Saturday, November 26, 2011

ပြည်သူများ ထိတ်ခနဲ ဖြစ်နေတဲ့ ကချင်နယ်မြေမှ ဗုံး သံ

Saturday, November 26, 2011
 Kachin Independence Army


 စစ်အစိုးရရဲ့ စစ်အင်အား တိုးချဲ့လာမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေပါတယ်။ အောက်ပိုင်းမှ တပ်မများကို ကချင်နယ်မြေသို့ အင်အားဖြည့် စေလွတ်နေပါတယ်။ များမကြာမီမှာ ကေအိုင်အေနှင့် စစ်တပ်တို့ အကြား တိုက်ပွဲများ ပိုမူ ပြင်းထန်လာမယ်လို့ ပြည်သူများက စိုးရိမ်ပူပန်နေကြပါတယ်။ ကေအိုင်အေတပ်လည်း စစ်ရေး ပိုမို ပြင်ဆင်လျက် ရှိနေပါတယ်။


 နိုဝင်ဘာလ ၂၅ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ အေးမြသာယာ ရပ်ကွက်  သချုင်္ိင်းကုန်း အနီးမှ မီးရထား သံလမ်းကို နိုဝင်ဘာလ ၂၅ ရက် မနေ့ည ည ၉း၀၀ နာရီ ဝန်းကျင်တွင် ဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိခိုက်မှုတော့ တစုံတရာ မရှိကြောင်းနှင့် ဒီမနက် ၇း၀၀ နာရီ မီးရထားတော့ ဝင်ရောက်လာခြင်း မရှိကြောင်း မြို့ခံတစ်ဦးမှ ပြောကြား လာပါတယ်။ ဘယ်အဖွဲ့ အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါ။

W.P Moses

0 comments: