Thursday, November 24, 2011

ကချင်ပြည်နယ် ကိုယ်စားလှယ် ဦးဇန်ထားဆင် မိန့်ခွန်းပြောကြားချက် တခုကိုတင်ပြလိုက်တာပါ ။

Thursday, November 24, 2011


သဘာပတိကြီးနှင့်ကြွရောက်လာကြတဲ့ ပြည်နယ်ကိုယ်စာလှယ်တော်များ လူမျိုးစုဆိုင်ရာမှ ကိုယ်စားလှယ်တော်များ ခင်ဗျာ-


ယနေ့  ဒီလိုကောင်းမြတ်တဲ့ အချိန်အခါမှာ ပြည်နယ်များနဲ့ လူမျိုးစုပိုင်းက ကိုယ်စာလှယ်တော်များ ယခုလို ခေတ်များများစုံစုံလင်လင် လာကြတဲ့ အစည်းအဝေးကြီးမှာကျွန်တော်တို့လည်း ကချင်ပြည်နယ် ကိုယ်စာလှယ်တော်များ အနေနှင့် နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံ ကိုယ်စာလှယ်တော်များ ဒီကနေ့ ညီလာခံကြီးမှာ တက်ရောက်လာရတဲ့ အတွက် အများကြီးဘဲ ကျေးဇူးတင်ပါတယ်။


 ညီလာခံကြီးမှာ ယခုလိုတွေ့ ဆုံရတဲ့အခါမှာ ကျန်တော်တို့ရဲ့ သဘာပတိဖြစ်တဲ့ ရှမ်းပြည်နယ် ယာယီဥက္ကဌ ၀န်ကြီး စ၀်ဝဏက ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာပါတဲ့ ကိစ္စတွေကို ကျနော်တို့ ပြည်နယ်တွေ အနေနဲ့ လူမျိုးစုတွေ အနေနဲ့ ဒီမှာကြွရောက်လာကြတဲ့ ကချင်ပြည်နယ် ပါတီပေါင်းစုံ ကိုယ်စားပြောကြားခွင့်ရတဲ့ အတွက် အထူးဘဲကျေးဇူး တင်ပါတယ်။


 ကျတော်ပြောမည့် စကားတွေဟာ ကျတော်တို့ကချင်ပြည်နယ်မှာ ရှိကြတဲ့ နိုင်ငံရေးအဖွဲ့ အစည်းအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ ကျနောာ်တို့ ကချင်ပြည်နယ်မှာ ရှိနေကြတဲ့ လူမျိုးစု အသီးသီးမှာ နိုင်ငံရေး အဖွဲ့ အစည်း (၃) – (၄) ဖွဲ့ရှိနေပါတယ်။ သို့ရာတွင် လုပ်ငန်း လုပ်တဲ့အခါမှာ အမြင်ချင်း မတူညီ မှုအတွက် ကွဲလွဲမှုတွေ ရှိပါတယ်။


 သို့သော်လည်းဘဲ ကျနော်တို့ဟာ လွတ်လပ်ရေး ရလာပြီးတဲ့ နောက် (၁၃) နှစ်ကျော် (၁၄) နှစ်အတောအတွင်းမှာ ကျနော်တို့တွေ့ကြုံ ခံစားခဲ့ကြရတဲ့ ကိစ္စရပ်များ အပေါ်မှာ မူတည်ပြီးတော့မှ ဒီကနေ့ ကျနော်တို့ဟာ ကချင်ပြည်နယ်မှာ ရှိကြတဲ့နိုင်ငံရေး အဖွဲ့အစည်းတွေဟာ တသံတည်း တသဘောတည်း ဟကာ တခွန်းတည်းပြောပြီးမှ သဘောတူပြီးမှ ဆုံးဖြတ်ပြီးမှ ဒီကိုလာကြခြင်းဖြစ်ပါတယ်။


ဒါကြောင့် ကျနော်ယခု အစီအရင်ခံမယ့် အချက်တွေဟာ ကချင်ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံမှ သဘောတူတဲ့ သဘောထားဖြစ်ပါတယ်လို့ ကျနော်အစီအရင်ခံလိုပါတယ်။


ကျနော်တို့ ယနေ့နံနက် သဘာပတိ မိန့်ကြားသွားတဲ့ မိန့်ခွန်းတွေထဲမှာ- ကျနော်တို့ ညီလာခံကြီးဖြစ်ပေါ်လာတဲ့ အကျဉ်းချုပ် ပါပါတယ်။ ကျနော်တို့ ဒီညီလာခံကြီးမှာ တက်ရောက်လာကြတဲ့ ကိုယ်စာလှယ်တော်ကြီးများ အားလုံး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ ပါပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ ကိစ္စ တရပ်ပါလာတာကတော့ ဘာလဲဆိုရင် ဒီကနေ့ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော် အားလုံးကို တာဝန်ပေးတဲ့ စကားတခွန်း ပါပါတယ်။


ကျနော်တို့ဟာ စည်းလုံး ညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး အရှည်တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး တိုးတက်ရေးကို ရှေးရှု၍ ကြိုးစားဆောင်ရွက် သွားကြပါမည် ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီစကားဟာ ဒီမှာကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော် လူကြီးမင်းများ အားလုံးရဲ့ အပေါ်မှာ ကျရောက်တဲ့၊ သဘာပတိက ကျနော်တို့ကိုပေးထားတဲ့၊ ကျနော်တို့ တတွေအားလုံး လုပ်ဆောင်ရမယ့် အလုပ် တခုဖြစ်ပါတယ်လို့ ကျနော် တို့က ယုံကြည်ပါတယ်။ လုပ်ငန်းတွေကိုကြည့်လိုက်တဲ့ အခါမှာ ကျနော်တို့မြင်တဲ့အတိုင်းက (၁) အချက် - ကျနော်တို့ ယခုလိုတောင်တန်းသားများ ဘ၀တူ လူတွေ ပြည်နယ်သူ ပြည်နယ်သားလူမျိုးစု အများက ရှေးဦးစွာ စည်းလုံး ညီညွတိမှုကို ယူပြီးမှ ပြည်မမှာ ရှိတဲ့ လူမျိုးစုတွေနှင့် တခါ စည်းလုံးညီညွတ်မှုကို ယူကြမယ်။ ဒီလိုယူပြီး တဲ့နောက်မှ ပြည်ထောင်စုကြီးကို တည်တန့် ခိုင်မြဲအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။


 ဒီဟာကို ကျနော်စကား အစချီပြီး ဘာကြောင့်ပြောရပါသလဲ ဆိုလို့ရှိရင် - သဘာပတိရဲ့ မိန့်ခွန်း ထဲမှာပါတဲ့ တ စ ည ဖ အကြောင်းကြောင့် ဖြစ်ပါတယ်။ တ စ ည ဖ ကိစ္စနဲ့ ပါတ်သက်လို့ ဒီထဲမှာ ကြွရောက်လာတဲ့ လူတွေကို အထူးကျနော်ပြောဖို့ မလိုပါဘူး။ သိပြီးသားဖြစ်ပါတယ်။ ကျနော်တို့က လွတ်လပ်ရေးကို ရရှိပြီး ဒီကနေ့ အထိ ပြည်ထောင်စုကြီးရဲ့ နောက်ကြောင်း ရာဇ၀င်ကို ပြန်ကြည့် လိုက်တဲ့အခါမှာ - တ စ ည ဖ ဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ သို့သော်လည်း ကျနော်တို့ လွတ်လပ်ရေး ရရှိပြီးတဲ့ နောက်ပိုင်းမှာ တ စ ည ဖ အဖွဲ့ကို ဖွဲ့စည်းစဉ် အခါနှင့် တစညဖ အဖွဲ့ အနေဖြင့် လုပ်ငန်းများ လုပ်ဆောင်သွားတဲ့ အခါမှာ ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင်တွေဟာ ဒီကနေ့ ရောက်ပြီလား၊ ကျနော်တို့မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်သေးရင် ဘာလုပ်မယ် ဆိုတာရှိပါတယ်။
ကျနော်တို့ လွတ်လပ်ရေးယူထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်ရေး ရပြီးတာနဲ့ ပြီးသွားသလား၊ မပြီးသေးပါဘူး။ လုပ်ဆောင်ဖို့ အလုပ်တွေ အများကြီး ရှိပါသေးတယ်။


ဒီကနေ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ နေရာ ခပ်များများမှာ တော်တော်ဘဲ အောက်ကျ နောက်ကျ ဖြစ်နေပါတယ်။ ပညာရေးမှာရော စီးပွားရေးမှာရော လူမှုရေးမှာရော နေရာ ခပ်များများမှာ အင်မတန် အဆင့်အတန်း နိမ့်တာတွေ့ နေရပါတယ်။ ထိုနည်းတူစွာ လမ်းပန်း ဆက်သွယ်ရေးမှာလဲ နေရာခပ်များများမျာ အင်မတန် အဆင့်အတန်း နိမ့်နေတာတွေ့ နေရ ပါတယ်။


 လွတ်လပ်ရေး မရခင် အခါကနှင့် ဘာမှ ထူးခြားမှု မရှိတဲ့ နေရာတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို မြှင့်တင်ဖို့ ပြုပြင်ဖို့ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
  နေရာတချို့မှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ခင်ဗျားတို့ လူနည်းစုတွေရော လူများစုတွေရော ရရှိတဲ့ အခွင့်အရေးကို မကျေနပ်လို့ ဆူပူသောင်းကျန်းတာတွေ လက်နက် အားကိုးနှင့် ဆန့်ကျင်တဲ့ လူတွေရှိနေတယ်ဆိုတာ ကျနော်တို့ လူတိုင်းအသိပါ။


ဒီလိုပြဿနာတွေ အမျိုးမျိုးရှိနေတာကို ကျနော်တို့တတွေဟာ ရင်းရင်းနှီးနှီးနှင့် တွေ့ဆုံတိုင်ပင်ပြီး တော့ ပြည်ထောင်စုကြီးကို ဘယ်လိုပြုပြင်မှ ဖြစ်မယ်ဆိုတာကို ကျနော်တို့ ဘ၀တူ ဖြစ်ကြတဲ့ တောင်တန်းသားတွေ လူနည်းစုတွေက   စည်းလုံး ညီညွတ်စွာ နှီးနှော တိုင်ပင်ပြီးမှ ပြည်မမှာ ရှိတဲ့လူအများနဲ့ တကြိမ်တဖန် သွားရောက်တိုင်ပင်ပြီးမှ ဒီပြဿနာတွေကို ဖြေရှင်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။


  ဒါကြောင့် တ စ ည အဖွဲ့ကြီးကို ပြန်လည်ဖွဲ့စည်းဖို့ရန် တ စ ည ဖ အဖွဲ့ကြီးကို အင်အား အသစ်ပြန်လည် ထပ်လောင်းဖို့ရန် တစ ညဖ အဖွဲ့ကြီးကို ခိုင်ခိုင်မာမာပြုပြင်ဖို့ရန် ယခင်ကထက် ပိုမိုပြီး ထပ်လောင်း ပြုပြင်ဖို့ ကျနော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ်များ အနေနှင့် လိုလားပါတယ်။ ဒါကို ယနေ့ ကြွရောက်လာတဲ့ ကိုယ်စားလှယ်ကြီးများက ကျနော်တို့ လိုလားတဲ့ အတိုင်း အောင်အောင်မြင်မြင် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။    


   ဒုတိယချက် အနေနှင့်ဒီ ကနေ့ ပြည်ထောင်စုကြီးမှာ ကျနော်တို့ တချို့နေရာတွေမှာ တရားသောနညှ်းနှင့် အခွင့်ရေးကို ရယူဖို့ရန်နည်လမ်း မရှာဘဲ မတရားသောနည်းနှင့်  လက်နက်စွဲကိုင်ပြီး အခွင့်အရေး ဘာကြောင့် ဆောင်ရွက်နေ ပါသလဲလို့ စဉ်းစားတဲ့ အခါမှာ ကျနော်တို့မှာ ရရှိထိုက်တဲ့ ရရှိအပ်တဲ့ အခွင့်ရေး မရလို့ဘဲ ဆိုတာကို ကျနော်တို့ တွေ့မြင်ပါတယ် ။ သဘောတူညီမှ ကျနော်တို့ရမည့် အခွင့်ရေးကို လူမျိုးစုတိုင်း လူမျိုးစုတိုင်းပါ ခံစားရမည် ဆိုလို့ရှိရင် ကျနော်တို့ မှာလည်း အခွင့်ရေးနှင့် တန်းတူ တာဝန် ရှိတယ် လို့ ယုံကြည်ပါတယ်။  ဒီတာဝန်အရ လွတ်လပ်ရေးရရှိ ပြီးတဲ့နောက် ဒီကနေ့ အထိရရှိ ခဲ့တဲ့ အခွင့်ရေးတွေ ကျနော်တို့ ခံစားရရှိချက်တွေဟာ ကျနော်တို့ အတွက်မလုံလောက်သေးလို့ ။


ဒါကိုရရှိပြီးမှသာလျှင် မကျေနပ်မှုတွေဟာ ပြည်ထောင်စုကြီးအတွင်းမှာ မပ်ါပေါက်ဘဲ ပြည်ထောင်စု ကြီးဟာ အင်မတန် ငြိမ်းချမ်း သာယာတဲ့ ပြည်ထောင်စုကြီး အင်မတန် တိုးတက်စည်ပင် တဲ့ပြည်ထောင် စုကြီး ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ပြည်ထောင်စုကြီး တည်မြဲအောင် လုပ်ဆောင်ဖို့ရာအတွက် သဘာပဓိက မိန့်ခွန်းထဲမှာ ကျနော် တို့ကိုတာဝန်ပေး လိုက်တဲ့ ကျနော်တို့ကို ခေါ်ဆောင် တဲ့စကားလုံးကို ကျန်တော်တို့ဟာ ကောင်းစွာကြားလိုက် ပါတယ်။ သဘာပတိက ယုံကြည်လိုလားစွာနဲ့ တာဝန်ပေးအပ်ချက် တွေကို ကျနော်တို့ ဒီညီလာ ခံကြီးမှာဘဲ အားလုံး ထမြောက်အောင်မြင် ဆုံးဖြတ် နိုင်လိမ့်မယ်လို့ ကျနော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အားလုံးက ယုံကြည်ပါတယ်။ ကျနော်တို့ ယနေ့အထိ ခံစားနေရတဲ့ အခြေအနေဟာ ဘယ်အပေါ်မှာ မူတည် သလဲဆိုရင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ  အပေါ်မှာမူ တည်ပါတယ်။  ဒီအခြေခံ ဥပဒေရေးဆွဲခဲ့စဉ်အခါမှာ ကျနော် တို့ဟာ လွတ်လတ်ရေး ရရှိ ဖို့ရာကို အင်မတန် ဇောအားကြီးနေပါတယ်။    


                                                          
လွတ်လတ်ရေးကို အင်မတန်လိုချင်တဲ့ အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ဒီဥပဒေကို ရေးဆွဲထားပါတယ်။ အင်မတန် တိုတောင်းတဲ့ အချိန် မှာ ကျွန်တောတို့ တောင်းတန်း သားတွေ လူနည်းစုတွေ အနေနဲ့ အဲ့ဒီ အချိန်အခါမှာ ဥပဒေဆိုတာ ကောင်းကောင်းမွန်မွန် နားမလည် မသိရှိ သေးတဲ့ အချိန်မှာ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်တဲ့အတွက် ဒီထဲမှာ မပြည်စုံတဲ့ အပြင် ဒီထဲမှာကြွင်းကျန်ထားတဲ့ အပြင် ဒီထဲမှာ ချွတ်ယွင်းချက်တွေရှိတဲ့ အများကြီးရှိတဲ့ အတွက် ဒီကနေ့ မကျေနပ်မှုတွေဟာ တော်တော် ခပ်များများ တိုးတက်ပြီး လာတာကို  တွေ့ရတဲ့အတွက် မကျေနပ်မှုတွေ မတိုးပွားလာအောင် လျော့နည်းသွားအောင် ပပျောက် သွားအောင် ဒီအခြေခံဥပဒေကို ပြုပြင်တဲ့အခါမှာ လူနည်းစုတိုင်း လူနည်းစုတိုင်း  ယခုအခါ ပြည်နယ် ရရှိပြီးတဲ့ ပြည်နယ်သားတွေကလည်း  ကိုယ့်ပြည်နယ် အလျောက်၊ ပြည်နယ် မရရှိသေးတဲ့ နောင်တော်များ ကလည်း အသီးသီးပြည်နယ်ရဘို့ လိုလားတဲ့ အလျောက် မိမိတို့ လူမျိုးစု အလိုက် အခွင့် အရေးတွေ လိုသလောက် ရကြလို့ရှိရင် ယခုအခါမှာ တွေ့ကြုံနေရတဲ့ မကျေနပ်မှုတွေဟာ ပပျောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။


 ယုံကြည်တဲ့အတွက် အခြေခံဥပဒေကို ပြုပြင်တဲ့ အခါမှာ ကျွန်တော်တို့ လူနည်းစုတွေ အတွက် အကျိုးရှိမဲ့ အခွင့် အရေးမျိုးကို ပြည့်ပြည့်၀၀ ပြုပြင်နိုင်မှသာလျှင် ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အများက ယုံကြည်တဲ့အတွက် ဒီညီလာခံက ဒါကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အင်မတန်ဘဲ မျှော်လင့်ပါတယ်။


 နောက်တခု ကျွန်တော်ပြောချင်တာက ယခုအချိန်မှာရော လွန်ခဲ့တဲ့ အချိန်မှာရော ကျွန်တော်တို့ အခွင့် အရေး ကိစ္စကို တိုက်ခိုက်ပြီး ယူလိုတဲ့ လူတွေလည်းရှိတယ်။ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတာကိုဘဲ တချို့က ဒါဟာနယ်ချဲ့ ပယောဂပါတယ်၊ နယ်ချဲ့ပရောဂပါတယ် လို့ စွပ်စွဲတာလည်း ရှိပါတယ်။ ဒီမှာကျွန်တော်တို့က ပြန်ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ရှေးကနှင့် ဘာမှမခြားပါဘူး၊ ဗြိတိသျှ လက်ထက်ကတည်းက ကျွန်တော်တို့ဟာ သတင်းစာတွေ ဖတ်ပါတယ်၊ စာအုပ်စာတမ်းတွေကို ဖတ်ပါတယ်။


သတင်းစာဆိုလျှင် နေ့စဉ်ဖတ်ပါတယ်၊ ကမ္ဘာရဲ့အဖြစ်အပျက်နှင့်တကွ ပြည်ထောင်စုကြီးရဲ့ အဖြစ်အပျက်ကို နေ့စဉ်နေ့တိုင်း သတင်းစာမှာတ်နေရပါတယ်။ ကျွန်တော်တို့ဆီမှာ နေ့စဉ်ထာဝရ အားလုံးကို သိပါတယ်။ ဒါကို လူတချို့က ဘာဖြစ်တယ် ညာဖြစ်တယ် နယ်ချဲ့ ပယောဂတွေ ပါတယ်လို့ စွပ်စွဲနေခြင်းဟာ ကျွန်တော်တို့ရဲ့ အသိတရား ကျွန်တော်တို့ရဲ့ စားထားတဲ့ထမင်း ကျွန်တော်တို့ သောက်ထားတဲ့ လဘက်ရည် ကျွန်တော်တို့ ဖတ်ထားတဲ့ စာရွက် စာတမ်းတွေကို စော်ကားတယ်လို့ ကျွန်တော်တို့ဘက်က ဒီလိုဘဲယူဆ ပါတယ်။


( သြဘာသံများ)


ဒီတော့ ကျွန်တော်တို့ အနေနဲ့ဟာ ကျွန်တော်တို့ ရရှိထိုက်တဲ့ အခွင့်အရေးတွေကို ယခုထုတ်ဖေါ်ပြဖို့ တာဝန်ရှိတဲ့ အတွက် ထုတ်ဖေါ် ပြောရမယ်၊ ရအောင်လုပ်ရမဲ့ ၀တ္တရား ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အခွင့်အရေးတောင်ဆိုတဲ့ အခါမှာ ဘယ်သူ့ရဲ့ ပယောဂ မပါပါဘူး၊ ကိုယ့်ရဲ့ ပြည်နယ် ကိစ္စကိုသာ ပြောနေခြင်းဖြစ်တယ် ဆိုတာကို ဒီကနေ့ ကြွရောက်တဲ့ ကိုယ်စားလှယ်အားလုံးက မှတ်သားစေချင် ပါတယ်။


လက်နက်နဲ့ ဖြေရှင်းတဲ့နည်းကို ကျွန်တော်တို့ မလိုလားပါဘူး၊ အားမထားပါဘူး၊ ဒီမိုကရေစီနဲ့ ဖြေရှင်းတဲ့ နည်းကို လိုလားပါတယ်၊ ဒီအတိုင်းဖြစ်စေချင်တယ်။ ကျွန်တော်တို့ ကမ္ဘာမှာ တိုင်းပြည်တွေ အများကြီးရဲ့ ဖြစ်ပြက်ပုံတွေကို တွေ့မြင်ကြားသိ ရပါတယ်၊ ဒီနိုင်ငံတွေမှာ ကိုယ့် လိုလားချက်ကို လက်နက်နဲ့ ဖြေရှင်းတဲ့ အခါမှာ ဖြေရှင်းတဲ့ ကိစ္စဟာ မအောင်မြင်ပေမဲ့ မတည်မြဲဘူးဆိုတာ ယုံကြည်ပါတယ်။


လွတ်လပ်ရေးကို ကျွန်တော်တို့ ကချင်ပြည်နယ်အနေနဲ့ လိုလားတဲ့အလျောက် ကိစ္စဟူသမျှကို ဒီမိုကရေစီ ဘောင်အတွင်းမှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကနေ့အထိ ကချင်ပြည်နယ်မှာ လူတွေ အမျိုးမျိုးပြောနေ ကြပါတယ်၊ ကချင်တွေ သူပုန်ထနေပြီ ဟုပြောသူတွေကပြောနေ ပါတယ်။ ဒီနေ့ ညီလာခံမှာ ကြွရောက်လာတဲ့ ကချင်ကိုယ်စားလှယ်တွေကို မေးကြည့်ပါ။ ကချင်ပြည်နယ်မှာ သူပုန်၊ သူကန် လုံးဝမရှိပါဘူး။ နောင်အခါမှာရှိမယ် မရှိမယ် တော့ မပြောနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အစည်းအရုံးတွေ ရှိပါတယ်။ ကေ အင် စီ ဆိုတာရှိပါတယ်။ ကေ အင် စီ ကို ယုံကြည်တဲ့လူရှိတယ်၊ ပ ရ က ဖ ကိုယုံကြည်တဲ့ လူတွေရှိတယ်၊ ပေါင်းယောင်းကို ယုံကြည်တဲ့သူရှိတယ်။ သို့သော်လည်းဘဲ ကချင်ပြည်နယ်ကလူတွေအားလုံးဟာ ဒီအဖွဲ့အစည်းကလုတွေချည်းဘဲလို့ မပြောနိုင်ပါဘူး။ ဒီအဖွဲ့အစည်းတွေမှာ မပါတဲ့ လူအများကြီးရှိပါတယ်၊ ဒီလူတွေကို ဘယ်သူ ထိန်းသိမ်းမလဲ၊ ဒီလူတွေကို နားလည်အောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ။ အခြေအနေ အရပ်ရပ်ကိုကြည့်လို့ရှိရင် အခုတင်က အစီအရင် ခံခဲ့တဲ့အတိုင်းဖြေရှင်းဖို့ရာ အင်မတန် ခက်တယ် ဆိုတာ ပြောလိုပါတယ်။ ပြည်ထောင်စုကို မ ကျေမနပ်ဖြစ်အောင် ဖန်တီးမှုတွေဟာ တိုးပွားမှု မရှိလေအောင် ကျွန်တော်တို့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ရချင်တဲ့ အခွင့်အရေးတွေကို တနှစ်ထက် တနှစ်တိုးတက်ပြီးရရှိဖို့ အရေးကြီးပါတယ်။




ယခု အခြေခံ ဥပဒေထဲမှာပေးထားတဲ့ အခွင့်အရေးအရ လက်ရှိပြည်ထောင်စု အစိုးရက ဒီအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ စေတနာရှိပါတယ်။ သူတို့ ဂတိပေးထားတဲ့ အတိုင်း အချိန်အခါ ကျရောက်လာတဲ့ အခါမှာ ဒီအခွင့် အရေးကို မလွတ်တမ်းရယူပြီး ဒီအအခွင့်အရေးကို မလွတ်တမ်း ရယူပြီး ဒီအခွင့် အရေးကြီး မှီပြီး ကျွန်တော်တို့ လိုလားချက်တွေ ကောင်းကောင်းမွန်မွန် ကျပ်ပြည့် တင်းပြည့် ကျေကျေနပ်နပ် ဖြစ်သွားအောင် ကျွန်တော်တို့က ပြုပြင်ကြပါ။ ထိုသို့ပြုပြင်ဘို့ အခွင့် အရေးကြီးဟာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးရဲ့ အဓိကအင်အားကြီးလို့ ကျွန်တော်အမြင်ဖြင့် ကြွရောက်လာကြတဲ့ လူကြီးမင်းများကို အစီအရင် ခံလိုပါတယ်။ ကျွန်တော်တို့ ချို့ယွင်းချက် မရှိအောင် ဒီကနေ့ ညီလာခံကြီးမှာ ရှေ့ကနေပြီး ဆောင်ရွက်တဲ့ ရှမ်းပြည်နယ်က ခေါင်းဆောင်ကြီးများနှင့်တကွ ကယားပြည်နယ်က ခေါင်းဆောင်ကြီးများ အားလုံးကို ကျွန်တော်တို့ ကချင်ပြည်နယ် ကိုယ်စားလှယ် အားလုံးက ကျေးဇူး ဥပက္ခာရတင် ရှိပါတယ်။ ကြွရောက်လာတဲ့ ကိုယ်စားလှယ် အပေါင်းတို့ဟာလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပါတယ်။


 ဇော်ရှန် (wunpawng )


ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။

0 comments: