Saturday, November 26, 2011

စစ်ပွဲတွေရပ်ပစ်!

 Saturday, November 26, 2011
 စစ်ပွဲးရပ်ပစ်
တိန်ကော့နော်ဂျာ . ဦးကျော်သူ 


စစ်ပွဲးရပ်ပစ်

ကျွန်တော်တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေး အတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတို့၏ အသက် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက်၎င်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံ ကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာ ပါဝင် လှုပ်ရှား ခဲ့ပြီး ဖြစ်ပါသည်။


ယခု ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေး ရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များတို့အား လူသားချင်း စာနာ ထောက်ထားမှုဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ ကူညီဖေးမ ပေးရန် အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။


ထို့ကြောင့် လူသားချင်း စာနာသော အားဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် ညီအစ်ကို မောင်နှမများအား ပထမ အကြိမ်မြောက် မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတော့သည်။


ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံ များတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင် ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာ ခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာ ပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်) ပွဲတော် အကြို အဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီး မင်္ဂလာရောက်စေသော်” ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့လိုက်ပါသည်။


တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
လက်နက်ကိုင် အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှု ရကြပါစေ။


စစ်ပွဲတွေရပ်ပစ်!


ငြိမ်းချမ်းမှုကို လိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှု အသင်း (ရန်ကုန်)


တိန်ကော့နော်ဂျာ နှင့်  ကိုကြီးဒီမို  ကျေးဇူးတင်သည်  ။ 


ဇော်ရှန် .  (မချမ်းဘော့)



0 comments: