြင်း ဖြစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့် တွက်ဆထား ကြသည့် အငတ် ဘေးအတွက် ဘာတခုမ ကြိုတင်ပင်ဆင်ခြင်း မရှိဘဲ၊ ကူညီကယ်ဆယ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရ တာဝန်ရှိသူများ ကကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP ကိုနေရာလွှဲခေါ်ပြ ခဲ့ပြီးအငတ် ဘေးမရှိကြောင်း ကြေညာ စေခဲ့သည်။ ထိုနောက်ပိုင်းတွင် ကုလရိက္ခာ အဖွဲ့က မိမိတို့ရပ် တည်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ``ချင်း´´ ပြည်သူများအား ကူညီပေးရေး ကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက် ဟန့်တားနေသည်။

မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ ပိုင်းတွင် တိုင်းရင်းသား လူမျိုးများအပေါ် ထိုးစစ်ဆက်လက် ဆင်နွှဲနေရာ နောက် ထပ်လူသားချင်းစာနာ ရေးဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့် ခွာခဲ့ရသည်။ အရပ်သားများကို အနီးကပ် တည့်တည့်ချိန် ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ် အားပေးခိုင်းခြင်း၊ လူသားမိုင်းရှင်း ကရိယာများအဖြစ် အသုံးပြုခြင်းများ ကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်းအကြပ် သွတ်သွင်း စစ်မှုထမ်းခိုင်း နေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သားအများ ဆုံးဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် အကျဉ်းထောင် များအတွင်း ပင်ပန်းဆင်းရဲ စွာဒုက္ခခံနေရရာ ယခင် နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့် တုန်လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်ကျခံခဲ့ ရသည်မှာလည်း ၁၃ နှစ်ပြည့် သွားပြီဖြစ်သည်။

နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခုအချိန်မတိုင်မီအထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့သြဖွယ် အကောင်းဆုံး အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့စွာ ကာကွယ်ပေးထားပြီး 'နိုင်ငံရေး တိုက်ပွဲ' ကို အလွန်အကျူး အလေးပေးရ ကောင်းလားဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြစ်ဆိုထား ပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိ ခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အဘယ့်ကြောင့် ဆိုသော် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်း ဖိအားပေး နေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အိုင်စီဂျီက ဆင်ခြေပေး ထားသည်။ အိုင်စီဂျီ အဆိုအရ အနောက်တိုင်း မီဒီယာများမှာလည်း အပြစ်မကင်းဟု ဆိုသည်၊ အကြောင်းမူ စစ်အစိုးရ တာဝန်ရှိသူများ မြစ်ချောင်းထဲ ပစ်ချထားသည့် အလောင်းကောင်တို့ ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစရာဗိုလ်ချုပ်များ 'အလွန်တရာ နေရထိုင်ရခက်' ဖြစ်စေခဲ့သည်ဟု ဆို၏။ 

အကျပ်အတည်း၏ အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထားသော်လည်း ယင်းအကျိုးဆက်အရ ဖြေရှင်းချက် များမှာလည်း နိုင်ငံရေးပင်ဖြစ်သည် ဟူသောအယူ အဆကိုမူ အိုင်စီဂျီက ငြင်းဆိုထား ပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက် လူထုအသင်းအဖွဲ့ စီမံ ချက်များကို ထောက်ခံအားပေးရေး တို့ကိုမူ မှန်ကန်သင့်လျော်စွာ တောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်းစာနာရေး မဟာအကျပ်အတည်းကြီး ဆိုက်လုနီးနေပြီဟု သတိပေး ထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံ ပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂဏန်းများကလည်း အတိအလင်း ပြဆိုနေပြီ ဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေး လှုပ်ရှားတက် ကြွသူများသည် အကူအညီ ပေးရေးကို ဆန့်ကျင်နေသည် ဟူသော မုသားစကား ကိုဖြန့် ချိဖို့လုပ် ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီ ပိုပေးရေးကို တောင်းဆိုခဲ့ ကြသည်မှာ ကမ်ပိန်းအဖွဲ့များပင် ဖြစ်လေသည်။ 

ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင် မြင်စွာဦးဆောင် လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွတ် ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက် လူမှုအသင်းအဖွဲ့ များနှင့် ဒီမိုကရေစီအဖွဲ့ များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ်ကျော် လူသားချင်းစာနာရေး ကယ်ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်၊ တောင်းဆိုနေကြ ဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ် ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေ ခဲ့ကြသည်။ ယင်းအဖွဲ့များက ဆန့်ကျင်ခဲ့ကြသည်မှာ စစ်အစိုးရ အိတ်ထောင်များထဲသို့ ပိုက်ဆံထည့်ပေးရန် အိုင်စီဂျီ၏ တောင်းဆိုမှုကို သာဖြစ်သည်။ ဤသို့ဆန့်ကျင်ရခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏ စစ်တပ်တိုးချဲ့ရေး၊ လက်နက်များပိုမို ဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ်နိုင် ရေးအတွက် အဆိုပါဘဏ္ဍာငွေကို အသုံးချလိမ့်မည် ဟူသည့် ရိုးရိုးစင်းစင်း အကြောင်းတရားကြောင့်သာ ဖြစ်ပါသည်။ 

ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအားကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေပါသည်။

0 comments: