Tuesday, November 22, 2011

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း

 Tuesday, November 22, 2011
ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း




ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာခဲ့တဲ့ အဝါရောင်မိုး ခေါ် (အဆိပ်မိုး) ဓါတ်ပုံများဖြစ်ပါတယ်။

ဒီလို အဆိပ်မိုး ရွာသွန်းလာခြင်း ဟာ စစ်အစိုးရရဲ့ ဓါတုလက်နက် အသုံးပြုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြည်သူများလည်း ယခုချိန်တွင် ရေမသောက်ရဲ၊ ဟင်းသီးဟင်းရွက် မချက်စားရဲ... စိုးရိမ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။

တချို့ကလည်း .. ဒီလို အဆိပ်မိုးရွာတာဟာ လူရဲ့ (စစ်အစိုးရရဲ့) ဖန်တီးခြင်း ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်..။ “ဘာကြောင့်လဲ ဆိုရင် မိုးက အဲ့ဒီ မိုင်ဂျာယာန်မှာဘဲ ကွက်ကြားရွာတယ်။ တခြားနေရာတွေမှာ မရွာဘူး.. ကျနော်ထင်တာတော့ မိုးပေါ်ကနေ လေယာဉ်ဖြင့် သွားဖေါက်ခွဲလိုက်တဲ့ ဇီဝ လက်နက် တမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကျနော်ကြားဘူးတာရှိတယ်.. တရုတ်ပြည်မှာ ဆိုရင် တချို့မိုးခေါင် ရေရှားဖြစ်တဲ့ ပြည်နယ်တွေမှာ တရုတ်အစိုးရက.. ဟော.. မိုးကောင်းကင် အပေါ်ကနေ လေယာဉ်ပျံဖြင့် မိုးရွာချပေးခဲ့တာမျိုး ရှိပါတယ်..။ ယခုလည်းဘဲ အဲ့ဒီပုံစံဖြစ်နိုင်တယ်.. ရေရဲ့ အစား စစ်အစိုးရ တို့က ဇီဝ လက်နက်ကို အသုံးပြုလိုက်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။”

ရုပ်သံ၊ ဗီဒီယိုများကို လည်း စုစည်းတင်ပြသွားပါမည်..



W.P Moses

0 comments: