Friday, November 25, 2011

ကချင်ပြည်နယ် စစ်ပွဲအခြေအနေများ

Friday, November 25, 2011

 လတ်တလော အခြေအနေများကြောင့် 24 ရက်နေ့မှ စပြီး  ဗန်းမော်-လိုင်ဇာသွား ကားလမ်းလည်း ပိတ်ထားလိုက်ပါပြီ။

" ဓါတ်ပုံ    WPNG
 
ဒီနေ့ကစပြီးတော့ ဗန်းမော် နဲ့ လိုင်ဇာဘက်က ကုန်ကား နဲ့ တခြားကား တွေ အားလုံး ပိတ်လိုက်ပြီ။ သွားလို့မရတော့ဘူး ။ လိုင်းဇာဘက်ကို ကားမဆွဲတော့ဘူး ။ ဒီမနက်ဆင်မယ့် ကားတွေကလည်း အခု သွားလို့ မရတော့ဘူး ပိတ်လိုက်ပြီလို့ ပြောတယ် ။

 ကချင်တပ်မဟာ ၃ ဒေသဘက် ကို ၂၄ ရက်နေ့ မနက်ပိုင်း နှင့် ညပိုင်း မှာ စစ်ကား အစီး ၅၀ ကျော် ရောက်လာတယ်လို့ သိရပါတယ် ။  ဗန်းမော်မြို့နယ်မှာလည်း ရေကြောင်းဖြင့်  စစ်သင်္ဘော (၂) စီး ရောက်ရှိ လာတယ်လို့ သိရပါတယ် ။

ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် စစ်ပွဲစတင်တဲ့ တပ်မဟာ (၄) ဒေသဘက် ကို ခြေကုတ်ယူပြီး တပ်မဟာ ၃ တပ်မဟာ ၅ ထိန်းချုပ်တဲ့ သံလမ်း ဒေသများကို ထိုးစစ်ဆင်ဖို့ ပြင်ဆင် လာနိုင်တယ်လို့ သိရပါတယ် ။

ဒီဇင်ဘာ ပထမ အပတ်ခန့်မှာ ထိုးစစ် ဆင်လာ နိုင်တယ်လို့ ကေအိုင်အေ သတင်းအရ သိရပါတယ် ။

 KIA   ဘက်ကလည်း စစ်ရေး ပြင်ဆင်ထားကြောင်း သိရပါတယ် ။

ဗန်းမော် မြစ်ကြီးနားလမ်း   စစ်အစိုးရ စစ်တပ် အင်းအား (၁၀၀၀ ) ကျော် ဟာ နိုဝင်ဘာလ (၂၃ ၊ ၂၄ ) ရက် ညနေပိုင်းမှာ  ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များက သတင်း ပေးပို့ လာပါတယ်။

ဒီရက်ပိုင်း ရောက်ရှိလာတဲ့ အစိုးရ စစ်တပ်များသည် ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာဘက်သို့ ဆက်လက် ထွက်ခွာသွားမည် ဖြစ်ကြောင်း ကိုလည်း သိရှိရပါတယ်။

ကချင်တပ်ဖွဲ့  ကေအိုင်အေ  ကေအိုင်အို ကို  လက်နက် ဖျက်သိမ်းရန် အတွက် အခုလို ထိုးစစ်ကြီးကြီး တွေ ပြင်ဆင်လာတယ်လို့ သတင်းအရ သိရပါတယ် ။

ယင်စစ်ပွဲများသည် တနေ့ပြီး တနေ့ လူမျိုးရေး စစ်ပွဲများ ဖြစ်လာရန် ဦးတည်နေပြီလို့ ၀ါရင့် နိုင်ငံရေးဟောင်းများ ပြောပါတယ် ။

ဇော်ရှန် ( wpn)

0 comments: