Wednesday, January 12, 2011

လူမိစ္ဆာတစ်စု၏ အိပ်မက် နျူကလီးယား လက်နက်များ

လူမိစ္ဆာတစ်စု၏ အိပ်မက် နျူကလီးယား လက်နက်များ 

ဆောင်းပါးရှင် - အောင်ခိုင် (လူထုအသံ အွန်လိုင်းဂျာနယ် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်) 

လက်ရှိ မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ရင်းနှီးသော ဆက်ဆံမှုများက မြန်မာနိုင်ငံ အနေ နှင့် နျူကလီးယား လုပ်ငန်းစဉ်များအတွက် အားထုတ် ကြိုးပမ်းနေပြီလား ဟူသော သံသယ မေးခွန်းတစ်ခုကို ပေါ်ပေါက်လာစေကြောင်း နိုင်ငံတကာရေးရာ သုတေသီများက ပြောကြားခဲ့ကြသည်။ အာဏာရှင်စနစ် လက်အောက် ကျရောက်နေသော အဆိုပါ နှစ်နိုင်ငံအနက် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထား ပြီး ဖြစ်ကာ ယခု အခါ တွင် မြန်မာ နိုင်ငံ အနေ နှင့် မြောက် ကိုရီးယား ထံ မှ နည်း ပညာ အကူ အညီ များ ရယူကာ နျူကလီးယား လက်နက်များ ထုတ်လုပ် လာဖွယ် ရှိနေ သည်။ 

လွန်ခဲ့ သော (၃) လတာ အတွင်း မြန်မာ့ တပ်မတော် မှ ထိပ်တန်း အဆင့် ရှိ ပုဂ္ဂိုလ် များ ပါဝင် သော မြန်မာ ကိုယ်စား လှယ် အဖွဲ့ အနည်း ဆုံး (၃) ဖွဲ့ မျှ မြောက် ကိုရီးယား မြို့တော် ပြုံယမ်း သို့ သွား ရောက် ခဲ့ခြင်း သည် အဆိုပါ သံသယ ဖြစ်ဖွယ် အနေ အထား ကို ပိုမိုအား ဖြည့်ပေး လျက်ရှိ သည်။ 

A satellite image of North Korea's Yongbyon nuclear complex with the reactor's cooling tower (circled) and a view of the tower as seen from the ground

မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ စက်တင်ဘာလလယ်က သွားရောက်ခဲ့သော ပြုံယမ်းခရီးစဉ်အား မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် စစ်လက်နက် ထုတ်လုပ်ရေး အရာရှိချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး နှင့် လေကြောင်းကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့သည်လည်း သြဂုတ် နှင့် ဇူလိုင်လများအတွင်းက ကမ္ဘာ့ထိပ်သီး ကွန်မြူနစ်နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးများ သွားရောက်ခဲ့ကြသည်။

ထိုခရီးစဉ်များမှာ သမားရိုးကျချစ် ကြည်ရေး ရည်ရွယ်ချက် သက်သက်မျှမကဘဲ မြန်မာ့တပ်မတော် အတွင်း အင်အား ဖြည့်တင်းရန်အတွက် လက်နက်များ ၀ယ်ယူရေး ညှိနှိုင်းမှု များ ဆောင်ရွက်သွားရန်အတွက်လည်း ရည်ရွယ်ထားဟန်ရှိသည်။ မြန်မာစစ်အစိုးရ အနေနှင့် လက်နက်ပစ္စည်းများ တိုးမြှင့်ဝယ်ယူရန်အပြင် လေကြောင်းကာကွယ်ရေး ခေတ်မှီ လက်နက်ဆန်းများ ၊ ဒုံးကျည်စနစ်များနှင့် တာဝေးပစ် ချေမှုန်းရေး လက်နက်ကြီး များ တပ်ဆင်သွားနိုင်ရန် အတွက်ပါ မြောက်ကိုရီးယားနိုင်ငံအား ချဉ်းကပ် နေခြင်း ဖြစ်နိုင် ဖွယ် ရှိသည်

မြန်မာစစ်အစိုးရ အနေနှင့် ထိုကဲ့သို့ နိုင်ငံအတွင်း စစ်ရေးလုံခြုံမှုများ အင်အား ဖြည့်တင်းပြီးပါက ၄င်းတို့ အဓိက ဆန္ဒပြင်းပြစွာ လိုချင်မက်မောနေသော နျူကလီးယား လက်နက်များ ထုတ်လုပ် နိုင်ရေး အတွက် ပိုမို အားထည့် ကြိုးပမ်း နိုင်ရေး နီးစပ်သွားပြီ ဖြစ်သည်။ မြန်မာအနေနှင့် မြောက်ကိုရီးယားမှ စစ် လက်နက်များဝယ်ယူ ထားမှုကြောင့် မြောက်ကိုရီးယားထံမှ နျူလက်နက် နည်းပညာများ အကူအညီ ရနိုင်ဖွယ် ရှိနေသည်။ လက်ရှိ ရန်ကုန်တိုင်း မြို့ တော်ဝန် တာဝန်ကို ရယူထားသော ဗိုလ်မှူးချုပ် အောင်သိန်းလင်း သည် မြန်မာ နိုင်ငံ အတွင်း စက်မှု ထုတ်ကုန်များကို အဓိက ထုတ်လုပ်ပေး နေသော အမှတ် (၂) စက်မှု ၀န်ကြီးဌာနကို ဒုတိယ ၀န်ကြီးအဖြစ် ကြိုးကိုင် ခြယ်လှယ် နေသူလည်း ဖြစ်သည်။

(၁၉၉၈) ခုနှစ် နောက်ပိုင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးများသည် မြန်မာ့နျူကလီးယား စွမ်းအင် လေ့လာရေး အဖွဲ့၏ ခေါင်းဆောင် တာဝန် ကိုလည်း ယူရ လေ့ရှိ သည်။ မြန်မာနိုင်ငံ အတွင်း နျူကလီးယား စွမ်းအင်ကိစ္စများကို သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာနမှ တရားဝင် တာဝန် ယူထား သော်လည်း နျူကလီးယား လက်နက် များ ထုတ်လုပ် နိုင်ရေး စီမံကိန်းကြီးတွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန မှာ အခရာကျလာ ပေလိမ့်မည်။

မြန်မာနိုင်ငံ၏ အနုမြူ လက်နက် စီမံကိန်းသည် (၁၉၉၈) ခုနှစ် ကတည်းက လျှို့ဝှက်စွာ ကြံစည်နေခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ (၁၉၉၈)ခုနှစ်၊ မေလ အတွင်း မြန်မာ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယား ဗုံးစမ်းသပ် ဖောက်ခွဲ ခဲ့ပြီးနောက် အာရှဒေသအတွင်း အနုမြူလက်နက်များ ပြန့်နှံ့လာမည်ကို တစ်ကမ္ဘာလုံးက ထိတ်လန့် စိုးရိမ် လာခဲ့ သည်။ 

ထိုအချိန်က မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေက အက်တမ် စွမ်းအင် ဥပဒေအား ဇွန်လ(၈) ရက်နေ့တွင် ထောက်ခံလက်မှတ် ရေးထိုးခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပါကစ္စတန် နိုင်ငံနှင့် ဆက်သွယ်မှုများ ပြုလုပ်ကာ နျူကလီးယား လမ်းစဉ် အပေါ် စတင်စိတ်ဝင် စားလာခဲ့သည်။ အချို့ သော နိုင်ငံရေး အကဲခတ် များက မြန်မာစစ်အစိုးရအနေ နှင့် နိုင်ငံတကာ တိုက်ခိုက် မှုများအတွက် ပြင်ဆင် နိုင်ရန် နှင့် နိုင်ငံ၏ မဟာဗျူဟာ စစ်လက်နက် စွမ်းရည်ကို တိုးမြှင့် နိုင်ရန်ရည်ရွယ်ချက် များဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်သွား နိုင်ရေးကို မျက်စိကျလာခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြ သည်။ 

ယခင်ကတည်းက နိုင်ငံ၏၀င်ငွေ အတော်များများကို စစ်လက်နက် များဝယ်ယူရေးတွင်သာ ပုံအော အသုံးချခဲ့သော မြန်မာစစ်အစိုးရအနေ နှင့် အလွန်အစွမ်းထက်သော နျူကလီးယား လက်နက်များ ပိုင်ဆိုင် ခွင့်ရမည်ဆိုလျင် ငွေကြေး မည်မျှ ကုန်ကုန် အလျင်း ဂရုစိုက် ဖွယ်မရှိချေ။ 

(၂၀၀၁) အစောပိုင်းက မြန်မာနိုင်ငံ၏ မဟာမိတ် နိုင်ငံဖြစ်သော ရုရှားနိုင်ငံက မြန်မာနိုင်ငံအတွင်း စွမ်းအင် ထုတ်လုပ်ပေးရန် ရည်ရွယ်ချက်ဖြင့် နျူကလီးယား ဓါတ်ပေါင်းဖိုတစ်ခု ဆောက်လုပ် ပေးရန် စီစဉ် နေကြောင်း စတင်လေသံပစ် လာခဲ့သည်။ ရုရှား၏ အနုမြူ စွမ်းအင်ဌာနက မြန်မာနိုင်ငံအတွင်း သုတေသနပြု ဓါတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်သွားရန် အစီအစဉ် ရှိနေကြောင်း ကြေငြာ ခဲ့သည်။ နောက် တစ်နှစ် အကြာတွင်မူ ထိုစဉ်က မြန်မာ့နိုင်ငံခြားရေး ဒုတိယ ၀န်ကြီး ဦးခင်မောင်ဝင်းက စွမ်းအင် ထုတ်လုပ်နိုင် မည့် နျူကလီးယား သုတေသန ဓါတ်ပေါင်းဖိုတစ်ခု မြန်မာစစ်အစိုးရအနေ နှင့် စမ်းသပ် တည်ဆောက် သွာ မည်ဖြစ်ကြောင်းပြည်သူလူထုအား အသိပေး ကြေညာလိုက်သည်။

မြန်မာနိုင်ငံသည် နျူကလီးယား ရူပဗေဒအတတ် ပညာများ ဆည်းပူး လေ့လာ နိုင်ရန် အတွက် တပ်မတော်မှ ပညာတော်သင် စစ်သည်ထောင်နှင့် ချီပြီး ရုရှားသို့ပို့ ဆောင်ခဲ့သည်။ မူလက ရုရှား အကူအညီ နှင့် တည်ဆောက်မည့် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းသည် (၂၀၀၃) ခုနှစ်တွင် စတင် နိုင်မည်ဟု မျှော်မှန်းထားသော်လည်း ဘဏ္ဍာရေး ဆိုင်ရာအကျပ် အတည်းများကြောင့် (၁၀) မီဂါဝပ် ဓါတ်ပေါင်းဖို တည်ဆောက်ရေး မှာ (၂၀၀၇) မေလ ရောက်သည်အထိ စတင်နိုင် ခဲ့ခြင်းမရှိခဲ့ပေ။ 

အဆိုပါ ဓါတ်ပေါင်း ဖို သည် လက်နက် ထုတ်လုပ် နိုင်စွမ်း မရှိ သည့် ယူရေနီယမ် အဆင့်(၂၃၅) လောင်စာ ကိုသာ အသုံးပြု မည် ဖြစ်ပြီး ထို ဓါတ်ပေါင်း ဖို ကို ကုလ သမဂ္ဂ လက်အောက် ရှိ နိုင်ငံ တကာ အနုမြူ ထိန်းချုပ်ရေး အဖွဲ့ ကြီး က စနစ် တကျ စောင့်ကြည့် သွားမည် ဖြစ်သော ကြောင့် မြန်မာ စစ် အစိုးရ အနေ နှင့် အနုမြူ လက်နက် များ ထုတ်လုပ် နိုင်ရေး မျှော်လင့်ချက် နှင့် ဝေးကွာနေဆဲ သာဖြစ် သည်။ သို့သော် လည်း နျူကလီးယား နည်း ပညာ များ နှင့် ထိတွေ့ ရင်းနှီး ခွင့် ရလာမည် ဖြစ် သလို အက်တမ် ဆိုင်ရာ သီအိုရီ များ၊ ဗဟု သုတများ ကိုလည်း ပိုမို နားလည် သိရှိလာမည်ဖြစ်ရာ ပြင်ပအထောက်အပံ့များ ရရှိနိုင် ခဲ့ မည် ဆိုပါက အနုမြူ လက်နက် စီမံ ကိန်း စတင် နိုင်ရေး အတွက် အခြေခံ ကောင်းများ သဖွယ် ဖြစ်နေ ခဲ့ သည်။

ယခုသော် အနုမြူလက်နက် များ ပိုင်ဆိုင် နေ သော ကမ္ဘာ့ ထိပ်သီး ကွန်မြူနစ် လက်နက် နိုင်ငံတော် ကြီး တစ်ခု နှင့် မြန်မာ စစ် အစိုးရ တို့ သူတော် ချင်းချင်း သတင်း လွေ့ လွေ့ ပေါင်းဖက် တွေ့ ကြ ပြီ ဖြစ် သည်။ မြောက် ကိုရီးယား သည် နိုင်ငံတကာ တောင်းဆို မှု များ ကို လျစ်လျူ ရှု ပြီး နျူကလီးယား လက်နက် များ ဆက်လက် စမ်းသပ် ထုတ်လုပ် နေသော စစ် မက် အသား ပေး နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို မြန်မာ နိုင်ငံ သည်လည်း စစ် အင်အား တိုးချဲ့ ရေး အတွက် ထိပ်တန်း မဟာမိတ် များ လိုအပ် နေချိန် ဖြစ် သည်။ 

မြောက်ကိုရီးယားနိုင်ငံအား မြန်မာစစ် အစိုးရ အနေနှင့် (၁၉၈၃)ခုနှစ်က အလည်အပတ် လာရောက် သော တောင် ကိုရီးယား နိုင်ငံ့ ခေါင်းဆောင် ချန်ဒူးဟွမ် အား မြောက် ကိုရီးယား သူလျှိုများ က ရန်ကုန်မြို့ တွင် လာရောက် ဗုံးခွဲလုပ်ကြံရန် ကြိုးပမ်းခဲ့မှု နောက်ပိုင်း ဆက်ဆံရေး ဖြတ်တောက်ထား ခဲ့ရာ မှ ယခုကဲ့သို့ အလွန်တရာ ကောင်းမွန် သော ဆက်ဆံရေး တစ်ရပ် ပြန်လည် တည်ဆောက် နိုင်ရန် ကြိုးပမ်း လာခြင်း မှာ နျူကလီးယား နည်း ပညာများ အကူ အညီ ရရှိ လိုမှု အတွက် ဖြစ်နိုင် ချေ အလွန် များ နေ သည်။ 

အမေရိကန် အစိုးရ အနေ နှင့် လက်ရှိ မြန်မာ - မြောက် ကိုရီးယား နွေးထွေး သော ဆက်ဆံရေး များ ကို သံသယ ရှိနေပြီး (၂၀၀၇)ခုနှစ် အတွင်းကတည်းက မြန်မာ စစ် အစိုးရ အား အနုမြူ လက်နက် များ စမ်းသပ် ထုတ်လုပ် မှု မပြုရန် လက်မှတ် ရေးထိုး ထား သည့် စာချုပ် အပေါ် လေးစား မှု ရှိရန် သတိ ပေးထား သည်။ သို့သော် လည်း လတ်တလော ကာလ အတွင်း ပြုံယမ်း သို့ မြန်မာ ချစ်ကြည် ရေး အဖွဲ့ များ အကြိမ်ကြိမ် သွားရောက် နေမှု မှာ နျူကလီးယား လက်နက် မပြန့်ပွားရေး ကြိုးပမ်း နေကြသော နိုင်ငံ တကာ အဖွဲ့အစည်း များ အတွက် အချက်ပေး ခေါင်းလောင်း ထိုး လိုက်သလို မြန်မာ ပြည်သူ များ အတွက်လည်း အလွန် ကြောက်မက် ဖွယ်ကောင်း သော သတင်းတစ်ရပ် ဖြစ် လာ ခဲ့သည်။ 

လက်ရှိ အခြေ အနေ တွင် ပင် လက်နက် အားကိုး ဖြင့် ပြည်သူ များ အပေါ် အနိုင် အထက် ပြုကျင့် နေ သော စစ် အစိုးရ လက်ထဲ သို့ သာ အလွန် အဖျက် စွမ်းအား ကြီး သော နျူကလီးယား လက်နက် များ ရောက်ရှိ သွားမည် ဆိုပါက မြန်မာ ပြည်သူ များ အနေ နှင့် ဟစ်တလာ အယောက် (၁၀၀) နှင့် တပြိုင် တည်း ကြုံရ သလို ဖြစ်လာ ပေလိမ့် မည်။ အကြမ်းဖက် မှုကို လိုလား သော၊ လက်နက် အားကိုး အနိုင် ကျင့် တတ်သော စစ် အစိုးရ အနေ နှင့် မြောက် ကိုရီးယား ထံ မှ နည်း ပညာ၊ ဓါတ် သတ္တု ပစ္စည်း များ အပါ အ၀င် အကူအညီ အထောက် အပံ့ များ မရရှိ နိုင်ပါ ဟု မည်သူ မျှ ငြင်းချက် မထုတ် နိုင် ချေ။ မြန်မာ စစ် အစိုးရ အနေ နှင့် မူ ၄င်းတို့ ၏ မျှော်လင့်ချက် ရောင်နီသည် ပြုံယမ်း အရပ်ဆီ မှ တဖြည်းဖြည်း သမ်းလာ နေပြီ ဖြစ် သည်။ 

နျူကလီယား စွမ်းအင် သည် ကမ္ဘာ့ ငြိမ်းချမ်း ရေး ထိန်းသိမ်း မှု လုပ်ငန်း စဉ် များ အတွက် အလွန် အစွမ်း ထက်သော လက်နက် တစ်ခု ဖြစ်သည် ကား အသေ အချာ ပင်ဖြစ်သည်။ သို့သော် လည်း မြန်မာ စစ် အစိုးရ ကဲ့သို့ သော လူ့မိစ္ဆာ များ လက်သို့ အဆိုပါ လက်နက် ဆန်း များ ရောက်ရှိ သွားခဲ့ပြီ ဆိုလျင် ကား ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုး အန္တရာယ် သည် ကြိုတင် ခန့်မှန်း နိုင်ခြင်း မရှိ လောက် အောင် ကြီးမား ကျယ်ပြန့် လာ ပေ လိမ့် မည်။ 

ထို့ကြောင့် လည်း လက်နက် အားကိုး နှင့် ကမ္ဘာ့ အလယ် ငပွကြီး လုပ်နေ သော မြန်မာ စစ် အစိုးရ လက်သို့ စွမ်းအား ကြီးမား သော အဖျက် လက်နက်များ ရောက်ရှိ မသွား နိုင်ရေး အတွက် ကမ္ဘာ့ ငြိမ်းချမ်း ရေး အဖွဲ့များ အနေ နှင့် ထိန်းသိမ်း ဆောင်ရွက် သွားနိုင် ရေးသာ မျှော်လင့်ချက် ထား နေရ မည် ဖြစ် တော့ သည်။

0 comments: